YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ်အနာဂတ္တိကျမ်း 6:1-7

အာမုတ်အနာဂတ္တိကျမ်း 6:1-7 MSBU

အစ္စရေး​အမျိုးအနွယ်​တို့ လာရောက်​ခစား​ရ​သူ​၊ လူမျိုးတကာ​တို့​တွင် ထင်ပေါ်ကျော်ကြား​သော​သူ​များ​ဖြစ်​သော ဇိအုန်​မြို့​တွင် ဇိမ်ခံ​နေ​သူ​၊ ရှမာရိ​တောင်​ပေါ်တွင် စိတ်အေးလက်အေး​နေထိုင်​သူ​တို့​၊ သင်​တို့​သည် အမင်္ဂလာ​ရှိ​ကြ​၏​။ ကာလနေ​မြို့​သို့ သွား​လော့​။ ထိုမှ ဟာမတ်​မြို့ကြီး​သို့ သွား​ပြီး ဖိလိတ္တိ​ပြည်​၊ ဂါသ​မြို့​အထိ ဆင်းသွား​၍​ကြည့်​ကြ​လော့​။ ဤ​ပြည်​တို့​သည် သင်​တို့​၏​ပြည်​ထက် သာ၍​ကောင်း​သလော​။ သူ​တို့​၏​နယ်မြေ​သည် သင်​တို့​၏​နယ်မြေ​ထက် သာ၍​ကျယ်ပြန့်​သလော​။ သင်​တို့​သည် ဒုက္ခ​နေ့ရက်​ကို အရေးမစိုက်​။ အကြမ်းဖက်မှု​ကို နေရာ​ပေး​ဖိတ်ခေါ်​သူ​များ​ဖြစ်​ကြ​၏​။ သင်​တို့​သည် ဆင်စွယ်​ခုတင်​တွင် အိပ်​လျက်​၊ ညောင်စောင်း​ပေါ်တွင် လဲလျောင်း​လျက်​၊ သိုးအုပ်​ထဲမှ​သိုးသငယ်​များ​နှင့် တင်းကုပ်​ထဲ​မှ​နွားသငယ်​များ​ကို သတ်စား​လျက်​၊ စောင်းပြား​တီး​ပြီး သီချင်းဆို​လျက်​၊ ဒါဝိဒ်​ကဲ့သို့ သီချင်း​ရေးစပ်​လျက်​၊ ယောသပ်​အမျိုး​ပျက်စီး​သွား​သည်​ကို ဝမ်း​မ​နည်း​ဘဲ အကောင်းဆုံး​ဆီမွှေး​ကို​လိမ်းကျံ​ပြီး စပျစ်ဝိုင်​ကို ဖလား​လိုက်​သောက်​လျက်​နေ​ကြ​၏​။ ထို့ကြောင့် ယခု သူ​တို့​သည် ဖမ်းခေါ်​သွား​ခြင်း​ခံရ​သူ​တို့​တွင် ထိပ်ဆုံး​မှ ဖမ်းခေါ်​သွား​ခြင်း​ခံရ​လိမ့်မည်​။ သူ​တို့​ပျော်ပါး​ခဲ့​သော​ပွဲ​များ​သည်​လည်း အဆုံးသတ်​ရ​လိမ့်မည်​။