နောင်ကာလ၌ သင်၏သားက၊ ငါတို့ဘုရားသခင် ထာဝရဘုရားထားတော်မူသော ဤသက်သေခံချက်၊ စီရင်ထုံးဖွဲ့ချက်တို့သည် အဘယ်သို့ဆိုလိုသနည်းဟု မေးမြန်းလျှင်၊ သင်က၊ ငါတို့သည်အဲဂုတ္တုပြည်၌ ဖာရောဘုရင်၏ကျွန်ဖြစ်၍နေစဉ်အခါ၊ ထာဝရဘုရားသည် အားကြီးသောလက်တော်နှင့် ငါတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်တော်မူ၏။ ထာဝရဘုရားသည်လည်း၊ ကြီးမားခက်ထန်သောနိမိတ်လက္ခဏာ အံ့ဖွယ်သရဲတို့ကို အဲဂုတ္တုပြည်အပေါ်မှာလည်းကောင်း၊ ဖာရောဘုရင်နှင့် နန်းတော်သားတို့အပေါ်မှာလည်းကောင်း၊ ငါတို့မျက်မှောက်၌ ပြုတော်မူပြီးလျှင်၊ ငါတို့ဘိုးဘေးတို့အား ကျိန်ဆိုတော်မူသောပြည်သို့သွင်း၍ နေရာချခြင်းအလို့ငှာ၊ ထိုပြည်မှနုတ်ဆောင်တော်မူ၏။ ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူးပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကိုစောင့်တော်မူမည်အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကိုထောက်၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့လျက်၊ ဤပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။ သို့ဖြစ်၍ ငါတို့ ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း၊ ဤပညတ်အလုံးစုံတို့ကို ရှေ့တော်၌ကျင့်စောင့်ခြင်းငှာ သတိပြုလျှင်၊ ဖြောင့်မတ်ရာသို့ ရောက်ရကြလိမ့်မည်ဟု ပြန်ပြောရမည်။
တရားဟောရာ 6 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တရားဟောရာ 6:20-25
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ