YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ် 2:1-3

အာမုတ် 2:1-3 Judson Bible (JBMLE)

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​ပြည်​သည် ဧ​ဒုံ​ရှင်​ဘု​ရင်၏​အ​ရိုး​တို့​ကို ထုံး​ဖြစ်​စေ​ခြင်း​ငှာ မီး​နှင့်​ဖုတ်​သော အ​ပြစ်​သုံး​ပါး​မ​က၊ အ​ပြစ်​လေး​ပါး​ကြောင့် ငါ​သည် ဒဏ်​မ​ပေး​ဘဲ​မ​နေ။ မော​ဘ​ပြည်​အ​ပေါ်​သို့ မီး​ကို​လွှတ်၍၊ ကေ​ရုတ်​မြို့၏​ဘုံ​ဗိ​မာန်​တို့​ကို လောင်​စေ​မည်။ ကြီး​သော အ​သံ​ဗ​လံ​ပြု​ခြင်း၊ အော်​ဟစ်​ခြင်း၊ တံ​ပိုး​မှုတ်​ခြင်း​နှင့်​တ​ကွ မော​ဘ​ပြည်​သည် ဆုံး​ရှုံး​ရ​လိမ့်​မည်။ မော​ဘ​ပြည်​အ​လယ်၌ တ​ရား​သူ​ကြီး​ကို ငါ​ပယ်​ဖြတ်၍၊ သူ​နှင့်​တ​ကွ မှူး​မတ်​အ​ပေါင်း​တို့​ကို ကွပ်​မျက်​မည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

အာမုတ် 2:1-3 Common Language Bible (BCL)

ထာ​ဝ​ရ​ဘု​ရား​က``မော​ဘ​ပြည်​သား​တို့ သည်​တစ်​ကြိမ်​ပြီး​တစ်​ကြိမ်​ပြစ်​မှား​ကြ သ​ဖြင့် ငါ​သည်​သူ​တို့​ကို​အ​မှန်​ပင်​ဒဏ် ပေး​ရ​တော့​မည်။ သူ​တို့​သည်​ဧ​ဒုံ​မင်း​၏ အ​ရိုး​စု​ကို​ပြာ​ချ​လိုက်​ခြင်း​ဖြင့် ဧ​ဒုံ မင်း​ကို​မ​လေး​မ​စား​ပြု​ခဲ့​ကြ​ပြီ။- ငါ​သည်​မော​ဘ​ပြည်​အ​ပေါ်​သို့​မီး​မိုး​ရွာ စေ​ပြီး​ကေ​ရုတ်​မြို့​၏​ရဲ​တိုက်​များ​ကို​ပြာ ချ​လိုက်​မည်။ စစ်​သည်​တို့​၏​အော်​သံ​ဟစ် သံ၊ ခ​ရာ​သံ​နှင့်​တိုက်​ပွဲ​သံ​များ​ဆူ​ဆူ ညံ​ညံ​ပြင်း​ထန်​နေ​သော​အ​ချိန်​မှာ​ပင် မော​ဘ​ပြည်​သား​များ​သေ​ဆုံး​လိမ့်​မည်။- ငါ​သည်​မော​ဘ​မင်း​ကို​သတ်​မည်။ မော​ဘ နိုင်​ငံ​ရှိ​ခေါင်း​ဆောင်​အား​လုံး​ကို​ကွပ်​မျက် မည်'' ဟု​မိန့်​တော်​မူ​၏။

အာမုတ် 2:1-3 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​မောဘ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​သည် ဧဒုံ​ဘုရင်​၏​အရိုးစု​ကို မီးရှို့​ပြာချ​ပစ်​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် မောဘ​ပြည်​အပေါ် မီး​ကို​လွှတ်​၍ ကေရုတ်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။ မောဘ​ပြည်​သည် မြည်ဟည်းသံ​များ​၊ ကြွေးကြော်သံ​များ​၊ တံပိုးမှုတ်သံ​များ​ကြား​တွင်​ပင် ကျဆုံး​သွား​ရ​လိမ့်မည်​။ အုပ်စိုး​သူ​ကို ထို​ပြည်​ထဲ​မှ ဖယ်ရှား​ပစ်​မည်​။ သူ​နှင့်အတူ မှူးမတ်​အားလုံး​ကို​လည်း ငါ​ကွပ်မျက်​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။