YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 6:1-7

အာမုတ် 6:1-7 Judson Bible (JBMLE)

ဇိ​အုန်​မြို့၌ ငြိမ်​ဝပ်​စွာ​နေ​သော​သူ၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ စိုး​ရိမ်​ခြင်း​နှင့် ကင်း​လွတ်​လျက်​နေ​သော​သူ၊ လူ​မျိုး​တို့​တွင် အထွတ်​အ​မြတ်​ဟူ၍ ခေါ်​ဝေါ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​ဆည်း​ကပ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ ရှိ​ကြ၏။ ကာ​လ​နေ​မြို့​သို့ သွား၍ ကြည့်​ရှု​ကြ​လော့။ ထို​မြို့​မှ ဟာ​မတ်​ကြီး​မြို့​သို့​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​နေ​သော ဂါ​သ​မြို့​သို့​လည်း​ကောင်း သွား​ကြ​လော့။ ထို​နိုင်​ငံ​တို့​သည် ဤ​နိုင်​ငံ​တို့​ထက် သာ၍ ကောင်း​သ​လော။ သူ​တို့​နယ်​အ​ပိုင်း​အ​ခြား​သည် သင်​တို့ နယ်​အ​ပိုင်း​အ​ခြား​ထက် သာ၍ ကျယ်​သ​လော။ ဆိုး​ယုတ်​သော နေ့​ရက်​ကို ရွှေ့၍၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​ရာ​ပ​လ္လင်​ကို အ​နီး​မှာ​တည်​စေ​ခြင်း၊ ဆင်​စွယ်​ခု​တင်​ပေါ်​မှာ​အိပ်၍ မွေ့​ရာ​ပေါ်​မှာ​လျောင်း​ခြင်း၊ သိုး​စု​ထဲ​က သိုး​သ​ငယ်​တို့​ကို​လည်း​ကောင်း၊ နွား​တင်း​ကုပ်​ထဲ​က နွား​သ​ငယ်​တို့​ကို​လည်း​ကောင်း ယူ၍​စား​ခြင်း၊ တ​ယော​ထိုး​သံ​နှင့်​ပြိုင်​လျက် သီ​ချင်း​ဆို​ခြင်း၊ တီး​မှုတ်​ရာ တူ​ရိ​ယာ​မျိုး​အ​သစ်​ကို ဒါ​ဝိဒ်​မင်း​ရှာ၍ လုပ်​သ​ကဲ့​သို့ လုပ်​ခြင်း၊ စ​ပျစ်​ရည်​ကို ဖ​လား​နှင့်​သောက်၍၊ အ​ဖိုး​ထိုက်​သော နံ့​သာ​ဆီ​နှင့် လိမ်း​ခြင်း​တို့​ကို​ပြု၍၊ ယော​သပ်​အ​မျိုး ဆင်း​ရဲ​ခံ​ရ​သည်​ကို စိတ်​မ​နာ​ကျင်​ဘဲ​နေ​သော၊ ထို​သူ​တို့​သည် အ​ဦး​ဆုံး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​နှင့်​အ​တူ ပါ​သွား​ကြ​လိမ့်​မည်။ လျောင်း၍​နေ​သော​သူ​တို့၏ ပွဲ​သည်​လည်း ကွယ်​ပျောက်​ရ​လိမ့်​မည်။

အာမုတ် 6:1-7 Common Language Bible (BCL)

ဇိ​အုန်​မြို့​၌​သက်​တောင့်​သက်​သာ​စွာ​ဇိမ်​ခံ နေ​ကြ​သူ​တို့၊ ရှ​မာ​ရိ​တောင်​ပေါ်​တွင်​လုံ​လုံ ခြုံ​ခြုံ​နှင့်​စံ​မြန်း​နေ​ကြ​သူ​တို့၊ ပြည်​သူ များ​က​အ​သ​နား​ခံ​နေ​ရ​သူ​တို့၊ လူ​မျိုး များ​ထဲ​မှ​အ​ထွတ်​အ​မြတ်​ဖြစ်​သော​ဣ​သ ရေ​လ​လူ​မျိုး​တော်​တို့၊ သင်​တို့​သည်​အ​ရှက် တ​ကွဲ​အ​ကျိုး​နည်း​ဖြစ်​ရ​တော့​မည်။- ကာ​လ​နေ​မြို့​သို့​သွား​ပြီး​ရှု​လော့။ ထို​မှ တစ်​ဖန်​ဟာ​မတ်​မြို့​သို့​လည်း​ကောင်း၊ ဖိ​လိတ္တိ မြို့​ဂါ​သ​သို့​လည်း​ကောင်း​သွား​ဦး​လော့။ ထို နိုင်​ငံ​များ​သည်​ယု​ဒ​နှင့်​ဣ​သ​ရေ​လ​နိုင်​ငံ တို့​ထက်​သာ​သ​လော။ သူ​တို့​နယ်​မြေ​သည် သင်​တို့​နယ်​မြေ​ထက်​ပို​၍​ကျယ်​သ​လော။- ဆိုး​ယုတ်​သော​နေ့​ကာ​လ​ကျ​ရောက်​တော့​မည် ကို​သင်​တို့​ဝန်​မ​ခံ​လို​ကြ။ သင်​တို့​ပြု​ပုံ​သည် အ​ကြမ်း​ဖက်​မှု​ကို​သာ​အား​ပေး​ရာ​ရောက် နေ​၏။- ဆင်​စွယ်​ကု​တင်​များ​၌​လဲ​လျောင်း​နေ​ကြ သူ​တို့၊ သိုး​ငယ်​နွား​ငယ်​တို့​၏​အ​သား​နု​ကို စား​ပြီး​ဖဲ​မွေ့​ရာ​ပေါ်​၌​လျောင်း​ကာ​အ​ကြော ဆန့်​နေ​ကြ​သူ​တို့၊ သင်​တို့​သည်​အ​ရှက်​တ​ကွဲ အ​ကျိုး​နည်း​ဖြစ်​ရ​တော့​မည်။- သင်​တို့​သည်​ဒါ​ဝိဒ်​ကဲ့​သို့​သီ​ချင်း​များ​စပ် ဆို​ပြီး​စောင်း​ကောက်​တီး​ကာ​သီ​ဆို​လို ကြ​၏။- စ​ပျစ်​ရည်​ကို​ဖ​လား​လိုက်​သောက်​၍​အ​ကောင်း ဆုံး​ဆီ​မွှေး​ကို​လိမ်း​ကာ​ဖြင့်​နေ​ကြ​၏။ ဣ​သ ရေ​လ​နိုင်​ငံ​ယို​ယွင်း​နေ​ခြင်း​ကို​မူ​မ​ကြေ ကွဲ​ဘဲ​နေ​ရက်​ကြ​ပြီ​တ​ကား။- သို့​ဖြစ်​သော​ကြောင့်​ပြည်​နှင်​ခံ​ရ​သူ​များ​အ​နက် သင်​တို့​သည်​အ​ဦး​ဆုံး​ဖြစ်​လိမ့်​မည်။ ဤ​သို့​ဖြင့် သင်​တို့​ဘာ​သာ​ရေး​ပွဲ​များ​နှင့် စား​တော်​ပွဲ​များ သည်​နိ​ဂုံး​ချုပ်​ရ​လိမ့်​မည်။

အာမုတ် 6:1-7 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အစ္စရေး​အမျိုးအနွယ်​တို့ လာရောက်​ခစား​ရ​သူ​၊ လူမျိုးတကာ​တို့​တွင် ထင်ပေါ်ကျော်ကြား​သော​သူ​များ​ဖြစ်​သော ဇိအုန်​မြို့​တွင် ဇိမ်ခံ​နေ​သူ​၊ ရှမာရိ​တောင်​ပေါ်တွင် စိတ်အေးလက်အေး​နေထိုင်​သူ​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ ကာလနေ​မြို့​သို့ သွား​လော့​။ ထိုမှ ဟာမတ်​မြို့ကြီး​သို့ သွား​ပြီး ဖိလိတ္တိ​ပြည်​၊ ဂါသ​မြို့​အထိ ဆင်းသွား​၍​ကြည့်​ကြ​လော့​။ ဤ​ပြည်​တို့​သည် သင်​တို့​၏​ပြည်​ထက် သာ၍​ကောင်း​သလော​။ သူ​တို့​၏​နယ်မြေ​သည် သင်​တို့​၏​နယ်မြေ​ထက် သာ၍​ကျယ်ပြန့်​သလော​။ သင်​တို့​သည် ဒုက္ခ​နေ့ရက်​ကို အရေးမစိုက်​။ အကြမ်းဖက်မှု​ကို နေရာ​ပေး​ဖိတ်ခေါ်​သူ​များ​ဖြစ်​ကြ​၏​။ သင်​တို့​သည် ဆင်စွယ်​ခုတင်​တွင် အိပ်​လျက်​၊ ညောင်စောင်း​ပေါ်တွင် လဲလျောင်း​လျက်​၊ သိုးအုပ်​ထဲမှ​သိုးသငယ်​များ​နှင့် တင်းကုပ်​ထဲ​မှ​နွားသငယ်​များ​ကို သတ်စား​လျက်​၊ စောင်းပြား​တီး​ပြီး သီချင်းဆို​လျက်​၊ ဒါဝိဒ်​ကဲ့သို့ သီချင်း​ရေးစပ်​လျက်​၊ ယောသပ်​အမျိုး​ပျက်စီး​သွား​သည်​ကို ဝမ်း​မ​နည်း​ဘဲ အကောင်းဆုံး​ဆီမွှေး​ကို​လိမ်းကျံ​ပြီး စပျစ်ဝိုင်​ကို ဖလား​လိုက်​သောက်​လျက်​နေ​ကြ​၏​။ ထို့ကြောင့် ယခု သူ​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​တွင် ထိပ်ဆုံး​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်​။ သူ​တို့​ပျော်ပါး​ခဲ့​သော​ပွဲ​များ​သည်​လည်း အဆုံးသတ်​ရ​လိမ့်မည်​။