YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 7:44-53

တမန်တော်ဝတ္ထု 7:44-53 MSBU

ငါ​တို့​၏​ဘိုးဘေး​များ​အတွက် တော​ကန္တာရ​တွင် သက်သေခံ​တဲ​တော်​ရှိ​၏။ ၎င်း​သည် မောရှေ​အား သူ​မြင်​ရ​သည့်​ပုံစံ​နှင့်အညီ​ပြုလုပ်​ရန် မြွက်ဆို​တော်မူ​သော​အရှင်​က မှာကြား​သည့်​အတိုင်း ပြုလုပ်​ထား​သော​တဲ​တော်​ဖြစ်​၏။ ငါ​တို့​၏​ဘိုးဘေး​များ​သည် ထို​တဲ​တော်​ကို​ဆက်ခံ​၍ ငါ​တို့​ဘိုးဘေး​များ​ရှေ့​မှ ဘုရားသခင်​နှင်ထုတ်​တော်မူ​သော လူမျိုးခြား​တို့​၏​ပြည်​ကို သူ​တို့​သိမ်းပိုက်​ကြ​သောအခါ ယောရှု​နှင့်အတူ ၎င်း​ကို​သယ်ဆောင်​လာ​ကြ​၏။ ထို​တဲ​တော်​သည် ဒါဝိဒ်​လက်ထက်​တိုင်အောင်​ရှိ​ခဲ့​၏။ ဒါဝိဒ်​သည် ဘုရားသခင်​၏​ရှေ့​တော်​၌ ကျေးဇူး​တော်​ခံစား​ရ​၍ ယာကုပ်​၏​ဘုရား​စံမြန်း​တော်မူ​ရာ​အရပ်​ကို​ပြင်ဆင်​နိုင်​ရန် တောင်းလျှောက်​ခဲ့​၏။ သို့သော် ဘုရားသခင်​အတွက် အိမ်​တော်​ကို​တည်ဆောက်​ခဲ့​သူ​မှာ ရှောလမုန်​ဖြစ်​၏။ သို့ရာတွင် အမြင့်ဆုံး​သော​ဘုရား​သည် လူ့​လက်​ဖြင့်​တည်ဆောက်​သော​ဗိမာန်​များ​တွင် ကိန်းဝပ်​တော်​မ​မူ။ ဤသည်ကား ‘ကောင်းကင်​သည် ငါ​၏​ပလ္လင်​ဖြစ်​၏။ မြေကြီး​သည် ငါ​၏​ခြေ​တင်ခုံ​ဖြစ်​၏။ သင်​တို့​သည် မည်သို့သော​အိမ်​ကို ငါ့​အတွက်​တည်ဆောက်​ကြ​မည်နည်း။ မည်သည့်​အရပ်​သည် ငါ​နားနေရာ​အရပ်​ဖြစ်​မည်နည်း။ ငါ့​လက်​သည် ဤ​အရာ​အလုံးစုံ​တို့​ကို ဖန်ဆင်း​သည်​မ​ဟုတ်​လော​ဟု ထာဝရ​ဘုရား​မိန့်​တော်မူ​၏’​ဟူ၍ ပရောဖက်​ဆို​ထား​သည့်​အတိုင်း​ဖြစ်​၏။ ခေါင်းမာ​၍ နား​နှင့်​စိတ်နှလုံး​တို့​၌ အရေဖျား​လှီး​ခြင်း​မ​ရှိ​သော​သူ​တို့၊ သင်​တို့​သည်​လည်း သင်​တို့​၏​ဘိုးဘေး​များ​နည်းတူ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို အစဉ်​ဆန့်ကျင်ဘက်​ပြု​ကြ​၏။ သင်​တို့​ဘိုးဘေး​များ မ​ညှဉ်းဆဲ​ခဲ့​သော​ပရောဖက်​တစ်ပါးပါး​ရှိ​သလော။ သူ​တို့​သည် ဖြောင့်မတ်​သော​အရှင်​ကြွလာ​မည့်​အကြောင်း ကြိုတင်​ဟောပြော​သော​သူ​များ​ကို​သတ်​ခဲ့​ကြ​၏။ ယခု သင်​တို့​သည် ထို​ဖြောင့်မတ်​သော​အရှင်​ကို သစ္စာဖောက်​သော​သူ​နှင့် သတ်ဖြတ်​သော​သူ​များ​ဖြစ်​ကြ​ပြီ။ သင်​တို့​သည် ကောင်းကင်တမန်​များ​အားဖြင့် ပြဋ္ဌာန်း​ထား​သော​ပညတ်​တရား​ကို ရရှိ​သော်လည်း ၎င်း​ကို​စောင့်ထိန်း​ခြင်း​မ​ရှိ​ကြ”​ဟု ဆို​လေ​၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။