အာဗြဟံအား ဘုရားသခင် ဓိဋ္ဌာန်တော်မူသော ကတိတော်၏ အချိန်ရောက်လုသောအခါ၊- ထိုလူမျိုးသည် အဲဂုတ္တုပြည်၌ တိုးပွား၍၊ ယောသပ်ကို မသိမကျွမ်းသော မင်းကြီးတစ်ပါးပေါ်လာသည်တိုင်အောင် များပြားကြလေ၏။- ထိုမင်းကြီးသည် ငါတို့အဆွေအမျိုးကို ပရိယာယ်ပြုသဖြင့်၊ သူငယ်များကို အသက်မရှင်စေခြင်းငှာ ပစ်ထားရမည်အကြောင်း ငါတို့ အဘများကို ညှဉ်းဆဲနှိပ်စက်လေ၏။- ထိုအခါ အလွန်အဆင်းလှသော မောရှေကို ဖွားမြင်လျှင်၊ သုံးလပတ်လုံး အဘ၏အိမ်တွင် ကျွေးမွေးကြ၏။- နောက်မှပစ်ထားသည်ရှိသော်၊ ဖာရောဘုရင်၏သမီးတော်သည် ကောက်ယူ၍ မိမိသားအရာ၌ မွေးစားလေ၏။- မောရှေသည်လည် အဲဂုတ္တု အတတ်ပညာ အလုံးစုံတို့ကိုသင်၍၊ နှုတ်သတ္တိ၊ လက်သတ္တိရှိ၏။- အသက်လေးဆယ်စေ့သောအခါ ဣလရေလ အမျိုးသားဖြစ်သော မိမိညီအစ်ကိုတို့ကို အကြည့်အရှုသွားမည်ဟု အကြံရှိ၏။- အမျိုးသားချင်းတစ်ယောက်သည် ညှဉ်းဆဲခံရသည်ကို မြင်လျှင် သူ့ဘက်ကနေ၍ အဲဂုတ္တုလူကို ကွပ်မျက်သဖြင့်၊ ထိုညှဉ်းဆဲခံရသော သူအား အနိုင်ပေးလေ၏။- ဘုရားသခင်သည် ဤသူလက်ဖြင့် ငါတို့ကို ကယ်နုတ်တော်မူမည်အရာကို ညီအစ်ကိုတို့သည် နားလည်လိမ့်မည်ဟု ထင်မှတ်သော်လည်း၊ ထိုသူတို့သည် နားမလည်ဘဲနေကြ၏။- နက်ဖြန်နေ့၌ အချင်းချင်း ခိုက်ရန်ပြုကြသော သူတို့ရှိရာသို့ သွား၍၊ အချင်းလူတို့၊ ညီအစ်ကိုချင်း ဖြစ်လျက်နှင့် အဘယ်ကြောင့် တစ်ယောက်ကိုတစ်ယောက် ညှဉ်းဆဲကြသနည်းဟု ဆို၍ ရန်ငြိမ်းရာသို့ သွေးဆောင်သည်ရှိသော်၊- အိမ်နီးချင်းကို ညှဉ်းဆဲသောသူက၊ အဘယ်သူသည် သင့်ကို ငါတို့အပေါ်မှာအကဲအမှူး တရားသူကြီးအရာ၌ ခန့်ထားသနည်း။- မနေ့က အဲဂုတ္တုလူကို သတ်သကဲ့သို့ ငါ့ကိုသတ်လိုသလောဟု ဆိုလျက် မောရှေကိုပယ်၏။- ထိုစကားကိုကြားလျှင်၊ မောရှေသည်ပြေး၍ မိဒျန်ပြည်၌ ဧည့်သည်ဖြစ်လျက်နေသည်တွင် သားနှစ်ယောက်ကို မြင်လေ၏။
တမန်တော် 7 ကိုဖတ်ပါ။
နားထောင်ပါ။ တမန်တော် 7
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 7:17-29
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ