YouVersion လိုဂို
ရှာရန် အိုင်ကွန်

တရားဟောရာ 11:1-15

တရားဟောရာ 11:1-15 Judson Bible (JBMLE)

သို့​ဖြစ်၍ သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ရ​မည်။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်၊ မှာ​ထား​တော်​မူ​သော ပ​ညတ်​တော်​တို့​ကို အ​စဉ်​စောင့်​ရှောက်​ရ​မည်။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ဆုံး​မ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ဘုန်း​အာ​နု​ဘော်​တော်​ကို​လည်း​ကောင်း၊ အား​ကြီး​သော​လက်​ရုံး ဆန့်​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ ထူး​ဆန်း​သော​တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​ပြည်၌၊ အဲ​ဂု​တ္တု​ရှင်​ဘု​ရင် ဖာ​ရော​မင်း​နှင့် ပြည်​သူ​ပြည်​သား​များ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ အဲ​ဂု​တ္တု​စစ်​သူ​ရဲ အ​လုံး​အ​ရင်း​တည်း​ဟူ​သော မြင်း​စီး​သူ​ရဲ၊ ရ​ထား​စီး​သူ​ရဲ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ သင်​တို့​ကို​လိုက်​သော​သူ​တို့​ကို ဧ​ဒုံ​ပင်​လယ်​ရေ​လွှမ်း​မိုး​စေ၍၊ ယ​နေ့​တိုင်​အောင် ဖျက်​ဆီး​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ ဤ​အ​ရပ်​သို့​မ​ရောက်​မီ၊ တော၌​လှည့်​လည်​စဉ်​တွင် သင်​တို့​အား​ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ ရု​ဗင်​အ​မျိုး၊ ဧ​လျာ​ဘ​သား​ဒါ​သန်​နှင့် အ​ဘိ​ရံ​တို့​အား ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊ မြေ​ကြီး​သည် မိ​မိ​ခံ​တွင်း​ကို​ဖွင့်၍ သူ​တို့​နှင့် အိမ်​သူ​အိမ်​သား​များ၊ တဲ​များ၊ သူ​တို့၌ ရ​တတ်​သ​မျှ​သော​ဥ​စ္စာ​ပ​စ္စည်း​များ​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​လယ်၌၊ မျို​ကြောင်း​ကို​လည်း​ကောင်း မ​သိ​မ​မြင်​သော သင်​တို့၏​သား​သ​မီး​တို့​အား ငါ​မ​ပြော၊ သင်​တို့​ကိုယ်​တိုင် သိ​မှတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အ​မှု​ကြီး​အ​လုံး​စုံ​တို့​ကို သင်​တို့​သည် ကိုယ်​တိုင်​မြင်​ကြ​ပြီ။ ထို​ကြောင့်၊ သင်​တို့​သည်​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​ကို ကြီး​စွာ​သော​ခွန်​အား​နှင့် ဝင်​စား​မည်​အ​ကြောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ဘိုး​ဘေး​တို့​နှင့် သူ​တို့​အ​မျိုး​အ​နွယ်​အား​ပေး​ခြင်း​ငှာ ကျိန်​ဆို​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်၌ သင်​တို့​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။ သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သည်​ကား၊ ယာ​လုပ်​သ​ကဲ့​သို့ မျိုး​စေ့​ကြဲ၍ ခြေ​ဖြင့်​ရေ​လောင်း​ရ​သော ပြည်​တည်း​ဟူ​သော သင်​တို့​ထွက်​လာ​သော အဲ​ဂု​တ္တု​ပြည်​နှင့် တူ​သည်​မ​ဟုတ်။ သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သည် တောင်​များ၊ ချိုင့်​များ​နှင့်​ပြည့်​စုံ၍ မိုး​ရေ​ကို​သောက်​သော​ပြည်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပြု​စု၍ တစ်​နှစ်​ပတ်​လုံး ကြည့်​ရှု​တော်​မူ​သော​ပြည် ဖြစ်၏။ သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့​ချစ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တို့​ကို စေ့​စေ့​နား​ထောင်​လျှင်၊ သင်​တို့​သည် စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​တို့​ကို​စု​သိမ်း​စေ​ခြင်း​ငှာ အ​ရင်​မိုး၊ နောက်​မိုး​တည်း​ဟူ​သော သင်​တို့​ပြည်​နှင့်​ဆိုင်​သော​မိုး​ရေ​ကို ငါ​ပေး​မည်။ သင်​တို့​သည် ဝ​စွာ​စား​ရ​မည်​အ​ကြောင်း၊ သင်​တို့​တိ​ရ​စ္ဆာန်​များ​အ​ဖို့ လွင်​ပြင်၌​မြက်​ပင်​ကို ငါ​ပေါက်​စေ​မည်။

တရားဟောရာ 11:1-15 Common Language Bible (BCL)

``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​၍ ကိုယ်​တော်​၏​ပ​ညတ်​တော်​ရှိ​သ​မျှ​တို့ ကို​အ​စဉ်​လိုက်​နာ​စောင့်​ထိန်း​ရ​မည်။- ထာ​ဝ​ရ​ဘု​ရား​ကို​သင်​တို့​ကိုယ်​တိုင်​ထိ​တွေ့ သိ​မြင်​ခဲ့​ရ​သ​ဖြင့် ကိုယ်​တော်​၏​အ​ကြောင်း ကို​သိ​ရ​ပြီ​ဖြစ်​ကြောင်း​ယ​နေ့​သိ​မှတ်​ကြ လော့။ သင်​တို့​သာ​လျှင်​ထို​သို့​တွေ့​ကြုံ​ခံ​စား ခဲ့​ရ​ကြ​သည်။ သင်​တို့​၏​သား​သ​မီး​များ မူ​ကား ထို​အ​တွေ့​အ​ကြုံ​ကို​မ​ခံ​စား​ခဲ့​ရ ကြ။ ထာ​ဝ​ရ​ဘု​ရား​၏​ကြီး​မြတ်​တော်​မူ ခြင်း​ဘုန်း​တန်​ခိုး​တော်​နှင့်၊- နိ​မိတ်​လက္ခ​ဏာ​များ​ကို​သင်​တို့​မြင်​ခဲ့​ရ​ကြ သည်။ ကိုယ်​တော်​သည်​အီ​ဂျစ်​ဘုရင်​နှင့်​သူ​၏​တိုင်း ပြည်​တစ်​ခု​လုံး​ကို မည်​ကဲ့​သို့​ဒဏ်​ခတ်​တော်​မူ သည်​ကို​သင်​တို့​မြင်​ခဲ့​ရ​၏။- အီ​ဂျစ်​စစ်​တပ်​သည်​သင်​တို့​အား​လိုက်​လံ​တိုက် ခိုက်​စဉ်​က ကိုယ်​တော်​သည်​သူ​တို့​၏​မြင်း​များ၊ စစ်​ရ​ထား​များ​နှင့်​တ​ကွ​စစ်​တပ်​တစ်​ခု​လုံး ကို ပင်​လယ်​နီ​အ​တွင်း​၌​နစ်​မြုပ်​စေ​ခဲ့​ပုံ​ကို သင်​တို့​မြင်​ခဲ့​ရ​၏။- သင်​တို့​ဤ​အ​ရပ်​သို့​မ​ရောက်​မီ​တော​ကန္တာ​ရ ၌​သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​ပြု​တော် မူ​သော​အ​မှု​ကို​သင်​တို့​သိ​မြင်​ခဲ့​ရ​ကြ ပြီ။- ရု​ဗင်​အ​နွယ်​ဝင်​ဧလျာဘ​၏​သား​များ​ဖြစ်​ကြ သော ဒါ​သန်​နှင့်​အ​ဘိ​ရံ​တို့​အား​မည်​ကဲ့​သို့ စီ​ရင်​တော်​မူ​သည်​ကို​သင်​တို့​သတိ​ရ​ကြ​မည်။ လူ​အ​ပေါင်း​တို့​၏​မျက်​မှောက်​တွင်​သူ​တို့​သည် သူ​တို့​၏​မိ​သား​စု​များ၊ တဲ​များ၊ အ​စေ​ခံ များ၊ တိ​ရစ္ဆာန်​များ​နှင့်​တ​ကွ​မြေ​မျို​ခြင်း ခံ​ရ​၏။- ထို့​ကြောင့်​ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​သော အံ့​သြ​ဖွယ်​အ​မှု​တော်​များ​ကို သင်​တို့ ကိုယ်​တိုင်​တွေ့​မြင်​ခဲ့​ရ​ကြ​ပြီ။'' ``ယ​နေ့​သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​သော ပ​ညတ်​တော်​တို့​ကို​စောင့်​ထိန်း​လော့။ သို့​မှ​သာ လျှင်​သင်​တို့​သည် တစ်​ဖက်​ကမ်း​ရှိ​ပြည်​ကို​ဝင် ရောက်​သိမ်း​ပိုက်​နိုင်​လိမ့်​မည်။- ထို့​အ​ပြင်​သင်​တို့​၏​ဘိုး​ဘေး​တို့​နှင့်​သူ​တို့ အ​ဆက်​အ​နွယ်​များ​အား​ပေး​မည်​ဟူ​၍ ထာ​ဝ​ရ ဘု​ရား​က​တိ​ထား​တော်​မူ​သော​အ​စာ​ရေ​စာ ပေါ​ကြွယ်​ဝ​သည့်​ပြည်​တွင် သင်​တို့​သည်​ကြာ ရှည်​စွာ နေ​ထိုင်​ရ​ကြ​လိမ့်​မည်။- ယ​ခင်​သင်​တို့​နေ​ထိုင်​ခဲ့​ကြ​သော​အီ​ဂျစ် ပြည်​တွင် သင်​တို့​သည်​လယ်​များ​ထဲ​သို့​ပင်​ပန်း စွာ​ရေ​သွင်း​၍​စ​ပါး​စိုက်​ပျိုး​ရ​ကြ​၏။- သို့​ရာ​တွင်​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​သည် ကား​တောင်​များ၊ ချိုင့်​ဝှမ်း​များ​ရှိ​၍​မိုး​ရေ ဖြင့်​စိုက်​ပျိုး​နိုင်​သော​ပြည်၊- သင်​တို့​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် တစ်​နှစ်​ပတ်​လုံး​ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ သော​ပြည်​ဖြစ်​သည်။'' ``သို့​ဖြစ်​၍​သင်​တို့​အား ယ​နေ့​ငါ​မှာ​ကြား​သော ပ​ညတ်​တော်​များ​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်​နှ​လုံး အ​ကြွင်း​မဲ့​ချစ်​၍​အ​မှု​တော်​ကို​ဆောင်​ရွက် လော့။- သို့​မှ​သာ​ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့ အ​တွက်​စပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ သင်​တို့ ၏​တိ​ရစ္ဆာန်​များ​အ​တွက် မြက်​စ​သည်​တို့​ကို ရ​ရှိ​စေ​ရန်​ဆောင်း​ဦး​ပေါက်​မိုး၊ နွေ​ဦး​ပေါက် မိုး​ကို​အ​ချိန်​တန်​သော​အ​ခါ​ရွာ​စေ​တော် မူ​မည်။ သင်​တို့​သည်​အ​စာ​ရေ​စာ​အ​လုံ အ​လောက်​ရ​ရှိ​လိမ့်​မည်။

တရားဟောရာ 11:1-15 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

သို့ဖြစ်၍ သင်​သည် သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ ကိုယ်တော်​၏​ညွှန်ကြားချက်​၊ ပြဋ္ဌာန်းချက်​၊ စီရင်ထုံးဖွဲ့ချက်​၊ ပညတ်ချက် တို့​ကို အစဉ်အမြဲ​စောင့်ထိန်း​ရ​မည်​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​၏​ဆုံးမပဲ့ပြင်​တော်မူ​ခြင်း​၊ ကြီးမြတ်​တော်မူ​ခြင်း​၊ အားကြီး​သော​လက်​တော်​နှင့် ဆန့်တန်း​သော​လက်ရုံး​တော်​တို့​ကို သင်​တို့​၏​သားမြေး​တို့ မ​သိ​မ​မြင်​ခဲ့​ကြ​။ အီဂျစ်​ပြည်​၌ အီဂျစ်​ဘုရင်​ဖာရော​မင်းကြီး​နှင့်တကွ သူ​၏​ပြည်သူပြည်သား​တစ်ရပ်လုံး​ကို နိမိတ်လက္ခဏာ​၊ အံ့ဖွယ်​သော​အမှု​များ​ပြ​တော်မူ​ခဲ့​ပုံ​နှင့် အီဂျစ်​စစ်သည်​များ​၊ မြင်း​များ​၊ စစ်ရထား​များ​အား သင်​တို့​နောက်မှ လိုက်လာ​သောအခါ ထာဝရဘုရား​သည် သူ​တို့​ကို ပင်လယ်နီ​ရေ​ဖြင့်​လွှမ်းမိုး​စေ​၍ ဖျက်ဆီး​တော်မူ​ခဲ့​ပုံ​၊ ဤ​အရပ်​သို့​သင်​တို့​ရောက်​သည့်​တိုင်အောင် တောကန္တာရ​၌ သင်​တို့​အတွက် မည်သို့​ပြု​တော်မူ​ခဲ့​ပုံ​၊ မြေကြီး​သည် မိမိ​ခံတွင်း​ကို​ဖွင့်​လျက် အစ္စရေး​အမျိုးသား​အပေါင်း​တို့​အလယ်​၌ ရုဗင်​သားမြေး​၊ ဧလျာဘ​၏​သား​များ​ဖြစ်​သော ဒါသန်​နှင့်​အဘိရံ​တို့​နှင့်တကွ သူ​တို့​၏​အိမ်သူအိမ်သား​များ​၊ တဲ​များ​၊ သူ​တို့​ပိုင်ဆိုင်​သော​အရာ​ရှိသမျှ​တို့​ကို​မျို​ခဲ့​ပုံ စသည်​တို့​ကို ယနေ့ သင်​တို့​အောက်မေ့​ကြ​လော့​။ အကြောင်းမူကား ထာဝရဘုရား​ပြု​တော်မူ​ခဲ့​သည့် ကြီးမား​သော​အမှု​ရှိသမျှ​တို့​ကို သင်​တို့​ကိုယ်တိုင် တွေ့မြင်​ခဲ့​ကြ​၏​။ ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သော​ပညတ်တော်​ကို စောင့်ထိန်း​လော့​။ သို့ပြုလျှင် သင်​တို့​သည် ခွန်အား​နှင့်​ပြည့်စုံ​၍ သင်​တို့​ကူးသွား​၍​သိမ်းပိုက်​ရ​မည့်​ပြည်​ကို ဝင်ရောက်​သိမ်းပိုက်​နိုင်​မည်​။ ထာဝရဘုရား​က ထို​ပြည်​ကို သင်​တို့​၏​ဘိုးဘေး​တို့​နှင့် သူ​တို့​၏​သားစဉ်မြေးဆက်​တို့​အား ပေး​မည်​ဟု​ကျိန်ဆို​တော်မူ​ခဲ့​သည်​နှင့်အညီ နို့​နှင့်​ပျားရည်​စီး​သော​ထို​ပြည်​၌ သင်​တို့ အသက်​ရှည်ရှည်​နေထိုင်​ကြ​ရ​မည်​။ သင်​တို့​ဝင်ရောက်​သိမ်းပိုက်​ရ​မည့်​ပြည်​သည် အီဂျစ်​ပြည်​နှင့်​မ​တူ​။ သင်​တို့​ထွက်​ခဲ့​သော​အီဂျစ်​ပြည်​၌ ဟင်းသီးဟင်းရွက်​စိုက်ခင်း​ထဲသို့ ခြေ​ဖြင့်​ရေသွင်း​ရ​သကဲ့သို့ မျိုးစေ့​ကြဲ​ရာ​တွင် ရေသွင်း​၍​မျိုးကြဲ​ရ​၏​။ သို့သော် သင်​တို့​ကူးသွား​၍ သိမ်းပိုက်​ရ​မည့်​ပြည်​သည် တောင်​များ​၊ ချိုင့်ဝှမ်း​များ​နှင့်​ပြည့်စုံ​၍ ကောင်းကင်​မှ​မိုးရေ​ကို သောက်​ရ​သော​ပြည်​ဖြစ်​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ပြည်​ကို စောင့်ရှောက်​တော်မူ​၏​။ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် ထို​ပြည်​ကို နှစ်​အစ​မှ နှစ်​အဆုံး​တိုင်အောင် အစဉ်မပြတ်​ကြည့်ရှု​တော်မူ​၏​။ သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို​ချစ်​၍ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ကိုယ်တော်​ကို​ဝတ်ပြု​လော့​။ ယနေ့ သင်​တို့​အား ငါ​ဆင့်ဆို​သည့် ပညတ်တော်​တို့​ကို သေချာ​စွာ​နားထောင်​လော့​။ သို့ပြုလျှင် ကောက်ပဲသီးနှံ​၊ စပျစ်ဝိုင်​အသစ်​နှင့် ဆီ​တို့​ကို သင်​တို့​စုသိမ်း​နိုင်​မည့်​အကြောင်း ကိုယ်တော်​သည် သင်​တို့​ပြည်​အတွက် မိုးဦး​၊ မိုးနှောင်း​ကို သူ့​အချိန်​နှင့်​သူ​ရွာ​စေ​တော်မူ​မည်​။ သင်​တို့​၏​တိရစ္ဆာန်​များ​အတွက် လယ်ယာ​၌ မြက်ပင်​ကို ပေါက်​စေ​တော်မူ​မည်​။ သင်​တို့​သည်​လည်း ဝလင်​စွာ​စား​ရ​ကြ​မည်​။