YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ်အနာဂတ္တိကျမ်း 6

6
စိတ်အေးလက်အေးနေထိုင်သူတို့သည် အမင်္ဂလာရှိ၏
1အစ္စရေး​အမျိုးအနွယ်​တို့ လာရောက်​ခစား​ရ​သူ​၊ လူမျိုးတကာ​တို့​တွင် ထင်ပေါ်ကျော်ကြား​သော​သူ​များ​ဖြစ်​သော ဇိအုန်​မြို့​တွင် ဇိမ်ခံ​နေ​သူ​၊ ရှမာရိ​တောင်​ပေါ်တွင် စိတ်အေးလက်အေး​နေထိုင်​သူ​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ 2ကာလနေ​မြို့​သို့ သွား​လော့​။ ထိုမှ ဟာမတ်​မြို့ကြီး​သို့ သွား​ပြီး ဖိလိတ္တိ​ပြည်​၊ ဂါသ​မြို့​အထိ ဆင်းသွား​၍​ကြည့်​ကြ​လော့​။ ဤ​ပြည်​တို့​သည် သင်​တို့​၏​ပြည်​ထက် သာ၍​ကောင်း​သလော​။ သူ​တို့​၏​နယ်မြေ​သည် သင်​တို့​၏​နယ်မြေ​ထက် သာ၍​ကျယ်ပြန့်​သလော​။ 3သင်​တို့​သည် ဒုက္ခ​နေ့ရက်​ကို အရေးမစိုက်​။ အကြမ်းဖက်မှု​ကို နေရာ​ပေး​ဖိတ်ခေါ်​သူ​များ​ဖြစ်​ကြ​၏​။ 4သင်​တို့​သည် ဆင်စွယ်​ခုတင်​တွင် အိပ်​လျက်​၊ ညောင်စောင်း​ပေါ်တွင် လဲလျောင်း​လျက်​၊ သိုးအုပ်​ထဲမှ​သိုးသငယ်​များ​နှင့် တင်းကုပ်​ထဲ​မှ​နွားသငယ်​များ​ကို သတ်စား​လျက်​၊ 5စောင်းပြား​တီး​ပြီး သီချင်းဆို​လျက်​၊ ဒါဝိဒ်​ကဲ့သို့ သီချင်း​ရေးစပ်​လျက်​၊ 6ယောသပ်​အမျိုး​ပျက်စီး​သွား​သည်​ကို ဝမ်း​မ​နည်း​ဘဲ အကောင်းဆုံး​ဆီမွှေး​ကို​လိမ်းကျံ​ပြီး စပျစ်ဝိုင်​ကို ဖလား​လိုက်​သောက်​လျက်​နေ​ကြ​၏​။ 7ထို့ကြောင့် ယခု သူ​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​တွင် ထိပ်ဆုံး​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်​။ သူ​တို့​ပျော်ပါး​ခဲ့​သော​ပွဲ​များ​သည်​လည်း အဆုံးသတ်​ရ​လိမ့်မည်​။
အစ္စရေး၏မာနကို ချိုးနှိမ်ပစ်ခြင်း
8ဘုရားရှင်​ထာဝရဘုရား​သည် မိမိကိုယ်ကို​တိုင်တည်ကျိန်ဆို​တော်မူ​ပြီ​။ ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​က “ယာကုပ်​၏​မာန​ကို ငါ​ရွံရှာ​၏​။ သူ​၏​ခံတပ်​များ​ကို​လည်း ငါ​မုန်း​၏​။ ထို့ကြောင့် မြို့​နှင့်တကွ မြို့​ထဲ​ရှိသမျှ​တို့​ကို ရန်သူ​လက်​သို့​အပ်ပစ်​မည်”​ဟု မိန့်​တော်မူ​၏​။ 9အိမ်​တစ်​အိမ်​တွင် လူ​ဆယ်​ယောက်​ကျန်​လျှင် အားလုံး​သေ​ရ​မည်​။ 10သေဆုံးသူ​နှင့်​ဆွေမျိုး​တော်​သည့် အလောင်း​မီးသင်္ဂြိုဟ်​သူ​က အရိုး​တို့​ကို အိမ်​မှ ထုတ်ယူ​လာ​ပြီး အိမ်​ထဲရှိ​သူ​အား “​အထဲ​မှာ လူ​ကျန်​သေး​သလော​”​ဟု မေး​လျှင် ထို​သူ​က “​မကျန်​ပါ​”​ဟု ဆို​၏​။ ထို့နောက် သူ​က “​တိတ်တိတ်နေ​ပါ​။ ထာဝရဘုရား​၏​နာမ​ကို ဖွင့်ဟ​မ​ပြောဆို​ရ​”​ဟု ဆို​လိမ့်မည်​။ 11ကြည့်ရှု​လော့​။ ထာဝရဘုရား​အမိန့်​တော်​ရှိ​၏​။ အိမ်ကြီးအိမ်ကောင်း​များ အပိုင်းပိုင်း​ပြတ်​လိမ့်မည်​။ အိမ်​ငယ်​များ​လည်း တစ်စစီ​ဖြစ်​လိမ့်မည်​။ 12မြင်း​တို့​သည် ကျောက်ဆောင်​ပေါ်တွင် ပြေး​တတ်​သလော​။ နွား​ဖြင့်​ယှဉ်​၍ ထွန်ယက်​တတ်​သလော​။ သင်​တို့​သည် တရားမျှတ​ခြင်း​ကို အဆိပ်​ဖြစ်​စေ​ပြီ​။ ဖြောင့်မတ်​ခြင်း​၏​အသီး​ကို​လည်း ခါးသီး​စေ​ပြီ​။ 13“​ငါ​တို့​အင်အား​ဖြင့် ကာနိမ်#6:13 “ဦးချို”ဟူသောအဓိပ္ပာယ်ရှိ၏။​မြို့​ကို ငါ​တို့​သိမ်းယူ​နိုင်​ပြီ​”​ဟု ဆို​လျက် လောဒေဗာ#6:13 “ဘာမျှမရှိ”ဟူသောအဓိပ္ပာယ်ရှိ၏။​မြို့​တွင် သင်​တို့​ဝမ်းမြောက်​ကြ​၏​။ 14“အို အစ္စရေး​အမျိုးအနွယ်​တို့​၊ ကြည့်ရှု​လော့​။ သင်​တို့​ကို ဆန့်ကျင်​မည့်​လူမျိုး​တစ်​မျိုး​ကို ငါ​ပေါ်ထွန်း​စေ​မည်​။ သူ​တို့​သည် သင်​တို့​ကို လီဘို​ဟာမတ်​မြို့​မှ အရာဗ​လွင်ပြင်​တိုင်အောင် လိုက်လံညှဉ်းဆဲ​ကြ​လိမ့်မည်”​ဟု ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား မိန့်​တော်မူ​၏​။

လက်ရှိရွေးချယ်ထားမှု

အာမုတ်အနာဂတ္တိကျမ်း 6: MSBU

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ