YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 6:20-25

တရားဟောရာကျမ်း 6:20-25 MSBU

နောင်ကာလ​၌ သင်​တို့​၏​သားသမီး​များ​က ‘​အကျွန်ုပ်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​က သင်​တို့​အား​မိန့်မှာ​ထား​သည့် သက်သေခံချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက် တို့​ကား မည်သို့နည်း​’​ဟု မေးမြန်း​သောအခါ သင်​တို့​က​လည်း သင်​တို့​၏​သားသမီး​များ​အား ‘​ငါ​တို့​သည် အီဂျစ်​ပြည်​၌ ဖာရော​မင်းကြီး​၏​ကျွန်​ဖြစ်​ခဲ့​ကြ​၏​။ သို့သော် ထာဝရဘုရား​သည် အားကြီး​သော​လက်​တော်​ဖြင့် ငါ​တို့​ကို အီဂျစ်​ပြည်​မှ​ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ ထို​အချိန်​၌ ထာဝရဘုရား​သည် ငါ​တို့​၏​မျက်မှောက်​တွင် နိမိတ်လက္ခဏာ​များ​၊ ကြီးမား​၍ ကြောက်စရာ​ကောင်း​သော အံ့ဩဖွယ်အမှု​များ​ကို အီဂျစ်​ပြည်​အပေါ်​၊ ဖာရော​မင်းကြီး​နှင့်​သူ​၏​နန်းတော်သူ​နန်းတော်သား​အပေါင်း​တို့​အပေါ် ကျရောက်​စေ​တော်မူ​ခဲ့​၏​။ ငါ​တို့​ကို​ကား ထို​ပြည်​ကို ငါ​တို့​ဘိုးဘေး​တို့​အား ပေး​မည်​ဟု ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​သို့​ပို့ဆောင်​ရန် အီဂျစ်​ပြည်​မှ ထုတ်ဆောင်​တော်မူ​ခဲ့​၏​။ ယနေ့​ကဲ့သို့ ငါ​တို့​သည် အစဉ်​ကောင်းစား​၍ အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ကြောက်ရွံ့​၍ ပြဋ္ဌာန်းချက်​ရှိသမျှ​တို့​ကို လိုက်နာ​ရန် ငါ​တို့​အား ထာဝရဘုရား မိန့်မှာ​တော်မူ​ခဲ့​၏​။ ငါ​တို့​၏​ဘုရားသခင်​ထာဝရဘုရား​မိန့်မှာ​ထား​တော်မူ​သည့်​အတိုင်း ကိုယ်တော်​၏​ရှေ့​တော်​၌ ပညတ်တော်​ရှိသမျှ​တို့​ကို​လိုက်နာ​စောင့်ထိန်း​လျှင် ငါ​တို့​ကို ဖြောင့်မတ်​စေ​မည်​’​ဟု ပြောပြ​ရ​မည်​။