YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 7

7
သ​တေ​ဖန်​၏​ဟော​ပြော​ချက်
1ထို​အ​ခါ ယဇ်​ပု​ရော​ဟိတ်​မင်း​က၊ ဤ​စ​ကား​မှန်​သ​လော​ဟု မေး​သည်​ရှိ​သော်၊- 2သ​တေ​ဖန်​က၊ ညီ​အစ်​ကို အ​ဘ​တို့ နား​ထောင်​ကြ​ပါ​လော့။ ငါ​တို့​အ​ဘ​အာ​ဗြ​ဟံ​သည်၊ ခါ​ရန်​မြို့၌​မ​နေ​မီ၊ မေ​သော​ပေါ​တာ​မိတိုင်း၌ ရှိ​စဉ်​အ​ခါ၊ ဘုန်း​ကြီး​တော်​မူ​သော ဘု​ရား​သ​ခင်​သည် ထင်​ရှား​တော်​မူ၍၊-#က၊ ၁၂:၂။ 3သင်​နေ​သော​ပြည်​နှင့်​တ​ကွ အ​မျိုး​သား​ချင်း များ​ထဲ​က​ထွက်​ပြီး​လျှင်၊ ငါ​ပြ​လ​တ္တံ့​သော​ပြည်​သို့ သွား​လော့​ဟု အာ​ဗြ​ဟံ​အား မိန့်​တော်​မူ၏။- 4ထို​အ​ခါ အာ​ဗြ​ဟံ​သည် ခါ​လ​ဒဲ​ပြည်​မှ​ထွက်၍ ခါ​ရန်​မြို့၌​နေ၏။ သူ၏​အ​ဘ သေ​လွန်​သည်​ရှိ​သော်၊ ယ​ခု​သင်​တို့​နေ​သော ဤ​ပြည်​သို့ ထို​မြို့​မှ ပြောင်း​စေ​တော်​မူ၏။-#က၊ ၁၁:၃၁၊ ၁၂:၄။ 5ဤ​ပြည်၌ ခြေ​နင်း​ရာ​ကို​မျှ အ​မွေ​ပေး​တော်​မ​မူ​သော်​လည်း၊ သူ​မှ​စ၍ သူ၏​သား​မြေး​တို့​အား ဤ​ပြည်​ကို အ​ပိုင်​ပေး​တော်​မူ​မည်​ဟု သား​တစ်​ယောက်​မျှ​မ​ရှိ​မီ က​တိ​ထား​တော်​မူ၏။-#က၊ ၁၂:၇၊ ၁၃:၁၅၊ ၁၅:၁၈၊ ၁၇:၈။ 6သင်၏​အ​မျိုး​အ​နွယ်​သည် သူ​တစ်​ပါး​ပိုင်​သော​ပြည်၌ ဧည့်​သည်​ဖြစ်​ကြ​သ​ဖြင့်၊ သူ​တစ်​ပါး​တို့၌ ကျွန်​ခံ​ခြင်း၊ နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ကို အ​နှစ်​လေး​ရာ​ပတ်​လုံး ခံ​ရ​ကြ​လိမ့်​မည်။-#က၊ ၁၅:၁၃-၁၄။ 7သူ​တို့​ကို စေ​ခိုင်း​သော​လူ​မျိုး​ကို​လည်း ငါ​စီ​ရင်​မည်။ ထို​နောက်​မှ သူ​တို့​သည်​ထွက်၍ ဤ​အ​ရပ်၌ ငါ့​အား ဝတ်​ပြု​ကြ​လိမ့်​မည်​ဟု ဗျာ​ဒိတ်​ထား​တော်​မူ၏။-#ထွ၊ ၃:၁၂။ 8ဘု​ရား​သ​ခင်​သည်​လည်း အ​ရေ​ဖျား​လှီး​ခြင်း​နှင့် ဆိုင်​သော ပ​ဋိ​ညာဉ်​တ​ရား​ကို အာ​ဗြ​ဟံ​အား ပေး​တော်​မူ၏။ ထို​သို့ ဣ​ဇာက်​ကို ဖွား​မြင်၍ ရှစ်​ရက်​မြောက်​သော​နေ့၌ အ​ရေ​ဖျား​လှီး​ခြင်း​ကို​ပေး​လေ၏။ ဣ​ဇာက်​သား ယာ​ကုပ်၊ ယာ​ကုပ်​သား​များ​ကား၊ အ​မျိုး၏ အ​ဘ တစ်​ကျိပ်​နှစ်​ပါး​တည်း။-#က၊ ၁၇:၁၀-၁၄၊ ၂၁:၂-၄။ ၂၅:၂၆။ ၂၉:၃၁-၃၅:၁၈။ 9အ​မျိုး၏​အ​ဘ​တို့​သည်​လည်း ငြူ​စူ​သော​စိတ်​ရှိ၍၊ ယော​သပ်​ကို အဲ​ဂု​တ္တု​ပြည်​သို့ ရောင်း​လိုက်​ကြ၏။ ဘု​ရား​သ​ခင်​သည် သူ့​ကို​စောင့်​မ​တော်​မူ​လျက်၊-#က၊ ၃၇:၁၁၊ ၂၈၊ ၃၉:၂၊ ၂၁။ 10အ​လုံး​စုံ​သော ဒု​က္ခ​ဆင်း​ရဲ​ထဲ​မှ ကယ်​နုတ်၍၊ အဲ​ဂု​တ္တု​ပြည်​ကို အ​စိုး​ရ​သော ဖာ​ရော​ဘု​ရင်​ထံ၌ မျက်​နှာ​ပွင့်​လန်း​ခြင်း​နှင့် ပ​ညာ​အ​တတ်​ကို​ပေး​တော်​မူ​သ​ဖြင့်၊ ထို​မင်း​ကြီး​သည် အဲ​ဂု​တ္တု​နိုင်​ငံ​အုပ်​အ​ရာ၊ နန်း​တော်​အုပ်​အ​ရာ၌ ယော​သပ်​ကို​ခန့်​ထား​လေ၏။-#က၊ ၄၁:၃၉-၄၁။
11ခါ​နာန်​ပြည်​နှင့် အဲ​ဂု​တ္တု​ပြည်​တစ်​လျှောက်​လုံး၌ အ​စာ​ခေါင်း​ပါး​ခြင်း၊ ကြီး​စွာ​သော​ဆင်း​ရဲ​ခြင်း​ရှိ၍ ငါ​တို့​အ​ဘ​များ၌ စား​စ​ရာ​ကုန်​သော​အ​ခါ၊ အဲ​ဂု​တ္တု​ပြည်​မှာ ဆန်​စ​ပါး​ရှိ​သည်​ဟု ယာ​ကုပ်​သည်​ကြား​လျှင်၊-#က၊ ၄၁:၅၄-၅၇။ 12ငါ​တို့​အ​ဘ​များ​ကို ပ​ထ​မ​အ​ကြိမ်​တွင် စေ​လွှတ်​လေ၏။-#က၊ ၄၂:၁-၂။ 13ဒု​တိ​ယ​အ​ကြိမ်​တွင် ယော​သပ်​သည် မိ​မိ​ညီ​အစ်​ကို​တို့​အား မိ​မိ​အ​ကြောင်း​ကို ဖော်​ပြ၍၊ ဖာ​ရော​ဘု​ရင်​သည် ယော​သပ်၏​အ​မျိုး​ကို သိ​တော်​မူ၏။-#က၊ ၄၅:၁၊ ၁၆။ 14ထို​အ​ခါ ယော​သပ်​သည် စေ​လွှတ်၍ မိ​မိ​အ​ဘ​ယာ​ကုပ်​နှင့်​တ​ကွ အ​ရေ​အ​တွက်​အား​ဖြင့် ခု​နစ်​ကျိပ်​ငါး​ယောက်​သော မိ​မိ​အ​မျိုး​သား​ချင်း​အ​ပေါင်း​တို့​ကို ခေါ်​ပင့်​လေ၏။-#က၊ ၄၅:၉-၁၀၊ ၁၇-၁၈၊ ၄၆:၂၇။ 15ယာ​ကုပ်​သည်​လည်း အဲ​ဂု​တ္တု​ပြည်​သို့​သွား၍ ကိုယ်​တိုင်​မှ​စ​သော ငါ​တို့​အ​ဘ​များ​သည် သေ​လွန်​ကြ၏။-#က၊ ၄၆:၁-၇။ ၄၉:၃၃။ 16ထို​သူ​တို့​ကို​လည်း ရှေ​ခင်​မြို့​သို့ ပို့​ဆောင်​သ​ဖြင့်၊ ရှေ​ခင်၏​အ​ဘ​ဖြစ်​သော ဟာ​မော်၏​သား​တို့​အား အ​ဖိုး​ငွေ​ကို​ပေး၍​ဝယ်​ပြီ​ဖြစ်​သော သင်္ချိုင်း​တွင်း၌ ထား​ကြ၏။#က၊ ၂၃:၃-၁၆၊ ၃၃:၁၉၊ ၅၀:၇-၁၃။ ယော​ရှု၊ ၂၄:၃၂။
17အာ​ဗြ​ဟံ​အား ဘု​ရား​သ​ခင် ဓိ​ဋ္ဌာန်​တော်​မူ​သော က​တိ​တော်၏ အ​ချိန်​ရောက်​လု​သော​အ​ခါ၊-#ထွ၊ ၁:၇-၈။ 18ထို​လူ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်၌ တိုး​ပွား၍၊ ယော​သပ်​ကို မ​သိ​မ​ကျွမ်း​သော မင်း​ကြီး​တစ်​ပါး​ပေါ်​လာ​သည်​တိုင်​အောင် များ​ပြား​ကြ​လေ၏။- 19ထို​မင်း​ကြီး​သည် ငါ​တို့​အ​ဆွေ​အ​မျိုး​ကို ပ​ရိ​ယာယ်​ပြု​သ​ဖြင့်၊ သူ​ငယ်​များ​ကို အ​သက်​မ​ရှင်​စေ​ခြင်း​ငှာ ပစ်​ထား​ရ​မည်​အ​ကြောင်း ငါ​တို့ အ​ဘ​များ​ကို ညှဉ်း​ဆဲ​နှိပ်​စက်​လေ၏။-#ထွ၊ ၁:၁၀-၁၁၊ ၂၂။ 20ထို​အ​ခါ အ​လွန်​အ​ဆင်း​လှ​သော မော​ရှေ​ကို ဖွား​မြင်​လျှင်၊ သုံး​လ​ပတ်​လုံး အ​ဘ၏​အိမ်​တွင် ကျွေး​မွေး​ကြ၏။-#ထွ၊ ၂:၂။ 21နောက်​မှ​ပစ်​ထား​သည်​ရှိ​သော်၊ ဖာ​ရော​ဘု​ရင်၏​သ​မီး​တော်​သည် ကောက်​ယူ၍ မိ​မိ​သား​အ​ရာ၌ မွေး​စား​လေ၏။-#ထွ၊ ၂:၃-၁၀။ 22မော​ရှေ​သည်​လည် အဲ​ဂု​တ္တု အ​တတ်​ပ​ညာ အ​လုံး​စုံ​တို့​ကို​သင်၍၊ နှုတ်​သ​တ္တိ၊ လက်​သ​တ္တိ​ရှိ၏။- 23အ​သက်​လေး​ဆယ်​စေ့​သော​အ​ခါ ဣ​လ​ရေ​လ အ​မျိုး​သား​ဖြစ်​သော မိ​မိ​ညီ​အစ်​ကို​တို့​ကို အ​ကြည့်​အ​ရှု​သွား​မည်​ဟု အ​ကြံ​ရှိ၏။-#ထွ၊ ၂:၁၁-၁၅။ 24အ​မျိုး​သား​ချင်း​တစ်​ယောက်​သည် ညှဉ်း​ဆဲ​ခံ​ရ​သည်​ကို မြင်​လျှင် သူ့​ဘက်​က​နေ၍ အဲ​ဂု​တ္တု​လူ​ကို ကွပ်​မျက်​သ​ဖြင့်၊ ထို​ညှဉ်း​ဆဲ​ခံ​ရ​သော သူ​အား အ​နိုင်​ပေး​လေ၏။- 25ဘု​ရား​သ​ခင်​သည် ဤ​သူ​လက်​ဖြင့် ငါ​တို့​ကို ကယ်​နုတ်​တော်​မူ​မည်​အ​ရာ​ကို ညီ​အစ်​ကို​တို့​သည် နား​လည်​လိမ့်​မည်​ဟု ထင်​မှတ်​သော်​လည်း၊ ထို​သူ​တို့​သည် နား​မ​လည်​ဘဲ​နေ​ကြ၏။- 26နက်​ဖြန်​နေ့၌ အ​ချင်း​ချင်း ခိုက်​ရန်​ပြု​ကြ​သော သူ​တို့​ရှိ​ရာ​သို့ သွား၍၊ အ​ချင်း​လူ​တို့၊ ညီ​အစ်​ကို​ချင်း ဖြစ်​လျက်​နှင့် အ​ဘယ်​ကြောင့် တစ်​ယောက်​ကို​တစ်​ယောက် ညှဉ်း​ဆဲ​ကြ​သ​နည်း​ဟု ဆို၍ ရန်​ငြိမ်း​ရာ​သို့ သွေး​ဆောင်​သည်​ရှိ​သော်၊- 27အိမ်​နီး​ချင်း​ကို ညှဉ်း​ဆဲ​သော​သူ​က၊ အ​ဘယ်​သူ​သည် သင့်​ကို ငါ​တို့​အ​ပေါ်​မှာ​အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း။- 28မ​နေ့​က အဲ​ဂု​တ္တု​လူ​ကို သတ်​သ​ကဲ့​သို့ ငါ့​ကို​သတ်​လို​သ​လော​ဟု ဆို​လျက် မော​ရှေ​ကို​ပယ်၏။- 29ထို​စ​ကား​ကို​ကြား​လျှင်၊ မော​ရှေ​သည်​ပြေး၍ မိ​ဒျန်​ပြည်၌ ဧည့်​သည်​ဖြစ်​လျက်​နေ​သည်​တွင် သား​နှစ်​ယောက်​ကို မြင်​လေ၏။#ထွ၊ ၁၈:၃-၄။
30အ​နှစ်​လေး​ဆယ်​လွန်​သော​အ​ခါ၊ သိ​နာ​တောင် ခြေ​ရင်း​တော​တွင်၊ မီး​လောင်​သော​ချုံ​၌ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန် ထင်​ရှား၏။-#ထွ၊ ၃:၁-၁၀။ 31ထို​ရူ​ပါ​ရုံ​ကို မြင်​သော​အ​ခါ မော​ရှေ​သည် အံ့​ဩ၍ စေ့​စေ့​ကြည့်​ရှု​ခြင်း​ငှာ အ​နား​သို့​ချဉ်း​ကပ်​လျှင်၊- 32ငါ​ကား သင့်​ဘိုး​ဘေး​တို့၏​ဘု​ရား၊ အာ​ဗြ​ဟံ၏​ဘု​ရား၊ ဣ​ဇာက်၏​ဘု​ရား၊ ယာ​ကုပ်၏​ဘု​ရား​ဖြစ်၏​ဟု ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အ​သံ ထွက်​တော်​မူ၏။ ထို​အ​ခါ မော​ရှေ​သည် တုန်​လှုပ်​လျက် စေ့​စေ့​မ​ကြည့်​ဝံ့။- 33ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်၏​ခြေ​နင်း​ကို ချွတ်​လော့။ သင်​နင်း​သော​အ​ရပ်​ကား သန့်​ရှင်း​သော​မြေ​ဖြစ်၏။- 34အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ငါ၏​လူ​တို့​သည် ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း​ကို ငါ​စေ့​စေ့​မြင်​ခဲ့​ပြီ။ သူ​တို့​ညည်း​တွား​မြည်​တမ်း​သော အ​သံ​ကို​လည်း ငါ​ကြား​ခဲ့​ပြီ။ သူ​တို့​ကို ကယ်​နုတ်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။ ယ​ခု​သွား​လော့။ သင့်​ကို အဲ​ဂု​တ္တု​ပြည်​သို့​ငါ​စေ​လွှတ်​မည်​ဟု ဗျာ​ဒိတ်​တော်​ရှိ၏။- 35အ​ဘယ်​သူ​သည် သင့်​ကို အ​ကဲ​အ​မှူး တ​ရား​သူ​ကြီး​အ​ရာ၌ ခန့်​ထား​သ​နည်း​ဟူ၍ အ​ငြင်း​အ​ပယ်​ခံ​ရ​သော ထို​မော​ရှေ​ကို အ​ကဲ​အ​မှူး၊ ကယ်​လွှတ်​သော​သူ ဖြစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင်​သည် ချုံ​၌​ထင်​ရှား​သော ကောင်း​ကင်​တ​မန်​အား​ဖြင့် စေ​ခန့်​တော်​မူ၏။-#ထွ၊ ၂:၁၄။ 36ထို​သူ​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို နုတ်​ဆောင်၍ အ​နှစ်​လေး​ဆယ်​ပတ်​လုံး အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊ ဧ​ဒုံ​ပင်​လယ်၌​လည်း​ကောင်း၊ တော၌​လည်း​ကောင်း၊ နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​လေ၏။#ထွ၊ ၇:၃၊ ၁၄:၂၁။ တော၊ ၁၄:၃၃။
37သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့ အ​မျိုး​သား​ချင်း​တို့​အ​ထဲ၌ ငါ​နှင့်​တူ​သော ပ​ရော​ဖက်​တစ်​ပါး​ကို သင်​တို့​အ​ဖို့ ပေါ်​ထွန်း​စေ​တော်​မူ​မည်။ ထို​ပ​ရော​ဖက်၏ စ​ကား​ကို နား​ထောင်​ရ​ကြ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပြော​ဆို​သော​သူ​ကား အ​ခြား​သူ​မ​ဟုတ်၊ ထို​မော​ရှေ​ပင်​ဖြစ်​သ​တည်း။- 38ထို​သူ​သည် တော​တွင်​ရှိ​သော အ​စည်း​အ​ဝေး၌​လည်း​ကောင်း၊ သိ​နာ​တောင်​ပေါ်​မှာ သူ့​ကို​နှုတ်​ဆက်​သော ကောင်း​ကင်​တ​မန်​နှင့်​လည်း​ကောင်း၊ ငါ​တို့​အ​ဘ​များ​နှင့်​လည်း​ကောင်း ရှိ၏။ ထို​သူ​သည် ငါ​တို့​အား အပ်​ပေး​ခြင်း​ငှာ အ​သက်​ရှင်​စေ​သော ဗျာ​ဒိတ်​တော်​ကို ခံ​လေ၏။- 39ထို​သူ၏​စ​ကား​ကို ငါ​တို့​အ​ဘ​များ​သည် နား​မ​ထောင်​လို​ဘဲ​လျက် ပယ်၍၊- 40ငါ​တို့​ရှေ့​မှာ သွား​ရ​သော ဘု​ရား​တို့​ကို ငါ​တို့​အ​ဖို့​လုပ်​ပါ။ ငါ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​ခဲ့​သော ထို​မော​ရှေ၌ အ​ဘယ်​သို့ ဖြစ်​သည်​ကို ငါ​တို့​မ​သိ​ဟု အဲ​ဂု​တ္တု​ပြည်​သို့ ပြန်​ချင်​သော​စိတ်​နှင့် အာ​ရုန်​ကို ပြော​ဆို​ကြ၏။-#ထွ၊ ၃၂:၁။ 41ထို​နေ့​ရက်​ကာ​လ၌ နွား​သ​ငယ်​ကို လုပ်၍ ထို​ရုပ်​တု​အား ယဇ်​ပူ​ဇော်​သ​ဖြင့် မိ​မိ​တို့​လက်​နှင့် လုပ်​သော​အ​ရာ၌​ပင် ပျော်​မွေ့​ကြ၏။ အ​နာ​ဂ​တ္တိ​ကျမ်း၌ လာ​သည်​ကား၊- 42အို ဣ​သ​ရေ​လ​အ​မျိုး၊ သင်​တို့​သည် စီ​ရင်​သော တိ​ရ​စ္ဆာန်​နှင့် ယဇ်​များ​ကို တော၌​အ​နှစ်​လေး​ဆယ်​ပတ်​လုံး ငါ့​အား ပူ​ဇော်​ကြ​သ​လော။-#အာ၊ ၅:၂၅-၂၇။ 43သင်​တို့​သည် မော​လုပ်၏​တဲ​နှင့် သင်​တို့​ဘု​ရား ရင်​ဖန်၏​ကြယ်​တည်း​ဟူ​သော ကိုး​ကွယ်​ဖို့​ရာ မိ​မိ​တို့​လုပ်​သော​ပုံ​တို့​ကို ဆောင်​ရွက်​ကြ​ပြီ တ​ကား။ ထို​ကြောင့် ငါ​သည် သင်​တို့​ကို ဗာ​ဗု​လုန်​မြို့ တစ်​ဖက်​သို့ ဆောင်​သွား​မည်​ဟု ကျမ်း​လာ​ရှိ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​သည် မျက်​နှာ​တော်​ကို​လွှဲ၍၊ ကောင်း​ကင်​တန်​ဆာ​များ​တို့​အား ဝတ်​ပြု​စေ​ခြင်း​ငှာ ထို​သူ​တို့​ကို စွန့်​ပစ်​ထား​တော်​မူ၏။
44မော​ရှေ​မြင်​ရ​သော​ပုံ​နှင့်​အ​ညီ၊ သက်​သေ​ခံ​တော်​မူ​ချက် ဌာ​ပ​နာ​ရာ​တဲ​တော်​ကို လုပ်​ရ​မည်​အ​ကြောင်း အ​မိန့်​တော်​ရှိ​သော​သူ​မှာ ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​တဲ​တော်​သည် တော​တွင် ငါ​တို့​အ​ဘ​များ၌​ရှိ၏။-#ထွ၊ ၂၅:၉၊ ၄၀။ 45နောက်​ကျ​သော ငါ​တို့​အ​ဘ​များ​သည် ထို​တဲ​တော်​ကို တစ်​ပါး​အ​မျိုး​သား​တို့ ပိုင်​သော မြေ​ထဲ​သို့ ယော​ရှု​နှင့်​အ​တူ ဆောင်​သွင်း​ကြ၏။ ထို​တစ်​ပါး​အ​မျိုး​သား​တို့​ကို ဘု​ရား​သ​ခင်​သည် ဒါ​ဝိဒ်​မင်း​လက်​ထက်​တိုင်​အောင် ငါ​တို့​အ​ဘ​များ​ထံ​မှ နှင်​ထုတ်​တော်​မူ၏။-#ယော​ရှု၊ ၃:၁၄-၁၇။ 46ထို​ဒါ​ဝိဒ်​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ခံ​ရ၍၊ ယာ​ကုပ်၏ ဘု​ရား​သ​ခင် ကျိန်း​ဝပ်​တော်​မူ​ဖို့​ရာ​အ​ရပ်​ကို တွေ့​ခြင်း​ငှာ တောင့်​တ၏။-#၂​ရာ၊ ၇:၁-၁၆။ ၅​ရာ၊ ၁၇:၁-၁၄။ 47ရှော​လ​မုန်​သည်​လည်း ဗိ​မာန်​တော်​ကို တည်​ဆောက်​ရ၏။-#၃​ရာ၊ ၆:၁-၃၈။ ၆​ရာ၊ ၃:၁-၁၇။ 48သို့​သော်​လည်း ကောင်း​ကင်​ဘုံ​သည် ငါ့​ပ​လ္လင်​ဖြစ်၏။- 49-50မြေ​ကြီး​သည် ငါ့​ခြေ​တင်​ရာ​ခုံ​ဖြစ်၏။ အ​ဘယ်​သို့​သော​ဗိ​မာန်​ကို ငါ့​အ​ဖို့ တည်​ဆောက်​ကြ​မည်​နည်း။ အ​ဘယ်​အ​ရပ်​သည် ငါ့​ကျိန်း​ဝပ်​ရာ​အ​ရပ်​ဖြစ်​မည်​နည်း။-#ဟေ​ရှာ၊ ၆၆:၁-၂။ ငါ့​လက်​သည် ဤ​အ​ရာ​အ​လုံး​စုံ​တို့​ကို ဖန်​ဆင်း​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား၏ ဗျာ​ဒိတ်​တော်​အ​ချက်​ကို ပ​ရော​ဖက်​ပြန်​ကြား​သည်​နှင့်​အ​ညီ၊ အ​မြင့်​ဆုံး​သော​ဘု​ရား​သည် လူ​တို့​လက်​ဖြင့်​လုပ်​သော ဗိ​မာန်၌ ကျိန်း​ဝပ်​တော်​မူ​သည်​မ​ဟုတ်။
51လည်​ပင်း​ခိုင်​မာ၍ နှ​လုံး​ဖြင့်​လည်း​ကောင်း၊ နား​ဖြင့်​လည်း​ကောင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့၊ သင်​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​ကို အ​စဉ်​မ​ပြတ် ဆန့်​ကျင်​ဘက်​ပြု​လေ့​ရှိ​ကြ၏။ သင်​တို့​ဘိုး​ဘေး​များ၏ အ​လေ့​နှင့် သင်​တို့​အ​လေ့​တူ၏။-#ဟေ​ရှာ၊ ၆၃:၁၀။ 52သင်​တို့​ဘိုး​ဘေး​များ​သည် အ​ဘယ်​ပ​ရော​ဖက်​ကို​မျှ မ​ညှဉ်း​ဆဲ​ဘဲ နေ​သ​နည်း။ ဖြောင့်​မတ်​သော​သူ ကြွ​လာ​တော်​မူ​မည်​အ​ကြောင်း​အ​ရာ​ကို ဟော​ပြော​ပြ​ညွှန်​သော သူ​တို့​ကို ကွပ်​မျက်​ကြ၏။ ထို​ဖြောင့်​မတ်​သော​သူ​ကို​ပင် ယ​ခု​လည်း သင်​တို့​သည် အပ်​နှံ၍ အ​သေ​သတ်​ကြ​ပြီ။- 53သင်​တို့​သည် ကောင်း​ကင်​တ​မန်​များ ခင်း​ကျင်း​သော​အား​ဖြင့် ပ​ညတ်​တ​ရား​တော်​ကို ခံ​ရ​သော်​လည်း မ​စောင့်​မ​ရှောက်​ကြ​ဟု သ​တေ​ဖန် မြွက်​ဆို၏။
သ​တေ​ဖန်​ကို​ခဲ​နှ​င့်​ပေါက်​ခြင်း
54ထို​စ​ကား​ကို​ကြား​လျှင် နှ​လုံး​ကွဲ​ပြတ်​မ​တတ်​ဖြစ်၍၊ သ​တေ​ဖန်၌ အံ​သွား​ခဲ​ကြိတ်​ခြင်း​ကို ပြု​ကြ​လေ၏။- 55သူ​သည်​လည်း သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ကောင်း​ကင်​သို့ စေ့​စေ့​ကြည့်​မျှော်၍ ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏ လက်​ယာ​တော်​ဘက်၌ ယေ​ရှု​ရပ်​နေ​သည်​ကို​လည်း​ကောင်း မြင်​လျှင်၊- 56ကြည့်​ပါ။ ကောင်း​ကင် ဖွင့်​လှစ်​သည်​ကို​လည်း​ကောင်း၊ လူ​သား​သည် ဘု​ရား​သ​ခင်၏​လက်​ယာ​တော်​ဘက်၌ ရပ်​နေ​သည်​ကို​လည်း​ကောင်း၊ ငါ​မြင်​သည်​ဟု ဆို၏။- 57ထို​သူ​တို့​သည် ပြင်း​စွာ​သော​အ​သံ​နှင့် ဟစ်​ကြော်၍ နား​ကို​ပိတ်​ဆို့​လျက် သူ့​ဆီ​သို့​ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး၍၊- 58မြို့​ပြင်​သို့​နှင်​ထုတ်​ပြီး​မှ ကျောက်​ခဲ​နှင့် ပစ်​ကြ၏။ သက်​သေ​ခံ​တို့​သည်​လည်း မိ​မိ​တို့​အ​ဝတ်​ကို ရှော​လု​အ​မည်​ရှိ​သော လု​လင်၏​ခြေ​ရင်း၌ ထား​ကြ၏။- 59ကျောက်​ခဲ​နှင့်​ပစ်​ကြ​စဉ် သ​တေ​ဖန်​သည် ပ​တ္ထ​နာ​ပြု​လျက်၊ သ​ခင်​ယေ​ရှု၊ အ​ကျွန်ုပ်၏​ဝိ​ညာဉ်​ကို သိမ်း​ယူ​တော်​မူ​ပါ​ဟု လျှောက်​ဆို၏။- 60ဒူး​ထောက်​လျက်၊ သ​ခင်၊ ဤ​သူ​တို့​ပြု​သော ဒု​စ​ရိုက်​အ​ပြစ်​ကို မှတ်​တော်​မ​မူ​ပါ​နှင့်​ဟု ကြီး​သော​အ​သံ​နှင့် ကြွေး​ကြော်​ပြီး​မှ ကျိန်း​စက်​လေ၏။ သူ့​ကို ကွပ်​မျက်​သော​အ​မှု​ကို ရှော​လု​သည်​လည်း ဝန်​ခံ​လျက်​ရှိ၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 7: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။