YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာကျမ်း 15

15
အကြွေးလျှော်ပစ်ခြင်း
1ခုနစ်​နှစ်​ပြည့်​သောအခါ​တိုင်း အကြွေးလျှော်ပစ်​ခြင်း​ကို ပြု​ရ​မည်​။ 2အကြွေးလျှော်ပစ်​ခြင်း​ကား ဤသို့​တည်း​။ အကြွေးလျှော်ပစ်​ခြင်း​ကို​ပြု​ရန် ထာဝရဘုရား​မိန့်မှာ​ထား​သည်​ဖြစ်၍ မိမိ​အိမ်နီးချင်း​အား ချေးငှား​ပေး​ထား​သည့်​ကြွေးရှင်​တိုင်း​သည် အကြွေး​ကို​လျှော်​ပစ်​ရ​မည်​။ မိမိ​အိမ်နီးချင်း​၊ မိမိ​ညီအစ်ကို​ထံမှ အကြွေး​ပြန်​မ​တောင်း​ရ​။ 3တစ်ပါးအမျိုးသား​ထံမှ တောင်း​ခွင့်​ရှိ​၏​။ ညီအစ်ကို​၏​အကြွေး​ကို​မူကား သင်​လျှော်​ပစ်​ရ​မည်​။ 4သင့်​အား သင်​၏​ဘုရားသခင်​ထာဝရဘုရား အမွေ​အဖြစ်​အပိုင်​ပေး​တော်မူ​သော​ပြည်​၌ ထာဝရဘုရား​သည် သင့်​ကို အမှန်ပင်​ကောင်းချီးပေး​တော်မူ​မည်​ဖြစ်၍ သင်​၌ နွမ်းပါး​သော​သူ ရှိ​မည်​မ​ဟုတ်​။ 5သို့သော် သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​၏​စကား​တော်​ကို သေချာ​စွာ​နားထောင်​၍ ယနေ့ သင့်​အား ငါ​မှာကြား​သော ဤ​ပညတ်တော်​ရှိသမျှ​ကို လိုက်နာ​စောင့်ထိန်း​မှသာ ထို​ကောင်းချီး​များ​ကို​ရရှိ​မည်​။ 6သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​အား ကတိထား​တော်မူ​သည့်​အတိုင်း သင့်​ကို ကောင်းချီးပေး​တော်မူ​မည်​ဖြစ်၍ သင်​သည် လူမျိုး​များစွာ​တို့​အား ချေးငှား​ရ​လိမ့်မည်​။ ချေးယူ​ရ​မည်​မ​ဟုတ်​။ သင်​သည် လူမျိုး​များစွာ​တို့​ကို အုပ်စိုး​ရ​လိမ့်မည်​။ သူ​တို့​သည် သင့်​ကို အုပ်စိုး​ရ​မည်​မ​ဟုတ်​။
နွမ်းပါးသူတို့အား ချေးငှားပေးခြင်း
7သင်​၏​ဘုရားသခင်​ထာဝရဘုရား​ပေး​တော်မူ​သော​ပြည်​ရှိ​မြို့​တစ်​မြို့​၌ နွမ်းပါး​သော​သင်​၏​ညီအစ်ကို​တစ်စုံတစ်ယောက်​ရှိ​လျှင် ထို​နွမ်းပါး​သော​ညီအစ်ကို​အပေါ် ကြင်နာစိတ်​မ​ကင်းမဲ့​နှင့်#15:7 တိုက်ရိုက်ပြန်ဆိုလျှင် “စိတ်နှလုံးမမာကျောနှင့်”။​၊ မ​တွန့်တို​နှင့်​။ 8သင်​သည် မတွန့်တို​ဘဲ ထို​သူ​လိုအပ်​သည့်​အရာ​ကို လုံလုံလောက်လောက် ရက်ရက်ရောရော​ချေးငှား​ပေး​ရ​မည်​။ 9သင်​သည် ‘​အကြွေးလျှော်ပစ်​ခြင်း​နှစ်​ဖြစ်​သော ခုနစ်​နှစ်​မြောက်​သော​နှစ်​ရောက်​လု​နီး​ပြီ​’​ဟု တွေး​လျက် နွမ်းပါး​သော သင်​၏​ညီအစ်ကို​အား မကြည်ဖြူ​၊ ဘာမျှ​မ​ပေး​ဘဲ​နေ​ခြင်း​ဖြင့် ဆိုးညစ်​သော​စိတ် မ​ဝင်​မိ​စေရန်​သတိပြု​လော့​။ သို့မဟုတ်လျှင် သူ​သည် ထာဝရဘုရား​ထံ​ဟစ်အော်​သဖြင့် သင့်​အပေါ်​အပြစ်​သက်ရောက်​မည်​။ 10သူ့​အား ပေးကမ်း​သောအခါ မကြည်ဖြူ​သော​စိတ်​မ​ရှိ​ဘဲ ကြည်ကြည်ဖြူဖြူ​ပေးကမ်း​ရ​မည်​။ ဤ​အမှု​ကို​ထောက်၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြုမူ​လုပ်ဆောင်​လေရာရာ​၌ သင့်​အား ကောင်းချီးပေး​တော်မူ​မည်​။ 11သင့်​ပြည်​၌ နွမ်းပါး​သော​သူ​သည် ပပျောက်​လိမ့်မည်​မ​ဟုတ်​။ ထို့ကြောင့် ‘​သင့်​ပြည်​၌​ရှိ​သည့် ဆင်းရဲ​နွမ်းပါး​သော သင်​၏​ညီအစ်ကို​အပေါ် မတွန့်တို​ရ​’​ဟု သင့်​အား ငါ​မိန့်မှာ​၏​။
ကျွန်တို့ကို လွတ်မြောက်ခွင့်ပေးခြင်း
12သင်​၏​အမျိုးသားချင်း​ဖြစ်​သော ဟေဗြဲ​အမျိုးသား​၊ သို့မဟုတ် ဟေဗြဲ​အမျိုးသမီး​သည် သင့်​ထံ၌ အရောင်း​ခံရ#15:12 သို့မဟုတ် “ကိုယ့်ကိုယ်ကိုယ်ရောင်း”။​ပါက ထို​သူ​သည် ခြောက်​နှစ်​အစေခံ​၍ ခုနစ်​နှစ်​မြောက်​၌ သူ့​ကို လွတ်လပ်​သော​သူ​အဖြစ် သင့်​ထံ​မှ​ထွက်သွား​ခွင့်​ပြု​ရ​မည်​။ 13သင်​သည် ထို​သူ​ကို လွတ်လပ်​သော​သူ​အဖြစ် သင့်​ထံ​မှ​ထွက်သွား​ခွင့်​ပြု​သောအခါ သူ့​အား လက်ချည်းသက်သက်​မ​လွှတ်​ရ​။ 14သင်​၏​ဘုရားသခင်​ထာဝရဘုရား သင့်​အား ကောင်းချီးပေး​တော်မူ​သည့်​အလျောက် သင်​၏​သိုးဆိတ်​၊ ကောက်နယ်တလင်း​မှ​ကောက်ပဲသီးနှံ​၊ စပျစ်သီးနယ်ရာကျင်း​မှ​စပျစ်ဝိုင်​တို့​ကို သူ့​အား ရက်ရောစွာမစ​ပေးကမ်း​ရ​မည်​။ 15သင်​သည် အီဂျစ်​ပြည်​၌ ကျွန်​ဖြစ်​ခဲ့​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ရွေးနုတ်​တော်မူ​ခဲ့​ကြောင်း​ကို အောက်မေ့​လော့​။ ထို့အတွက်ကြောင့်​လည်း ဤ​ပညတ်တော်​ကို ယနေ့ သင့်​အား ငါ​မှာကြား​ခြင်း​ဖြစ်​၏​။ 16သို့ရာတွင် ထို​သူ​သည် သင်​နှင့် သင်​၏​မိသားစု​ကို​ချစ်​သောကြောင့်​၊ သင့်​ထံ၌​နေ​ပျော်​သောကြောင့် ‘​အကျွန်ုပ်​သည် သင့်​ထံမှ မ​ထွက်သွား​လို​ပါ​’​ဟု ဆို​လျှင် 17သင်​သည် စူး​ကို​ယူ​ပြီး သူ​၏​နားရွက်​ကို တံခါး​၌​ကပ်​၍ ဖောက်​ရ​မည်​။ ထိုအခါ သူ​သည် သင်​၏​ကျွန် အစဉ်အမြဲ​ဖြစ်​လိမ့်မည်​။ သင်​၏​ကျွန်မိန်းမ​ကို​လည်း ထိုနည်းတူ​ပြု​ရ​မည်​။ 18ထို​သူ​သည် သူရင်းငှား​၏​လုပ်အားခ​နှစ်ဆ​ဖြင့် သင့်​ကို ခြောက်​နှစ်​ကျွန်ခံ​ခဲ့​ပြီ​ဖြစ်​သောကြောင့် သင်​သည် ထို​သူ​ကို လွတ်လပ်​သော​သူ​အဖြစ် သင့်​ထံမှ​ထွက်သွား​ခွင့်​ပြု​ရ​မည်​ကို ခက်ခဲ​သည်​ဟု မ​ထင်​နှင့်​။ ထိုသို့​ပြု​လျှင် သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင်​ပြု​လေရာရာ​၌ သင့်​ကို​ကောင်းချီးပေး​တော်မူ​မည်​။
တိရစ္ဆာန်တို့၏သားဦးကို ဆက်ကပ်ခြင်း
19သင်​၏​နွား​၊ သင်​၏​သိုး​တို့​မှ​မွေး​သော သားဦး​အထီး​ရှိသမျှ​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​အဖို့ သန့်ရှင်း​စေ​ရ​မည်​။ နွား​သားဦး​ကို မ​ခိုင်း​ရ​။ သိုး​သားဦး​ကို အမွေး​မ​ညှပ်​ရ​။ 20သင်​နှင့်​သင်​၏​အိမ်သူအိမ်သား​တို့​သည် ထို​နွား​သားဦး​၊ သိုး​သားဦး​တို့​ကို သင်​၏​ထာဝရဘုရား​ရွေးချယ်​တော်မူ​သော​နေရာ​၊ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ရှေ့​တော်​၌ နှစ်စဉ်နှစ်တိုင်း​စား​ရ​မည်​။ 21အကယ်၍ ထို​အကောင်​သည် ခြေမသန်​ခြင်း​၊ မျက်စိမမြင်​ခြင်း စသည့် ဆိုးရွား​သော​အနာအဆာ​တစ်စုံတစ်ရာ​ဖြစ်​နေ​လျှင် ထို​အနာအဆာ​ရှိ​သော​အကောင်​ကို သင်​၏​ဘုရားသခင်​ထာဝရဘုရား​အား ယဇ်​မ​ပူဇော်​ရ​။ 22ထို​အကောင်​ကို သင်​၏​မြို့​တံခါး​အတွင်း​၌ စား​ရ​မည်​။ သမင်​၊ ဒရယ်​အသား​ကို​စား​ခွင့်​ရှိ​သကဲ့သို့ စင်ကြယ်​သော​သူ​၊ မစင်ကြယ်​သော​သူ​တို့ အတူတကွ​စား​ခွင့်​ရှိ​၏​။ 23သွေး​ကို​မ​စား​ရ​။ ရေ​ကဲ့သို့ မြေ​ပေါ်မှာ သွန်ပစ်​ရ​မည်​။

လက်ရှိရွေးချယ်ထားမှု

တရားဟောရာကျမ်း 15: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ