YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 28

28
နာ​ခံ​ခြင်း​အတွက်ကောင်း​ချီး
(ဝတ်၊ ၂၆:၃-၁၃၊ တရား၊ ၇:၁၂-၂၄)
1ယ​နေ့ ငါ​ဆင့်​ဆို​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို သင်​သည်​ကျင့်​စောင့်​ခြင်း​ငှာ၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို စေ့​စေ့​နား​ထောင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လူ​မျိုး​တ​ကာ​တို့​ထက် သင့်​ကို ချီး​မြှောက်​တော်​မူ​မည်။#တရား၊ ၁၁:၁၃-၁၇။ 2သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို နား​ထောင်​လျှင်၊ သင့်​အ​ပေါ်​မှာ သက်​ရောက်​လ​တ္တံ့​သော ကောင်း​ချီး​မင်္ဂ​လာ​များ ဟူ​မူ​ကား။ 3သင်​သည် မြို့၌ မင်္ဂ​လာ​ရှိ​လိမ့်​မည်၊ တော၌ မင်္ဂ​လာ​ရှိ​လိမ့်​မည်။ 4သား​သ​မီး​အား​ဖြင့်​လည်း​ကောင်း၊ မြေ​အ​သီး​အ​နှံ​အား​ဖြင့်​လည်း​ကောင်း၊ တိ​ရ​စ္ဆာန်​ဖွား​သော သား​ငယ်​အား​ဖြင့်​လည်း​ကောင်း၊ သိုး​နွား အ​စီး​အ​ပွား​အား​ဖြင့်​လည်း​ကောင်း မင်္ဂ​လာ​ရှိ​လိမ့်​မည်။ 5ခြင်​တောင်း၌​လည်း​ကောင်း၊ မုန့်​နယ်​သော​ခွက်၌​လည်း​ကောင်း မင်္ဂ​လာ​ရှိ​လိမ့်​မည်။ 6မိ​မိ​အိမ်​ထဲ​သို့ ဝင်​သော​အ​ခါ မင်္ဂ​လာ​ရှိ​လိမ့်​မည်၊ ပြင်​သို့​ထွက်​သော​အ​ခါ မင်္ဂ​လာ​ရှိ​လိမ့်​မည်။ 7သင့်​တစ်​ဖက်၌​ထ​သော ရန်​သူ​တို့​ကို သင့်​မျက်​မှောက်၌ ထာ​ဝ​ရ​ဘု​ရား​သည် ဒဏ်​ခံ​စေ​တော်​မူ​မည်။ သူ​တို့​သည် တစ်​လမ်း​တည်း​ဖြင့် သင်​ရှိ​ရာ​သို့​လာ​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သင့်​ရှေ့​မှ​ပြေး​ကြ​လိမ့်​မည်။ 8သင်၏​ဘ​ဏ္ဍာ​တိုက်၌​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အ​ပေါ်​မှာ မင်္ဂ​လာ​ရောက်​စေ​ခြင်း​ငှာ မိန့်​တော်​မူ​မည်။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်၌ သင့်​ကို ကောင်း​ချီး​မင်္ဂ​လာ​ပေး​တော်​မူ​မည်။ 9သင်​သည် သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို​စောင့်၍ လမ်း​တော်​သို့​လိုက်လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ကျိန်​ဆို​သည်​အ​တိုင်း၊ သင့်​ကို​ကိုယ်​တော်​အ​ဖို့ သ​န့်​ရှင်း​သော​အ​မျိုး အ​စဉ်​အ​မြဲ​ဖြစ်​စေ​တော်​မူ​မည်။ 10သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ဖြင့် ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို​ခံ​ရ​သည်​ဟု လူ​မျိုး​ခပ်​သိမ်း​တို့​သည် သိ​မြင်၍ သင့်​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။ 11ထာ​ဝ​ရ​ဘု​ရား​သည် သင့်​အား​ပေး​ခြင်း​ငှာ ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ ဥ​စ္စာ​ပ​စ္စည်း၊ သား​သ​မီး၊ တိ​ရ​စ္ဆာန်​အ​တိုး​အ​ပွား၊ မြေ​အ​သီး​အ​နှံ​များ​ကို ကြွယ်​ဝ​စေ​တော်​မူ​မည်။ 12ထာ​ဝ​ရ​ဘု​ရား​သည် အ​ချိန်​တန်​မှ သင်၏​ပြည်၌ မိုး​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​ခြင်း​ငှာ​လည်း​ကောင်း၊ ဘ​ဏ္ဍာ​တော်​တိုက်​တည်း​ဟူ​သော မိုး​ကောင်း​ကင်​ကို​ဖွင့်​တော်​မူ​မည်။ သင်​သည် လူ​မျိုး​များ​တို့​အား ချေး​ငှား​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သူ​တို့​သည် သင့်​အား​ချေး​ငှား​ရ​သော​အ​ခွင့် မ​ရှိ​ရ။ 13ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​အ​မြီး​မ​ဖြစ်​စေ​ဘဲ ခေါင်း​ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ သင်​သည် အောက်၌​မ​နေ​ရ​ဘဲ အ​ပေါ်၌​သာ​နေ​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ယ​နေ့ ငါ​ဆင့်​ဆို​သော၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တော်​တို့​ကို ကျင့်​စောင့်​ခြင်း​ငှာ နား​ထောင်​လျှင်​လည်း​ကောင်း၊ 14ယ​နေ့ ငါ​ဆင့်​ဆို​သော စ​ကား​တော်​လမ်း​မှ​ထွက်၍ လက်​ယာ​ဘက်၊ လက်​ဝဲ​ဘက်​သို့​မ​လွှဲ၊ အ​ခြား​တစ်​ပါး​သော​ဘု​ရား​နောက်​သို့ လိုက်၍ ဝတ်​မ​ပြု​ဘဲ​နေ​လျှင်​လည်း​ကောင်း၊ ထို​သို့​သော​ကျေး​ဇူး​တော်​ကို ခံ​ရ​လိမ့်​မည်။
မ​နာ​ခံ​ခြင်း​အ​တွက်​အ​မင်္ဂ​လာ
(ဝတ်၊ ၂၆:၁၄-၄၆)
15ယ​နေ့ ငါ​ဆင့်​ဆို​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက် အ​လုံး​စုံ​တို့​ကို ကျင့်​စောင့်​ခြင်း​ငှာ စ​ကား​တော်​ကို​နား​မ​ထောင်​လျှင်၊ သင့်​အ​ပေါ်​မှာ သက်​ရောက်​လ​တ္တံ့​သော ကျိန်​ခြင်း​အ​မင်္ဂ​လာ​များ​ဟူ​မူ​ကား၊ 16သင်​သည် မြို့၌ အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်၊ တော၌ အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ 17ခြင်​တောင်း၌​လည်း​ကောင်း၊ မုန့်​နယ်​သော​ခွက်၌​လည်း​ကောင်း အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ 18သား​သ​မီး​အား​ဖြင့်​လည်း​ကောင်း၊ မြေ​အ​သီး​အ​နှံ​အား​ဖြင့်​လည်း​ကောင်း၊ သိုး​နွား အ​စီး​အ​ပွား​အား​ဖြင့်​လည်း​ကောင်း အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ 19မိ​မိ​အိမ်​ထဲ​သို့​ဝင်​သော​အ​ခါ အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ ပြင်​သို့ ထွက်​သော​အ​ခါ အ​မင်္ဂ​လာ​ရှိ​လိမ့်​မည်။ 20ထာ​ဝ​ရ​ဘု​ရား​ကို​စွန့်၍ ပြု​မိ​သော ဒု​စ​ရိုက်​အ​ပြစ်​ကြောင့် အ​လျင်​အ​မြန် ပျက်​စီး​ဆုံး​ရှုံး​ခြင်း​သို့ မ​ရောက်​မီ​တိုင်​အောင်၊ ပြု​လေ​ရာ​ရာ၌ ကျိန်​ဆဲ​ခြင်း၊ နှောင့်​ယှက်​ခြင်း၊ ကဲ့​ရဲ့​ခြင်း​တို့​ကို သင့်​အ​ပေါ်​မှာ သက်​ရောက်​စေ​တော်​မူ​မည်။ 21သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​မှ သုတ်​သင်​ပယ်​ရှင်း​တော်​မ​မူ​မီ တိုင်​အောင်၊ ကာ​လ​နာ​ကို သင်၌​စွဲ​စေ​တော်​မူ​မည်။ 22ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို တူ​လာ၊ ဖျား​နာ၊ ဒ​လ​ခက်​နာ၊ ခ​ရ​ခ​ရ​နာ​ဖြင့်​လည်း​ကောင်း၊ ဓား​ဘေး၊ လေ​ထိ၍​အ​ပင်​သေ​ဘေး၊ အ​ရည်​ယို၍ အ​ပင်​သေ​ဘေး​ဖြင့်​လည်း​ကောင်း ဒဏ်​ခတ်​တော်​မူ၍၊ သင်​သည်​မ​ပျက်​စီး​မီ​တိုင်​အောင် ထို​ဘေး​တို့​သည် လိုက်​ကြ​လိမ့်​မည်။ 23သင့်​ခေါင်း​ပေါ်​မှာ မိုး​ကောင်း​ကင်​သည် ကြေး​ဝါ​ကဲ့​သို့​လည်း​ကောင်း၊ သင့်​အောက်၌ မြေ​သည် သံ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ 24ထာ​ဝ​ရ​ဘု​ရား​သည် သင့်​နေ​ရာ​ပြည်၌​ရွာ​သော မိုး​ရေ​ကို မြေ​မှုန့်၊ ဖုံ​ဖြစ်​စေ​တော်​မူ​သ​ဖြင့်၊ သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင် သင့်​အ​ပေါ်​မှာ​ကျ​ရ​လိမ့်​မည်။ 25သင်၏​ရန်​သူ​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဒဏ်​ပေး​တော်​မူ​မည်။ သင်​သည် တစ်​လမ်း​တည်း​ဖြင့် သူ​တို့​ရှိ​ရာ​သို့​သွား​သော်​လည်း၊ လမ်း​ခု​နစ်​သွယ်​ဖြင့် သူ​တို့​ရှေ့​မှ​ပြေး၍ မြေ​ပေါ်​မှာ​ရှိ​သော အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​သို့ ပြောင်း​သွား​ရ​လိမ့်​မည်။ 26သင်၏​အ​သေ​ကောင်​သည် မိုး​ကောင်း​ကင်​ငှက်၊ တော​သား​ရဲ​စား​စ​ရာ​ဖို့ ဖြစ်​ရ​လိမ့်​မည်။ ထို​တိ​ရ​စ္ဆာန်​တို့​ကို အ​ဘယ်​သူ​မျှ မ​မောင်း​ရ။ 27ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို အဲ​ဂု​တ္တု​အ​နာ​စိမ်း၊ မြင်း​သ​ရိုက်​နာ၊ ဝဲ​နာ၊ မ​ပျောက်​နိုင်​သော​ယား​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။ 28ရူး​သော​အ​နာ၊ မျက်​စိ​ကန်း​သော​အ​နာ၊ မိန်း​မော​တွေ​ဝေ​သော​အ​နာ​ဖြင့် ဒဏ်​ခတ်​တော်​မူ၍၊ 29မျက်​စိ​ကန်း​သော​သူ​သည် မှောင်​မိုက်၌ စမ်း​သပ်​ရ​သ​ကဲ့​သို့၊ သင်​သည် မွန်း​တည့်​အ​ချိန်၌​ပင် စမ်း​သပ်​ရ​လိမ့်​မည်။ သင်​ပြု​သော​အ​မှု၌ မ​အောင်​ဘဲ ညှဉ်း​ဆဲ​ခြင်း၊ လု​ယူ​ခြင်း​ကို​သာ ခံ​ရ​လိမ့်​မည်။ အ​ဘယ်​သူ​မျှ မ​ကယ်​တင်​ရ။ 30မိန်း​မ​နှင့် လက်​ထပ်​ပြီး​သော်​လည်း အ​ခြား​သော​သူ​သည် ပေါင်း​ဖော်​ရ​လိမ့်​မည်။ အိမ်​ကို​ဆောက်​သော်​လည်း ကိုယ်​တိုင်​မ​နေ​ရ။ စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​သော်​လည်း စ​ပျစ်​သီး​ကို မ​ဆွတ်​မ​ယူ​ရ။ 31သင့်​နွား​ကို သင့်​မျက်​မှောက်၌ သတ်၍​သေ​သော်​လည်း သင့်​ကိုယ်​တိုင်​မ​စား​ရ။ သင့်​မြည်း​ကို သင့်​ရှေ့​မှောက်၌ အ​နိုင်​အ​ထက်​ယူ​သွား​ပြီး​မှ၊ နောက်​တစ်​ဖန်​ပြန်၍ မ​ပေး​ရ။ သင့်​သိုး​တို့​ကို သင့်​ရန်​သူ၌​အပ်​သော​အ​ခါ ကယ်​နုတ်​သော​သူ မ​ပေါ်​မ​ရှိ​ရ။ 32သင့်​သား​သ​မီး​တို့​သည် သူ​တစ်​ပါး​လက်​သို့​ရောက်၍၊ သင့်​မျက်​စိ​သည် တစ်​နေ့​လုံး မျှော်​ကြည့်​လျက် အား​ကုန်​လိမ့်​မည်။ သင့်​လက်​သည်​လည်း ခွန်​အား​မ​ရှိ​ရ။ 33သင်​မ​သိ​မ​ကျွမ်း​သော​လူ​မျိုး​သည် သင့်​နေ​ရာ​ပြည်၏ အ​သီး​အ​နှံ​ကို​လည်း​ကောင်း၊ သင်​လုပ်​ဆောင်၍​ရ​သော ဥ​စ္စာ​ကို​လည်း​ကောင်း စား​လိမ့်​မည်။ သင်​သည် ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​ကို​သာ အ​စဉ်​မ​ပြတ်​ခံ​ရ​လိမ့်​မည်။ 34ထို​သို့ ကိုယ်​တိုင်​တွေ့​မြင်​သော​အ​မှု​ကြောင့် သင်​သည် အ​ရူး​ဖြစ်​ရ​လိမ့်​မည်။ 35ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဒူး​နှင့် ခြေ​ထောက်​မ​က၊ ခြေ​ဖ​ဝါး​မှ​စ၍ ဦး​ခေါင်း​ထိပ်​တိုင်​အောင် မ​ပျောက်​နိုင်​သော​အ​နာ​စိမ်း​ဖြင့် ဒဏ်​ခတ်​တော်​မူ​မည်။
36ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ချီး​မြှောက်​သော​ရှင်​ဘု​ရင်​ကို သင်​နှင့် သင့်​ဘိုး​ဘေး​တို့ မ​သိ​မ​ကျွမ်း​ဖူး​သော လူ​မျိုး​ရှိ​ရာ​သို့ ဆောင်​သွား​တော်​မူ​သ​ဖြင့်၊ သင်​သည် အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။ 37ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ဆောင်​သွား​တော်​မူ​သော အ​ပြည်​ပြည်​တို့၌ သင်​သည်​အံ့​ဩ​ရာ၊ ပုံ​ခိုင်း​ရာ၊ ကဲ့​ရဲ့​ရာ​ဖြစ်​လိမ့်​မည်။ 38သင်​သည် များ​စွာ​သော​မျိုး​စေ့​ကို လယ်​သို့​ယူ​သွား၍ ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​သော​ကြောင့်၊ နည်း​သော​စ​ပါး​ကို သိမ်း​ရ​လိမ့်​မည်။ 39စ​ပျစ်​ဥ​ယျာဉ်​တို့​ကို စိုက်၍​ပြု​စု​သော်​လည်း၊ ပိုး​များ​ကိုက်​စား​သော​ကြောင့် ကိုယ်​တိုင်​စ​ပျစ်​သီး​ကို မ​ဆွတ်​ရ၊ စ​ပျစ်​ရည်​ကို​လည်း မ​သောက်​ရ။ 40သင့်​နေ​ရာ​အ​ရပ်​ရပ်၌ သံ​လွင်​ပင်​ရှိ​သော်​လည်း၊ အ​သီး​မ​မှည့်​မီ ကြွေ​သော​ကြောင့် သင်​သည် သံ​လွင်​ဆီ​နှင့် ကိုယ်​ကို​မ​လိမ်း​ရ။ 41သား​သ​မီး​ကို​ဖွား​မြင်​သော်​လည်း၊ သူ​တို့​နှင့် မ​ပျော်​မ​မွေ့​ရ။ ရန်​သူ​တို့​သည် သိမ်း​သွား​ကြ​လိမ့်​မည်။ 42သင့်​နေ​ရာ​ပြည်၌ သစ်​ပင်​ရှိ​သ​မျှ၊ မြေ​အ​သီး​အ​နှံ​ရှိ​သ​မျှ​ကို ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​ကြ​လိမ့်​မည်။ 43သင်​နှင့်​အ​တူ​နေ​သော တစ်​ပါး​အ​မျိုး​သား​သည်​မြင့်​လျက်၊ သင့်​အ​ပေါ်​သို့ တက်​လိမ့်​မည်။ သင်​မူ​ကား၊ အောက်​သို့​ဆင်း၍ နေ​ရ​လိမ့်​မည်။ 44သူ​သည် သင့်​အား​ချေး​ငှား​သော​အ​ခွင့် ရှိ​လိမ့်​မည်။ သင်​မူ​ကား၊ သူ့​အား​ချေး​ငှား​သော​အ​ခွင့် မ​ရှိ​ရ။ သူ​သည်​ခေါင်း​ဖြစ်၍၊ သင်​သည် အ​မြီး​ဖြစ်​လိမ့်​မည်။ 45သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက်​တ​ရား​ကို စောင့်​ရှောက်​ခြင်း​ငှာ၊ သင်​သည်​စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့်၊ မ​ပျက်​စီး​မီ​တိုင်​အောင် ဤ​ကျိန်​ခြင်း​အ​မင်္ဂ​လာ​ရှိ​သ​မျှ​တို့​သည် သင့်​အ​ပေါ်​မှာ သက်​ရောက်​လျက်၊ သင့်​ကို​လိုက်၍​မီ​လျက် ရှိ​ကြ​လိမ့်​မည်။ 46သင့်​အ​ပေါ်၌​လည်း​ကောင်း၊ သင့်​အ​မျိုး​အ​နွယ်​အ​ပေါ်၌​လည်း​ကောင်း၊ အ​စဉ်​မ​ပြတ် နိ​မိတ်​လ​က္ခ​ဏာ အံ့​ဖွယ်​သော​အ​မှု ဖြစ်​ကြ​လိမ့်​မည်။ 47သင်​သည် ဥ​စ္စာ​ကြွယ်​ဝ​သော​အ​ခါ၊ ဝမ်း​မြောက်​ရွှင်​လန်း​သော​စိတ်​နှင့် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အ​မှု​တော်​ကို မ​ဆောင်​မ​ရွက်​သော​ကြောင့်၊ 48ထာ​ဝ​ရ​ဘု​ရား​စေ​လွှတ်​တော်​မူ​သော ရန်​သူ၏​အ​မှု​ကို သင်​သည် မွတ်​သိပ်​ခြင်း၊ ရေ​ငတ်​ခြင်း၊ အ​ဝတ်​အ​ချည်း​စည်း​ရှိ​ခြင်း​နှင့်​တ​ကွ၊ အ​ရာ​ရာ၌ ဆင်း​ရဲ​စွာ ဆောင်​ရွက်​ရ​လိမ့်​မည်။ သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင် သင့်​လည်​ပင်း၌ သံ​ထမ်း​ပိုး​ကို တင်​ထား​တော်​မူ​မည်။
49-50ရွှေ​လင်း​တ​ပျံ​တတ်​သ​ကဲ့​သို့ လျင်​မြန်​သော​လူ​မျိုး၊ ကြမ်း​တမ်း​သော​မျက်​နှာ​နှင့် ပြည့်​စုံ​လျက်၊ အ​သက်​ကြီး​သူ​ကို မ​ရို​သေ၊ အ​သက်​ငယ်​သူ​ကို မ​သ​နား​တတ်​သော​လူ​မျိုး​ကို၊ ဝေး​သော​အ​ရပ်၊ မြေ​ကြီး​စွန်း​မှ ထာ​ဝ​ရ​ဘု​ရား​သည်​ခေါ်၍ သင့်​ကို တိုက်​စေ​တော်​မူ​မည်။ 51သင်​သည် မ​ပျက်​စီး​မီ​တိုင်​အောင်၊ ထို​ရန်​သူ​သည် သင်၏​သိုး​သ​ငယ်၊ နွား​သ​ငယ်၊ မြေ​အ​သီး​အ​နှံ​ကို စား​ရ​လိမ့်​မည်။ သင့်​ကို မ​ဖျက်​ဆီး​မီ​တိုင်​အောင်၊ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ၊ သိုး​နွား​အ​စီး​အ​ပွား​ကို သင့်​အ​ဖို့ မ​ချန်​မ​ထား​ရ။ 52သင့်​နေ​ရာ​ပြည်​အ​ရပ်​ရပ်​တို့၌ သင်​ကိုး​စား​သော​မြို့​ရိုး၊ မြင့်၍ ခိုင်​ခံ့​သော မြို့​ရိုး​တို့​သည် မ​ပြို​မ​ကျ​မီ​တိုင်​အောင်၊ သင့်​နေ​ရာ​မြို့ ရှိ​သ​မျှ​တို့​ကို ဝိုင်း​ထား​လိမ့်​မည်။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ပြည်​အ​ရပ်​ရပ်​တို့၌၊ မြို့​ရှိ​သ​မျှ​တို့​ကို​လည်း ဝိုင်း​ထား​လိမ့်​မည်။ 53ထို​သို့​ဝိုင်း​ထား၍ ရန်​သူ​သည် ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊ ကိုယ်​ရင်​သွေး​တည်း​ဟူ​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော သား​သ​မီး​တို့၏ အ​သား​ကို သင်​စား​ရ​လိမ့်​မည်။ 54သင့်​နေ​ရာ​မြို့​တို့​ကို ရန်​သူ​ဝိုင်း​ထား၍ ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊ 55အ​လွန်​နူး​ညံ့​သိမ်​မွေ့​သော ယောက်ျား​သည် စား​စ​ရာ အ​လျှင်း မ​ကျန်​ကြွင်း​သော​ကြောင့်၊ မိ​မိ​သား​သ​မီး၏ အ​သား​ကို စား​ရ​သော်​လည်း၊ မိ​မိ​ညီ​အစ်​ကို၊ မိ​မိ​ရင်​ခွင်၌​ရှိ​သော​မ​ယား ကျန်​ကြွင်း​သေး​သော သား​သ​မီး​တို့​ကို မ​နာ​လို​သော​စိတ်​ရှိ၍ ထို​အ​သား​ကို သူ​တို့​အား​မ​ဝေ​မ​ပေး​ဘဲ စား​လိမ့်​မည်။ 56-57သင့်​နေ​ရာ​မြို့​တို့​ကို ရန်​သူ​ဝိုင်း​ထား၍ ကျဉ်း​ကျပ်​စေ​သော​အ​ခါ၊ အ​လွန်​နူး​ညံ့​သိမ်​မွေ့​သ​ဖြင့် မြေ​ကို မ​နင်း​ဝံ့​သော​မိန်း​မ​သည်​လည်း၊ စား​စ​ရာ​အ​လျှင်း မ​ရှိ​သော​ကြောင့်၊ မိ​မိ​ရင်​ခွင်၌​ရှိ​သော လင်၊ မိ​မိ​သား​သ​မီး၊ မိ​မိ​ဝမ်း​ထဲ​က ထွက်​သော​အ​ချင်း၊ မိ​မိ​ဖွား​မြင်​သော သူ​ငယ်​တို့​ကို မ​နာ​လို​သော​စိတ်​ရှိ၍ မိ​မိ​သူ​ငယ်​ကို တိတ်​ဆိတ်​စွာ စား​ရ​လိမ့်​မည်။#၄ ရာ၊ ၆:၂၈-၂၉၊ မြည်၊ ၄:၁၀။ 58သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဘုန်း​ကြီး၍ ကြောက်​မက်​ဖွယ်​သော နာ​မ​တော်​ကို ကြောက်​စေ​ခြင်း​ငှာ၊ ဤ​ကျမ်း​စာ၌​ရေး​ထား​သော ဤ​တ​ရား​တော်​စ​ကား အ​လုံး​စုံ​တို့​ကို သင်​သည် မ​ကျင့်​မ​စောင့်​ဘဲ​နေ​လျှင်၊ 59ထာ​ဝ​ရ​ဘု​ရား​သည် သင်​ခံ​ရ​သော​ဘေး၊ သင့်​အ​မျိုး​အ​နွယ် ခံ​ရ​သော​ဘေး​တို့​ကို အံ့​ဩ​ဖွယ်​သော​ဘေး၊ အ​လွန်​ကြီး၍ မြဲ​မြံ​သော​ဘေး၊ အ​လွန်​ပြင်း၍ မြဲ​မြံ​သော​ရော​ဂါ​ဝေ​ဒ​နာ ဖြစ်​စေ​တော်​မူ​မည်။ 60ထို​မှ​တစ်​ပါး၊ သင်​ကြောက်​တတ်​သော အဲ​ဂု​တ္တု​ပြည်၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို သင့်​အ​ပေါ်​မှာ သက်​ရောက်​စေ​တော်​မူ​သ​ဖြင့်၊ သင်၌ ထို​အ​နာ​ရော​ဂါ​တို့​သည် စွဲ​ကပ်​ကြ​လိမ့်​မည်။ 61ထို​မှ​တစ်​ပါး၊ ဤ​ပ​ည​တ္တိ​ကျမ်း​စာ၌ ရေး၍​မ​ထား​သော အ​နာ​ရော​ဂါ ဘေး​ဥ​ပဒ်​ရှိ​သ​မျှ​တို့​ကို သင်​သည်​မ​ပျက်​စီး​မီ​တိုင်​အောင်၊ သင့်​အ​ပေါ်​မှာ ထာ​ဝ​ရ​ဘု​ရား သက်​ရောက်​စေ​တော်​မူ​မည်။ 62သင်​သည် အ​ရေ​အ​တွက်​အား​ဖြင့် မိုး​ကောင်း​ကင် ကြယ်​ကဲ့​သို့​များ​သော်​လည်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်​သော​ကြောင့် နည်း​နည်း​ဖြစ်​ရ​လိမ့်​မည်။ 63သင့်​ကို ကျေး​ဇူး​ပြု၍ များ​ပြား​စေ​သော​အ​မှု၌ ထာ​ဝ​ရ​ဘု​ရား ပျော်​မွေ့​တော်​မူ​သည်​နည်း​တူ၊ တစ်​ဖန် သင့်​ကို​ဖျက်​ဆီး၍ အ​ကျိုး​နည်း​စ​ရာ​အ​မှု၌ ပျော်​မွေ့​တော်​မူ​သ​ဖြင့်၊ သင်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​ထဲ​က သင်​သည် သုတ်​သင်​ပယ်​ရှင်း​ခြင်း​သို့ ရောက်​ရ​လိမ့်​မည်။ 64ထာ​ဝ​ရ​ဘု​ရား​သည်​လည်း၊ မြေ​ကြီး​စွန်း​တစ်​ဖက်​မှ​သည် တစ်​ဖက်​တိုင်​အောင်၊ လူ​မျိုး​အ​ပေါင်း​တို့​တွင် သင့်​ကို အ​ရပ်​ရပ်​ကွဲ​ပြား​စေ​တော်​မူ​သ​ဖြင့်၊ သင်​နှင့် သင့်​ဘိုး​ဘေး​တို့​မ​သိ​ဖူး​သော အ​ခြား​တစ်​ပါး​သော​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ဝတ်​ပြု​ရ​လိမ့်​မည်။ 65ထို​လူ​မျိုး​တို့​တွင် သင်​သည် သက်​သာ​ခြင်း​မ​ရှိ​ရာ၊ နေ​ရာ​မ​ကျ​ရာ။ နှ​လုံး​တုန်​လှုပ်​ခြင်း၊ မျက်​စိ​မျှော်၍ အား​ကုန်​ခြင်း၊ ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​တော်​မူ​သ​ဖြင့်၊ 66သင်​သည် အ​သက်​ဆုံး​လု​သည်​ဖြစ်၍၊ နေ့​ည​မ​ပြတ်​စိုး​ရိမ်​လျက် သေ​ဘေး​နှင့် လွတ်​မည်​မ​လွတ်​မည်​ကို မ​သိ​ဘဲ​လျက် နေ​ရ​လိမ့်​မည်။ 67သင်၏​စိတ်​နှ​လုံး​ထဲ​မှာ ကြောက်​ရွံ့​ရ​သော​အ​ကြောင်း၊ သင့်​မျက်​စိ​နှင့် မြင်​ရ​သော​အ​ရာ​ကြောင့်၊ နံ​နက်​အ​ချိန်၌ သင်​က၊ ည​ရောက်​ပါ​စေ​ဟူ၍​လည်း​ကောင်း၊ ည​အ​ချိန်၌ နံ​နက်​ရောက်​ပါ​စေ ဟူ၍​လည်း​ကောင်း ဆု​တောင်း​ရ​လိမ့်​မည်။ 68ထို​လမ်း​ကို နောက်​တစ်​ဖန် သင်​မ​မြင်​ရ​ဟု မိန့်​တော်​မူ​သော​လမ်း​ဖြင့် ထာ​ဝ​ရ​ဘု​ရား​သည် တစ်​ဖန်​သင့်​ကို အဲ​ဂု​တ္တု​ပြည်​သို့ သင်္ဘော​နှင့် ပို့​ဆောင်​တော်​မူ​သ​ဖြင့်၊ ထို​ပြည်​တွင် ကျွန်​ယောက်ျား၊ ကျွန်​မိန်း​မ​ဖြစ်​စေ​ခြင်း​ငှာ ရန်​သူ​တို့၌ ရောင်း​ကြ​လိမ့်​မည်။ သို့​ရာ​တွင် အ​ဘယ်​သူ​မျှ သင့်​ကို​မ​ဝယ်​လို​ဟု ဣ​သ​ရေ​လ​လူ​မျိုး​တို့​ကို ဟော​ပြော​လေ၏

လက်ရှိရွေးချယ်ထားမှု

တရားဟောရာ 28: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။