တန်ဖိုးမရှိသောဂျုံစပါးကိုတက်စျေး ဖြင့်ရောင်းမည်။ အကြွေးနစ်လွန်းသဖြင့် ဆင်းရဲနေသူကိုရှာပြီးကျွန်အဖြစ်နှင့် ခြေနင်းတစ်ရံစာမျှဖြင့်ဝယ်ယူမည်'' ဟုသင်တို့ဆိုကြလေပြီ။ ထာဝရဘုရားက``ငါသည်ဤသူတို့၏ ယုတ်မာမှုများကို ဘယ်သောခါမှမမေ့ နိုင်ဟုယာကုပ်၏ဘုန်းတန်ခိုးကိုတိုင်တည် ၍ကျိန်ဆိုတော်မူပြီ။- ဤပြစ်မှုများကြောင့်မြေငလျင်ကြီးလှုပ်ခါ တစ်ပြည်လုံးရှိပြည်သူမှန်သမျှဝမ်းနည်းပူ ဆွေးရကြမည်။ တစ်နိုင်ငံလုံးသည်အီဂျစ်ပြည် မှနိုင်းမြစ်ကဲ့သို့တက်၍ကျ၍ဆတ်ဆတ် ခါအောင်တုန်လှုပ်သွားလိမ့်မည်။- ငါသည်ထိုနေ့တွင်မွန်းတည့်အချိန်၌နေကို ဝင်စေပြီးနေ့အချိန်မှာပင် မြေတစ်ပြင်လုံး ၌အမှောင်ဖုံးသွားစေမည်ဟုအရှင်ထာဝရ ဘုရားမိန့်တော်မူ၏။- သင်တို့ပျော်ပွဲရွှင်ပွဲများကိုမသာပွဲအဖြစ် သို့ပြောင်းပစ်မည်။ သင်တို့တက်ကြွရွှင်မြူးသော တေးသံတို့ကိုငိုကြွေးသံများဖြစ်သွားစေ မည်။ သင်တို့သည်ဆံပင်များကိုရိတ်ပြီးလျှော် တေအဝတ်ကိုဝတ်ရလိမ့်မည်။ တစ်ဦးတည်း သောသားသေဆုံးသဖြင့်ရတက်ပွားရသည့် မိဘပမာဖြစ်ရကြမည်။ နေဝင်သည့်တိုင် ထိုနေ့တာသည်ဆိုးဝါးလှမည်။
အာမုတ် 8 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: အာမုတ် 8:6-10
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ