YouVersion လိုဂို
ရှာရန် အိုင်ကွန်

အာမုတ်အနာဂတ္တိကျမ်း 2:1-3

အာမုတ်အနာဂတ္တိကျမ်း 2:1-3 MSBU

တစ်ဖန် ထာဝရဘုရား​ဤသို့​မိန့်​တော်မူ​ပြီ​။ ထာဝရဘုရား​က “​မောဘ​ပြည်​သည် အပြစ်​သုံး​လေး​မျိုး​မက ကျူးလွန်​သောကြောင့် ငါ​အပြစ်​မ​ပေး​ဘဲ​မ​နေ​။ အကြောင်းမူကား သူ​သည် ဧဒုံ​ဘုရင်​၏​အရိုးစု​ကို မီးရှို့​ပြာချ​ပစ်​လေ​ပြီ​။ ထို့ကြောင့် ငါ​သည် မောဘ​ပြည်​အပေါ် မီး​ကို​လွှတ်​၍ ကေရုတ်​ခံတပ်​တို့​ကို​ပါ လောင်ကျွမ်း​စေ​မည်​။ မောဘ​ပြည်​သည် မြည်ဟည်းသံ​များ​၊ ကြွေးကြော်သံ​များ​၊ တံပိုးမှုတ်သံ​များ​ကြား​တွင်​ပင် ကျဆုံး​သွား​ရ​လိမ့်မည်​။ အုပ်စိုး​သူ​ကို ထို​ပြည်​ထဲ​မှ ဖယ်ရှား​ပစ်​မည်​။ သူ​နှင့်အတူ မှူးမတ်​အားလုံး​ကို​လည်း ငါ​ကွပ်မျက်​ပစ်​မည်​”​ဟု မိန့်​တော်မူ​၏​။