တရားဟော 11
11
ထာဝရဘုရား၏ကြီးမြတ်တော်မူခြင်း
1``သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ ကိုယ်တော်၏ပညတ်တော်ရှိသမျှတို့ ကိုအစဉ်လိုက်နာစောင့်ထိန်းရမည်။- 2ထာဝရဘုရားကိုသင်တို့ကိုယ်တိုင်ထိတွေ့ သိမြင်ခဲ့ရသဖြင့် ကိုယ်တော်၏အကြောင်း ကိုသိရပြီဖြစ်ကြောင်းယနေ့သိမှတ်ကြ လော့။ သင်တို့သာလျှင်ထိုသို့တွေ့ကြုံခံစား ခဲ့ရကြသည်။ သင်တို့၏သားသမီးများ မူကား ထိုအတွေ့အကြုံကိုမခံစားခဲ့ရ ကြ။ ထာဝရဘုရား၏ကြီးမြတ်တော်မူ ခြင်းဘုန်းတန်ခိုးတော်နှင့်၊- 3နိမိတ်လက္ခဏာများကိုသင်တို့မြင်ခဲ့ရကြ သည်။ ကိုယ်တော်သည်အီဂျစ်ဘုရင်နှင့်သူ၏တိုင်း ပြည်တစ်ခုလုံးကို မည်ကဲ့သို့ဒဏ်ခတ်တော်မူ သည်ကိုသင်တို့မြင်ခဲ့ရ၏။-#ထွ၊ ၇:၈-၁၂:၁၃။ 4အီဂျစ်စစ်တပ်သည်သင်တို့အားလိုက်လံတိုက် ခိုက်စဉ်က ကိုယ်တော်သည်သူတို့၏မြင်းများ၊ စစ်ရထားများနှင့်တကွစစ်တပ်တစ်ခုလုံး ကို ပင်လယ်နီအတွင်း၌နစ်မြုပ်စေခဲ့ပုံကို သင်တို့မြင်ခဲ့ရ၏။-#ထွ၊ ၁၄:၂၈။ 5သင်တို့ဤအရပ်သို့မရောက်မီတောကန္တာရ ၌သင်တို့အတွက် ထာဝရဘုရားပြုတော် မူသောအမှုကိုသင်တို့သိမြင်ခဲ့ရကြ ပြီ။- 6ရုဗင်အနွယ်ဝင်ဧလျာဘ၏သားများဖြစ်ကြ သော ဒါသန်နှင့်အဘိရံတို့အားမည်ကဲ့သို့ စီရင်တော်မူသည်ကိုသင်တို့သတိရကြမည်။ လူအပေါင်းတို့၏မျက်မှောက်တွင်သူတို့သည် သူတို့၏မိသားစုများ၊ တဲများ၊ အစေခံ များ၊ တိရစ္ဆာန်များနှင့်တကွမြေမျိုခြင်း ခံရ၏။-#တော၊ ၁၆:၃၁-၃၂။ 7ထို့ကြောင့်ထာဝရဘုရားပြုတော်မူသော အံ့သြဖွယ်အမှုတော်များကို သင်တို့ ကိုယ်တိုင်တွေ့မြင်ခဲ့ရကြပြီ။''
ကတိထားတော်မူသောပြည်၌ခံစားရမည့် ကောင်းချီးမင်္ဂလာများ
8``ယနေ့သင်တို့အားငါမှာကြားသမျှသော ပညတ်တော်တို့ကိုစောင့်ထိန်းလော့။ သို့မှသာ လျှင်သင်တို့သည် တစ်ဖက်ကမ်းရှိပြည်ကိုဝင် ရောက်သိမ်းပိုက်နိုင်လိမ့်မည်။- 9ထို့အပြင်သင်တို့၏ဘိုးဘေးတို့နှင့်သူတို့ အဆက်အနွယ်များအားပေးမည်ဟူ၍ ထာဝရ ဘုရားကတိထားတော်မူသောအစာရေစာ ပေါကြွယ်ဝသည့်ပြည်တွင် သင်တို့သည်ကြာ ရှည်စွာ နေထိုင်ရကြလိမ့်မည်။- 10ယခင်သင်တို့နေထိုင်ခဲ့ကြသောအီဂျစ် ပြည်တွင် သင်တို့သည်လယ်များထဲသို့ပင်ပန်း စွာရေသွင်း၍စပါးစိုက်ပျိုးရကြ၏။- 11သို့ရာတွင်သင်တို့ဝင်ရောက်မည့်ပြည်သည် ကားတောင်များ၊ ချိုင့်ဝှမ်းများရှိ၍မိုးရေ ဖြင့်စိုက်ပျိုးနိုင်သောပြည်၊- 12သင်တို့ဘုရားသခင်ထာဝရဘုရားသည် တစ်နှစ်ပတ်လုံးကြည့်ရှုစောင့်ရှောက်တော်မူ သောပြည်ဖြစ်သည်။''
13``သို့ဖြစ်၍သင်တို့အား ယနေ့ငါမှာကြားသော ပညတ်တော်များကိုစောင့်ထိန်းကြလော့။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံး အကြွင်းမဲ့ချစ်၍အမှုတော်ကိုဆောင်ရွက် လော့။- 14-15သို့မှသာထာဝရဘုရားသည်သင်တို့ အတွက်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ သင်တို့ ၏တိရစ္ဆာန်များအတွက် မြက်စသည်တို့ကို ရရှိစေရန်ဆောင်းဦးပေါက်မိုး၊ နွေဦးပေါက် မိုးကိုအချိန်တန်သောအခါရွာစေတော် မူမည်။ သင်တို့သည်အစာရေစာအလုံ အလောက်ရရှိလိမ့်မည်။- 16သင်တို့သည်ထာဝရဘုရားကိုစွန့်ပယ်၍ အခြားသောဘုရားများကိုဝတ်မပြုမ ကိုးကွယ်မိစေရန်သတိပြုလော့။- 17အခြားသောဘုရားများကိုဝတ်ပြုကိုးကွယ် လျှင် ထာဝရဘုရားသည်သင်တို့ကိုအမျက် ထွက်၍ မိုးကိုမရွာစေသဖြင့်လယ်မြေများ ခြောက်သွေ့၍ အသီးအနှံများမဖြစ်ထွန်း နိုင်ရှိလိမ့်မည်။ ထိုအခါထာဝရဘုရားပေး သနားတော်မူသောပြည်သည်ကောင်းမွန်သော် လည်း သင်တို့သည်မကြာမီသေကြေပျက်စီး ကြလိမ့်မည်။''#ဝတ်၊ ၂၆:၃-၅။ တရား၊ ၇:၁၂-၁၆၊ ၂၈:၁-၁၄။
18``ဤပညတ်တော်များကိုအစဉ်သတိရ၍ မြတ်နိုးလော့။ ယင်းတို့ကိုသတိရစေရန် သင်တို့၏လက်တွင်လည်းကောင်း၊ နဖူးပေါ် တွင်လည်းကောင်းချည်ထားလော့။- 19သင်တို့၏သားသမီးများအားသင်ကြားပေး လော့။ သင်တို့သည်အိမ်၌ရှိသည်ဖြစ်စေ၊ ခရီး သွားသည်ဖြစ်စေ၊ နားနေသည်ဖြစ်စေ၊ အလုပ် လုပ်နေသည်ဖြစ်စေ ဤပညတ်များအကြောင်း ကိုပြောဆိုနေရမည်။- 20သင်တို့၏အိမ်တံခါးတိုင်နှင့်ဝင်းတံခါးများ တွင် ယင်းတို့ကိုရေးထားရမည်။-#တရား၊ ၆:၆-၉။ 21သို့ပြုလျှင်သင်တို့နှင့်သင်တို့၏သားသမီး တို့သည် ဘုရားသခင်ထာဝရဘုရားက သင်တို့ ၏ဘိုးဘေးတို့အားပေးမည်ဟုကတိထားသော ပြည်၌ကြာရှည်စွာနေထိုင်ရလိမ့်မည်။ မြေပြင် အထက်မိုးကောင်းကင်တည်ရှိသမျှကာလ ပတ်လုံး သင်တို့သည်ထိုပြည်၌နေထိုင်ရကြ လိမ့်မည်။''
22``သင်တို့အားငါမှာကြားသောပညတ်တော် ရှိသမျှတို့ကို လိုက်နာရန်သတိပြုကြလော့။ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ချစ်၍ မိန့်တော်မူသမျှကိုလိုက်လျှောက်လျက် သစ္စာတော်ကိုစောင့်လော့။- 23သို့မှသာလျှင်သင်တို့ချီတက်တိုက်ခိုက်သော အခါ သင်တို့ထက်ဦးရေများ၍အင်အားကြီး မားသည့်လူမျိုးတို့ကိုထာဝရဘုရားနှင် ထုတ်တော်မူသဖြင့် သူတို့၏ပြည်ကိုသင် တို့သိမ်းပိုက်နိုင်လိမ့်မည်။- 24သင်တို့ခြေနင်းသမျှသောမြေကိုပိုင်ရလိမ့် မည်။ သင်တို့၏နယ်မြေသည်တောင်ဘက်တော ကန္တာရမှ မြောက်ဘက်လေဗနုန်တောင်သို့တိုင် အောင်လည်းကောင်း၊ အရှေ့ဘက်ဥဖရတ်မြစ် မှအနောက်ဘက်မြေထဲပင်လယ်သို့တိုင်အောင် လည်းကောင်းကျယ်ပြန့်လိမ့်မည်။- 25သင်တို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည့်အတိုင်း သင်တို့ရောက်ရာ အရပ်တွင်ရှိသောလူအပေါင်းတို့သည် သင် တို့ကိုကြောက်ရွံ့ကြလိမ့်မည်။ မည်သူကမျှ သင်တို့ကိုမခုခံနိုင်။''#ယောရှု၊ ၁:၃-၅။
26``ကောင်းချီးမင်္ဂလာနှင့်ကျိန်ခြင်းတို့အနက် တစ် ခုခုကိုယနေ့ရွေးယူလော့။- 27ယနေ့ငါပေးသောသင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်များကို သင် တို့စောင့်ထိန်းလျှင်ကောင်းချီးမင်္ဂလာကိုခံ ရမည်။- 28သို့ရာတွင်သင်တို့သည် ဤပညတ်တော်များ ကိုမစောင့်ထိန်းဘဲ သင်တို့ယခင်ကမကိုး ကွယ်ဘူးသောအခြားဘုရားများကို ကိုး ကွယ်လျှင်ကျိန်ခြင်းကိုခံရမည်။- 29ထာဝရဘုရားသည် သင်တို့သိမ်းပိုက်မည့် ပြည်ထဲသို့ပို့ဆောင်တော်မူသောအခါ သင် တို့သည်ထိုကောင်းချီးမင်္ဂလာကိုဂေရဇိမ် တောင်ပေါ်မှာလည်းကောင်း၊ ထိုကျိန်ခြင်းကို ဧဗလတောင်ပေါ်မှာလည်းကောင်းကြေညာ ရကြမည်။-#တရား၊ ၂၇:၁၁-၁၄။ ယောရှု၊ ၈:၃၃-၃၅။ 30(ဤတောင်နှစ်လုံးသည် ယော်ဒန်မြစ်အနောက် ဘက်၊ ယော်ဒန်မြစ်ဝှမ်းတွင်နေထိုင်သော ခါနာန် အမျိုးသားတို့၏နယ်မြေထဲ၌တည်ရှိသည်။ ယင်းတောင်တို့သည် ဂိလဂါလမြို့အနီးမောရေ သပိတ်ပင်များနှင့် မဝေးသောအနောက်ဘက် တွင်တည်ရှိ၏။-) 31သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးလျက် ဘုရားသခင်ထာဝရဘုရားပေးတော်မူမည့်ပြည်ကို သိမ်းပိုက်ရတော့မည်။ သင်တို့သည်ထိုပြည် ကိုသိမ်းပိုက်၍အခြေချနေထိုင်ကြသော အခါ၊- 32သင်တို့အားငါယနေ့မှာကြားသမျှသော ပညတ်တော်တို့ကို စောင့်ထိန်းရန်မမေ့ကြ နှင့်။''
လက်ရှိရွေးချယ်ထားမှု
တရားဟော 11: BCL
အရောင်မှတ်ချက်
မျှဝေရန်
ကူးယူ
![None](/_next/image?url=https%3A%2F%2Fimageproxy.youversionapi.com%2F58%2Fhttps%3A%2F%2Fweb-assets.youversion.com%2Fapp-icons%2Fmy.png&w=128&q=75)
မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ
© 2005 Bible Society of Myanmar