YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 8:6-10

အာမုတ် 8:4-10 Judson Bible (JBMLE)

ငါ​တို့​သည် စ​ပါး​ကို ရောင်း​အံ့​သော​ငှာ လ​ဆန်း​နေ့​လွန်​ပါ​စေ၊ ဂျုံ​ကို ရောင်း​အံ့​သော​ငှာ ဥ​ပုသ်​နေ့ လွန်​ပါ​စေ​ဟု​ဆို​လျက်၊ ဧ​ဖာ​လေး​ကို ငယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကျပ်​လေး​ကို ကြီး​စေ​ခြင်း​ငှာ​လည်း​ကောင်း လုပ်၍၊ စဉ်း​လဲ​သော ချိန်​ခွင်​ကို သုံး​လျက် ဆင်း​ရဲ​သော​သူ​ကို ငွေ​နှင့်​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို ခြေ​နင်း​တစ်​ရံ​နှင့်​လည်း​ကောင်း ဝယ်၍၊ ညံ့​သော​ဂျုံ​ဆန်​ကို​ရောင်း​လျက်၊ ငတ်​မွတ်​သော သူ​တို့​ကို နှိပ်​နင်း၍ ဆင်း​ရဲ​သော ပြည်​သား​တို့​ကို ဖြတ်​ခြင်း​ငှာ အ​လွန်​အ​လို​ကြီး​သော​သူ​တို့၊ ဤ​စ​ကား​ကို နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်၏​ဘုန်း​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သူ​တို့​ကျင့်​ကြံ ပြု​မူ​သ​မျှ​တို့​ကို ငါ​သည် အ​စဉ်​မ​ပြတ် မ​မေ့​လျော့။ ထို​အ​ပြစ်​ကြောင့် မြေ​တုန်​လှုပ်​လိမ့်​မည် မ​ဟုတ်​လော။ မြေ​သား​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည် မ​ဟုတ်​လော။ မြစ်​ကဲ့​သို့ တစ်​ပြည်​လုံး​ထ​ပြီး​လျှင်၊ တစ်​ဖန် အဲ​ဂု​တ္တု​မြစ်၌ မြုပ်​သ​ကဲ့​သို့ ပါ​သွား၍ မြုပ်​လိမ့်​မည်​မ​ဟုတ်​လော။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​အ​ခါ မွန်း​တည့်​အ​ချိန်၌ ငါ​သည် နေ​ကို​ဝင်​စေ​မည်။ ကြည်​လင်​သော​နေ့၌ မြေ​ကြီး​ကို မိုက်​စေ​မည်။ သင်​တို့​ပွဲ​ခံ​ခြင်း​ကို ညည်း​တွား​ခြင်း ဖြစ်​စေ​မည်။ သီ​ချင်း​ဆို​ခြင်း​ရှိ​သ​မျှ​ကို ငို​ကြွေး​ခြင်း​ဖြစ်​စေ​မည်။ လူ​အ​ပေါင်း​တို့​သည် လျှော်​တေ​အ​ဝတ်​နှင့် ခါး​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆံ​ပင်​ကို ရိတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​စီ​ရင်​မည်။ တစ်​ယောက်​တည်း​သော​သား သေ​သည်​အ​တွက် မြည်​တမ်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဆုံး၌ ခါး​စွာ​သော နေ့​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။

အာမုတ် 8:6-10 Common Language Bible (BCL)

တန်​ဖိုး​မ​ရှိ​သော​ဂျုံ​စ​ပါး​ကို​တက်​စျေး ဖြင့်​ရောင်း​မည်။ အ​ကြွေး​နစ်​လွန်း​သ​ဖြင့် ဆင်း​ရဲ​နေ​သူ​ကို​ရှာ​ပြီး​ကျွန်​အ​ဖြစ်​နှင့် ခြေ​နင်း​တစ်​ရံ​စာ​မျှ​ဖြင့်​ဝယ်​ယူ​မည်'' ဟု​သင်​တို့​ဆို​ကြ​လေ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဤ​သူ​တို့​၏ ယုတ်​မာ​မှု​များ​ကို ဘယ်​သော​ခါ​မှ​မ​မေ့ နိုင်​ဟု​ယာ​ကုပ်​၏​ဘုန်း​တန်​ခိုး​ကို​တိုင်​တည် ၍​ကျိန်​ဆို​တော်​မူ​ပြီ။- ဤ​ပြစ်​မှု​များ​ကြောင့်​မြေ​င​လျင်​ကြီး​လှုပ်​ခါ တစ်​ပြည်​လုံး​ရှိ​ပြည်​သူ​မှန်​သ​မျှ​ဝမ်း​နည်း​ပူ ဆွေး​ရ​ကြ​မည်။ တစ်​နိုင်​ငံ​လုံး​သည်​အီဂျစ်​ပြည် မှ​နိုင်း​မြစ်​ကဲ့​သို့​တက်​၍​ကျ​၍​ဆတ်​ဆတ် ခါ​အောင်​တုန်​လှုပ်​သွား​လိမ့်​မည်။- ငါ​သည်​ထို​နေ့​တွင်​မွန်း​တည့်​အ​ချိန်​၌​နေ​ကို ဝင်​စေ​ပြီး​နေ့​အ​ချိန်​မှာ​ပင် မြေ​တစ်​ပြင်​လုံး ၌​အ​မှောင်​ဖုံး​သွား​စေ​မည်​ဟု​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​၏။- သင်​တို့​ပျော်​ပွဲ​ရွှင်​ပွဲ​များ​ကို​မ​သာ​ပွဲ​အ​ဖြစ် သို့​ပြောင်း​ပစ်​မည်။ သင်​တို့​တက်​ကြွ​ရွှင်​မြူး​သော တေး​သံ​တို့​ကို​ငို​ကြွေး​သံ​များ​ဖြစ်​သွား​စေ မည်။ သင်​တို့​သည်​ဆံ​ပင်​များ​ကို​ရိတ်​ပြီး​လျှော် တေ​အ​ဝတ်​ကို​ဝတ်​ရ​လိမ့်​မည်။ တစ်​ဦး​တည်း သော​သား​သေ​ဆုံး​သ​ဖြင့်​ရ​တက်​ပွား​ရ​သည့် မိ​ဘ​ပ​မာ​ဖြစ်​ရ​ကြ​မည်။ နေ​ဝင်​သည့်​တိုင် ထို​နေ့​တာ​သည်​ဆိုး​ဝါး​လှ​မည်။

အာမုတ် 8:6-10 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ဆင်းရဲသား​တို့​ကို ငွေ​ဖြင့်​၊ နွမ်းပါး​သူ​တို့​ကို ဖိနပ်​တစ်​ရံ​ဖြင့် ကုန်သွယ်​ကြ​မည်​။ ဂျုံစပါး​အဖျင်း​ကို ရောင်းစား​မည်”​ဟု ဆို​တတ်​ကြ​၏​။ ထာဝရဘုရား​သည် ယာကုပ်​၏​မာန​ကြောင့် ဤသို့ ကျိန်ဆို​တော်မူ​ပြီ​။ “သူ​တို့​ပြု​သော​အမှု​တို့​ကို ငါ ဘယ်တော့မှ​မ​မေ့​။ ထို​အကြောင်း​ကြောင့် ပြည်​သည် ထိတ်လန့်တုန်လှုပ်​၍ ပြည်သား​တို့​လည်း ငိုကြွေးမြည်တမ်း​ရ​မည် မ​ဟုတ်​လော​။ တစ်ပြည်လုံး​သည် နိုင်း​မြစ်​ကဲ့သို့ လှိုင်းထ​ပြီး အီဂျစ်​မြစ်ရေ​ကဲ့သို့ လှုပ်ခါ​၍ ပြန်​ဆုတ်သွား​လိမ့်မည် မ​ဟုတ်​လော​။ ထို​နေ့ရက်​တွင် မွန်းတည့်ချိန်​၌ နေ​ဝင်​စေ​မည်​။ နေသာ​သော​နေ့​တွင် မြေကြီး​ကို မှောင်မိုက်​စေ​မည်​။ ထို့ပြင် သင်​တို့​၏​ပျော်ပွဲ​များ​ကို ငိုပွဲ​များ ဖြစ်စေ​မည်​။ သင်​တို့​၏​သီချင်း​များ​ကို ငိုချင်း ဖြစ်စေ​မည်​။ သင်​တို့​အားလုံး​ကို လျှော်တေ​ဝတ်​စေ​၍ ခေါင်းတုံး ဖြစ်စေ​မည်​။ တစ်ဦးတည်း​သော​သား​အတွက် ငိုကြွေးမြည်တမ်း​ရ​သကဲ့သို့ ဖြစ်စေ​မည်​။ နိဂုံး​သည်​လည်း ခါးသီး​သော​နေ့ရက် ဖြစ်​လိမ့်မည်”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။