YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 9

9
ရှော​လု​၏​ပြောင်း​လဲ​ခြင်း
(တ၊ ၂၂:၆-၁၆၊ ၂၆:၁၂-၁၈)
1ရှော​လု​သည်​ကား၊ သ​ခင်​ဘု​ရား၏ တ​ပည့်​တော်​တို့​တစ်​ဖက်၌ ခြိမ်း​ခြောက်၍၊ အ​သေ​သတ်​ခြင်း​ငှာ ပြင်း​စွာ​အ​သက်​ရှူ​သ​ဖြင့်၊- 2ထို​ဘာ​သာ​ဝင်​သော ယောက်ျား​မိန်း​မ​တို့​ကို တွေ့​လျှင်၊ ချည်​နှောင်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပို့​ဆောင်​ရ​မည်​အ​ကြောင်း၊ ဒ​မာ​သက်​မြို့၌ ရှိ​သော တ​ရား​ဇ​ရပ်​မှူး​တို့​ထံ​သို့ မှာ​စာ​ကို​ပေး​ပါ​ဟု ယဇ်​ပု​ရော​ဟိတ်​မင်း​ထံ၌ ဝင်၍ တောင်း​ပြီး​မှ၊- 3သွား၍ ဒ​မာ​သက်​မြို့​အ​နီး​သို့ ရောက်​သော​အ​ခါ၊ ကောင်း​ကင်​ထဲ​က အ​လင်း​သည် သူ့​ပတ်​လည်၍ ရုတ်​ခ​နဲ ထွန်း​တောက်​လေ၏။- 4ရှော​လု​သည် မြေ​ပေါ်​မှာ​လဲ၍​နေ​စဉ်၊ ရှော​လု၊ ရှော​လု၊ အ​ဘယ်​ကြောင့် ငါ့​ကို​ညှဉ်း​ဆဲ​သ​နည်း​ဟု မိ​မိ​အား ပြော​သော​စ​ကား​သံ​ကို ကြား​လျှင်၊- 5သ​ခင်၊ ကိုယ်​တော်​သည် အ​ဘယ်​သူ​နည်း​ဟု မေး​လျှောက်၏။ သ​ခင်​ဘု​ရား​က​လည်း၊ ငါ​ကား သင်​ညှဉ်း​ဆဲ​သော ယေ​ရှု​ဖြစ်​သ​တည်း။- 6သို့​သော်​လည်း ထ၍ မြို့​သို့​ဝင်​လော့။ သင်​ပြု​ရ​မည်​အ​မှု​ကို ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။- 7ရှော​လု​နှင့်​အ​တူ သွား​သော​သူ​တို့​သည် အ​သံ​ကို​ကြား​ရုံ​မျှ​သာ​ရှိ၍၊ အ​ဘယ်​သူ​ကို​မျှ​မ​မြင်​ဘဲ မိန်း​မော​တွေ​ဝေ​လျက် ရပ်​နေ​ကြ၏။- 8ရှော​လု​သည်​လည်း မြေ​မှ​ထ၍ မျက်​စိ​ကို ဖွင့်​သော်​လည်း အ​ဘယ်​သူ​ကို​မျှ မ​မြင်​နိုင်​သည်​ဖြစ်၍၊ သူ၏​လက်​ကို​ဆွဲ​လျက် ဒ​မာ​သက် မြို့​သို့​ပို့​ဆောင်​ကြ၏။- 9သုံး​ရက်​ပတ်​လုံး မျက်​စိ​မ​မြင်၊ မ​စား​မ​သောက်​ဘဲ နေ​လေ၏။
10ထို​အ​ခါ အာ​န​နိ​အ​မည်​ရှိ​သော တ​ပည့်​တော်​တစ်​ယောက်​သည် ဒ​မာ​သက်​မြို့၌​ရှိ၏။ ထို​သူ​ကို သ​ခင်​ဘု​ရား​သည် ဗျာ​ဒိတ်​တော်​အား​ဖြင့်၊ အာ​န​နိ​ဟူ၍ ခေါ်​တော်​မူ​လျှင်၊ အာ​န​နိ​က၊ သ​ခင်​ဘု​ရား အ​ကျွန်ုပ်​ရှိ​ပါ​သည်​ဟု လျှောက်၏။- 11သ​ခင်​ဘု​ရား​က​လည်း၊ သင်​သည်​ထ၍ လမ်း​ဖြောင့်​အ​မည်​ရှိ​သော လမ်း​သို့​သွား​လော့။ ရှော​လု​အ​မည်​ရှိ​သော တာ​ရှု​မြို့​သား​ကို ယု​ဒ၏ အိမ်၌​ရှာ​ဖွေ​လော့။ အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ဆု​တောင်း​လျက်​နေ၏။- 12မိ​မိ​မျက်​စိ​ကို မြင်​ပြန်​စေ​ခြင်း​ငှာ အာ​န​နိ​အ​မည်​ရှိ​သော​သူ​သည် ဝင်၍၊ မိ​မိ​အ​ပေါ်၌ လက်​တင်​သည်​ကို ဗျာ​ဒိတ်​တော်​အား​ဖြင့် မြင်​လေ​ပြီ​ဟု မိန့်​တော်​မူ၏။- 13အာ​န​နိ​က​လည်း၊ သ​ခင်​ဘု​ရား၊ ထို​သူ​သည် ယေ​ရု​ရှ​လင်​မြို့၌ ကိုယ်​တော်၏ သန့်​ရှင်း​သူ​တို့​ကို အ​ဘယ်​မျှ​လောက်​ပင် ညှဉ်း​ဆဲ​သည်​ကို လူ​များ​ပြော၍ အ​ကျွန်ုပ်​ကြား​ရ​ပါ​ပြီ။- 14ဤ​အ​ရပ်၌​လည်း ကိုယ်​တော်​ကို ပ​တ္ထ​နာ​ပြု​သော သူ​ရှိ​သ​မျှ​တို့​ကို ချည်​နှောင်​ရ​မည်​အ​ခွင့်​ကို ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ၌ ရ​ပါ​သည်​ဟု ပြန်​လျှောက်၏။- 15သ​ခင်​ဘု​ရား​က​လည်း၊ ထို​သူ​ကား တစ်​ပါး​အ​မျိုး​သား​တို့​နှင့် ရှင်​ဘု​ရင်​တို့​ထံ​သို့​လည်း​ကောင်း၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​လည်း​ကောင်း၊ ငါ၏​နာ​မ​ကို ပို့​ဆောင်​စေ​ခြင်း​ငှာ ငါ​ရွေး​ကောက်​သော တန်​ဆာ​ဖြစ်၏။- 16အ​ကြောင်း​မူ​ကား၊ ထို​သူ​သည် ငါ၏​နာ​မ​ကြောင့် အ​ဘယ်​မျှ​လောက်​ပင် ဆင်း​ရဲ​ခံ​ရ​မည်​ကို ငါ​သည် သူ့​အား​ပြ​မည်။ ထို​ကြောင့် သင်​သွား​လော့​ဟု အာ​န​နိ​အား မိန့်​တော်​မူ၏။- 17အာ​န​နိ​သည်​လည်း သွား၍ အိမ်​သို့​ရောက်​လျှင်၊ ရှော​လု​အ​ပေါ်၌ မိ​မိ​လက်​ကို​တင်၍၊ ညီ​ရှော​လု၊ သင်​လာ​သော​လမ်း၌ သင့်​အား ထင်​ရှား​တော်​မူ​သော သ​ခင်​ယေ​ရှု​သည် သင်၏​မျက်​စိ မြင်​ပြန်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သင့်​ကို​သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​စေ​ခြင်း​ငှာ​လည်း​ကောင်း ငါ​ကို​စေ​ခန့်​တော်​မူ​သည်​ဟု ပြော​ဆို၏။- 18ထို​ခ​ဏ၌ ရှော​လု၏ မျက်​စိ​မှ ငါး​ကြေး​ကွာ​ကျ​သ​ကဲ့​သို့ ဖြစ်၍၊ မျက်​စိ​မြင်​ပြန်​သ​ဖြင့် ထ၍ ဗ​တ္တိ​ဇံ​ကို​ခံ​ပြီး​လျှင်၊ အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်၍ အား​ဖြည့်​လေ၏။
ဒ​မာ​သက်​မြို့​တွင်​ဟော​ပြော​ခြင်း
19ထို​နောက် ရှော​လု​သည် ဒ​မာ​သက်​မြို့၌​ရှိ​သော တ​ပည့်​တော်​တို့​နှင့်​အ​တူ ကာ​လ​အ​တန်​အ​ရာ​နေ၍၊- 20ယေ​ရှု​သည် ဘု​ရား​သ​ခင်၏ သား​တော်​ဖြစ်​ကြောင်း​ကို တ​ရား​ဇ​ရပ်​တို့၌ မ​ဆိုင်း​မ​လင့် ဟော​လေ၏။- 21ကြား​သော​သူ​အ​ပေါင်း​တို့​သည် အံ့​ဩ၍၊ ဤ​သူ​ကား၊ ထို​သ​ခင်​ကို ပ​တ္ထ​နာ​ပြု​သော​သူ​တို့​ကို ယေ​ရု​ရှ​လင်​မြို့၌ ဖျက်​ဆီး​သည် သာ​မ​က၊ ထို​သူ​များ​ကို​ချည်​နှောင်၍ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​ထံ​သို့ ပို့​ဆောင်​ခြင်း​ငှာ ဤ​အ​ရပ်​သို့ လာ​သော​သူ​ဖြစ်​သည် မ​ဟုတ်​လော​ဟု ဆို​ကြ၏။- 22ရှော​လု​သည်​လည်း အား​တိုး​ပွား​သ​ဖြင့် ဒ​မာ​သက်​မြို့၌​နေ​သော ယု​ဒ​လူ​တို့​သည် ပြော​သ​မျှ​သော စ​ကား​ကို​ချေ၍၊ ယေ​ရှု​သည် ခ​ရစ်​တော်​ဖြစ်​ကြောင်း​ကို ထင်​ရှား​စွာ​ပြ၏။
ယု​ဒ​လူ​တို့​လက်​မှ​လွတ်​မြောက်​ခြင်း
23ကာ​လ​ကြာ​မြင့်​ပြီး​မှ၊ ရှော​လု​ကို​သတ်​အံ့​သော​ငှာ၊ ယု​ဒ​လူ​တို့​သည် အ​ချင်း​ချင်း​တိုင်​ပင်​ကြ၏။- 24ထို​အ​ကြံ​အ​စည်​ကို ရှော​လု​သည်​သိ၏။ သူ့​ကို​သတ်​အံ့​သော​ငှာ မြို့​တံ​ခါး​တို့​ကို နေ့​ည​မ​ပြတ် စောင့်​ကြ​သော​ကြောင့်၊- 25သူ​၏​တ​ပည့်​တို့​သည် ည​အ​ခါ​သူ့​ကို​ယူ၍ တောင်း၌ ထည့်​ပြီး​လျှင် မြို့​ရိုး​ပေါ်​က လျှော့​ချ​ကြ၏။#၂​ကော၊ ၁၁:၃၂-၃၃။
ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​ရှိ​ခြင်း
26ယေ​ရု​ရှင်​လင်​မြို့​သို့ ရောက်​သော​အ​ခါ၊ တ​ပည့်​တော်​တို့​နှင့် ပေါင်း​ဖော်​မည်​ပြု​သော်၊ သူ​သည် တ​ပည့်​တော်​ဖြစ်​ကြောင်း​ကို တ​ပည့်​တော်​အ​ပေါင်း​တို့​သည် မ​ယုံ​သ​ဖြင့် သူ့​ကို​ကြောက်​ရွံ့​ကြ၏။- 27ထို​အ​ခါ ဗာ​န​ဗ​သည် သူ့​ကို​ခေါ်၍ တ​မန်​တော်​များ​ထံ​သို့ ပို့​ဆောင်​ပြီး​လျှင်၊ အ​ထက်​က​ရှော​လု​သည် လမ်း​ခ​ရီး၌ သ​ခင်​ဘု​ရား​ကို မြင်​သည်​ဟူ၍​လည်း​ကောင်း၊ သူ့​အား​မိန့်​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ဒ​မာ​သက်​မြို့၌ ယေ​ရှု၏​နာ​မ​တော်​ကို အ​မှီ​ပြု​လျက်၊ ရဲ​ရင့်​စွာ ဟော​သည်​ဟူ၍​လည်း​ကောင်း ပြော​လေ၏။- 28ထို​နောက်​မှ ရှော​လု​သည် ယေ​ရု​ရှ​လင်​မြို့၌ တ​မန်​တော်​တို့​နှင့် ပေါင်း​ဖော်၍၊ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို​အ​မှီ​ပြု၍ ရဲ​ရင့်​စွာ ဟော​လျက်​နေ၏။- 29ဟေ​လေ​နစ်​လူ​တို့​နှင့် နှီး​နှော​ပြော​ဆို​သ​ဖြင့်၊ ထို​သူ​တို့​သည် ရှော​လု​ကို​သတ်​မည်​ဟု အား​ထုတ်​ကြ၏။- 30ထို​အ​ကြောင်း​ကို ညီ​အစ်​ကို​တို့​သည် ကြား​သိ​လျှင်၊ ရှော​လု​ကို ကဲ​သ​ရိ​မြို့​သို့​ပို့၍ တာ​ရှု​မြို့​တိုင်​အောင် စေ​လွှတ်​ကြ၏။
31ထို​အ​ခါ ယု​ဒ​ပြည်၊ ဂါ​လိ​လဲ​ပြည်၊ ရှ​မာ​ရိ​ပြည် အ​ရပ်​ရပ်​တို့​တွင် အ​သင်း​တော်​တို့​သည် ငြိမ်​သက်၍ တည်​ဆောက်​ခြင်း​ရှိ​ကြ၏။ သ​ခင်​ဘု​ရား​ကို ကြောက်​ရွံ့​ခြင်း၌​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်၏ အ​ဆုံး​အ​မ၌​လည်း​ကောင်း၊ မွေ့​လျော်​သော​အား​ဖြင့် ပွား​များ​ကြ၏။
အဲ​နေ​ကို​ကု​သ​ခြင်း
32ပေ​တ​ရု​သည် အ​ရပ်​ရပ်​တို့​ကို လှည့်​လည်​သည်​တွင် သန့်​ရှင်း​သူ​တို့​ရှိ​ရာ လု​ဒ္ဒ​မြို့​သို့​ရောက်​လေ၏။- 33ထို​အ​ရပ်၌ အဲ​နေ​အ​မည်​ရှိ​သော လက်​ခြေ​သေ​၍​ရှစ်​နှစ်​ပတ်​လုံး အိပ်ရာ၌တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို တွေ့​လျှင်၊ အဲ​နေ၊ ယေ​ရှု​ခ​ရစ်​သည် သင့်​အား​ချမ်း​သာ​ပေး​တော်​မူ၏။- 34ထ၍​အိပ်​ရာ​ကို​သိမ်း​လော့​ဟု ပေ​တ​ရု​ဆို​သော်၊ ထို​သူ​သည် ချက်​ချင်း​ထ၏။- 35လု​ဒ္ဒ​မြို့​နှင့် ရှာ​ရုန်​အ​ရပ်၌ နေ​သော​သူ အ​ပေါင်း​တို့​သည် ထို​သူ​ကို​မြင်၍ သ​ခင်​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​ကြ၏။
ဒေါ်​ကာ​အ​သက်​ပြန်​ရှင်​ခြင်း
36ယု​ပ္ပေ​မြို့၌ ဒေါ်​ကာ​ဟု​ဆို​လို​သော တ​ဗိ​သ အ​မည်​ရှိ​သော တ​ပည့်​တော်​မ တစ်​ယောက်​ရှိ၏။ ထို​မိန်း​မ​သည် ကောင်း​သော​အ​ကျင့်၊ စွန့်​ကြဲ​ခြင်း အ​ကျင့်​နှင့် ပြည့်​စုံ​လျက်၊- 37ထို​အ​ခါ၌ နာ၍​သေ​လေ၏။ အ​လောင်း​ကို ရေ​ချိုး​ပြီး​လျှင် အ​ထက်​ခန်း၌​တင်​ထား​ကြ၏။- 38လု​ဒ္ဒ​မြို့​သည် ယု​ပ္ပေ​မြို့​နှင့် နီး​သည်​ဖြစ်၍ ထို​မြို့၌ ပေ​တ​ရု​ရှိ​ကြောင်း​ကို တ​ပည့်​တော်​တို့​သည်​ကြား​လျှင်၊ ပေ​တ​ရု​သည် အ​လျင်​အ​မြန် ကြွ​လာ​ပါ​မည်​အ​ကြောင်း လူ​နှစ်​ယောက်​ကို စေ​လွှတ်၍ တောင်း​ပန်​ကြ၏။- 39ပေ​တ​ရု​သည် ထ၍​ထို​သူ​တို့​နှင့် အ​တူ​လိုက်​လေ၏။ ရောက်​လျှင် အ​ထက်​ခန်း​သို့​ခေါ်​ပင့်၍ မု​ဆိုး​မ​များ​တို့​သည် ငို​ကြွေး​လျက်၊ သူ​တို့​နှင့်​အ​တူ ဒေါ်​ကာ​ရှိ​စဉ်​အ​ခါ​လုပ်​ခဲ့​သော​အင်္ကျီ​နှင့် အ​ဝတ်​များ​ကို ပြ​လျက်​ရှိ​ကြ၏။- 40ပေ​တ​ရု​သည် ထို​သူ​အ​ပေါင်း​တို့​ကို ပြင်​သို့​ထွက်​စေ​သည်​နောက်၊ ကိုယ်​တိုင်​ဒူး​ထောက်၍ ဆု​တောင်း​ပ​တ္ထ​နာ​ပြု​ပြီး​လျှင်၊ ထို​အ​လောင်း​သို့ မျက်​နှာ​လှည့်၍၊ တ​ဗိ​သ၊ ထ​လော့​ဟု​ဆို​လေ၏။ ထို​မိန်း​မ​သည် မျက်​စိ​ကို​ဖွင့်၍ ပေ​တ​ရု​ကို​မြင်​လျှင် ထ၍​ထိုင်၏။- 41ပေ​တ​ရု​သည် မိ​မိ​လက်​ကို သူ့​အား​ပေး၍ ချီ​ကြွ​ပြီး​မှ၊ သန့်​ရှင်း​သူ​တို့​နှင့် မု​ဆိုး​မ​တို့​ကို​ခေါ်၍ အ​သက်​ရှင်​လျက်​ရှိ​သော ထို​မိန်း​မ​ကို ပြ​လေ၏။- 42ထို​အ​ကြောင်း​ကို ယု​ပ္ပေ​မြို့၌ အ​နှံ့​အ​ပြား သိ​ကြ၍၊ လူ​များ​တို့​သည် သ​ခင်​ဘု​ရား​ကို ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။- 43ပေ​တ​ရု​သည် ယု​ပ္ပေ​မြို့၌ ရှိ​မုန်​အ​မည်​ရှိ​သော သား​ရေ​လုပ်​သ​မား​နှင့်​အ​တူ ကြာ​မြင့်​စွာ​နေ၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 9: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။