YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 9

9
ထာ​ဝ​ရ​ဘု​ရား​၏​စီ​ရင်​ချက်​များ
1တစ်​ဖန် ငါ​ကြည့်​ရှု၍ ဘု​ရား​ရှင်​သည် ယဇ်​ပ​လ္လင်​ပေါ်​မှာ ရပ်​လျက် မိန့်​တော်​မူ​သည်​ကား၊ ရှိ​သ​မျှ​သော​သူ​တို့၏ ခေါင်း​ပေါ်​သို့ တံ​ခါး​တိုင်​လှုပ်၍ ပြို​ကျ​စေ​ခြင်း​ငှာ တံ​ခါး​ထုပ်​ကို ရိုက်​လော့။ သူ​တို့​သား​မြေး​များ​ကို​လည်း ဓား​နှင့် ငါ​ကွပ်​မျက်​မည်။ ပြေး​သော​သူ​သည် မ​လွတ်​ရ။ လွတ်​သော​သူ​သည်​လည်း ချမ်း​သာ​ကို မ​တွေ့​ရ။ 2မ​ရ​ဏ​နိုင်​ငံ​တိုင်​အောင် တွင်း​တူး​သော်​လည်း ငါ​နုတ်​ယူ​မည်။ မိုး​ကောင်း​ကင်​သို့ တက်​သော်​လည်း ငါ​ချ​မည်။ 3က​ရ​မေ​လ​တောင်​ထိပ်၌ ပုန်း​ရှောင်​သော်​လည်း၊ ငါ​ရှာ၍ ထုတ်​မည်။ ငါ​နှင့်​လွတ်​အံ့​သော​ငှာ သ​မု​ဒ္ဒ​ရာ​အောက်၌ ပုန်း​ရှောင်​သော်​လည်း၊ ငါ​သည် န​ဂါး​ကို​မှာ​လိုက်၍ ကိုက်​စေ​မည်။ 4ရန်​သူ​တို့​သည် သိမ်း​သွား​သော်​လည်း၊ အ​ခြား​သော​အ​ရပ်၌ ငါ​သည် ဓား​ကို​မှာ​လိုက်၍ သတ်​စေ​မည်။ ကျေး​ဇူး​မ​ပြု၊ အ​ပြစ်​ပြု​ခြင်း​ငှာ​သာ ငါ​ကြည့်​ရှု​မည်။ 5ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် မြေ​ကို​ထိ​တော်​မူ​လျှင်၊ မြေ​သည် အ​ရည်​ဖြစ်၍ မြေ​သား​အ​ပေါင်း​တို့​သည် ညည်း​တွား​ကြ​လိမ့်​မည်။ မြစ်​ကဲ့​သို့ တစ်​ပြည်​လုံး​ထ​ပြီး​လျှင်၊ တစ်​ဖန် အဲ​ဂု​တ္တု​မြစ်၌ မြုပ်​သ​ကဲ့​သို့ မြုပ်​လိမ့်​မည်။ 6အ​ထက်​အ​ခန်း​တော်​တို့​ကို ကောင်း​ကင်၌​ဆောက်၍၊ အောက်​တိုက်​တော်​ကို မြေ​ကြီး​ပေါ်​မှာ တည်​တော်​မူ၏။ သ​မု​ဒ္ဒ​ရာ​ရေ​ကို​ခေါ်၍ မြေ​ကြီး​ပြင်၌ သွန်း​လောင်း​တော်​မူ၏။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။ 7အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ သင်​တို့​သည် ငါ၌ ကု​ရှ​အ​မျိုး​သား​ကဲ့​သို့ ဖြစ်​ကြ​သည်​မ​ဟုတ်​လော။ ဣ​သ​ရေ​လ​အ​မျိုး​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သ​ကဲ့​သို့၊ ဖိ​လိ​တ္တိ​လူ​တို့​ကို က​တ္တော​ရ​ပြည်​မှ​လည်း​ကောင်း၊ ရှု​ရိ​လူ​တို့​ကို ကိ​ရ​ပြည်​မှ​လည်း​ကောင်း ငါ​နုတ်​ဆောင်​ပြီ​မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 8အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် အ​ပြစ်​ရှိ​သော တိုင်း​နိုင်​ငံ​ကို ကြည့်​ရှု​လျက်၊ ထို​တိုင်း​နိုင်​ငံ​ကို မြေ​ကြီး​ပြင်​မှ ငါ​သုတ်​သင်​ပယ်​ရှင်း​မည်။ သို့​သော်​လည်း၊ ယာ​ကုပ်​အ​မျိုး​ကို ရှင်း​ရှင်း​မ​ဖျက်​ဆီး​ဟု မိန့်​တော်​မူ၏။ 9တစ်​ဖန် ငါ​အ​မိန့်​တော်​ရှိ​သ​ဖြင့် ဆန်​ကို ဆန်​ခါ​နှင့် ချ​သ​ကဲ့​သို့၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ခပ်​သိမ်း​သော​အ​မျိုး​တို့​တွင် ဆန်​ခါ​နှင့် ငါ​ချ​မည်။ ဆန်​တစ်​စေ့​မျှ မြေ​သို့​မ​ကျ​ရ။ 10ဘေး​ဥ​ပဒ်​သည် ငါ​တို့​ကို မ​မီ​နိုင်၊ မ​ဆီး​တား​နိုင်​ဟု​ဆို​လျက်၊ အ​ပြစ်​များ​သော ငါ၏​လူ​အ​ပေါင်း​တို့​သည် ဓား​ဖြင့် သေ​ရ​ကြ​လိမ့်​မည်။
ဒါ​ဝိဒ်၏​နိုင်​ငံ​ပြန်​လည်​ထူ​ထောင်​ခြင်း
11ကျန်​ကြွင်း​ရစ်​သော ဧ​ဒုံ​အ​မျိုး​သား​မှ​စ၍ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​ကို သိမ်း​ယူ​စေ​ခြင်း​ငှာ၊#တ၊ ၁၅:၁၆-၁၈။ 12လဲ​လျက်​ရှိ​သော ဒါ​ဝိဒ်၏​တဲ​ကို ထို​ကာ​လ၌ ငါ​ဆောက်​တည်​ပြန်​မည်။ အက်​ကွဲ​ရာ​များ​ကို စေ့​စပ်​မည်။ ပြို​ပျက်​ရာ​များ​ကို​လည်း ပြု​ပြင်​ပြီး​လျှင်၊ ထို​တဲ​ကို ရှေး​ကာ​လ၌​ရှိ​သ​ကဲ့​သို့ မတ်​စေ​ပြန်​မည်​ဟု၊ ဤ​အ​မှု​အ​ရာ​ကို စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​ရှိ၏။ 13ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ လယ်​ထွန်​သော​သူ​သည် စ​ပါး​ရိတ်​သော သူ​ကို​လည်း​ကောင်း၊ စ​ပျစ်​သီး​နယ်​သော​သူ​သည် မျိုး​စေ့​ကြဲ​သော သူ​ကို​လည်း​ကောင်း​မီ​လျက်၊ တောင်​တို့​မှ ချို​သော​စ​ပျစ်​ရည်​ယို၍၊ ကုန်း​ရှိ​သ​မျှ​တို့​လည်း အ​ရည်​ဖြစ်​ရ​သော​ကာ​လ ရောက်​လိမ့်​မည်။ 14သိမ်း​သွား​ခြင်း​ကို​ခံ​ရ​သော ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို တစ်​ဖန်​ငါ​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့​သည် ပျက်​စီး​သော​မြို့​များ​ကို ပြု​ပြင်၍ နေ​ကြ​လိမ့်​မည်။ စ​ပျစ်​ဥ​ယျာဉ်​များ​ကို​စိုက်၍ စ​ပျစ်​ရည်​ကို သောက်​ကြ​လိမ့်​မည်။ လယ်​ယာ​များ​ကို ပြု​စု၍ အ​သီး​တို့​ကို စား​ကြ​လိမ့်​မည်။ 15သူ​တို့​ကို နေ​ရင်း​အ​ရပ်၌ ငါ​စိုက်​ထား​မည်။ ငါ​ပေး​သော​ပြည်​မှ နောက်​တစ်​ဖန် အ​ဘယ်​သူ​မျှ မ​နုတ်​ရ​ဟု၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ပ​ရော​ဖက်​အာ​မုတ်​စီ​ရင်​ရေး​ထား​သော​အ​နာ​ဂ​တ္တိ​ကျမ်း​ပြီး၏။

လက်ရှိရွေးချယ်ထားမှု

အာမုတ် 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ