YouVersion လိုဂို
ရှာရန် အိုင်ကွန်

တ​ရား​ဟော 28:1-14

တ​ရား​ဟော 28:1-14 BCL

သင်​တို့​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မိန့်​ကို​နာ​ခံ​၍ ယ​နေ့​ငါ​ဆင့်​ဆို သ​မျှ​သော​ပညတ်​ရှိ​သ​မျှ​တို့​ကို​တစ်​သ​ဝေ မ​တိမ်း​စောင့်​ထိန်း​လျှင် ကိုယ်​တော်​သည်​သင်​တို့ အား​ကမ္ဘာ​ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​ထက် ချီး​မြှောက်​တော်​မူ​မည်။- သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​နာ​ခံ​လျှင်​ကိုယ်​တော်​သည် အောက်​ပါ​ကောင်း​ချီး​မင်္ဂ​လာ​အ​ပေါင်း​တို့ ကို သင်​တို့​အား​ခံ​စား​စေ​တော်​မူ​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​မြို့​များ​နှင့် လယ်​ယာ​များ​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တွင်​သား​သ​မီး မြောက်​မြား​စွာ​ထွန်း​ကား​စေ​ရန်​လည်း​ကောင်း၊ အ​သီး​အ​နှံ​ပေါ​များ​စေ​ရန်​လည်း​ကောင်း၊ သိုး နွား​မြောက်​မြား​စွာ​တိုး​ပွား​စေ​ရန်​လည်း ကောင်း​ကောင်း​ချီး​ပေး​တော်​မူ​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​၏​ကောက်​ပဲ သီး​နှံ၊ ၎င်း​မှ​ရ​သော​အ​စား​အ​စာ​တို့​ကို ကောင်း​ချီး​ပေး​တော်​မူ​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ပြု​လေ​သ​မျှ တို့​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။ ``ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​တိုက်​ခိုက် သော​ရန်​သူ​များ​ကို​နှိမ်​နင်း​တော်​မူ​လိမ့်​မည်။ သူ​တို့​သည်​တစ်​လမ်း​တည်း​ဖြင့်​လာ​ရောက် တိုက်​ခိုက်​သော်​လည်း လမ်း​အ​သွယ်​သွယ်​ဖြင့် ထွက်​ပြေး​ရ​လိမ့်​မည်။ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​၏​လုပ်​ငန်း​ကို​ကောင်း​ချီး​ပေး​၍ သင်​တို့​၏​ကျီ​များ​ကို​စ​ပါး​နှင့်​ပြည့်​စေ တော်​မူ​မည်။ ကိုယ်​တော်​သည်​မိ​မိ​ပေး​သ​နား တော်​မူ​မည့်​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​မည်။ ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ၏​အ​မိန့်​ကို​နာ​ခံ​၍ ပ​ညတ်​ရှိ​သ​မျှ​ကို​စောင့် ထိန်း​လျှင် က​တိ​တော်​အ​တိုင်း​သင်​တို့​အား ကိုယ်​တော်​၏​လူ​မျိုး​တော်​ဖြစ်​စေ​မည်။- ထို​အ​ခါ​သင်​တို့​သည်​ထာ​ဝ​ရ​ဘု​ရား​ရွေး ချယ်​သော​လူ​မျိုး​တော်​ဖြစ်​ကြောင်း​ကို ကမ္ဘာ ပေါ်​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​က​သိ​မြင်​သ​ဖြင့် သင်​တို့​ကို​ကြောက်​ရွံ့​ကြ​လိမ့်​မည်။- ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ကို​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား​က​တိ​ထား​တော်​မူ​သော ပြည်​တွင် သင်​တို့​၌​သား​သ​မီး၊ သိုး​နွား၊ တိ​ရစ္ဆာန် မြောက်​မြား​စွာ​ရ​ရှိ​စေ​တော်​မူ​လိမ့်​မည်။ အ​သီး​အ​နှံ​ပေါ​များ​စေ​တော်​မူ​လိမ့်​မည်။- ကိုယ်​တော်​ရှင်​သည်​မိုး​ကောင်း​ကင်​ကို​ဖွင့်​၍ ရာ​သီ​အ​လိုက်​မိုး​ကို​ရွာ​စေ​လျက်​သင်​လုပ် ဆောင်​သ​မျှ​ကို​အောင်​မြင်​စေ​တော်​မူ​သ​ဖြင့် သင်​တို့​သည်​နိုင်​ငံ​များ​စွာ​တို့​အား​ချေး​ငှား ရ​လိမ့်​မည်။ သို့​ရာ​တွင်​သင်​တို့​သည်​မည်​သည့် နိုင်​ငံ​ထံ​မှ​ချေး​ယူ​ရန်​လို​မည်​မ​ဟုတ်။- သင်​တို့​အား​ငါ​ယ​နေ့​ဆင့်​ဆို​သော​ပ​ညတ် များ​ကို​တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း လျှင် သင်​တို့​သည်​နိုင်ငံ​များ​၏​နောက်​လိုက်​မ​ဖြစ် ဘဲ​ခေါင်း​ဆောင်​နေ​ရာ​၌​နေ​ရ​လိမ့်​မည်။ သင် တို့​သည်​စီး​ပွား​မ​ကျ​ဆင်း​ဘဲ အ​စဉ်​အ​မြဲ တိုး​တက်​လိမ့်​မည်။- ထို့​ကြောင့်​သင်​တို့​သည်​ဤ​ပ​ညတ်​များ​ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။ အ​ခြား​သော​ဘု​ရား​များ​ကို​လည်း​မ​ကိုး ကွယ်​မ​ဆည်း​ကပ်​ရ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။