YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 15:1-18

တရားဟောရာ 15:1-18 Judson Bible (JBMLE)

ခု​နစ်​နှစ်​တစ်​ခါ လွှတ်​ခြင်း​ကို ပြု​ရ​မည်။ လွှတ်​ခြင်း​တ​ရား​ဟူ​မူ​ကား၊ ကိုယ်​နှင့်​စပ်​ဆိုင်​သော​သူ​အား ဥ​စ္စာ​ကို ချေး​ငှား​သော ကြွေး​ရှင်​မည်​သည်​ကား၊ ထို​ကြွေး​ကို လွှတ်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား​လွှတ်​ခြင်း​ကာ​လ​ဖြစ်​သော​ကြောင့်၊ ထို​ကြွေး​ကို အိမ်​နီး​ချင်း၊ ညီ​အစ်​ကို​ချင်း၌ မ​တောင်း​ရ။ တစ်​ကျွန်း​တစ်​နိုင်​ငံ​သား၌ တောင်း​ရ​သော​အ​ခွင့်​ရှိ၏။ ညီ​အစ်​ကို၌​ရှိ​သော ကိုယ်​ဥ​စ္စာ​ကို မ​တောင်း​ဘဲ​လွှတ်​ရ​မည်။ သင်၌​ဆင်း​ရဲ​သား​မ​ရှိ​စေ​ခြင်း​ငှာ၊ ထို​သို့​ပြု​ရ​မည်။ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​မွေ​ခံ​ဖို့​ရာ အ​ပိုင်​ပေး​တော်​မူ​သော​ပြည်၌ သင့်​ကို​အ​လွန် ကောင်း​ချီး​ပေး​တော်​မူ​မည်။ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တို့​ကို ကျင့်​မည်​အ​ကြောင်း စောင့်​ရှောက်​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ စ​ကား​တော်​ကို စေ့​စေ့​နား​ထောင်​လော့။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ က​တိ​တော်​ရှိ​သည်​အ​တိုင်း ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့်၊ သင်​သည် လူ​မျိုး​များ​တို့​အား ချေး​ငှား​ရ​သော အ​ခွင့်​ရှိ​လိမ့်​မည်။ သူ​တို့​သည် သင့်​အား ချေး​ငှား​သော​အ​ခွင့်​မ​ရှိ​ရ။ သင်​သည် လူ​မျိုး​များ​တို့​ကို အ​စိုး​ပိုင်​ရ​လိမ့်​မည်။ သူ​တို့​သည် သင့်​ကို အ​စိုး​မ​ပိုင်​ရ​ကြ။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်​တွင်၊ မြို့​တစ်​စုံ​တစ်​မြို့၌ ဆင်း​ရဲ​သော ညီ​အစ်​ကို​ချင်း​ရှိ​လျှင်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို၌ သင်​သည် သ​နား​သော​စိတ်​ကို မ​ချုပ်​တည်း​ရ။ လက်​ကို​လည်း မ​ပိတ်​ရ။ သင်၏​လက်​ကို သူ့​အ​ဖို့​ကျယ်​ကျယ်​ဖွင့်၍၊ သူ၏​ဆင်း​ရဲ​ပျောက်​လောက်​အောင် ချေး​ငှား​ရ​မည်။ သင့်​စိတ်​နှ​လုံး၌ ဆိုး​ညစ်​သော​သ​ဘော​ရှိ၍၊ သ​တ္တ​မ​နှစ်​တည်း​ဟူ​သော လွှတ်​ရာ​နှစ်​နီး​ပြီ​ဟု အောက်​မေ့​လျက်၊ ထို​ဆင်း​ရဲ​သော ညီ​အစ်​ကို​ကို မ​နာ​လို​သော​စိတ်​ရှိ၍၊ ဘာ​မျှ​မ​ပေး​ဘဲ​နေ​လျှင် သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား​အော်​ဟစ်​သ​ဖြင့်၊ သင်၌​အ​ပြစ်​မ​ရောက်​မည်​အ​ကြောင်း သ​တိ​ပြု​လော့။ အ​ကယ်​စင်​စစ် သူ့​အား​ပေး​ရ​မည်။ ပေး​သော​အ​ခါ နှ​မြော​သော​စိတ်​မ​ရှိ​ရ။ အ​ကြောင်း​မူ​ကား၊ ထို​ဒါ​န​ကြောင့် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​ပြု​လေ​ရာ​ရာ၊ လုပ်​ဆောင်​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။ သင့်​နေ​ရာ​ပြည်၌ ဆင်း​ရဲ​သား​မ​ပြတ်​ရ။ ထို​ကြောင့်၊ သင့်​ပြည်၌ ဆင်း​ရဲ​ငတ်​မွတ်​သော ညီ​အစ်​ကို​ချင်း​တို့​အား သင်၏​လက်​ကို ကျယ်​ကျယ်​ဖွင့်​ရ​မည်​အ​ကြောင်း ငါ​မှာ​ထား၏။ သင်၏​ညီ​အစ်​ကို​ချင်း၊ ဟေ​ဗြဲ​အ​မျိုး​ယောက်ျား မိန်း​မ​သည် သင်၌​ကျွန်​ဖြစ်၍၊ ခြောက်​နှစ်​အ​စေ​ခံ​ပြီး​မှ၊ သ​တ္တ​မ​နှစ်​ရောက်​လျှင် လွှတ်​ရ​မည်။ လွှတ်​သော​အ​ခါ၊ လက်​ချည်း​မ​လွှတ်​ဘဲ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ သင်၏​သိုး​စု၊ ကောက်​နယ်​တ​လင်း၊ စ​ပျစ်​သီး​နယ်​ရာ​ကျင်း​ထဲ​က များ​စွာ​ပေး​ရ​မည်။ သင်​သည် အဲ​ဂု​တ္တု​ပြည်၌ ကျွန်​ခံ​ခဲ့​ဖူး​ကြောင်း​ကို​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ရွေး​နုတ်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ အောက်​မေ့​ရ​မည်။ ထို​ကြောင့် ဤ​ပ​ညတ်​ကို ယ​နေ့​ငါ​ထား၏။ သို့​ရာ​တွင် ကျွန်​က၊ ကျွန်​တော်​သည် မ​ထွက်​မ​သွား​လို​ပါ။ ကိုယ်​တော်​နှင့် ကိုယ်​တော် အိမ်​သူ​အိမ်​သား​တို့​ကို ချစ်​ပါ၏။ နေ၍​ပျော်​ပါ၏ ဟု​ဆို​လျှင်၊ သင်​သည် စူး​ကို​ယူ၍ တံ​ခါး၌ ကျွန်၏​နား​ရွက်​ကို ဖောက်​ပြီး​မှ၊ သူ​သည် အ​စဉ်​အ​မြဲ​ကျွန်​ခံ​ရ​မည်။ ထို​အ​တူ ကျွန်​မ၌​လည်း ပြု​ရ​မည်။ သင်၏​ကျွန်​ကို​လွှတ်​သော​အ​ခါ ခက်​သည်​ဟူ၍ မ​ထင်​ရ။ အ​ကြောင်း​မူ​ကား၊ ခြောက်​နှစ်​ပတ်​လုံး အ​စေ​ခံ​သ​ဖြင့်၊ သူ​ငှား​ဆောင်​ရွက်​သော အ​မှု​နှစ်​ဆ​ကို သူ​သည်​ဆောင်​ရွက်​လေ​ပြီ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​လည်း သင်​ပြု​လေ​ရာ​ရာ၌ ကောင်း​ချီး​ပေး​တော်​မူ​မည်။

တရားဟောရာ 15:1-18 Common Language Bible (BCL)

``ခု​နစ်​နှစ်​လျှင်​တစ်​ကြိမ်​မြီ​ရှင်​တို့​သည် မြီ​စား တို့​ထံ​မှ​ရ​ရှိ​ရန်​ရှိ​သော​အ​ကြွေး​ရှိ​သ​မျှ ကို သင်​ပုန်း​ချေ​ပယ်​ပစ်​ရ​မည်။- အ​ကြွေး​များ​ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​နည်း ကား​ဤ​သို့​တည်း။ ဣ​သ​ရေ​လ​အမျိုး​သား​ချင်း တစ်​ဦး​အား​ငွေ​ချေး​ထား​သူ​သည် ထို​အ​ကြွေး ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​ရ​မည်။ ထာ​ဝ​ရ​ဘု​ရား ကိုယ်​တော်​တိုင်​သင်​ပုန်း​ချေ​ပယ်​ဖျက်​ကြောင်း ကြေ​ညာ​ပြီး​ဖြစ်​သော​ကြောင့် အ​ကြွေး​ကို ပြန်​၍​မ​တောင်း​ရ။- လူ​မျိုး​ခြား​များ​ထံ​မှ​အ​ကြွေး​ကို​တောင်း​ယူ နိုင်​သော်​လည်း ကိုယ်​အ​မျိုး​သား​ချင်း​ထံ​မှ အ​ကြွေး​ကို​မူ​ကား​မ​တောင်း​ရ။'' ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် သင်​တို့​အား​ပေး​သ​နား​သော​ပြည်​တွင် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​မည်။ သင် တို့​အား​ငါ​ယ​နေ့​ပ​ညတ်​သ​မျှ​တို့​ကို​စောင့် ထိန်း​၍ ထာ​ဝ​ရ​ဘု​ရား​၏​အ​မိန့်​တော်​ကို နာ​ခံ​လျှင် သင်​တို့​လူ​မျိုး​တွင်​မည်​သူ​မျှ မ​ဆင်း​ရဲ​ရ။- ထာ​ဝ​ရ​ဘု​ရား​သည်​က​တိ​တော်​ရှိ​သည့် အ​တိုင်း သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ သ​ဖြင့် သင်​တို့​သည်​လူ​မျိုး​များ​စွာ​တို့​အား ငွေ​ချေး​ရ​လိမ့်​မည်။ သင်​တို့​က​မူ​ကား​သူ​တို့ ထံ​မှ​ချေး​ငှား​ခြင်း​ပြု​ရ​မည်​မ​ဟုတ်။ သင်​တို့ သည်​လူ​မျိုး​များ​စွာ​တို့​ကို​အုပ်​စိုး​ရ​လိမ့် မည်။ မည်​သည့်​လူ​မျိုး​က​မျှ​သင်​တို့​ကို မ​အုပ်​စိုး​ရ။'' ``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး သ​နား​တော်​မူ​သော​ပြည်​ရှိ​မြို့​ရွာ​များ​တွင် ဆင်း​ရဲ​နွမ်း​ပါး​သော​ဣ​သ​ရေ​လ​အ​မျိုး သား​ရှိ​လျှင် တစ်​ကိုယ်​ကောင်း​စိတ်​ရှိ​ပြီး ထို​သူ​အား​မ​စ​ရန်​မ​တွန့်​တို​နှင့်။- စေ​တ​နာ​ထား​၍​သူ​လို​သ​မျှ​ကို​ချေး​ငှား လော့။- အ​ကြွေး​ကို​သင်​ပုန်း​ချေ​ပယ်​ဖျက်​ရ​မည့်​နှစ် နီး​လာ​သ​ဖြင့် ထို​သူ​အား​မ​ချေး​ငှား​ဘဲ မ​နေ​နှင့်။ သင်​၌​ထို​ကဲ့​သို့​တွန့်​တို​သော​စိတ် မ​ဝင်​စေ​ရ။ သင်​သည်​သူ့​အား​မ​ချေး​ငှား​လျှင် သူ​သည်​ထာဝရ​ဘုရား​ထံ​တိုင်​တန်း​သ​ဖြင့် သင် သည်​အ​ပြစ်​ကူး​လွန်​ရာ​ရောက်​လိမ့်​မည်။- ထို​သူ​အား​တွန့်​တို​သော​စိတ်​မ​ရှိ​ဘဲ​စေ​တ​နာ ဖြင့်​ပေး​ကမ်း​လော့။ ထို​အ​ခါ​၌​ထာ​ဝ​ရ​ဘု​ရား သည်​သင်​ပြု​သ​မျှ​ကို​ကောင်း​ချီး​ပေး​တော် မူ​လိမ့်​မည်။- သင်​တို့​တွင်​ဆင်း​ရဲ​နွမ်း​ပါး​သော​ဣ​သ​ရေ​လ အ​မျိုး​သား​များ​အ​မြဲ​ရှိ​နေ​မည်။ ထို့​ကြောင့် သူ​တို့​အား ရက်​ရော​စွာ​ပေး​ကမ်း​ရန်​ငါ​ပ​ညတ် ၏။'' ``ဣ​သ​ရေ​လ​အ​မျိုး​သား​သို့​မ​ဟုတ်​အ​မျိုး သ​မီး​တစ်​ဦး​ဦး​သည် သင့်​ထံ​၌​ခြောက်​နှစ် ကျွန်​ခံ​ပြီး​၍​သတ္တမ​နှစ်​သို့​ရောက်​သော​အ​ခါ သူ့​အား​ကျွန်​ဘ​ဝ​မှ​လွတ်​ခွင့်​ပေး​ရ မည်။- သူ့​ကို​လွတ်​ခွင့်​ပေး​သော​အ​ခါ လက်​ချည်း သက်​သက်​မ​သွား​စေ​ရ။- ထာ​ဝ​ရ​ဘု​ရား​ကောင်း​ချီး​ပေး​သ​ဖြင့် သင်​တို့ ၌​သိုး၊ စ​ပါး၊ စ​ပျစ်​ရည်​ကြွယ်​ဝ​ချမ်း​သာ​သည့် အ​တိုင်း ယင်း​ပစ္စည်း​မှ​သူ့​အား​ရက်​ရော​စွာ​ပေး ကမ်း​လော့။- သင်​တို့​သည်​အီ​ဂျစ်​ပြည်​တွင်​ကျွန်​ခံ​ရာ​မှ သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင် တို့​အား​လွတ်​မြောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ ရ​ကြ​လော့။ ထို​အ​ကြောင်း​ကြောင့် ငါ​သည် ယ​ခု​ဤ​ပညတ်​ကို​သင်​တို့​အား​ပေး​၏။'' ``သို့​ရာ​တွင်​ကျွန်​သည် သင်​နှင့်​သင်​၏​မိ​သား​စု ကို​ခင်​မင်​၍​ပျော်​ပိုက်​နေ​သ​ဖြင့် အိမ်​မှ​ထွက် မ​သွား​လို​ပါ​ဟု​ဆို​လျှင်၊- သူ့​ကို​အိမ်​တံ​ခါး​သို့​ခေါ်​ဆောင်​ပြီး​နောက် သူ ၏​နား​ကို​စူး​ဖြင့်​ဖောက်​ရ​မည်။ ထို​အ​ခါ​သူ သည်​သင်​ထံ​၌​ရာ​သက်​ပန်​ကျွန်​ခံ​ရ​မည်။ ကျွန်​မိန်း​မ​ကို​လည်း​ထို​နည်း​တူ​ပြု​ရ​မည်။- သင်​သည်​ကျွန်​တစ်​ယောက်​ကို​လွတ်​ခွင့်​ပေး ရာ​၌ စိတ်​အ​နှောင့်​အ​ယှက်​မ​ဖြစ်​စေ​နှင့်။ စင်​စစ်​သူ​သည်​အ​စေ​ခံ​ငှား​ခ​ထက်​ဝက် မျှ​ဖြင့် ခြောက်​နှစ်​ပတ်​လုံး​သင့်​ထံ​၌​ကျွန်​ခံ​ခဲ့​လေ​ပြီ။ ယင်း​သို့​ပြု​လျှင်​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဆောင်​ရွက် သ​မျှ​ကို​ကောင်း​ချီး​ပေး​တော်​မူ​မည်။''

တရားဟောရာ 15:1-18 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ခုနစ်​နှစ်​ပြည့်​သောအခါ​တိုင်း အကြွေးလျှော်ပစ်​ခြင်း​ကို ပြု​ရ​မည်​။ အကြွေးလျှော်ပစ်​ခြင်း​ကား ဤသို့​တည်း​။ အကြွေးလျှော်ပစ်​ခြင်း​ကို​ပြု​ရန် ထာဝရဘုရား​မိန့်မှာ​ထား​သည်​ဖြစ်၍ မိမိ​အိမ်နီးချင်း​အား ချေးငှား​ပေး​ထား​သည့်​ကြွေးရှင်​တိုင်း​သည် အကြွေး​ကို​လျှော်​ပစ်​ရ​မည်​။ မိမိ​အိမ်နီးချင်း​၊ မိမိ​ညီအစ်ကို​ထံမှ အကြွေး​ပြန်​မ​တောင်း​ရ​။ တစ်ပါးအမျိုးသား​ထံမှ တောင်း​ခွင့်​ရှိ​၏​။ ညီအစ်ကို​၏​အကြွေး​ကို​မူကား သင်​လျှော်​ပစ်​ရ​မည်​။ သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား အမွေ​အဖြစ်​အပိုင်​ပေး​တော်မူ​သော​ပြည်​၌ ထာဝရဘုရား​သည် သင့်​ကို အမှန်ပင်​ကောင်းချီးပေး​တော်မူ​မည်​ဖြစ်၍ သင်​၌ နွမ်းပါး​သော​သူ ရှိ​မည်​မ​ဟုတ်​။ သို့သော် သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို သေချာ​စွာ​နားထောင်​၍ ယနေ့ သင့်​အား ငါ​မှာကြား​သော ဤ​ပညတ်တော်​ရှိသမျှ​ကို လိုက်နာ​စောင့်ထိန်း​မှသာ ထို​ကောင်းချီး​များ​ကို​ရရှိ​မည်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အား ကတိထား​တော်မူ​သည့်​အတိုင်း သင့်​ကို ကောင်းချီးပေး​တော်မူ​မည်​ဖြစ်၍ သင်​သည် လူမျိုး​များစွာ​တို့​အား ချေးငှား​ရ​လိမ့်မည်​။ ချေးယူ​ရ​မည်​မ​ဟုတ်​။ သင်​သည် လူမျိုး​များစွာ​တို့​ကို အုပ်စိုး​ရ​လိမ့်မည်​။ သူ​တို့​သည် သင့်​ကို အုပ်စိုး​ရ​မည်​မ​ဟုတ်​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ရှိ​မြို့​တစ်​မြို့​၌ နွမ်းပါး​သော​သင်​၏​ညီအစ်ကို​တစ်စုံတစ်ယောက်​ရှိ​လျှင် ထို​နွမ်းပါး​သော​ညီအစ်ကို​အပေါ် ကြင်နာစိတ်​မ​ကင်းမဲ့​နှင့်​၊ မ​တွန့်တို​နှင့်​။ သင်​သည် မတွန့်တို​ဘဲ ထို​သူ​လိုအပ်​သည့်​အရာ​ကို လုံလုံလောက်လောက် ရက်ရက်ရောရော​ချေးငှား​ပေး​ရ​မည်​။ သင်​သည် ‘​အကြွေးလျှော်ပစ်​ခြင်း​နှစ်​ဖြစ်​သော ခုနစ်​နှစ်​မြောက်​သော​နှစ်​ရောက်​လု​နီး​ပြီ​’​ဟု တွေး​လျက် နွမ်းပါး​သော သင်​၏​ညီအစ်ကို​အား မကြည်ဖြူ​၊ ဘာမျှ​မ​ပေး​ဘဲ​နေ​ခြင်း​ဖြင့် ဆိုးညစ်​သော​စိတ် မ​ဝင်​မိ​စေရန်​သတိပြု​လော့​။ သို့မဟုတ်လျှင် သူ​သည် ထာဝရဘုရား​ထံ​ဟစ်အော်​သဖြင့် သင့်​အပေါ်​အပြစ်​သက်ရောက်​မည်​။ သူ့​အား ပေးကမ်း​သောအခါ မကြည်ဖြူ​သော​စိတ်​မ​ရှိ​ဘဲ ကြည်ကြည်ဖြူဖြူ​ပေးကမ်း​ရ​မည်​။ ဤ​အမှု​ကို​ထောက်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြုမူ​လုပ်ဆောင်​လေရာရာ​၌ သင့်​အား ကောင်းချီးပေး​တော်မူ​မည်​။ သင့်​ပြည်​၌ နွမ်းပါး​သော​သူ​သည် ပပျောက်​လိမ့်မည်​မ​ဟုတ်​။ ထို့ကြောင့် ‘​သင့်​ပြည်​၌​ရှိ​သည့် ဆင်းရဲ​နွမ်းပါး​သော သင်​၏​ညီအစ်ကို​အပေါ် မတွန့်တို​ရ​’​ဟု သင့်​အား ငါ​မိန့်မှာ​၏​။ သင်​၏​အမျိုးသားချင်း​ဖြစ်​သော ဟေဗြဲ​အမျိုးသား​၊ သို့မဟုတ် ဟေဗြဲ​အမျိုးသမီး​သည် သင့်​ထံ၌ အရောင်း​ခံရ​ပါက ထို​သူ​သည် ခြောက်​နှစ်​အစေခံ​၍ ခုနစ်​နှစ်​မြောက်​၌ သူ့​ကို လွတ်လပ်​သော​သူ​အဖြစ် သင့်​ထံ​မှ​ထွက်သွား​ခွင့်​ပြု​ရ​မည်​။ သင်​သည် ထို​သူ​ကို လွတ်လပ်​သော​သူ​အဖြစ် သင့်​ထံ​မှ​ထွက်သွား​ခွင့်​ပြု​သောအခါ သူ့​အား လက်ချည်းသက်သက်​မ​လွှတ်​ရ​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား ကောင်းချီးပေး​တော်မူ​သည့်​အလျောက် သင်​၏​သိုးဆိတ်​၊ ကောက်နယ်တလင်း​မှ​ကောက်ပဲသီးနှံ​၊ စပျစ်သီးနယ်ရာကျင်း​မှ​စပျစ်ဝိုင်​တို့​ကို သူ့​အား ရက်ရောစွာမစ​ပေးကမ်း​ရ​မည်​။ သင်​သည် အီဂျစ်​ပြည်​၌ ကျွန်​ဖြစ်​ခဲ့​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ရွေးနုတ်​တော်မူ​ခဲ့​ကြောင်း​ကို အောက်မေ့​လော့​။ ထို့အတွက်ကြောင့်​လည်း ဤ​ပညတ်တော်​ကို ယနေ့ သင့်​အား ငါ​မှာကြား​ခြင်း​ဖြစ်​၏​။ သို့ရာတွင် ထို​သူ​သည် သင်​နှင့် သင်​၏​မိသားစု​ကို​ချစ်​သောကြောင့်​၊ သင့်​ထံ၌​နေ​ပျော်​သောကြောင့် ‘​အကျွန်ုပ်​သည် သင့်​ထံမှ မ​ထွက်သွား​လို​ပါ​’​ဟု ဆို​လျှင် သင်​သည် စူး​ကို​ယူ​ပြီး သူ​၏​နားရွက်​ကို တံခါး​၌​ကပ်​၍ ဖောက်​ရ​မည်​။ ထိုအခါ သူ​သည် သင်​၏​ကျွန် အစဉ်အမြဲ​ဖြစ်​လိမ့်မည်​။ သင်​၏​ကျွန်မိန်းမ​ကို​လည်း ထိုနည်းတူ​ပြု​ရ​မည်​။ ထို​သူ​သည် သူရင်းငှား​၏​လုပ်အားခ​နှစ်ဆ​ဖြင့် သင့်​ကို ခြောက်​နှစ်​ကျွန်ခံ​ခဲ့​ပြီ​ဖြစ်​သောကြောင့် သင်​သည် ထို​သူ​ကို လွတ်လပ်​သော​သူ​အဖြစ် သင့်​ထံမှ​ထွက်သွား​ခွင့်​ပြု​ရ​မည်​ကို ခက်ခဲ​သည်​ဟု မ​ထင်​နှင့်​။ ထိုသို့​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြု​လေရာရာ​၌ သင့်​ကို​ကောင်းချီးပေး​တော်မူ​မည်​။