YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 4

4
1ဆင်း​ရဲ​သော​သူ​တို့​ကို ညှဉ်း​ဆဲ​လျက်၊ ငတ်​မွတ်​သော​သူ​တို့​ကို နှိပ်​စက်​လျက်၊ မိ​မိ​သ​ခင်​တို့​အား ငါ​တို့​သောက်​ဖို့​ယူ​ခဲ့​ကြ​ဟု ဆို​တတ်​လျက်၊ ရှ​မာ​ရိ​တောင်​ပေါ်​မှာ​နေ​သော ဗာ​ရှန်​နွား​တို့၊ ဤ​စ​ကား​တော်​ကို နား​ထောင်​ကြ​လော့။ 2အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​သန့်​ရှင်း​ခြင်း ပါ​ရ​မီ​တော်​ကို တိုင်​တည်၍ ကျိန်​ဆို​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​ကို ငါး​မျှား​နှင့်​လည်း​ကောင်း၊ သင်​တို့​သား​မြေး​တို့​ကို ပိုက်​ကွန်​နှင့်​လည်း​ကောင်း ဖမ်း​ဆီး​ယူ​သွား​ရ​သော​ကာ​လ ရောက်​လိမ့်​မည်။ 3သင်​တို့​သည် အ​သီး​အ​သီး​ကိုယ်​စီ​တွေ့​သော အ​ပေါက်​ဖြင့်​ထွက်၍ ရဲ​တိုက်​ထဲ​သို့ ချ​ခြင်း​ကို​ခံ​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
ဣ​သ​ရေ​လ​တို့​၏ပြစ်မှား​ခြင်း
4ဗေ​သ​လ​မြို့​သို့​သွား၍ ပြစ်​မှား​ကြ​လော့။ ဂိ​လ​ဂါ​လ​မြို့​သို့​လည်း သွား၍ များ​စွာ​သော​ပြစ်​မှား​ခြင်း​ကို ပြု​ကြ​လော့။ နံ​နက်​တိုင်း ပူ​ဇော်​သော​ယဇ်​ကို​လည်း​ကောင်း၊ သုံး​နှစ်​တစ်​ခါ ဥ​စ္စာ​ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ကောင်း ဆောင်​ခဲ့​ကြ​လော့။ 5လု​ယူ​သော​ဥ​စ္စာ​ထဲ​က ကျေး​ဇူး​ချီး​မွမ်း​ရာ ပူ​ဇော်​သ​ကာ​ကို မီး​ရှို့​ကြ​လော့။ အ​လို​လို​ပြု​သော ပူ​ဇော်​သ​ကာ​များ​ကို​လည်း ကြား​ပြော၍ ကြော်​ငြာ​စေ​ကြ​လော့။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ထို​သို့​ပြု​ရာ​တွင် သင်​တို့​သည် မွေ့​လျော်​တတ်​ကြ​သည်​ဟု အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
6ငါ​သည်​လည်း၊ သင်​တို့​မြို့​ရွာ ရှိ​သ​မျှ​တို့၌ သွား​တို့၏​စင်​ကြယ်​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​နေ​ရာ အ​ရပ်​ရှိ​သ​မျှ​တို့၌ အ​စာ​ခေါင်း​ပါး​ခြင်း​ကို​လည်း​ကောင်း ပေး​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့​ပြန်၍ မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 7စ​ပါး​ရိတ်​ရာ​ကာ​လ မ​ရောက်​မီ သုံး​လ​အ​ထက်​က၊ မိုး​မ​ရွာ​စေ​ခြင်း​ငှာ မိုး​ကို​ငါ​ဆီး​တား​ပြီ။ မြို့​တစ်​မြို့​ပေါ်​မှာ ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တစ်​မြို့​ပေါ်​မှာ မ​ရွာ​စေ​ခြင်း​ငှာ​လည်း​ကောင်း​ပြု​လျက်၊ မြေ​တစ်​ကွက်​သည် မိုး​ရေ​ကို​ခံ​ရ၍ တစ်​ကွက်​သည် မ​ခံ​ရ၊ သွေ့​ခြောက်​လျက်​နေ​ရ၏။ 8ထို​သို့ မြို့​နှစ်​မြို့​သုံး​မြို့​သား​တို့​သည် ရေ​သောက်​ခြင်း​ငှာ မြို့​တစ်​မြို့​သို့​သွား​ရ၍ မ​ဝ​ရ​ကြ။ သို့​သော်​လည်း၊ သင်​တို့​သည် ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 9လေ​ထိ၍ အ​ပင်​သေ​ခြင်း၊ အ​ရည်​ယို၍​သေ​ခြင်း​ဘေး​ဖြင့် ငါ​သည်​ဒဏ်​ခတ်​လေ​ပြီ။ သင်​တို့၌ များ​ပြား​သော​လယ်​ယာ၊ စ​ပျစ်​ဥ​ယျာဉ်၊ သင်္ဘော​သ​ဖန်း​ပင်၊ သံ​လွင်​ပင်​တို့​ကို ကျိုင်း​ကောင်​တို့​သည် ကိုက်​စား​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 10အဲ​ဂု​တ္တု​ပြည်​ခံ​ရ​သော ကာ​လ​နာ​ဘေး​ကို သင်​တို့​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​လေ​ပြီ။ လု​လင်​တို့​ကို ဓား​ဖြင့် ကွပ်​မျက်​စေ​ပြီ။ မြင်း​တို့​ကို သိမ်း​သွား​စေ​ပြီ။ သင်​တို့​တပ်၌ ပုပ်​စပ်​သော​အ​နံ့​ကို သင်​တို့​နှာ​ခေါင်း၌ လှိုင်​စေ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။ 11ဘု​ရား​သ​ခင်​သည် သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​ကို​မှောက်​လှန်​သ​ကဲ့​သို့၊ သင်​တို့​အ​ချို့​ကို ငါ​မှောက်​လှန်၍ သင်​တို့​သည် မီး​ထဲ​က​နုတ်​သော ထင်း​စ​ကဲ့​သို့ ဖြစ်​ကြ​ပြီ။ သို့​သော်​လည်း၊ ငါ့​ထံ​သို့ ပြန်၍​မ​လာ​ကြ​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။#က၊ ၁၉:၂၄။ 12သို့​ဖြစ်၍၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ အ​ထက်​က​ပြု​သ​ကဲ့​သို့ သင်​တို့၌ ငါ​ပြု​ဦး​မည်။ ထို​သို့​ပြု​မည် ဖြစ်​သော​ကြောင့်၊ အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်၏​ဘု​ရား​သ​ခင်​နှင့် တွေ့​ခြင်း​ငှာ ကိုယ်​ကို​ပြင်​ဆင်​လော့။ 13တောင်​တို့​ကို လုပ်၍ လေ​ကို​ဖန်​ဆင်း​ထ​သော၊ လူ​စိတ်​အ​ကြံ​အ​စည်​ကို လူ​အား​ဖော်​ပြ​ထ​သော၊ နံ​နက်​အ​လင်း​ကို အ​မိုက်​ဖြစ်​စေ​ထ​သော၊ မြင့်​သော​မြေ​အ​ရပ်​တို့​ကို နင်း​သော​သူ​သည် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော ဘွဲ့​နာ​မ​ရှိ​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

အာမုတ် 4: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ