YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 6

6
ဣ​သ​ရေ​လ​နိုင်​ငံ​ပျက်​စီး​ခြင်း
1ဇိ​အုန်​မြို့၌ ငြိမ်​ဝပ်​စွာ​နေ​သော​သူ၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ စိုး​ရိမ်​ခြင်း​နှင့် ကင်း​လွတ်​လျက်​နေ​သော​သူ၊ လူ​မျိုး​တို့​တွင် အထွတ်​အ​မြတ်​ဟူ၍ ခေါ်​ဝေါ်​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး​ဆည်း​ကပ်​သော​သူ​တို့​သည် အ​မင်္ဂ​လာ ရှိ​ကြ၏။ 2ကာ​လ​နေ​မြို့​သို့ သွား၍ ကြည့်​ရှု​ကြ​လော့။ ထို​မြို့​မှ ဟာ​မတ်​ကြီး​မြို့​သို့​လည်း​ကောင်း၊ ဖိ​လိ​တ္တိ​လူ​တို့​နေ​သော ဂါ​သ​မြို့​သို့​လည်း​ကောင်း သွား​ကြ​လော့။ ထို​နိုင်​ငံ​တို့​သည် ဤ​နိုင်​ငံ​တို့​ထက် သာ၍ ကောင်း​သ​လော။ သူ​တို့​နယ်​အ​ပိုင်း​အ​ခြား​သည် သင်​တို့ နယ်​အ​ပိုင်း​အ​ခြား​ထက် သာ၍ ကျယ်​သ​လော။ 3ဆိုး​ယုတ်​သော နေ့​ရက်​ကို ရွှေ့၍၊ မ​တ​ရား​သ​ဖြင့် စီ​ရင်​ရာ​ပ​လ္လင်​ကို အ​နီး​မှာ​တည်​စေ​ခြင်း၊ 4ဆင်​စွယ်​ခု​တင်​ပေါ်​မှာ​အိပ်၍ မွေ့​ရာ​ပေါ်​မှာ​လျောင်း​ခြင်း၊ သိုး​စု​ထဲ​က သိုး​သ​ငယ်​တို့​ကို​လည်း​ကောင်း၊ နွား​တင်း​ကုပ်​ထဲ​က နွား​သ​ငယ်​တို့​ကို​လည်း​ကောင်း ယူ၍​စား​ခြင်း၊ 5တ​ယော​ထိုး​သံ​နှင့်​ပြိုင်​လျက် သီ​ချင်း​ဆို​ခြင်း၊ တီး​မှုတ်​ရာ တူ​ရိ​ယာ​မျိုး​အ​သစ်​ကို ဒါ​ဝိဒ်​မင်း​ရှာ၍ လုပ်​သ​ကဲ့​သို့ လုပ်​ခြင်း၊ 6စ​ပျစ်​ရည်​ကို ဖ​လား​နှင့်​သောက်၍၊ အ​ဖိုး​ထိုက်​သော နံ့​သာ​ဆီ​နှင့် လိမ်း​ခြင်း​တို့​ကို​ပြု၍၊ ယော​သပ်​အ​မျိုး ဆင်း​ရဲ​ခံ​ရ​သည်​ကို စိတ်​မ​နာ​ကျင်​ဘဲ​နေ​သော၊ 7ထို​သူ​တို့​သည် အ​ဦး​ဆုံး​သိမ်း​သွား​ခြင်း​ကို ခံ​ရ​သော​သူ​တို့​နှင့်​အ​တူ ပါ​သွား​ကြ​လိမ့်​မည်။ လျောင်း၍​နေ​သော​သူ​တို့၏ ပွဲ​သည်​လည်း ကွယ်​ပျောက်​ရ​လိမ့်​မည်။
8ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​ကို​တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ ယာ​ကုပ်၏​မာ​န​ကို​ငါ​ရွံ​ရှာ၍ သူ၏​ဘုံ​ဗိ​မာန်​တို့​ကို မုန်း​သော​ကြောင့်၊ မြို့​တော်​နှင့် မြို့၌​ရှိ​သ​မျှ​ကို ငါ​စွန့်​ပစ်​မည်။ 9အိမ်​တစ်​ဆောင်​တွင် လူ​တစ်​ကျိပ်​ကျန်​ကြွင်း​သော်​လည်း သေ​ကြ​လိမ့်​မည်။ 10ပေါက်​ဖော်​တော်၍ မီး​ဖြင့် သင်္ဂြိုဟ်​ရ​သော​သူ​သည် အိမ်​ထဲ​က​အ​သေ​ကောင်​ကို​ထုတ်၍ ချီ​သွား​သော​အ​ခါ၊ အိမ်​အ​တွင်း​တွင်​ရှိ​သော သူ​ကို​ခေါ်၍၊ သင်၌ တစ်​စုံ​တစ်​ယောက် ကျန်​ကြွင်း​သေး​သ​လော​ဟု မေး​သော်၊ မ​ကျန်​ကြွင်း​ဟု ပြန်​ပြော​လိမ့်​မည်။ ထမ်း​သွား​သော​သူ​က​လည်း၊ တိတ်​ဆိတ်​စွာ​နေ​လော့။ ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ကို ချီး​မွမ်း​ရ​သော အ​ခွင့်​မ​ရှိ​ဟု ပြော​ဆို​လိမ့်​မည်။ 11အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​သ​ဖြင့်၊ အိမ်​ကြီး​ကို​ဖြို၍ အိမ်​ငယ်​ကို​လည်း ကွဲ​စေ​တော်​မူ​လိမ့်​မည်။ 12မြင်း​သည် ကျောက်​ပေါ်​မှာ ပြေး​တတ်​သ​လော။ လူ​သည် ကျောက်​ပေါ်​မှာ နွား​နှင့် ထွန်​တတ်​သ​လော။ သင်​တို့​သည်​တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ခါး​စွာ​သော သစ်​ရွက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ကို ဒေါ​န​ရွက် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ပြု​ကြ​သည်​တ​ကား။ 13အ​ချည်း​နှီး​သော​အ​ရာ၌ ဝါ​ကြွား​ဝမ်း​မြောက်၍၊ ငါ​တို့​သည် ကိုယ်​အ​စွမ်း​သ​တ္တိ​အား​ဖြင့် အာ​ဏာ​ကို​သိမ်း​ယူ​ပြီ​မ​ဟုတ်​လော​ဟု ဆို​တတ်​ကြ​သည်​တ​ကား။ 14အ​ကယ်​စင်​စစ်၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​တစ်​ဖက်၌ လူ​တစ်​မျိုး​ကို ငါ​ထ​စေ၍၊ ထို​လူ​မျိုး​သည် ဟာ​မတ်​မြို့​လမ်း​ဝ​မှ​စ၍ တော၌​ရှိ​သော မြစ်​တိုင်​အောင် သင်​တို့​ကို ညှဉ်း​ဆဲ​လိမ့်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

အာမုတ် 6: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ