YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 31

31
ခေါင်း​ဆောင်​အ​ဖြစ်​ယော​ရှု​ဆက်​ခံ
1တစ်​ဖန် မော​ရှေ​သည်​သွား၍ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​အား ဟော​ပြော​သည်​ကား၊ 2ငါ​သည် ယ​နေ့ အ​သက်​တစ်​ရာ​နှစ်​ဆယ်​စေ့​ပြီ။ သင်​တို့​ရှေ့​မှာ ထွက်​ဝင်​ခြင်း​ငှာ နောက်​တစ်​ဖန် မ​တတ်​နိုင်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် ယော်​ဒန်​မြစ်​ကို မ​ကူး​ရ​ဟု မိန့်​တော်​မူ​ပြီ။#တော၊ ၂၀:၁၂။ 3သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ရှေ့​မှာ​ကူး၍၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့​ကို ဖျက်​ဆီး​တော်​မူ​သ​ဖြင့်၊ သူ​တို့​နေ​ရာ​ကို သင်​တို့​ဝင်​စား​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း၊ ယော​ရှု​သည်​လည်း သင်​တို့​ရှေ့​မှာ ကူး​ရ​လိမ့်​မည်။ 4ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​နှင့် ဩ​ဃ​တို့၌​လည်း​ကောင်း၊ ဖျက်​ဆီး​တော်​မူ​သော သူ​တို့​ပြည်၌​လည်း​ကောင်း ပြု​သ​ကဲ့​သို့၊ ထို​ပြည်​သား အ​မျိုး​မျိုး​တို့၌ ပြု​တော်​မူ​လိမ့်​မည်။#တော၊ ၂၁:၂၁-၃၅။ 5ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင်​တို့၌ အပ်​တော်​မူ​သ​ဖြင့်၊ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တို့​အ​တိုင်း၊ သူ​တို့၌ ပြု​ရ​ကြ​လိမ့်​မည်။ 6အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ မ​စိုး​ရိမ်​ကြ​နှင့်။ သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘု​ရား​သ​ခင်​ဖြစ်၍ သင်​တို့​နှင့်​အ​တူ ကိုယ်​တိုင်​ကြွ​တော်​မူ မည်။ သင်​တို့​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ​ဟု ဟော​ပြော၏။ 7တစ်​ဖန် ယော​ရှု​ကို​ခေါ်၍၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​လူ​တို့​အား​ပေး​ခြင်း​ငှာ၊ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်​သည် သူ​တို့​နှင့်​အ​တူ​သွား၍ အ​မွေ​ခံ​စေ​ရ​မည်။ 8သင့်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တိုင်​ကြွ၍ သင်​နှင့်​ရှိ​တော်​မူ​လိမ့်​မည်။ သင့်​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ။ မ​စိုး​ရိမ်​နှင့်၊ စိတ်​မ​ပျက်​နှင့်​ဟု ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ပြော​ဆို၏။#ယောရှု၊ ၁:၅၊ ဟေဗြဲ၊ ၁၃:၅။
ပ​ညတ်​တော်​ကို​ဖတ်​ပြ​ရန်
9ဤ​ပ​ညတ်​တ​ရား​ကို မော​ရှေ​သည်​ရေး​ထား၍ ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို​ထမ်း​သော လေ​ဝိ​သား​ယဇ်​ပု​ရော​ဟိတ်​များ၊ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​များ အ​ပေါင်း​တို့၌​အပ်၍၊ 10မှာ​ထား​သည်​ကား၊ ခု​နစ်​နှစ်​စေ့၍ ကျွန်​များ​ကို​လွှတ်​ခြင်း​ငှာ ချိန်း​ချက်​သော​နှစ်၊ သ​ကေ​နေ​ပွဲ​ခံ​ချိန်​ရောက်​မှ၊#တရား၊ ၁၅:၁၂၊ ၁၆:၁၃-၁၅။ 11သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​လ​တ္တံ့​သော အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ ဤ​ပ​ညတ်​တ​ရား​ကို ထို​ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ဖတ်​ရွတ်​ရ​မည်။ 12ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​များ၊ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​များ​တို့​သည် ကြား၍ နား​လည်​သ​ဖြင့်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊ ဤ​ပ​ညတ်​တ​ရား စ​ကား​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ပ​ရိ​သတ်​တို့​ကို စု​ဝေး​စေ​ကြ​လော့။ 13ထို​သို့​ပြု​လျှင်၊ နား​မ​လည်​သေး​သော သူ​ငယ်​တို့​သည် ကြား​သ​ဖြင့်၊ သင်​တို့​သည် ယော်​ဒန်​မြစ်​ကို​ကူး၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌ နေ​သည်​ကာ​လ​ပတ်​လုံး၊ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့​စေ​ခြင်း​ငှာ သင်​ကြ​လိမ့်​မည်​ဟု မှာ​ထား​သ​တည်း။
မော​ရှေ​အ​တွက်​နောက်​ဆုံး​ညွှန်​ကြား​ချက်
14ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် သေ​ရ​သော​အ​ချိန်​နီး​ပြီ။ ယော​ရှု​ကို​ခေါ်၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​လော့။ သူ့​ကို​ငါ​မှာ​ထား​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ မော​ရှေ​နှင့် ယော​ရှု​သည်​သွား၍ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​သို့ ချဉ်း​ကပ်​ကြ၏။ 15ထာ​ဝ​ရ​ဘု​ရား​သည် တဲ​တော်​တွင် မိုး​တိမ်​တိုင်၌ ထင်​ရှား​တော်​မူ၍၊ မိုး​တိမ်​တိုင်​သည် တဲ​တော်​တံ​ခါး​ဝ​အ​ပေါ်​မှာ တည်​နေ၏။ 16တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်​သော​အ​ခါ၊ ဤ​လူ​မျိုး​သည်​ထ၍ ယ​ခု​သွား​သော​ပြည်၌​နေ​သော တစ်​ပါး​အ​မျိုး​သား ကိုး​ကွယ်​သော​ဘု​ရား​တို့​နှင့် မှား​ယွင်း၍ ငါ့​ကို​စွန့်​လျက်၊ ငါ​ဖွဲ့​ထား​သော ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​လိမ့်​မည်။ 17ထို​အ​ခါ ငါ​သည်​အ​မျက်​တော်​ထွက်၍ သူ​တို့​ကို​စွန့်​မည်။ သူ​တို့​မှ ငါ့​မျက်​နှာ​ကို လွှဲ​သ​ဖြင့်၊ သူ​တို့​သည်​ပျက်​စီး၍ ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်။ ထို​အ​ခါ သူ​တို့​က၊ ငါ​တို့​ဘု​ရား​သ​ခင်​သည် ငါ​တို့​တွင် ရှိ​တော်​မ​မူ​သော​ကြောင့်၊ ဤ​ဘေး​ဒဏ်​တို့​သည် ငါ​တို့​အ​ပေါ်​မှာ ရောက်​သည်​မ​ဟုတ်​လော​ဟု ဆို​ကြ​လိမ့်​မည်။ 18သူ​တို့​သည် အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​နောက်​သို့​လွှဲ​သွား၍ ပြု​သော ဒု​စ​ရိုက်​အ​ပေါင်း​တို့​ကြောင့်၊ ထို​အ​ခါ ငါ​သည် ကိုယ်​မျက်​နှာ​ကို ဧ​ကန်​အ​မှန်​လွှဲ​မည်။ 19ယ​ခု​မှာ ဓ​မ္မ​သီ​ချင်း​ကို ရေး​ထား​ကြ​လော့။ ထို​သီ​ချင်း​ကို ဣ​သ​ရေ​လ​အ​မျိုး​တစ်​ဖက်၌ ငါ့​အ​ဖို့ သက်​သေ​ဖြစ်​စေ​ခြင်း​ငှာ၊ သူ​တို့​သည် နှုတ်​ကျက်​ရ​အောင် သင်​စေ​ကြ​လော့။ 20အ​ကြောင်း​မူ​ကား၊ သူ​တို့၏​ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို၍ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်​သို့ သူ​တို့​ကို ငါ​ဆောင်​သွင်း​သ​ဖြင့် သူ​တို့​သည် ဝ​စွာ​စား​ရ၍ ဆူ​ဖြိုး​သော​အ​ခါ၊ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ထံ​သို့​လွှဲ​သွား၍ ဝတ်​ပြု​ကြ​လိမ့်​မည်။ ငါ့​ကို​ပုန်​ကန်၍ ငါ့​ပ​ဋိ​ညာဉ်​တ​ရား​ကို ဖျက်​ကြ​လိမ့်​မည်။ 21ဘေး​ဒဏ်​ရန်​မာန်​အ​ပေါင်း​တို့​နှင့် တွေ့​ကြုံ​သော​အ​ခါ၊ ထို​သီ​ချင်း​သည် သူ​တို့​တစ်​ဖက်၌ သက်​သေ​ခံ​လိမ့်​မည်။ သူ​တို့​အ​မျိုး​အ​နွယ်​သည် နှုတ်​ကျက်​မ​မေ့​လျော့​ရ။ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ငါ​ဆောင်၍​မ​သွင်း​မီ၊ ယ​ခု​ပင် သူ​တို့​ကြံ​စည်​သော အ​ကြံ​အ​စည်​ကို​ငါ​သိ၏​ဟု မိန့်​တော်​မူ၏။ 22မော​ရှေ​သည်​လည်း၊ ထို​နေ့၌ ဓ​မ္မ​သီ​ချင်း​ကို​ရေး​ထား၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား သင်​လေ၏။ 23တစ်​ဖန် နုန်၏​သား​ယော​ရှု​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည် အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ ငါ​ကျိန်​ဆို​သော​ပြည်​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆောင်​သွင်း​ရ​မည်။ ငါ​သည် သင်​နှင့်​အ​တူ​ရှိ​မည်​ဟု မှာ​ထား​တော်​မူ၏။#တော၊ ၂၇:၂၃၊ ယောရှု၊ ၁:၆။
24မော​ရှေ​သည် ဤ​ပ​ညတ်​တ​ရား စ​ကား​တော်​အ​လုံး​စုံ​တို့​ကို အ​ကုန်​အ​စင်​ရေး​ထား​ပြီး​မှ၊ 25ထာ​ဝ​ရ​ဘု​ရား၏ ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ကို ထမ်း​သော လေ​ဝိ​သား​တို့​ကို​ခေါ်၍၊ 26ဤ​ပ​ည​တ္တိ​ကျမ်း​စာ​သည် သင်​တို့​အ​မျိုး​တစ်​ဖက်၌ သက်​သေ​ဖြစ်​မည်​အ​ကြောင်း၊ ထို​စာ​ကို​ယူ၍ သင်​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော် အ​နား​မှာ​တင်​ထား​ကြ​လော့။ 27သင်​တို့​အ​မျိုး​သည် ပုန်​ကန်​တတ်​သော​သ​ဘော၊ ခိုင်​မာ​သော​သ​ဘော​ရှိ​ကြောင်း​ကို ငါ​သိ၏။ ငါ​အ​သက်​ရှင်၍၊ သင်​တို့​တွင်​နေ​စဉ်​အ​ခါ၊ ယ​နေ့​ပင် သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်​ကြ​ပြီ။ ငါ​သေ​သော​နောက် ထို​မျှ​မ​က​ပြု​ကြ​လိမ့်​မည်။ 28သင်​တို့​အ​မျိုး​အ​နွယ် အ​သက်​ကြီး​သူ၊ အ​ရာ​ရှိ​သူ​အ​ပေါင်း​တို့​ကို ငါ့​ထံ​မှာ စု​ဝေး​စေ​ကြ​လော့။ ဤ​စ​ကား​တို့​ကို သူ​တို့​အား​ဟော​ပြော၍ သူ​တို့​တစ်​ဖက်၌ ကောင်း​ကင်​မြေ​ကြီး​ကို ငါ​တိုင်​တည်​မည်။ 29အ​ကြောင်း​မူ​ကား၊ ငါ​သေ​သော​နောက်၊ သင်​တို့​သည် လုံး​လုံး​ဖောက်​ပြန်၍ ငါ​မှာ​ထား​သော​လမ်း​မှ လွှဲ​သွား​ကြ​လိမ့်​မည်​ကို ငါ​သိ၏။ နောင်​ကာ​လ​တွင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍ ကိုယ်​လက်​နှင့် လုပ်​ဆောင်​သော​အား​ဖြင့် အ​မျက်​တော်​ကို နှိုး​ဆော်​သော​ကြောင့်၊ သင်​တို့​သည် ဘေး​ဥ​ပဒ်​နှင့် တွေ့​ကြုံ​ကြ​လိမ့်​မည်​ဟု သ​တိ​ပေး​လေ၏။
မော​ရှေ​၏​သီ​ချင်း
30မော​ရှေ​သည် ဣ​သ​ရေ​လ​ပ​ရိ​သတ်​အ​ပေါင်း​တို့​အား အ​ကုန်​အ​စင်​မြွက်​ဆို​သော သီ​ချင်း​စ​ကား​ဟူ​မူ​ကား၊

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 31: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။