တမန်တော် 7:17-29
တမန်တော် 7:17-29 Judson Bible (JBMLE)
အာဗြဟံအား ဘုရားသခင် ဓိဋ္ဌာန်တော်မူသော ကတိတော်၏ အချိန်ရောက်လုသောအခါ၊- ထိုလူမျိုးသည် အဲဂုတ္တုပြည်၌ တိုးပွား၍၊ ယောသပ်ကို မသိမကျွမ်းသော မင်းကြီးတစ်ပါးပေါ်လာသည်တိုင်အောင် များပြားကြလေ၏။- ထိုမင်းကြီးသည် ငါတို့အဆွေအမျိုးကို ပရိယာယ်ပြုသဖြင့်၊ သူငယ်များကို အသက်မရှင်စေခြင်းငှာ ပစ်ထားရမည်အကြောင်း ငါတို့ အဘများကို ညှဉ်းဆဲနှိပ်စက်လေ၏။- ထိုအခါ အလွန်အဆင်းလှသော မောရှေကို ဖွားမြင်လျှင်၊ သုံးလပတ်လုံး အဘ၏အိမ်တွင် ကျွေးမွေးကြ၏။- နောက်မှပစ်ထားသည်ရှိသော်၊ ဖာရောဘုရင်၏သမီးတော်သည် ကောက်ယူ၍ မိမိသားအရာ၌ မွေးစားလေ၏။- မောရှေသည်လည် အဲဂုတ္တု အတတ်ပညာ အလုံးစုံတို့ကိုသင်၍၊ နှုတ်သတ္တိ၊ လက်သတ္တိရှိ၏။- အသက်လေးဆယ်စေ့သောအခါ ဣလရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှုသွားမည်ဟု အကြံရှိ၏။- အမျိုးသားချင်းတစ်ယောက်သည် ညှဉ်းဆဲခံရသည်ကို မြင်လျှင် သူ့ဘက်ကနေ၍ အဲဂုတ္တုလူကို ကွပ်မျက်သဖြင့်၊ ထိုညှဉ်းဆဲခံရသော သူအား အနိုင်ပေးလေ၏။- ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နုတ်တော်မူမည်အရာကို ညီအစ်ကိုတို့သည် နားလည်လိမ့်မည်ဟု ထင်မှတ်သော်လည်း၊ ထိုသူတို့သည် နားမလည်ဘဲနေကြ၏။- နက်ဖြန်နေ့၌ အချင်းချင်း ခိုက်ရန်ပြုကြသော သူတို့ရှိရာသို့ သွား၍၊ အချင်းလူတို့၊ ညီအစ်ကိုချင်း ဖြစ်လျက်နှင့် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် ညှဉ်းဆဲကြသနည်းဟု ဆို၍ ရန်ငြိမ်းရာသို့ သွေးဆောင်သည်ရှိသော်၊- အိမ်နီးချင်းကို ညှဉ်းဆဲသောသူက၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာအကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်း။- မနေ့က အဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကိုသတ်လိုသလောဟု ဆိုလျက် မောရှေကိုပယ်၏။- ထိုစကားကိုကြားလျှင်၊ မောရှေသည်ပြေး၍ မိဒျန်ပြည်၌ ဧည့်သည်ဖြစ်လျက်နေသည်တွင် သားနှစ်ယောက်ကို မြင်လေ၏။
တမန်တော် 7:17-29 Common Language Bible (BCL)
``ဘုရားသခင်သည်အာဗြဟံအားထား တော်မူသော ကတိတော်ကိုအကောင်အထည် ဖော်ရန်အချိန်နီးကပ်လာသောအခါ အီဂျစ် ပြည်တွင်ဣသရေလအမျိုးသားတို့ဦးရေ များစွာတိုးပွားခဲ့၏။- ထိုအခါအီဂျစ်ပြည်တွင် ယောသပ်ကိုမသိ သောရှင်ဘုရင်တစ်ပါးပေါ်ထွန်းလာ၏။- ထိုဘုရင်သည်ငါတို့ဘိုးဘေးတို့ကိုလှည့် စား၍ သူတို့အားနှိပ်စက်ညှဉ်းဆဲ၏။ သူတို့ ၏ကလေးသူငယ်များအားသေစေရန်အိမ် ပြင်တွင်ပစ်ထားစေ၏။- ထိုအချိန်ကာလကားမောရှေဖွားမြင်ရာ အချိန်ကာလပင်ဖြစ်၏။ မောရှေသည်လွန်စွာ အဆင်းလှသောကလေးသူငယ်ဖြစ်၏။ သုံး လတိုင်တိုင်ဖခင်၏အိမ်တွင်ပြုစုစောင့်ရှောက် ခြင်းကိုခံခဲ့ရ၏။- သူသည်အိမ်ပြင်တွင်ပစ်ထားခြင်းခံရသော အခါ ဖာရောဘုရင်၏သမီးတော်ကသူ့အား သားအဖြစ်မွေးစားလေသည်။- မောရှေသည်အီဂျစ်အမျိုးသားတို့၏အတတ် ပညာအလုံးစုံကိုဆည်းပူး၍ နှလုံးရည်လက် ရုံးရည်တို့ဖြင့်ပြည့်စုံသူဖြစ်လာ၏။'' ``သူသည်အသက်လေးဆယ်ရှိသောအခါ မိမိ ၏သားချင်းများဖြစ်သည့်ဣသရေလအမျိုး သားတို့ထံသို့သွားရောက်လည်ပတ်ရန်စိတ်ပိုင်း ဖြတ်လေသည်။- ယင်းသို့လည်ပတ်နေချိန်တွင်ဣသရေလ အမျိုးသားတစ်ဦးအား အီဂျစ်အမျိုးသား တစ်ယောက်ကရိုက်နှက်လျက်နေသည်ကိုမြင် လျှင် မိမိအမျိုးသား၏ဘက်မှဝင်ရောက် ကူညီကာ အီဂျစ်အမျိုးသားကိုသတ်၍ လက်စားချေလိုက်လေသည်။- (မောရှေသည်ဣသရေလအမျိုးသားတို့၏ လွတ်မြောက်ရေးအတွက် မိမိအားဘုရား သခင်စေလွှတ်တော်မူခဲ့ကြောင်းကို သူတို့ သိရှိနားလည်ကြလိမ့်မည်ဟုထင်မှတ်ခဲ့ ၏။ သို့ရာတွင်ထိုသူတို့သည်နားမလည် ကြ။)- နောက်တစ်နေ့၌ဣသရေလအမျိုးသား နှစ်ယောက်ခိုက်ရန်ဖြစ်လျက်နေကြသည်ကို တွေ့လျှင် မောရှေက`သင်တို့သည်ညီအစ်ကိုချင်း ဖြစ်ပါလျက်နှင့် အဘယ်ကြောင့်ခိုက်ရန်ဖြစ် နေကြပါသနည်း' ဟုဆို၍ဖျန်ဖြေ၏။- သို့ရာတွင်မတရားသဖြင့်ပြုသူသည် မောရှေအား ဘေးသို့တွန်းဖယ်လိုက်ပြီး လျှင်`ငါတို့အားတရားစီရင်အုပ်ချုပ်သူ အဖြစ်ဖြင့်သင့်ကိုမည်သူခန့်ထားသနည်း။- ယမန်နေ့ကအီဂျစ်အမျိုးသားတစ်ယောက် ကိုသတ်ခဲ့သည်နည်းတူ ငါ့ကိုလည်းသတ်လို ပါသလော' ဟုမေး၏။- မောရှေသည်ထိုစကားကိုကြားသောအခါ အီဂျစ်ပြည်မှထွက်ပြေး၍မိဒျန်ပြည်တွင် နေထိုင်လေသည်။ သူသည်ထိုပြည်တွင်သား နှစ်ယောက်ကိုရ၏။
တမန်တော် 7:17-29 မြန်မာ့စံမီသမ္မာကျမ်း (MSBU)
အာဗြဟံအား ဘုရားသခင်ကတိပေးတော်မူသော ကတိတော်၏နေ့ရက်နီးကပ်လာသည်နှင့်အညီ လူမျိုးတော်သည် အီဂျစ်ပြည်တွင် တိုးပွားလျက်များပြားလာ၍ အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော အခြားဘုရင်တစ်ပါးပေါ်ထွန်းသည်အထိ ထိုသို့တိုးပွားများပြားလေ၏။ ထိုဘုရင်သည် ငါတို့လူမျိုးအပေါ်ဉာဏ်ဆင်လျက် ငါတို့၏ဘိုးဘေးများကို မတရားနှိပ်စက်ကာ သူတို့၏ကလေးငယ်များကို အသက်မရှင်စေရန် ပစ်ထားစေ၏။ ထိုသို့သောအချိန်၌ မောရှေသည် မွေးဖွားလာခဲ့၏။ သူသည် ဘုရားသခင်ရှေ့တော်၌ အဆင်းလှသောကလေးဖြစ်ပြီး ဖခင်၏အိမ်၌ သုံးလတိုင်တိုင်ကျွေးမွေးပြုစုခြင်းခံရ၏။ ထို့နောက် အပြင်၌ထုတ်ထားသောအခါ ဖာရောဘုရင်၏သမီးတော်သည် သူ့ကိုကောက်ယူ၍ မိမိသားအဖြစ်မွေးစားလေ၏။ မောရှေသည် အီဂျစ်လူမျိုးတို့၏အတတ်ပညာအလုံးစုံတို့ကို သင်ကြားတတ်မြောက်သဖြင့် ပြောဆိုမှုနှင့်လုပ်ဆောင်မှုတို့၌ အစွမ်းသတ္တိရှိ၏။ သူသည် အသက်လေးဆယ်ပြည့်သောအခါ မိမိညီအစ်ကိုများဖြစ်ကြသော အစ္စရေးအမျိုးသားတို့ကို အကြည့်အရှုသွားလိုသောစိတ်ဆန္ဒဖြစ်ပေါ်လာလေ၏။ ထို့နောက် လူတစ်ဦးသည် မတရားသဖြင့်ပြုမူခြင်းခံနေရသည်ကိုမြင်၍ ထိုသူကိုကာကွယ်လျက် အီဂျစ်အမျိုးသားကိုရိုက်သတ်ကာ ဖိနှိပ်ခံရသူအတွက် လက်တုံ့ပြန်လေ၏။ မောရှေက သူ့လက်ဖြင့် သူ၏ညီအစ်ကိုတို့အား လွတ်မြောက်ခြင်းကို ဘုရားသခင်ပေးတော်မူမည်ဖြစ်ကြောင်း သူတို့နားလည်ကြလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူတို့သည်နားမလည်ခဲ့ကြပေ။ နောက်တစ်နေ့တွင် မောရှေသည် အစ္စရေးလူမျိုးအချင်းချင်းခိုက်ရန်ဖြစ်နေကြသည်ကိုမြင်၍ ‘မိတ်ဆွေတို့၊ သင်တို့သည် ညီအစ်ကိုချင်းဖြစ်ကြပါလျက်နှင့် အဘယ်ကြောင့် အချင်းချင်းမတရားသဖြင့်ပြုကြသနည်း’ဟု သူတို့အားဆိုလျက် သင့်မြတ်ငြိမ်းချမ်းကြရန် ဖျန်ဖြေပေး၏။ သို့သော် အိမ်နီးချင်းကို မတရားသဖြင့်ပြုနေသောသူသည် မောရှေကိုတွန်းဖယ်၍ ‘မည်သူသည် သင့်ကို ငါတို့၏အကြီးအကဲနှင့်တရားသူကြီးအရာ၌ ခန့်ထားသနည်း။ သင်သည် မနေ့က အီဂျစ်လူမျိုးကိုသတ်သကဲ့သို့ ငါ့ကိုသတ်လိုသလော’ဟု ဆိုလေ၏။ မောရှေသည် ထိုစကားကိုကြားလျှင် ထွက်ပြေး၍ မိဒျန်ပြည်တွင် ဧည့်သည်အဖြစ်နေထိုင်ကာ ထိုပြည်၌ သားနှစ်ယောက်ရခဲ့၏။