YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 28:1-14

တရားဟောရာ 28:1-14 Judson Bible (JBMLE)

ယ​နေ့ ငါ​ဆင့်​ဆို​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို သင်​သည်​ကျင့်​စောင့်​ခြင်း​ငှာ၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို စေ့​စေ့​နား​ထောင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တ​ကာ​တို့​ထက် သင့်​ကို ချီး​မြှောက်​တော်​မူ​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်​လျှင်၊ သင့်​အ​ပေါ်​မှာ သက်​ရောက်​လ​တ္တံ့​သော ကောင်း​ချီး​မင်္ဂ​လာ​များ ဟူ​မူ​ကား။ သင်​သည် မြို့၌ မင်္ဂ​လာ​ရှိ​လိမ့်​မည်၊ တော၌ မင်္ဂ​လာ​ရှိ​လိမ့်​မည်။ သား​သ​မီး​အား​ဖြင့်​လည်း​ကောင်း၊ မြေ​အ​သီး​အ​နှံ​အား​ဖြင့်​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​ဖွား​သော သား​ငယ်​အား​ဖြင့်​လည်း​ကောင်း၊ သိုး​နွား အ​စီး​အ​ပွား​အား​ဖြင့်​လည်း​ကောင်း မင်္ဂ​လာ​ရှိ​လိမ့်​မည်။ ခြင်​တောင်း၌​လည်း​ကောင်း၊ မုန့်​နယ်​သော​ခွက်၌​လည်း​ကောင်း မင်္ဂ​လာ​ရှိ​လိမ့်​မည်။ မိ​မိ​အိမ်​ထဲ​သို့ ဝင်​သော​အ​ခါ မင်္ဂ​လာ​ရှိ​လိမ့်​မည်၊ ပြင်​သို့​ထွက်​သော​အ​ခါ မင်္ဂ​လာ​ရှိ​လိမ့်​မည်။ သင့်​တစ်​ဖက်၌​ထ​သော ရန်​သူ​တို့​ကို သင့်​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခံ​စေ​တော်​မူ​မည်။ သူ​တို့​သည် တစ်​လမ်း​တည်း​ဖြင့် သင်​ရှိ​ရာ​သို့​လာ​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သင့်​ရှေ့​မှ​ပြေး​ကြ​လိမ့်​မည်။ သင်၏​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​ပေါ်​မှာ မင်္ဂ​လာ​ရောက်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​မည်။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်၌ သင့်​ကို ကောင်း​ချီး​မင်္ဂ​လာ​ပေး​တော်​မူ​မည်။ သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို​စောင့်၍ လမ်း​တော်​သို့​လိုက်လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​သည်​အ​တိုင်း၊ သင့်​ကို​ကိုယ်​တော်​အ​ဖို့ သ​န့်​ရှင်း​သော​အ​မျိုး အ​စဉ်​အ​မြဲ​ဖြစ်​စေ​တော်​မူ​မည်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ဖြင့် ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​သည်​ဟု လူ​မျိုး​ခပ်​သိမ်း​တို့​သည် သိ​မြင်၍ သင့်​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ ဥ​စ္စာ​ပ​စ္စည်း၊ သား​သ​မီး၊ တိ​ရ​စ္ဆာန်​အ​တိုး​အ​ပွား၊ မြေ​အ​သီး​အ​နှံ​များ​ကို ကြွယ်​ဝ​စေ​တော်​မူ​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ချိန်​တန်​မှ သင်၏​ပြည်၌ မိုး​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ဘ​ဏ္ဍာ​တော်​တိုက်​တည်း​ဟူ​သော မိုး​ကောင်း​ကင်​ကို​ဖွင့်​တော်​မူ​မည်။ သင်​သည် လူ​မျိုး​များ​တို့​အား ချေး​ငှား​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သူ​တို့​သည် သင့်​အား​ချေး​ငှား​ရ​သော​အ​ခွင့် မ​ရှိ​ရ။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​အ​မြီး​မ​ဖြစ်​စေ​ဘဲ ခေါင်း​ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ သင်​သည် အောက်၌​မ​နေ​ရ​ဘဲ အ​ပေါ်၌​သာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ယ​နေ့ ငါ​ဆင့်​ဆို​သော၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို ကျင့်​စောင့်​ခြင်း​ငှာ နား​ထောင်​လျှင်​လည်း​ကောင်း၊ ယ​နေ့ ငါ​ဆင့်​ဆို​သော စ​ကား​တော်​လမ်း​မှ​ထွက်၍ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့​မ​လွှဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​နောက်​သို့ လိုက်၍ ဝတ်​မ​ပြု​ဘဲ​နေ​လျှင်​လည်း​ကောင်း၊ ထို​သို့​သော​ကျေး​ဇူး​တော်​ကို ခံ​ရ​လိမ့်​မည်။

တရားဟောရာ 28:1-14 Common Language Bible (BCL)

သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နာ​ခံ​၍ ယ​နေ့​ငါ​ဆင့်​ဆို သ​မျှ​သော​ပညတ်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​စောင့်​ထိန်း​လျှင် ကိုယ်​တော်​သည်​သင်​တို့ အား​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​တော်​မူ​မည်။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နာ​ခံ​လျှင်​ကိုယ်​တော်​သည် အောက်​ပါ​ကောင်း​ချီး​မင်္ဂ​လာ​အ​ပေါင်း​တို့ ကို သင်​တို့​အား​ခံ​စား​စေ​တော်​မူ​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​များ​နှင့် လယ်​ယာ​များ​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​သား​သ​မီး မြောက်​မြား​စွာ​ထွန်း​ကား​စေ​ရန်​လည်း​ကောင်း၊ အ​သီး​အ​နှံ​ပေါ​များ​စေ​ရန်​လည်း​ကောင်း၊ သိုး နွား​မြောက်​မြား​စွာ​တိုး​ပွား​စေ​ရန်​လည်း ကောင်း​ကောင်း​ချီး​ပေး​တော်​မူ​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ကောက်​ပဲ သီး​နှံ၊ ၎င်း​မှ​ရ​သော​အ​စား​အ​စာ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​လေ​သ​မျှ တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​တိုက်​ခိုက် သော​ရန်​သူ​များ​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​တစ်​လမ်း​တည်း​ဖြင့်​လာ​ရောက် တိုက်​ခိုက်​သော်​လည်း လမ်း​အ​သွယ်​သွယ်​ဖြင့် ထွက်​ပြေး​ရ​လိမ့်​မည်။ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​၏​လုပ်​ငန်း​ကို​ကောင်း​ချီး​ပေး​၍ သင်​တို့​၏​ကျီ​များ​ကို​စ​ပါး​နှင့်​ပြည့်​စေ တော်​မူ​မည်။ ကိုယ်​တော်​သည်​မိ​မိ​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​မည်။ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​ကို​နာ​ခံ​၍ ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့် ထိန်း​လျှင် က​တိ​တော်​အ​တိုင်း​သင်​တို့​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​စေ​မည်။- ထို​အ​ခါ​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး ချယ်​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း​ကို ကမ္ဘာ ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​သိ​မြင်​သ​ဖြင့် သင်​တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော်​မူ​သော ပြည်​တွင် သင်​တို့​၌​သား​သ​မီး၊ သိုး​နွား၊ တိ​ရစ္ဆာန် မြောက်​မြား​စွာ​ရ​ရှိ​စေ​တော်​မူ​လိမ့်​မည်။ အ​သီး​အ​နှံ​ပေါ​များ​စေ​တော်​မူ​လိမ့်​မည်။- ကိုယ်​တော်​ရှင်​သည်​မိုး​ကောင်း​ကင်​ကို​ဖွင့်​၍ ရာ​သီ​အ​လိုက်​မိုး​ကို​ရွာ​စေ​လျက်​သင်​လုပ် ဆောင်​သ​မျှ​ကို​အောင်​မြင်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​သည်​နိုင်​ငံ​များ​စွာ​တို့​အား​ချေး​ငှား ရ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မည်​သည့် နိုင်​ငံ​ထံ​မှ​ချေး​ယူ​ရန်​လို​မည်​မ​ဟုတ်။- သင်​တို့​အား​ငါ​ယ​နေ့​ဆင့်​ဆို​သော​ပ​ညတ် များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း လျှင် သင်​တို့​သည်​နိုင်ငံ​များ​၏​နောက်​လိုက်​မ​ဖြစ် ဘဲ​ခေါင်း​ဆောင်​နေ​ရာ​၌​နေ​ရ​လိမ့်​မည်။ သင် တို့​သည်​စီး​ပွား​မ​ကျ​ဆင်း​ဘဲ အ​စဉ်​အ​မြဲ တိုး​တက်​လိမ့်​မည်။- ထို့​ကြောင့်​သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။ အ​ခြား​သော​ဘု​ရား​များ​ကို​လည်း​မ​ကိုး ကွယ်​မ​ဆည်း​ကပ်​ရ။

တရားဟောရာ 28:1-14 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို သေချာ​စွာ​နားထောင်​၍ ယနေ့​သင့်​အား ငါ​မှာကြား​သော ကိုယ်တော်​၏​ပညတ်တော်​ရှိသမျှ​တို့​ကို လိုက်နာ​စောင့်ထိန်း​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ကမ္ဘာမြေကြီး​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​ထက် သင့်​ကို​ချီးမြှင့်​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို နားထောင်​လျှင် သင့်​အပေါ်​သက်ရောက်​မည့်​ကောင်းချီးမင်္ဂလာ​၊ သင်​ခံစား​ရ​မည့် ကောင်းချီးမင်္ဂလာ​အပေါင်း​ကား ဤသို့​ဖြစ်​၏​။ သင်​သည် မြို့​၌ ကောင်းချီးခံစား​ရ​မည်​။ တော​၌​လည်း ကောင်းချီးခံစား​ရ​မည်​။ သင့်​သားသမီး​၊ သင့်​မြေ​၏​အသီးအနှံ​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​များ​ဖြစ်​သည့် သင့်​နွား​သားပေါက်​များ​၊ သင့်​သိုးဆိတ်​သားပေါက်​များ​သည် ကောင်းချီးခံစား​ရ​မည်​။ သင့်​တောင်း​၊ သင့်​မုန့်နယ်ခွက်​သည် ကောင်းချီးခံစား​ရ​မည်​။ သင်​သွား​သည်​ဖြစ်စေ​၊ လာ​သည်​ဖြစ်စေ ကောင်းချီးခံစား​ရ​မည်​။ ထာဝရဘုရား​သည် သင့်​ကို​ပုန်ကန်ထကြွ​သော​ရန်သူ​တို့​ကို သင့်​ရှေ့မှောက်​၌ ရှုံးနိမ့်​စေ​တော်မူ​မည်​။ သူ​တို့​သည် သင့်​ထံသို့ လမ်း​တစ်လမ်းတည်း​ဖြင့် လာ​ကြ​သော်လည်း သင့်​ထံမှ လမ်း​ခုနစ်​သွယ်​ဖြင့် ထွက်ပြေး​ကြ​ရ​လိမ့်မည်​။ ထာဝရဘုရား​သည် သင်​၏​ကျီ​၌​လည်းကောင်း​၊ သင်​လုပ်ဆောင်​လေရာရာ​၌​လည်းကောင်း ကောင်းချီးမင်္ဂလာ သက်ရောက်​စေ​တော်မူ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​၌ သင်​ကောင်းချီးခံစား​ရ​မည်​။ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို​စောင့်ထိန်း​၍ ကိုယ်တော်​၏​လမ်း​တော်​အတိုင်း လိုက်လျှောက်​လျှင် သင့်​အား ထာဝရဘုရား​ကျိန်ဆို​တော်မူ​ခဲ့​သည့်​အတိုင်း သင့်​ကို မိမိ​အဖို့ သန့်ရှင်း​သော​လူမျိုး​အဖြစ် တည်​စေ​တော်မူ​မည်​။ သင့်​အပေါ် ထာဝရဘုရား​၏​နာမ​တော်​တည်​ကြောင်း မြေကြီး​ပေါ်ရှိ လူမျိုး​အပေါင်း​တို့​သည် သိမြင်​၍ သင့်​ကို​ကြောက်ရွံ့​ကြ​လိမ့်မည်​။ ထာဝရဘုရား​က ထို​ပြည်​ကို သင့်​အား​ပေး​မည်​ဟု သင်​၏​ဘိုးဘေး​တို့​အား ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ ထို​ပြည်​၌ သင့်​သားသမီး​၊ သင့်​တိရစ္ဆာန်​၏​သားပေါက်​၊ သင့်​မြေ​၏​အသီးအနှံ​ဖြင့် သင့်​ကို ထာဝရဘုရား ကောင်းစား​စေ​တော်မူ​မည်​။ ထာဝရဘုရား​သည် ကြွယ်ဝ​သော​မိုးကောင်းကင်​ဘဏ္ဍာတိုက်​ကို ဖွင့်ပေး​တော်မူ​ပြီး သင်​၏​ပြည်​၌ မိုး​ကို သူ့​အချိန်​နှင့်​သူ​ရွာ​စေ​တော်မူ​၍ သင်​လုပ်ဆောင်​လေရာရာ​တို့​ကို​ကောင်းချီးပေး​တော်မူ​မည်​။ သင်​သည် လူမျိုး​များစွာ​တို့​အား ချေးငှား​ပေး​ရ​မည်​။ ချေးယူ​ရ​မည်​မ​ဟုတ်​။ ထာဝရဘုရား​သည် သင့်​ကို အမြီး​မ​ဖြစ်စေ​ဘဲ ခေါင်း​ဖြစ်စေ​မည်​။ သင်​သည် အောက်​၌​မ​နေ​ရ​ဘဲ ထိပ်ဆုံး​၌ နေ​ရ​လိမ့်မည်​။ ယနေ့ သင့်​အား​ငါ​မိန့်မှာ​သော သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​ပညတ်တော်​များ​ကို နားထောင်​၍ လိုက်နာ​စောင့်ထိန်း​လျှင်​၊ ငါ​မှာကြား​သည့်​စကား​တို့​မှ လက်ယာ​ဘက်​၊ လက်ဝဲ​ဘက်​သို့​မ​လွှဲ​၊ အခြား​ဘုရား​များ​နောက်သို့​မ​လိုက်​၊ ထို​ဘုရား​တို့​ကို ဝတ်​မ​ပြု​လျှင် ထို​ကောင်းချီး​များ​ကို​ခံစား​ရ​မည်​။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။