YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 2

2
1တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​သည် ဧ​ဒုံ​ရှင်​ဘု​ရင်၏​အ​ရိုး​တို့​ကို ထုံး​ဖြစ်​စေ​ခြင်း​ငှာ မီး​နှင့်​ဖုတ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။#ဟေ​ရှာ၊ ၁၅:၁—၁၆:၁၄၊ ၂၅:၁၀-၁၂။ ယေ၊ ၄၈:၁-၄၇။ ယေ​ဇ၊ ၂၅:၈-၁၁။ ဇေ၊ ၂:၈-၁၁။ 2မော​ဘ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ကေ​ရုတ်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ ကြီး​သော အ​သံ​ဗ​လံ​ပြု​ခြင်း၊ အော်​ဟစ်​ခြင်း၊ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ မော​ဘ​ပြည်​သည် ဆုံး​ရှုံး​ရ​လိမ့်​မည်။ 3မော​ဘ​ပြည်​အ​လယ်၌ တ​ရား​သူ​ကြီး​ကို ငါ​ပယ်​ဖြတ်၍၊ သူ​နှင့်​တ​ကွ မှူး​မတ်​အ​ပေါင်း​တို့​ကို ကွပ်​မျက်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။
4တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ယု​ဒ​အ​မျိုး​သည် ထာ​ဝ​ရ​ဘု​ရား စီ​ရင်​တော်​မူ​ချက်​တို့​ကို​မ​စောင့်၊ ပ​ညတ်​တ​ရား​တော်​ကို စွန့်​ပစ်၍၊ ဘိုး​ဘေး​တို့ လိုက်​ဖူး​သော မိ​စ္ဆာ​ဒိ​ဌိ​အား​ဖြင့် မှား​ယွင်း​သော​အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။
5ယု​ဒ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ယေ​ရု​ရှ​လင်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။
6တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် ဖြောင့်​မတ်​သော​သူ​ကို ငွေ​နှင့်​လည်း​ကောင်း၊ ဆင်း​ရဲ​သော​သူ​ကို ခြေ​နင်း​တစ်​ရံ​နှင့်​လည်း​ကောင်း ရောင်း​သော​အ​ပြစ်၊ 7ဆင်း​ရဲ​သော​သူ​တို့၏​ခေါင်း​ကို မြေ​မှုန့်​နှင့် ဖုံး​လွှမ်း​စေ​ခြင်း​ငှာ အ​လွန်​အ​လို​ကြီး၍၊ နှိမ့်​ချ​သော​သူ​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​အ​ပြစ်၊ ငါ၏​နာ​မ​မြတ်​ကို​ရှုတ်​ချ​ခြင်း​ငှာ အ​ဘ​နှင့်​သား​သည် တစ်​ဦး​တည်း​သော​မိန်း​မ​ကို ပေါင်း​ဖော်​သော​အ​ပြစ်၊ 8ပေါင်​ထား​သော​အ​ဝတ်​ကို ခပ်​သိမ်း​သော ယဇ်​ပ​လ္လင်​တို့​အ​နား၌ ခင်း၍​အိပ်​သော​အ​ပြစ်၊ လျော်​ပြစ်​ငွေ​နှ​င့် ဝယ်​သော​စ​ပျစ်​ရည်​ကို သူ​တို့​ဘု​ရား၏​အိမ်၌ သောက်​သော​အ​ပြစ် သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။
9အာ​ရဇ်​ပင်​အ​ရပ်​နှင့်​အ​မျှ​မြင့်၍ သ​ပိတ်​ပင်​ကဲ့​သို့ ခိုင်​မာ​သော အာ​မော​ရိ​အ​မျိုး​ကို သင်​တို့​ရှေ့​မှာ ငါ​ပယ်​ရှား၍၊ အ​ထက်၌ သူ၏​အ​သီး​ကို​လည်း​ကောင်း၊ အောက်၌ သူ၏​အ​မြစ်​ကို​လည်း​ကောင်း ငါ​ဖျက်​ဆီး​ပြီ။#တ​ရား၊ ၃:၈-၁၁။ 10သင်​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ​နုတ်​ယူ၍ အာ​မော​ရိ​ပြည်​ကို ဝင်​စား​စေ​ခြင်း​ငှာ၊ အ​နှစ်​လေး​ဆယ်​ပတ်​လုံး တော၌​ပို့​ဆောင်​ပြီ။ 11သင်​တို့​သား​အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၊ လု​လင်​အ​ချို့​ကို နာ​ဇ​ရိ​လူ​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​စ​ကား​မှန်​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​မေး​တော်​မူ၏။#တော၊ ၆:၁-၈။ 12သင်​တို့​မူ​ကား၊ နာ​ဇ​ရိ​လူ​သောက်​ဖို့​စ​ပျစ်​ရည်​ကို​ပေး​ကြ​ပြီ။ ပ​ရော​ဖက်​တို့​ကို​လည်း၊ ပ​ရော​ဖက်​ပြု၍ မ​ဟော​ကြ​နှင့်​ဟု မြစ်​တား​ကြ​ပြီ။ 13ထို​ကြောင့်၊ လှည်း​သည် အ​ပြည့်​တင်​သော​ကောက်​လှိုင်း၏ ဖိ​စီး​ခြင်း​ကို​ခံ​ရ​သ​ကဲ့​သို့၊ သင်​တို့၏ နေ​ရာ​အ​ရပ်​ကို ငါ​ဖိ​စီး​မည်။ 14အ​ပြေး​ကောင်း​သော​သူ​သည် ပြေး​သော​အ​ခွင့်​ကို မ​ရ။ ခွန်​အား​ကြီး​သော​သူ​သည် မိ​မိ​ခွန်​အား​ကို ထုတ်​ရ​သော​အ​ခွင့်​မ​ရှိ​ရ။ သူ​ရဲ​သည် ကိုယ်​ကို မ​ကယ်​လွှတ်​ရ။ 15လေး​ကို​ကိုင်​သော​သူ​သည် မ​ရပ်​ရ။ လျင်​မြန်​သော ခြေ​သည်​သူ​ရဲ​သည် ကိုယ်​ကို မ​ကယ်​လွှတ်​ရ။ မြင်း​စီး​သူ​ရဲ​သည်​လည်း ကိုယ်​ကို မ​ကယ်​လွှတ်​ရ။ 16ရဲ​ရင့်​သော သူ​ရဲ​သည် ထို​နေ့၌ အ​ဝတ်​မ​ပါ​ဘဲ​ပြေး​သွား​ရ​လိမ့်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

လက်ရှိရွေးချယ်ထားမှု

အာမုတ် 2: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ