YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 31:12-14

တရားဟောရာ 31:12-14 Judson Bible (JBMLE)

ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​များ၊ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​များ​တို့​သည် ကြား၍ နား​လည်​သ​ဖြင့်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊ ဤ​ပ​ညတ်​တ​ရား စ​ကား​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ပ​ရိ​သတ်​တို့​ကို စု​ဝေး​စေ​ကြ​လော့။ ထို​သို့​ပြု​လျှင်၊ နား​မ​လည်​သေး​သော သူ​ငယ်​တို့​သည် ကြား​သ​ဖြင့်၊ သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ နေ​သည်​ကာ​လ​ပတ်​လုံး၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​စေ​ခြင်း​ငှာ သင်​ကြ​လိမ့်​မည်​ဟု မှာ​ထား​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် သေ​ရ​သော​အ​ချိန်​နီး​ပြီ။ ယော​ရှု​ကို​ခေါ်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​လော့။ သူ့​ကို​ငါ​မှာ​ထား​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် ယော​ရှု​သည်​သွား၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​ကြ၏။

တရားဟောရာ 31:12-14 Common Language Bible (BCL)

ယောကျာ်း၊ မိန်း​မ၊ က​လေး၊ သင်​တို့​မြို့​များ တွင်​နေ​ထိုင်​သော​လူ​မျိုး​ခြား​မှ​စ​၍ လူ အ​ပေါင်း​တို့​ကို​စု​ဝေး​စေ​သ​ဖြင့်​သူ​တို့ သည် ထို​ပ​ညတ်​တ​ရား​တော်​ကို​ကြား​ရ​၍ သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​ကြောက်​ရွံ့​လျက် တ​ရား​တော်​ကို​တ​သ​ဝေ မ​တိမ်း​စောင့်​ထိန်း​ကြ​လိမ့်​မည်။- ဤ​နည်း​အား​ဖြင့်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ညတ် တ​ရား​တော်​ကို​မ​ကြား​ဘူး​သော သင်​တို့​၏ အ​ဆက်​အ​နွယ်​တို့​သည်​ကြား​ရ​လိမ့်​မည်။ သို့ မှ​သာ​သူ​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး ၍​သိမ်း​ယူ​မည့်​ပြည်​တွင်​နေ​ထိုင်​သ​မျှ​ကာ​လ ပတ်​လုံး ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လာ​တတ်​ကြ​လိမ့်​မည်'' ဟု​ဆို​လေ​၏။ ထို့​နောက်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား``သင် စု​တေ​ရ​သော​အ​ချိန်​နီး​လာ​ပြီ။ ငါ​သည် ယော​ရှု​အား​ညွှန်​ကြား​နိုင်​ရန် သူ့​ကို​ပ​ဋိ​ညာဉ် တဲ​တော်​သို့​ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ မော​ရှေ​နှင့်​ယော​ရှု​တို့​သည်​တဲ​တော်​သို့​သွား ကြ​ရာ၊

တရားဟောရာ 31:12-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ယောက်ျား​၊ မိန်းမ​၊ ကလေး​မှစ၍ သင်​တို့​၏​မြို့​၌​ရှိ​သော တိုင်းတစ်ပါးသား​တို့​သည် ပညတ်တရား​စကား​ရှိသမျှ​တို့​ကို ကြားနာ​၍​သင်ယူ​မည့်​အကြောင်း​၊ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​အား ကြောက်ရွံ့​၍ ပညတ်တရား​စကား​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​မည့်​အကြောင်း သူ​တို့​ကို စုရုံး​စေ​လော့​။ ထိုသို့အားဖြင့် ဤ​ပညတ်တရား​ကို​မ​သိ​သေး​သော သင်​တို့​၏​သားသမီး​တို့​ကို​လည်း ကြားနာ​စေ​ရ​မည်​။ သို့မှသာ ဂျော်ဒန်​မြစ်​ကို​ကူး​၍ သင်​တို့​သိမ်းပိုက်​မည့်​ပြည်​၌ သင်​တို့​နေထိုင်​သမျှ​ကာလ​ပတ်လုံး သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ကြောက်ရွံ့​ရ​မည်​ကို သင်ယူ​နိုင်​ကြ​မည်​”​ဟု ဆို​လေ​၏​။ ထို့နောက် ထာဝရဘုရား​က မောရှေ​အား “​ကြည့်ရှု​လော့​။ သင်​သေ​ရ​မည့်​အချိန်​နီး​ပြီ​။ ယောရှု​အား ငါ​တာဝန်ပေးအပ်​မည်​ဖြစ်၍ သူ့​ကို​ခေါ်​ပြီး တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ရပ်​နေ​ကြ​လော့​”​ဟု မိန့်​တော်မူ​၏​။ ထို့ကြောင့် မောရှေ​နှင့်​ယောရှု​တို့​သွား​၍ တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌​ရပ်​နေ​ကြ​၏​။