YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 7:44-53

တမန်တော် 7:44-53 Judson Bible (JBMLE)

မော​ရှေ​မြင်​ရ​သော​ပုံ​နှင့်​အ​ညီ၊ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ​တဲ​တော်​ကို လုပ်​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သော​သူ​မှာ ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​တဲ​တော်​သည် တော​တွင် ငါ​တို့​အ​ဘ​များ၌​ရှိ၏။- နောက်​ကျ​သော ငါ​တို့​အ​ဘ​များ​သည် ထို​တဲ​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့ ပိုင်​သော မြေ​ထဲ​သို့ ယော​ရှု​နှင့်​အ​တူ ဆောင်​သွင်း​ကြ၏။ ထို​တစ်​ပါး​အ​မျိုး​သား​တို့​ကို ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင်​အောင် ငါ​တို့​အ​ဘ​များ​ထံ​မှ နှင်​ထုတ်​တော်​မူ၏။- ထို​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ၍၊ ယာ​ကုပ်၏ ဘု​ရား​သ​ခင် ကျိန်း​ဝပ်​တော်​မူ​ဖို့​ရာ​အ​ရပ်​ကို တွေ့​ခြင်း​ငှာ တောင့်​တ၏။- ရှော​လ​မုန်​သည်​လည်း ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ၏။- သို့​သော်​လည်း ကောင်း​ကင်​ဘုံ​သည် ငါ့​ပ​လ္လင်​ဖြစ်၏။- မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ​ဖြစ်၏။ အ​ဘယ်​သို့​သော​ဗိ​မာန်​ကို ငါ့​အ​ဖို့ တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ့​ကျိန်း​ဝပ်​ရာ​အ​ရပ်​ဖြစ်​မည်​နည်း။- ငါ့​လက်​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အ​ချက်​ကို ပ​ရော​ဖက်​ပြန်​ကြား​သည်​နှင့်​အ​ညီ၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လူ​တို့​လက်​ဖြင့်​လုပ်​သော ဗိ​မာန်၌ ကျိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။ လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။- သင်​တို့​ဘိုး​ဘေး​များ​သည် အ​ဘယ်​ပ​ရော​ဖက်​ကို​မျှ မ​ညှဉ်း​ဆဲ​ဘဲ နေ​သ​နည်း။ ဖြောင့်​မတ်​သော​သူ ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ပြ​ညွှန်​သော သူ​တို့​ကို ကွပ်​မျက်​ကြ၏။ ထို​ဖြောင့်​မတ်​သော​သူ​ကို​ပင် ယ​ခု​လည်း သင်​တို့​သည် အပ်​နှံ၍ အ​သေ​သတ်​ကြ​ပြီ။- သင်​တို့​သည် ကောင်း​ကင်​တ​မန်​များ ခင်း​ကျင်း​သော​အား​ဖြင့် ပ​ညတ်​တ​ရား​တော်​ကို ခံ​ရ​သော်​လည်း မ​စောင့်​မ​ရှောက်​ကြ​ဟု သ​တေ​ဖန် မြွက်​ဆို၏။

တမန်တော် 7:44-53 Common Language Bible (BCL)

``တော​ကန္တာ​ရ​တွင်​ငါ​တို့​ဘိုး​ဘေး​များ​၌ ဘု​ရား​သ​ခင်​ကျိန်း​ဝပ်​တော်​မူ​ရာ​တဲ​တော် ရှိ​၏။ မော​ရှေ​အား​ဘု​ရား​သ​ခင်​ပြ​တော်​မူ သည့်​ပုံ​စံ​နှင့်​အ​ညီ ထို​တဲ​တော်​ကို​တည် ဆောက်​ခဲ့​၏။- ငါ​တို့​အ​ဘ​များ​သည်​မိ​မိ​တို့​ဖ​ခင်​များ ထံ​မှ ထို​တဲ​တော်​ကို​ဆက်​ခံ​ကာ ဘု​ရား​သ​ခင် နှင်​ထုတ်​တော်​မူ​သော​လူ​မျိုး​တို့​၏​ပြည်​ကို ယော​ရှု​နှင့်​အ​တူ​ချီ​တက်​သိမ်း​ပိုက်​ကြ​သော အ​ခါ ထို​တဲ​တော်​ကို​သယ်​ဆောင်​သွား​ကြ​၏။ ထို​တဲ​တော်​ကား​ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင် အောင်​ရှိ​သ​တည်း။- ဒါ​ဝိဒ်​မင်း​သည်​ဘု​ရား​သ​ခင်​၏​ရှေ့​တော် တွင်​မျက်​နှာ​ပွင့်​လန်း​သူ​ဖြစ်​၏။ သို့​ဖြစ်​၍ ယာ​ကုပ်​၏​ဘု​ရား​ကျိန်း​ဝပ်​တော်​မူ​ရာ ဗိ​မာန်​တော်​ကို​တည်​ဆောက်​ခွင့်​ပြု​ရန် ဘု​ရား​သ​ခင်​အား​ပန်​ကြား​လေ​သည်။- သို့​သော်​ဘု​ရား​သ​ခင်​၏​ဗိ​မာန်​တော်​ကို တည်​ဆောက်​ခွင့်​ရ​သူ​ကား ရှော​လ​မုန်​မင်း ကြီး​ဖြစ်​သ​တည်း။'' ``သို့​ရာ​တွင်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား သည် လူ​တည်​ဆောက်​သော​အိမ်​များ​တွင်​ကျိန်း ဝပ်​တော်​မ​မူ။ ဟု​ပ​ရော​ဖက်​က​ပြော​၏။- `ကောင်း​ကင်​ဘုံ​သည်​ငါ​၏​ပလ္လင်​ဖြစ်​၏။ ကမ္ဘာ​မြေ​ကြီး​သည်​ငါ​၏​ခြေ​တင်​ခုံ​ဖြစ်​၏။ သင်​သည်​အ​ဘယ်​သို့​သော​ဗိ​မာန်​တော်​ကို ငါ့​အ​တွက်​တည်​ဆောက်​မည်​နည်း။ ငါ​ကျိန်း​ဝပ်​ရန်​အ​ရပ်​ကား​အ​ဘယ်​မှာ​နည်း။ ငါ​ကိုယ်​တိုင်​ပင်​ဤ​အ​ရာ​ခပ်​သိမ်း​ကို ဖန်​ဆင်း​သည်​မ​ဟုတ်​လော' ဟု​ဟော​ကြား​သည့်​အ​တိုင်း​ပင်​ဖြစ်​သည်။'' ``သင်​တို့​သည်​လွန်​စွာ​ခေါင်း​မာ​ကြ​သည် တ​ကား။ သင်​တို့​စိတ်​နှ​လုံး​သည်​ဘု​ရား​သ​ခင် ၏​ဗျာ​ဒိတ်​စ​ကား​ကို​ကြား​နာ​ရန်​နား​ပင်း ကြ​သည်​တ​ကား။ သင်​တို့​သည်​မိ​မိ​တို့​ဘိုး ဘေး​များ​ကဲ့​သို့​ပင် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော် ကို​အ​စဉ်​အ​မြဲ​ဆန့်​ကျင်​ဘက်​ပြု​ကြ​သည် တ​ကား။- သင်​တို့​ဘိုး​ဘေး​များ​မ​နှိပ်​စက်​မ​ညှဉ်း​ဆဲ သည့်​ပ​ရော​ဖက်​ဟူ​၍ အ​ဘယ်​မှာ​ရှိ​သ​နည်း။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ဖြောင့်​မတ်​သော အ​စေ​ခံ​ကြွ​လာ​တော်​မူ​မည့်​အ​ကြောင်း​ကို ကြို​တင်​ဟော​ကြား​ကြ​သည့်​ပ​ရော​ဖက်​များ ကို​သတ်​ဖြတ်​ခဲ့​ကြ​၏။ ယ​ခု​သင်​တို့​သည် ထို​အ​ရှင်​ကို​အပ်​၍​သတ်​ဖြတ်​ကြ​ပြီ။- ကောင်း​ကင်​တ​မန်​များ​မှ​တစ်​ဆင့်​ပေး​အပ် တော်​မူ​သည့်​ပ​ညတ်​တော်​ကို​ရ​ရှိ​သော်​လည်း ထို​ပ​ညတ်​တော်​ကို​မ​လိုက်​နာ​ကြ​ပါ​တ​ကား'' ဟု​သ​တေ​ဖန်​မြွက်​ဆို​၏။

တမန်တော် 7:44-53 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ငါ​တို့​၏​ဘိုးဘေး​များ​အတွက် တော​ကန္တာရ​တွင် သက်သေခံ​တဲ​တော်​ရှိ​၏။ ၎င်း​သည် မောရှေ​အား သူ​မြင်​ရ​သည့်​ပုံစံ​နှင့်အညီ​ပြုလုပ်​ရန် မြွက်ဆို​တော်မူ​သော​အရှင်​က မှာကြား​သည့်​အတိုင်း ပြုလုပ်​ထား​သော​တဲ​တော်​ဖြစ်​၏။ ငါ​တို့​၏​ဘိုးဘေး​များ​သည် ထို​တဲ​တော်​ကို​ဆက်ခံ​၍ ငါ​တို့​ဘိုးဘေး​များ​ရှေ့​မှ ဘုရားသခင်​နှင်ထုတ်​တော်မူ​သော လူမျိုးခြား​တို့​၏​ပြည်​ကို သူ​တို့​သိမ်းပိုက်​ကြ​သောအခါ ယောရှု​နှင့်အတူ ၎င်း​ကို​သယ်ဆောင်​လာ​ကြ​၏။ ထို​တဲ​တော်​သည် ဒါဝိဒ်​လက်ထက်​တိုင်အောင်​ရှိ​ခဲ့​၏။ ဒါဝိဒ်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ ကျေးဇူး​တော်​ခံစား​ရ​၍ ယာကုပ်​၏​ဘုရား​စံမြန်း​တော်မူ​ရာ​အရပ်​ကို​ပြင်ဆင်​နိုင်​ရန် တောင်းလျှောက်​ခဲ့​၏။ သို့သော် ဘုရားသခင်​အတွက် အိမ်​တော်​ကို​တည်ဆောက်​ခဲ့​သူ​မှာ ရှောလမုန်​ဖြစ်​၏။ သို့ရာတွင် အမြင့်ဆုံး​သော​ဘုရား​သည် လူ့​လက်​ဖြင့်​တည်ဆောက်​သော​ဗိမာန်​များ​တွင် ကိန်းဝပ်​တော်​မ​မူ။ ဤသည်ကား ‘ကောင်းကင်​သည် ငါ​၏​ပလ္လင်​ဖြစ်​၏။ မြေကြီး​သည် ငါ​၏​ခြေ​တင်ခုံ​ဖြစ်​၏။ သင်​တို့​သည် မည်သို့သော​အိမ်​ကို ငါ့​အတွက်​တည်ဆောက်​ကြ​မည်နည်း။ မည်သည့်​အရပ်​သည် ငါ​နားနေရာ​အရပ်​ဖြစ်​မည်နည်း။ ငါ့​လက်​သည် ဤ​အရာ​အလုံးစုံ​တို့​ကို ဖန်ဆင်း​သည်​မ​ဟုတ်​လော​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏’​ဟူ၍ ပရောဖက်​ဆို​ထား​သည့်​အတိုင်း​ဖြစ်​၏။ ခေါင်းမာ​၍ နား​နှင့်​စိတ်နှလုံး​တို့​၌ အရေဖျား​လှီး​ခြင်း​မ​ရှိ​သော​သူ​တို့၊ သင်​တို့​သည်​လည်း သင်​တို့​၏​ဘိုးဘေး​များ​နည်းတူ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို အစဉ်​ဆန့်ကျင်ဘက်​ပြု​ကြ​၏။ သင်​တို့​ဘိုးဘေး​များ မ​ညှဉ်းဆဲ​ခဲ့​သော​ပရောဖက်​တစ်ပါးပါး​ရှိ​သလော။ သူ​တို့​သည် ဖြောင့်မတ်​သော​အရှင်​ကြွလာ​မည့်​အကြောင်း ကြိုတင်​ဟောပြော​သော​သူ​များ​ကို​သတ်​ခဲ့​ကြ​၏။ ယခု သင်​တို့​သည် ထို​ဖြောင့်မတ်​သော​အရှင်​ကို သစ္စာဖောက်​သော​သူ​နှင့် သတ်ဖြတ်​သော​သူ​များ​ဖြစ်​ကြ​ပြီ။ သင်​တို့​သည် ကောင်းကင်တမန်​များ​အားဖြင့် ပြဋ္ဌာန်း​ထား​သော​ပညတ်​တရား​ကို ရရှိ​သော်လည်း ၎င်း​ကို​စောင့်ထိန်း​ခြင်း​မ​ရှိ​ကြ”​ဟု ဆို​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။