YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ်အနာဂတ္တိကျမ်း 8:6-10

အာမုတ်အနာဂတ္တိကျမ်း 8:6-10 MSBU

ဆင်းရဲသား​တို့​ကို ငွေ​ဖြင့်​၊ နွမ်းပါး​သူ​တို့​ကို ဖိနပ်​တစ်​ရံ​ဖြင့် ကုန်သွယ်​ကြ​မည်​။ ဂျုံစပါး​အဖျင်း​ကို ရောင်းစား​မည်”​ဟု ဆို​တတ်​ကြ​၏​။ ထာဝရဘုရား​သည် ယာကုပ်​၏​မာန​ကြောင့် ဤသို့ ကျိန်ဆို​တော်မူ​ပြီ​။ “သူ​တို့​ပြု​သော​အမှု​တို့​ကို ငါ ဘယ်တော့မှ​မ​မေ့​။ ထို​အကြောင်း​ကြောင့် ပြည်​သည် ထိတ်လန့်တုန်လှုပ်​၍ ပြည်သား​တို့​လည်း ငိုကြွေးမြည်တမ်း​ရ​မည် မ​ဟုတ်​လော​။ တစ်ပြည်လုံး​သည် နိုင်း​မြစ်​ကဲ့သို့ လှိုင်းထ​ပြီး အီဂျစ်​မြစ်ရေ​ကဲ့သို့ လှုပ်ခါ​၍ ပြန်​ဆုတ်သွား​လိမ့်မည် မ​ဟုတ်​လော​။ ထို​နေ့ရက်​တွင် မွန်းတည့်ချိန်​၌ နေ​ဝင်​စေ​မည်​။ နေသာ​သော​နေ့​တွင် မြေကြီး​ကို မှောင်မိုက်​စေ​မည်​။ ထို့ပြင် သင်​တို့​၏​ပျော်ပွဲ​များ​ကို ငိုပွဲ​များ ဖြစ်စေ​မည်​။ သင်​တို့​၏​သီချင်း​များ​ကို ငိုချင်း ဖြစ်စေ​မည်​။ သင်​တို့​အားလုံး​ကို လျှော်တေ​ဝတ်​စေ​၍ ခေါင်းတုံး ဖြစ်စေ​မည်​။ တစ်ဦးတည်း​သော​သား​အတွက် ငိုကြွေးမြည်တမ်း​ရ​သကဲ့သို့ ဖြစ်စေ​မည်​။ နိဂုံး​သည်​လည်း ခါးသီး​သော​နေ့ရက် ဖြစ်​လိမ့်မည်”​ဟု ဘုရားရှင်​ထာဝရဘုရား​မိန့်​တော်မူ​၏​။