YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 9:23-30

တမန်တော် 9:23-30 Judson Bible (JBMLE)

ကာ​လ​ကြာ​မြင့်​ပြီး​မှ၊ ရှော​လု​ကို​သတ်​အံ့​သော​ငှာ၊ ယု​ဒ​လူ​တို့​သည် အ​ချင်း​ချင်း​တိုင်​ပင်​ကြ၏။- ထို​အ​ကြံ​အ​စည်​ကို ရှော​လု​သည်​သိ၏။ သူ့​ကို​သတ်​အံ့​သော​ငှာ မြို့​တံ​ခါး​တို့​ကို နေ့​ည​မ​ပြတ် စောင့်​ကြ​သော​ကြောင့်၊- သူ​၏​တ​ပည့်​တို့​သည် ည​အ​ခါ​သူ့​ကို​ယူ၍ တောင်း၌ ထည့်​ပြီး​လျှင် မြို့​ရိုး​ပေါ်​က လျှော့​ချ​ကြ၏။ ယေ​ရု​ရှင်​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ တ​ပည့်​တော်​တို့​နှင့် ပေါင်း​ဖော်​မည်​ပြု​သော်၊ သူ​သည် တ​ပည့်​တော်​ဖြစ်​ကြောင်း​ကို တ​ပည့်​တော်​အ​ပေါင်း​တို့​သည် မ​ယုံ​သ​ဖြင့် သူ့​ကို​ကြောက်​ရွံ့​ကြ၏။- ထို​အ​ခါ ဗာ​န​ဗ​သည် သူ့​ကို​ခေါ်၍ တ​မန်​တော်​များ​ထံ​သို့ ပို့​ဆောင်​ပြီး​လျှင်၊ အ​ထက်​က​ရှော​လု​သည် လမ်း​ခ​ရီး၌ သ​ခင်​ဘု​ရား​ကို မြင်​သည်​ဟူ၍​လည်း​ကောင်း၊ သူ့​အား​မိန့်​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ဒ​မာ​သက်​မြို့၌ ယေ​ရှု၏​နာ​မ​တော်​ကို အ​မှီ​ပြု​လျက်၊ ရဲ​ရင့်​စွာ ဟော​သည်​ဟူ၍​လည်း​ကောင်း ပြော​လေ၏။- ထို​နောက်​မှ ရှော​လု​သည် ယေ​ရု​ရှ​လင်​မြို့၌ တ​မန်​တော်​တို့​နှင့် ပေါင်း​ဖော်၍၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍ ရဲ​ရင့်​စွာ ဟော​လျက်​နေ၏။- ဟေ​လေ​နစ်​လူ​တို့​နှင့် နှီး​နှော​ပြော​ဆို​သ​ဖြင့်၊ ထို​သူ​တို့​သည် ရှော​လု​ကို​သတ်​မည်​ဟု အား​ထုတ်​ကြ၏။- ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် ကြား​သိ​လျှင်၊ ရှော​လု​ကို ကဲ​သ​ရိ​မြို့​သို့​ပို့၍ တာ​ရှု​မြို့​တိုင်​အောင် စေ​လွှတ်​ကြ၏။

တမန်တော် 9:23-30 Common Language Bible (BCL)

ထို​နောက်​ရက်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်​ရှော​လု​ကို​သတ် ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။- သို့​ရာ​တွင်​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ရှော​လု သိ​သွား​၏။ သူ​တို့​သည်​ရှော​လု​ကို​သတ်​ရန် နေ့ ရော​ညဥ့်​ပါ​မြို့​တံ​ခါး​များ​တွင်​စောင့်​နေ ကြ​၏။- သို့​ရာ​တွင်​ရှော​လု​၏​တ​ပည့်​တို့​သည်​ညဥ့်​အ​ခါ သူ့​ကို​တောင်း​တွင်​ထည့်​၍​မြို့​ရိုး​မှ​အောက်​သို့ လျှော​ချ​ကြ​၏။ သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​နှင့်​ပေါင်း​ဖော်​ရန်​ကြိုး​စား​၏။ သို့​သော်​လည်း​သူ​သည်​တ​ပည့်​တော်​တစ်​ဦး ဖြစ်​လာ​ကြောင်း​ကို တ​ပည့်​တော်​အ​ပေါင်း​တို့ သည်​မ​ယုံ​သ​ဖြင့်​သူ့​ကို​ကြောက်​ကြ​၏။- ထို​အ​ခါ​ဗာ​န​ဗ​သည်​ရှော​လု​ကို​တ​မန်​တော် တို့​ထံ​သို့​ခေါ်​ခဲ့​ပြီး​လျှင် လမ်း​ခ​ရီး​တွင်​သ​ခင် ဘု​ရား​အား​ရှော​လု​ဖူး​မြင်​ခဲ့​ရ​ပုံ​ကို​လည်း ကောင်း၊ သ​ခင်​ဘု​ရား​က​ရှော​လု​အား​မည်​သို့ အ​မိန့်​ရှိ​ခဲ့​ပုံ​ကို​လည်း​ကောင်း ဒ​မာ​သက်​မြို့ တွင်​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ရှော​လု​ရဲ​ရင့်​စွာ​ဟော​ပြော​ခဲ့​ပုံ​ကို​လည်း ကောင်း​ပြော​ပြ​လေ​သည်။- ရှော​လု​သည်​လည်း​တ​မန်​တော်​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​တွင်​သွား​လာ​လှုပ်​ရှား​လျက် သ​ခင်​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ရဲ​ရင့်​စွာ​ဟော​ပြော​လေ​သည်။- သူ​သည်​ဂ​ရိ​ဘာ​သာ​စ​ကား​ကို​သုံး​စွဲ​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​ချေ​အ​တင် ဆွေး​နွေး​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​သူ့ ကို​သတ်​ရန်​ကြံ​စည်​အား​ထုတ်​ကြ​၏။- ထို​အ​ကြောင်း​ကို​ညီ​အစ်​ကို​တို့​ကြား​သိ​သော အ​ခါ သူ့​ကို​ကဲ​သ​ရိ​မြို့​သို့​ပို့​ဆောင်​ပြီး​လျှင် ထို​မှ​တစ်​ဖန်​တာ​ရှု​မြို့​သို့​ထွက်​ခွာ​သွား​စေ ကြ​၏။

တမန်တော် 9:23-30 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရက်​ပေါင်း​များစွာ​ကြာ​သောအခါ ဂျူး​လူမျိုး​တို့​သည် ရှောလု​ကို​သတ်​ရန် ကြံစည်​ကြ​သော်လည်း သူ​တို့​၏​လျှို့ဝှက်​ကြံစည်​မှု​ကို ရှောလု​သိ​သွား​လေ​၏။ သူ​တို့​သည် သူ့​ကို​သတ်​ရန် နေ့​ရော​ည​ပါ မြို့​တံခါး​များ​ကို စောင့်ကြပ်​ထား​ကြ​၏။ သို့သော် ရှောလု​၏​တပည့်​တို့​သည် ည​အချိန်​၌ သူ့​ကို​ခေါ်ဆောင်​သွား​ကာ တောင်း​ထဲ​ထည့်​၍ မြို့ရိုး​ပေါ်မှ​လျှောချ​ကြ​၏။ ရှောလု​သည် ဂျေရုဆလင်​မြို့​သို့​ရောက်​သောအခါ တပည့်​တော်​များ​နှင့်​ပေါင်းဖော်​ရန် ကြိုးစား​သော်လည်း သူ​တို့​အားလုံး​သည် သူ့​ကို တပည့်​တော်​ဖြစ်​ကြောင်း မ​ယုံ​ဘဲ ကြောက်​ကြ​၏။ သို့သော် ဗာနဗ​သည် သူ့​ကို​ဖေးမ​၍ တမန်တော်​တို့​ထံသို့ ခေါ်ဆောင်​လာ​ပြီးလျှင် ရှောလု​သည် လမ်း​ခရီး​၌ သခင်​ဘုရား​ကို တွေ့မြင်​ခဲ့​ပုံ​မှစ၍ သခင်​ဘုရား​က သူ့​အား​မိန့်​တော်မူ​ခဲ့​ပုံ​နှင့် ဒမတ်စကပ်​မြို့​တွင် ယေရှု​၏​နာမ​တော်​၌ ရဲရင့်​စွာ သူ​ဟောပြော​ခဲ့​ပုံ​တို့​ကို သူ​တို့​အား ပြောပြ​လေ​၏။ ထို့နောက် ရှောလု​သည် ဂျေရုဆလင်​မြို့​၌ သူ​တို့​နှင့်အတူ​နေ​လျက် ဝင်​ထွက်​သွားလာ​ကာ သခင်​ဘုရား​၏​နာမ​တော်​၌ ရဲရင့်​စွာ​ဟောပြော​လေ​၏။ သူ​သည် ဂရိ​စကား​ကို​ပြော​သော​ဂျူး​လူမျိုး​တို့​နှင့် ဆွေးနွေး​ပြောဆို​လျက်​နေ​၏။ သို့သော် သူ​တို့​သည် ရှောလု​ကို​သတ်​ရန် ကြံစည်​အားထုတ်​ကြ​၏။ ထို​အကြောင်း​ကို ညီအစ်ကို​တို့​ကြားသိ​ကြ​သောအခါ သူ့​ကို ဆီဇာရီးယား​မြို့​သို့ ခေါ်ဆောင်​သွား​၍ တာရှု​မြို့​သို့​လွှတ်​လိုက်​ကြ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။