YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 8

8
နွေ အ​သီး​ပါ​သော​တောင်း
1တစ်​ဖန် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား ပြ​တော်​မူ​သော ရူ​ပါ​ရုံ​ဟူ​မူ​ကား၊ နွေ​ကာ​လ​အ​သီး​ပါ​သော တောင်း​သည် ထင်​ရှား၏။ 2အာ​မုတ်၊ သင်​သည် အ​ဘယ်​အ​ရာ​ကို မြင်​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊ နွေ​ကာ​လ အ​သီး​ပါ​သော​တောင်း​ကို မြင်​ပါ​သည်​ဟု ငါ​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ နောက်​ဆုံး​ကာ​လ​သည် ငါ၏​လူ​ဣ​သ​ရေ​လ​အ​မျိုး၌ ရောက်​လေ​ပြီ။ နောက်​တစ်​ဖန် သူ​တို့​ကို သည်း​မ​ခံ။ 3ထို​ကာ​လ၌ နန်း​စဉ်​က​ချေ​သည်​တို့​သည် မြည်​တမ်း​ကြ​လိမ့်​မည်။ အ​ရပ်​ရပ်​တို့၌ များ​စွာ​သော အ​သေ​ကောင်​ရှိ၍၊ လူ​တို့​သည် တိတ်​ဆိတ်​စွာ ပစ်​ချ​ကြ​လိမ့်​မည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဣ​သ​ရေ​လ​တို့​၏​ကြ​မ္မာ​ဆိုး
4-6ငါ​တို့​သည် စ​ပါး​ကို ရောင်း​အံ့​သော​ငှာ လ​ဆန်း​နေ့​လွန်​ပါ​စေ၊ ဂျုံ​ကို ရောင်း​အံ့​သော​ငှာ ဥ​ပုသ်​နေ့ လွန်​ပါ​စေ​ဟု​ဆို​လျက်၊ ဧ​ဖာ​လေး​ကို ငယ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကျပ်​လေး​ကို ကြီး​စေ​ခြင်း​ငှာ​လည်း​ကောင်း လုပ်၍၊ စဉ်း​လဲ​သော ချိန်​ခွင်​ကို သုံး​လျက် ဆင်း​ရဲ​သော​သူ​ကို ငွေ​နှင့်​လည်း​ကောင်း၊ ငတ်​မွတ်​သော​သူ​ကို ခြေ​နင်း​တစ်​ရံ​နှင့်​လည်း​ကောင်း ဝယ်၍၊ ညံ့​သော​ဂျုံ​ဆန်​ကို​ရောင်း​လျက်၊ ငတ်​မွတ်​သော သူ​တို့​ကို နှိပ်​နင်း၍ ဆင်း​ရဲ​သော ပြည်​သား​တို့​ကို ဖြတ်​ခြင်း​ငှာ အ​လွန်​အ​လို​ကြီး​သော​သူ​တို့၊ ဤ​စ​ကား​ကို နား​ထောင်​ကြ​လော့။
7ထာ​ဝ​ရ​ဘု​ရား​သည် ယာ​ကုပ်၏​ဘုန်း​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​ကား၊ အ​ကယ်​စင်​စစ် သူ​တို့​ကျင့်​ကြံ ပြု​မူ​သ​မျှ​တို့​ကို ငါ​သည် အ​စဉ်​မ​ပြတ် မ​မေ့​လျော့။ 8ထို​အ​ပြစ်​ကြောင့် မြေ​တုန်​လှုပ်​လိမ့်​မည် မ​ဟုတ်​လော။ မြေ​သား​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည် မ​ဟုတ်​လော။ မြစ်​ကဲ့​သို့ တစ်​ပြည်​လုံး​ထ​ပြီး​လျှင်၊ တစ်​ဖန် အဲ​ဂု​တ္တု​မြစ်၌ မြုပ်​သ​ကဲ့​သို့ ပါ​သွား၍ မြုပ်​လိမ့်​မည်​မ​ဟုတ်​လော။ 9အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​ကာ​လ​အ​ခါ မွန်း​တည့်​အ​ချိန်၌ ငါ​သည် နေ​ကို​ဝင်​စေ​မည်။ ကြည်​လင်​သော​နေ့၌ မြေ​ကြီး​ကို မိုက်​စေ​မည်။ 10သင်​တို့​ပွဲ​ခံ​ခြင်း​ကို ညည်း​တွား​ခြင်း ဖြစ်​စေ​မည်။ သီ​ချင်း​ဆို​ခြင်း​ရှိ​သ​မျှ​ကို ငို​ကြွေး​ခြင်း​ဖြစ်​စေ​မည်။ လူ​အ​ပေါင်း​တို့​သည် လျှော်​တေ​အ​ဝတ်​နှင့် ခါး​ကို​စည်း​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဆံ​ပင်​ကို ရိတ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​စီ​ရင်​မည်။ တစ်​ယောက်​တည်း​သော​သား သေ​သည်​အ​တွက် မြည်​တမ်း​ခြင်း​ကဲ့​သို့​လည်း​ကောင်း၊ အ​ဆုံး၌ ခါး​စွာ​သော နေ့​ကဲ့​သို့​လည်း​ကောင်း ငါ​ဖြစ်​စေ​မည်။
11အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မွတ်​သိပ်​ခြင်း​ဘေး​ကို တစ်​ပြည်​လုံး၌ ငါ​ဖြစ်​စေ​သော​ကာ​လ ရောက်​လိမ့်​မည်။ အ​စာ​ခေါင်း​ပါး၍ မွတ်​သိပ်​ခြင်း​ဘေး မ​ဟုတ်၊ ရေ​ငတ်​ခြင်း​ဘေး​လည်း မ​ဟုတ်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို မ​ကြား​ရ​သော မွတ်​သိပ်​ခြင်း​ဘေး ဖြစ်​လိမ့်​မည်။ 12လူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​ရှာ​လျက်၊ ပင်​လယ်​တစ်​ပါး​မှ​သည် ပင်​လယ်​တစ်​ပါး​တိုင်​အောင် လှည့်​လည်၍၊ တောင်​မြောက် ပြေး​သွား​သော်​လည်း မ​တွေ့​ရ​ကြ။ 13ထို​ကာ​လ၌ အ​ဆင်း​လှ​သော သ​တို့​သ​မီး​က​ညာ​များ​နှင့် လု​လင်​များ​တို့​သည် ရေ​ငတ်၍ မော​ကြ​လိမ့်​မည်။ 14ရှ​မာ​ရိ​အ​ပြစ်​ကို​တိုင်​တည်၍ ကျိန်​ဆို​သော​သူ၊ အို ဒန်၊ သင်၏​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ဟူ၍​လည်း​ကောင်း၊ ဗေ​ရ​ရှေ​ဘ ဘာ​သာ အ​သက်​တည်​သည်​အ​တိုင်း​ဟူ၍​လည်း​ကောင်း ဆို​သော​သူ​တို့​သည်၊ နောက်​တစ်​ဖန် မ​ထ​နိုင်​အောင်​လဲ၍ နေ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

အာမုတ် 8: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ