YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 3

3
1အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ဆောင်​သော အ​မျိုး​သား​အ​ပေါင်း​တို့၊ သင်​တို့​ကို ရည်​မှတ်၍ ငါ​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို နား​ထောင်​ကြ​လော့။ 2မြေ​ကြီး​ပေါ်​မှာ​နေ​သော အ​မျိုး​သား​အ​ပေါင်း​တို့​တွင် သင်​တို့ တစ်​မျိုး​တည်း​ကို​သာ ငါ​လက်​ခံ​သော​ကြောင့်၊ သင်​တို့​အ​ပြစ် ရှိ​သ​မျှ​တို့​ကို ငါ​စစ်​ကြော​မည်။
ပ​ရော​ဖက်​၏​တာ​ဝန်
3လူ​နှစ်​ဦး​သည် သ​ဘော​မ​တူ​လျှင်၊ ပေါင်း​ဖော်၍ ခ​ရီး​သွား​နိုင်​သ​လော။ 4ခြင်္သေ့​သည် ဖမ်း​စ​ရာ​မ​ရှိ​လျှင်၊ တော၌ ဟောက်​လိမ့်​မည်​လော။ ခြင်္သေ့​ပျို​သည် အ​ဘယ်​အ​ရာ​ကို​မျှ မ​ဖမ်း​မိ​လျှင်၊ တွင်း​ထဲ​က အ​သံ​ပြု​လိမ့်​မည်​လော။ 5မြေ​ပေါ်​မှာ ကျော့​ကွင်း​နှင့်​မ​ထောင်​လျှင်၊ ငှက်​ကို ကျော့​မိ​လိမ့်​မည်​လော။ ထောင်​ထား​သော​ကျော့​ကွင်း၌ အ​ဘယ်​အ​ရာ​ကို​မျှ​မ​ရ​မီ ထောင်​ထား​ရာ​အ​ရပ်​မှ နုတ်​သွား​လိမ့်​မည်​လော။ 6မြို့​ထဲ​မှာ တံ​ပိုး​မှုတ်​လျှင်၊ မြို့​သား​တို့​သည် မ​ကြောက်​မ​လန့်​ဘဲ​နေ​ကြ​လိမ့်​မည်​လော။ ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မ​မူ​ဘဲ ဘေး​တစ်​စုံ​တစ်​ခု​သည် မြို့​ထဲ​မှာ ရောက်​လိမ့်​မည်​လော။ 7အ​ကယ်​စင်​စစ် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ပ​ရော​ဖက်​တို့​အား​မ​ဖော်​မ​ပြ​ဘဲ အ​ဘယ်​အ​မှု​ကို​မျှ စီ​ရင်​တော်​မ​မူ။ 8ခြင်္သေ့​ဟောက်​သော​အ​ခါ၊ အ​ဘယ်​သူ​မျှ မ​ကြောက်​မ​လန့်​ဘဲ​နေ​လိမ့်​မည်​နည်း။ အ​ရှင်​ထာ​ဝ​ရ ဘု​ရား​မိန့်​တော်​မူ​သော​အ​ခါ၊ အ​ဘယ်​သူ​သည် ပ​ရော​ဖက်​မ​ပြု​ဘဲ​နေ​လိမ့်​မည်​နည်း။
ရှ​မာ​ရိ​မြို့​သား​တို့​၏​ကြ​မ္မာ​ဆိုး
9အာ​ဇုတ်​မြို့ ဘုံ​ဗိ​မာန်​တို့​နှင့် အဲ​ဂု​တ္တု​ပြည်​ဘုံ​ဗိ​မာန်​တို့​တွင် သ​တင်း​ကြား​ပြော​ရ​မည်​မှာ၊ ရှ​မာ​ရိ​တောင်​တို့ အ​ပေါ်​မှာ​စု​ဝေး၍၊ ရှ​မာ​ရိ​မြို့​ထဲ​မှာ ရုန်း​ရင်း​ခတ်​ခြင်း​အ​မှု​ကို​လည်း​ကောင်း၊ မြို့​ထဲ​မှာ ညှဉ်း​ဆဲ​ခံ​ရ​သော သူ​တို့​ကို​လည်း​ကောင်း ကြည့်​ရှု​ကြ​လော့။ 10မြို့​သား​တို့​သည် တ​ရား​သော​အ​မှု​ကို မ​ပြု​တတ်၊ အ​နိုင်​အ​ထက်​ပြု၍ လု​ယူ​သော​ဥ​စ္စာ​ကို ဘုံ​ဗိ​မာန်​တို့၌ သို​ထား​တတ်​ကြ​သည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။ 11ထို​ကြောင့်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ရန်​သူ​တို့​သည် ရှ​မာ​ရိ​ပြည်​ကို​ဝိုင်း​ပြီး​လျှင်၊ သင်၏​အ​စွမ်း​သ​တ္တိ​ကို နှိမ့်​ချ၍၊ ဗိ​မာန်​တို့​ကို ဖြို​ဖျက်​ကြ​လိမ့်​မည်။ 12ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သိုး​ထိန်း​သည် ခြင်္သေ့​နှုတ်​ထဲ​က ခြေ​နှစ်​ခု၊ သို့​မ​ဟုတ်၊ နား​ရွက်​တစ်​ပိုင်း​ကို နုတ်​ယူ​သ​ကဲ့​သို့ ရှ​မာ​ရိ​မြို့၌ ခု​တင်​ထောင့်၊ ဒ​မာ​သက်​မွေ့​ရာ ဖုံ​ပေါ်​မှာ​ထိုင်​သော ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နုတ်​ယူ​ရ​လိမ့်​မည်။ 13ကောင်း​ကင်​ဗိုလ်​ခြေ​ကို အ​စိုး​ပိုင်​သော ဘု​ရား​သ​ခင်၊ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​စ​ကား​ကို သင်​တို့​သည်​နား​ထောင်၍ ယာ​ကုပ်​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊ 14အ​ကယ်​စင်​စစ် ဣ​သ​ရေ​လ​အ​မျိုး၏​အ​ပြစ်​တို့​ကို စစ်​ကြော​သော​နေ့၌၊ ဗေ​သ​လ​ယဇ်​ပ​လ္လင်​တို့​ကို ငါ​စစ်​ကြော​လျက်၊ ယဇ်​ပ​လ္လင်​ဦး​ချို​တို့​ကို ဖြတ်၍ မြေ​ပေါ်​သို့​ချ​မည်။ 15ဆောင်း​ကာ​လ၌ စံ​သော​နန်း​တော်​နှင့် နွေ​ကာ​လ၌​စံ​သော နန်း​တော်​တို့​ကို ငါ​ထိ​ခိုက်၍၊ ဆင်​စွယ်​ဖြင့်​ပြီး​သော အိမ်​တို့​ကို ဖျက်​ဆီး​မည်။ ဘုံ​ဗိ​မာန်​တို့​သည်​လည်း ဆုံး​ကြ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

အာမုတ် 3: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ