YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 5

5
နောင်​တ​ရ​ရန်​ဖိတ်​ခေါ်​ခြင်း
1အို ဣ​သ​ရေ​လ​အ​မျိုး၊ ယ​ခု​သင်​တို့၌ ငါ​မြွက်​ဆို၍ မြည်​တမ်း​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။ 2ဣ​သ​ရေ​လ သ​တို့​သ​မီး​က​ညာ​သည် လဲ​ပြီ။ နောက်​တစ်​ဖန် မ​ထ​ရ။ မိ​မိ​မြေ​ပေါ်​မှာ တုံး​လုံး​နေ၏။ ချီ​ကြွ​သော​သူ​မ​ရှိ။ 3အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး၏​အ​မှု​ကို​ထမ်း​စေ​ဖို့ လူ​တစ်​ထောင်​ကို ပေး​နိုင်​သော​မြို့​သည် လူ​တစ်​ရာ၊ တစ်​ရာ​ကို​ပေး​နိုင်​သော​မြို့​သည် တစ်​ကျိပ်​ကို​သာ ပေး​နိုင်​လိမ့်​မည်။ 4ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​အား မိန့်​တော်​မူ​သည်​ကား၊ ငါ့​ကို ရှာ​ကြ​လော့။ ရှာ​လျှင် အ​သက်​ချမ်း​သာ​ရ​ကြ​လိမ့်​မည်။ 5ဗေ​သ​လ​မြို့​ကို မ​ရှာ​ကြ​နှင့်။ ဂိ​လ​ဂါ​လ​မြို့​သို့ မ​ဝင်​ကြ​နှင့်။ ဗေ​ရ​ရှေ​ဘ​မြို့​သို့ မ​သွား​ကြ​နှင့်။ အ​ကြောင်း​မူ​ကား၊ ဂိ​လ​ဂါ​လ​မြို့​သည် ဆက်​ဆက် သိမ်း​သွား​ခြင်း​ကို ခံ​ရ​လိမ့်​မည်။ ဗေ​သ​လ​မြို့​သည်​လည်း၊ အ​ကျိုး​နည်း ရှိ​ရ​လိမ့်​မည်။ 6ထာ​ဝ​ရ​ဘု​ရား​ကို ရှာ​ကြ​လော့။ ရှာ​လျှင် အ​သက်​ချမ်း​သာ ရ​ကြ​လိမ့်​မည်။ သို့​မ​ဟုတ်​လျှင်၊ ယော​သပ်​အ​မျိုး​အ​ပေါ်​မှာ မီး​ကဲ့​သို့​တက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး​ကို လောင်​စေ​တော်​မူ​မည်။ 7တ​ရား​သ​ဖြင့်​စီ​ရင်​ခြင်း​ကို ဒေါ​န​ဖြစ်​စေ၍ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို မြေ​သို့​ချ​ကြ​ပြီး​သော​သူ​တို့၊ 8ခိ​မ​ကြယ်​စု​နှင့် ခ​သိ​လ​ကြယ်​ကို ဖန်​ဆင်း​ထ​သော၊ သေ​မင်း​အ​ရိပ်​ကို နံ​နက်​အ​လင်း ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ နေ့​အ​လင်း​ကို ည​အ​မိုက်​ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း စီ​ရင်​ထ​သော၊ ပင်​လယ်​ရေ​ကို​ခေါ်၍ မြေ​ပေါ်​မှာ သွန်း​လောင်း​ထ​သော၊ ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​ထ​သော၊#ယော​ဘ၊ ၉:၉၊ ၃၈:၃၁။ 9ခွန်​အား​ကြီး​သော သူ​တို့​ကို​လည်း​ကောင်း၊ ရဲ​တိုက်​တို့​ကို​လည်း​ကောင်း ဖျက်​ဆီး​တော်​မူ​သော ဘု​ရား​ကို ရှာ​ကြ​လော့။ 10မြို့​တံ​ခါး​ဝ​တွင် ဆုံး​မ​တတ်​သော​သူ​ကို မုန်း၍ ဖြောင့်​မတ်​စွာ ပြော​တတ်​သော​သူ​ကို ရွံ​ရှာ​ကြ​ပြီ​တ​ကား။
11သင်​တို့​သည် ဆင်း​ရဲ​သား​ကို​နှိပ်​စက်၍ ဂျုံ​စ​ပါး​ကို တောင်း​ခံ​တတ်​သော​ကြောင့်၊ ဆစ်​သော​ကျောက်​နှင့် တိုက်​ကို​တည်​သော်​လည်း ထို​တိုက်၌ မ​နေ​ရ​ကြ။ နှစ်​သက်​ဖွယ်​သော စ​ပျစ်​ဥ​ယျာဉ်​ကို စိုက်​သော်​လည်း၊ စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။ 12သင်​တို့ အ​ထပ်​ထပ် လွန်​ကျူး​သော​ဒု​စ​ရိုက်၊ အ​လွန်​လေး​သော အ​ပြစ်​တို့​ကို ငါ​သိ၏။ ဖြောင့်​မတ်​သော​သူ​ကို နှောင့်​ယှက်​တတ်​ကြ၏။ တံ​စိုး​စား​တတ်​ကြ၏။ ဆင်း​ရဲ​သား​ကို တံ​ခါး​ဝ​တွင် မ​တ​ရား​သ​ဖြင့် စီ​ရင်​တတ်​ကြ၏။ 13ထို​သို့​သော​ကာ​လ​သည် ဆိုး​ယုတ်​သော​ကာ​လ ဖြစ်​သော​ကြောင့်၊ ပ​ညာ​ရှိ​သော​သူ​သည် တိတ်​ဆိတ်​စွာ နေ​လိမ့်​မည်။ 14အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ဒု​စ​ရိုက်​ကို​ရှောင်၍ သု​စ​ရိုက်​ကို ရှာ​ကြ​လော့။ ထို​သို့​ပြု​လျှင်၊ သင်​တို့​ဆို​တတ်​သည်​အ​တိုင်း၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​နှင့်​အ​တူ ရှိ​တော်​မူ​လိမ့်​မည်။ 15ဒု​စ​ရိုက်​ကို​မုန်း၍ သု​စ​ရိုက်​ကို ချစ်​ကြ​လော့။ မြို့​တံ​ခါး​ဝ​တွင် တ​ရား​ကို တည်​စေ​ကြ​လော့။ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကျန်​ကြွင်း​သော ယော​သပ်​အ​မျိုး​ကို သ​နား​ကောင်း သ​နား​တော်​မူ​လိမ့်​မည်။
16ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ခပ်​သိမ်း​သော​လမ်း​တို့၌ မြည်​တမ်း​ခြင်း​ရှိ၍ သွား​လာ​သော​သူ​တို့​က၊ အ​လို​လေး၊ အ​လို​လေး​ဟု ဆို​ကြ​လိမ့်​မည်။ လယ်​လုပ်​သော​သူ​သည် ညည်း​တွား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ မြည်​တမ်း​တတ်​သော​သူ​သည် ငို​ကြွေး​မြည်​တမ်း​စေ​ခြင်း​ငှာ​လည်း​ကောင်း ခေါ်​ကြ​လိမ့်​မည်။ 17ခပ်​သိမ်း​သော စ​ပျစ်​ဥ​ယျာဉ်​တို့၌​လည်း မြည်​တမ်း​ခြင်း​ရှိ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် သင်​တို့​အ​လယ်၌ လျှောက်​သွား​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 18ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​ကို တောင့်​တ​သော​သူ​တို့​သည် အ​မင်္ဂ​လာ​ရှိ​ကြ၏။ သင်​တို့​သည် အ​ဘယ် အ​ကျိုး​ရှိ​ကြ​လိမ့်​မည်​နည်း။ ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည် သင်​တို့၌ လင်း​သည်​မ​ဟုတ်၊ အ​မိုက်​ဖြစ်​လိမ့်​မည်။ 19လူ​သည် ခြင်္သေ့​ရှိ​ရာ​မှ​ပြေး၍ ဝံ​ကို​တွေ့​သ​ကဲ့​သို့​လည်း​ကောင်း၊ အိမ်​ထဲ​သို့​ဝင်၍ ထ​ရံ​ကို​မှီ​စဉ် မြွေ​ကိုက်​သ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။ 20ထာ​ဝ​ရ​ဘု​ရား၏​နေ့​ရက်​သည်​မ​လင်း​ဘဲ မိုက်​လိမ့်​မည်။ ထွန်း​လင်း​ခြင်း အ​လျှင်း​မ​ရှိ၊ အ​မိုက်​သက်​သက် ဖြစ်​လိမ့်​မည်။
21သင်​တို့​စောင့်​သော​ပွဲ​နေ့​တို့​ကို ငါ​မုန်း၏။ စက်​ဆုပ်​ရွံ​ရှာ၏။ ခြိုး​ခြံ​စွာ​ကျင့်​သော​နေ့​ရက်​တို့၌ ငါ​မ​မွေ့​လျော်။#ဟေ​ရှာ၊ ၁:၁၁-၁၄။ 22မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​တို့​ကို ဆက်​ကပ်​သော်​လည်း ငါ​လက်​မ​ခံ။ ဆူ​ဝ​သော​တိ​ရ​စ္ဆာန်​တို့​ကို မိတ်​သ​ဟာ​ယ​ယဇ် ပူ​ဇော်​သော်​လည်း ငါ​သည် ပ​မာ​ဏ​မ​ပြု။ 23သင်​တို့​သီ​ချင်း​ဆို​သံ​ကို ပယ်​ရှား​ကြ​လော့။ တ​ယော​ထိုး​သံ​ကို ငါ​နား​ငြီး​လှ၏။ 24တ​ရား​သ​ဖြင့် စီ​ရင်​ခြင်း​ကို ရေ​ကဲ့​သို့​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ကို မ​ပြတ်​စီး​သော မြစ်​ရေ​ကဲ့​သို့​လည်း​ကောင်း စီး​စေ​ကြ​လော့။ 25အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် ယဇ်​နှင့် ပူ​ဇော်​သ​ကာ​များ​ကို တော၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​အား​ပူ​ဇော်​ကြ​သ​လော။#တ၊ ၇:၄၂-၄၃။ 26သင်​တို့​ဘု​ရား မော​လုပ်၏​တဲ​နှင့် သင်​တို့​ဘု​ရား ခိ​အုန်၏​ကြယ်​တည်း​ဟူ​သော ကိုယ်​အ​ဖို့​လုပ်​သော​ပုံ​တို့​ကို ဆောင်​ရွက်​ကြ​ပြီ​တ​ကား။ 27ထို​ကြောင့်၊ သင်​တို့​ကို ဒ​မာ​သက်​မြို့​တစ်​ဖက်​သို့ သိမ်း​သွား​စေ​ခြင်း​ငှာ ငါ​စီ​ရင်​မည်​ဟု၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ဟူ၍ ဘွဲ့​နာ​မ​ရှိ​သော ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

အာမုတ် 5: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ