YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 9:23-30

တမန်တော်ဝတ္ထု 9:23-30 BCL

ထို​နောက်​ရက်​ပေါင်း​များ​စွာ​ကြာ​သော​အ​ခါ ယု​ဒ​အ​မျိုး​သား​တို့​သည်​ရှော​လု​ကို​သတ် ရန်​လျှို့​ဝှက်​ကြံ​စည်​ကြ​၏။- သို့​ရာ​တွင်​သူ​တို့​၏​အ​ကြံ​အ​စည်​ကို​ရှော​လု သိ​သွား​၏။ သူ​တို့​သည်​ရှော​လု​ကို​သတ်​ရန် နေ့ ရော​ညဥ့်​ပါ​မြို့​တံ​ခါး​များ​တွင်​စောင့်​နေ ကြ​၏။- သို့​ရာ​တွင်​ရှော​လု​၏​တ​ပည့်​တို့​သည်​ညဥ့်​အ​ခါ သူ့​ကို​တောင်း​တွင်​ထည့်​၍​မြို့​ရိုး​မှ​အောက်​သို့ လျှော​ချ​ကြ​၏။ သူ​သည်​ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​သော​အ​ခါ တ​ပည့်​တော်​တို့​နှင့်​ပေါင်း​ဖော်​ရန်​ကြိုး​စား​၏။ သို့​သော်​လည်း​သူ​သည်​တ​ပည့်​တော်​တစ်​ဦး ဖြစ်​လာ​ကြောင်း​ကို တ​ပည့်​တော်​အ​ပေါင်း​တို့ သည်​မ​ယုံ​သ​ဖြင့်​သူ့​ကို​ကြောက်​ကြ​၏။- ထို​အ​ခါ​ဗာ​န​ဗ​သည်​ရှော​လု​ကို​တ​မန်​တော် တို့​ထံ​သို့​ခေါ်​ခဲ့​ပြီး​လျှင် လမ်း​ခ​ရီး​တွင်​သ​ခင် ဘု​ရား​အား​ရှော​လု​ဖူး​မြင်​ခဲ့​ရ​ပုံ​ကို​လည်း ကောင်း၊ သ​ခင်​ဘု​ရား​က​ရှော​လု​အား​မည်​သို့ အ​မိန့်​ရှိ​ခဲ့​ပုံ​ကို​လည်း​ကောင်း ဒ​မာ​သက်​မြို့ တွင်​သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ရှော​လု​ရဲ​ရင့်​စွာ​ဟော​ပြော​ခဲ့​ပုံ​ကို​လည်း ကောင်း​ပြော​ပြ​လေ​သည်။- ရှော​လု​သည်​လည်း​တ​မန်​တော်​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​တွင်​သွား​လာ​လှုပ်​ရှား​လျက် သ​ခင်​ဘု​ရား​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍ ရဲ​ရင့်​စွာ​ဟော​ပြော​လေ​သည်။- သူ​သည်​ဂ​ရိ​ဘာ​သာ​စ​ကား​ကို​သုံး​စွဲ​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့်​အ​ချေ​အ​တင် ဆွေး​နွေး​၏။ သို့​ရာ​တွင်​ထို​သူ​တို့​သည်​သူ့ ကို​သတ်​ရန်​ကြံ​စည်​အား​ထုတ်​ကြ​၏။- ထို​အ​ကြောင်း​ကို​ညီ​အစ်​ကို​တို့​ကြား​သိ​သော အ​ခါ သူ့​ကို​ကဲ​သ​ရိ​မြို့​သို့​ပို့​ဆောင်​ပြီး​လျှင် ထို​မှ​တစ်​ဖန်​တာ​ရှု​မြို့​သို့​ထွက်​ခွာ​သွား​စေ ကြ​၏။