YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 19:1-21

တမန်တော် 19:1-21 Judson Bible (JBMLE)

အာ​ပေါ​လု​သည် ကော​ရိ​န္သု​မြို့၌​နေ​စဉ်၊ ပေါ​လု​သည် အ​ထက်​အ​ရပ်​များ​ကို လျှောက်​သွား​ပြီး​မှ ဧ​ဖက်​မြို့​သို့​ရောက်၍၊ တ​ပည့်​တော် အ​ချို့​တို့​ကို​တွေ့​လျှင်၊- သင်​တို့​သည် ယုံ​ကြည်​သည်​နောက်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ကြ​ပြီ​လော​ဟု မေး​သည်​ရှိ​သော်၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​သည်​ကို အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ပြော​ဆို​ကြ၏။- ပေါ​လု​က​လည်း၊ သို့​ဖြစ်​လျှင်၊ သင်​တို့​သည် အ​ဘယ်​မည်​သော ဗ​တ္တိ​ဇံ​ကို ခံ​ကြ​သ​နည်း​ဟု မေး​လျှင်၊ ယော​ဟန်၏​ဗ​တ္တိ​ဇံ​ကို​ခံ​ပါ​သည်​ဟု ပြော​ဆို​ကြ၏။- ပေါ​လု​က​လည်း၊ ယော​ဟန်​က၊ ငါ့​နောက်​ကြွ​လာ​သော​သူ​ကို ယုံ​ကြည်​ရ​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လျက်၊ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​ကို​ပေး၏။ ထို​သို့​ဆို​ရာ၌ ယေ​ရှု​ခ​ရစ်​ကို ဆို​လို​သည်၊- ဟူ​သော​စ​ကား​ကို ကြား​လျှင်၊ ထို​သူ​တို့​သည် သ​ခင်​ယေ​ရှု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။- ပေါ​လု​သည်​လည်း၊ သူ​တို့​အ​ပေါ်၌ လက်​ကို​တင်​လျှင်၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဆင်း​သက်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော၍ ပ​ရော​ဖက်​ပြု​ကြ၏။- ထို​သူ​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ကျိပ်​နှစ်​ယောက်​မျှ​လောက် ရှိ​သ​တည်း။ ထို​နောက်​မှ ပေါ​လု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်၍ သုံး​လ​ပတ်​လုံး ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​များ​ကို ဆွေး​နွေး​နှီး​နှော၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့် ရဲ​ရင့်​စွာ ဟော​ပြော​လေ၏။- အ​ချို့​သော​သူ​တို့​သည် ခိုင်​မာ​သော​စိတ်​ရှိ၍ မ​ယုံ​ကြည်​ဘဲ​နေ​လျက်၊ လူ​များ​ရှေ့​မှာ ထို​ဘာ​သာ​ကို ကဲ့​ရဲ့​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​အ​ထဲ​မှ​ထွက်​သွား၍ တ​ပည့်​တော်​တို့​ကို အ​သီး​အ​ခြား ခွဲ​ထား​ပြီး​မှ၊- တု​ရ​န္နု​အ​မည်​ရှိ​သော​သူ၏ စာ​သင်​ဇ​ရပ်၌ နှစ်​နှစ်​ပတ်​လုံး နေ့​တိုင်း ဟော​ပြော​သော​အား​ဖြင့်၊ အာ​ရှိ​ပြည်​သား​ဖြစ်​သော ယု​ဒ​လူ၊ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​ရ​ကြ၏။ ဘု​ရား​သ​ခင်​သည် ပေါ​လု​လက်​ဖြင့် အ​လွန်​တ​ရာ ထူး​ဆန်း​သော​တန်​ခိုး​များ​ကို ပြ​တော်​မူ​သည်​ဖြစ်၍၊- ပေါ​လု​သုံး​သော​ပ​ဝါ၊ ခါး​ပန်း​တစ်​ခု​ခု​ကို အ​နာ​ရော​ဂါ​ရှိ​သော​သူ​တို့​ဆီ​သို့၊ ပေး​လိုက်၍၊ သူ​တို့​သည် အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ကြ၏။ နတ်​ဆိုး​တို့​လည်း ထွက်​သွား​ကြ၏။ ထို​အ​ခါ အ​ရပ်​ရပ်​သို့​လှည့်​လည်၍ ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး​တတ်​သော ယု​ဒ​လူ​အ​ချို့​တို့​က၊ ပေါ​လု​ဟော​ပြော​သော ယေ​ရှု​ကို ငါ​တိုင်​တည်၍ သင်​တို့​ကို ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး၏​ဟု ဆို​လျက်၊ နတ်​ဆိုး​စွဲ​သော သူ​တို့၏​အ​ပေါ်၌ သ​ခင်​ယေ​ရှု၏​နာ​မ​တော်​ကို မြွက်​စမ်း​ကြ၏။- သ​ကေ​ဝ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မင်း၏ သား​ခု​နစ်​ယောက်​တို့​သည် ထို​သို့​ပြု​ကြ၏။- နတ်​ဆိုး​က​လည်း၊ ယေ​ရှု​ကို​ငါ​သိ၏။ ပေါ​လု​ကို​လည်း ငါ​သိ၏။ သင်​တို့​ကား၊ အ​ဘယ်​သူ​နည်း​ဟု ပြော​ဆို​ပြီး​လျှင်၊- နတ်​ဆိုး​စွဲ​သော​သူ​သည် ထို​သူ​တို့​အ​ပေါ်​သို့ ခုန်​တက်၍​နိုင်​သ​ဖြင့် လု​ယက်​နှိပ်​စက်​သော​ကြောင့်၊ ထို​အိမ်​မှ အ​ဝတ်​မ​ပါ​ဘဲ​အ​နာ​များ​နှင့် ထွက်​ပြေး​စေ၏။- ထို​အ​ကြောင်း​အ​ရာ​ကို ဧ​ဖက်​မြို့၌​နေ​သော ယု​ဒ​လူ​နှင့် ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ၏။- ယုံ​ကြည်​သော​သူ​အ​များ​တို့​သည်​လည်း လာ၍ မိ​မိ​တို့​အ​ကျင့်​ကို ဖော်​ပြ​လျက်​တောင်း​ပန်​ကြ၏။- နတ်​ဝိ​ဇ္ဇာ​အ​တတ်​ကို​သုံး​ဆောင်​သော သူ​အ​များ​တို့​သည်​လည်း မိ​မိ​တို့​စာ​စောင်​ကို​ယူ​ခဲ့၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မီး​ရှို့​ကြ၏။ စာ​စောင်​အ​ဖိုး​ကို ချင့်​တွက်​သော်၊ ငွေ​အ​သ​ပြာ ငါး​သောင်း​ထိုက်​သည်​ကို သိ​ကြ၏။- ထို​သို့ သ​ခင်​ဘု​ရား၏​သာ​သ​နာ​တော်​သည် တန်​ခိုး​နှင့်​တိုး​ပွား၍ အောင်​မြင်​လေ၏။ ထို​နောက်​မှ ပေါ​လု​က၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ကို လျှောက်​သွား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​မည်။ ထို​မြို့​သို့ ရောက်​ပြီး​သည်​နောက်၊ ရော​မ​မြို့​ကို​မြင်​ရ​မည်​ဟု စိတ်​ထဲ၌ အ​ကြံ​ရှိ​သည်​ဖြစ်၍၊

တမန်တော် 19:1-21 Common Language Bible (BCL)

ကော​ရိန္သု​မြို့​တွင်​အာ​ပေါ​လု​ရှိ​နေ​စဉ်​ပေါ​လု သည် အ​ထက်​ပါ​ဒေ​သ​တစ်​လျှောက်​သို့​လှည့်​လည် ပြီး​နောက် ဧ​ဖက်​မြို့​သို့​ရောက်​ရှိ​လာ​၏။ ထို​မြို့​တွင် တ​ပည့်​တော်​အ​ချို့​တို့​ကို​တွေ့​၍၊- ``သင်​တို့​သည်​ယုံ​ကြည်​သူ​များ​ဖြစ်​လာ​ကြ သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ ယူ​ရ​ကြ​ပါ​၏​လော'' ဟု​မေး​၏။ ထို​သူ​တို့​က ``သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ရှိ တော်​မူ​ကြောင်း​ကို​ပင် ကျွန်ုပ်​တို့​မ​ကြား​ဘူး ပါ'' ဟု​ဆို​ကြ​၏။ ပေါ​လု​က ``ဤ​သို့​ဖြစ်​ပါ​မူ​သင်​တို့​သည် အ​ဘယ်​မည်​သော​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို​ခံ​ခဲ့ ကြ​ပါ​သ​နည်း'' ဟု​မေး​၏။ သူ​တို့​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​ကို ခံ​ခဲ့​ပါ​သည်'' ဟု​ဆို​ကြ​၏။ ပေါ​လု​က ``ယော​ဟန်​၏​ဗတ္တိ​ဇံ​မင်္ဂ​လာ​သည် နောင်​တ​ရ​သူ​တို့​အ​ဖို့​ဖြစ်​၏။ ယော​ဟန်​သည် မိ​မိ​၏​နောက်​တွင်​ကြွ​လာ​တော်​မူ​မည့်​အ​ရှင် ကို​ယုံ​ကြည်​ရ​မည်​ဟု ဣ​သ​ရေ​လ​အ​မျိုး​သား တို့​အား​ဟော​ပြော​ခဲ့​၏။ ထို​အ​ရှင်​ကား​သ​ခင် ယေ​ရှု​ပေ​တည်း'' ဟု​ဆို​၏။ ထို​စ​ကား​ကို​ကြား​လျှင်​သူ​တို့​သည် သ​ခင် ယေ​ရှု​၏​နာ​မ​တော်​ကို​အ​မှီ​ပြု​၍​ဗတ္တိ​ဇံ မင်္ဂ​လာ​ခံ​ကြ​၏။- ပေါ​လု​သည်​သူ​တို့​၏​ဦး​ခေါင်း​အ​ပေါ်​မှာ လက်​ကို​တင်​လိုက်​သော​အ​ခါ သန့်​ရှင်း​သော​ဝိ​ညာဉ် တော်​သည်​သူ​တို့​၏​အ​ပေါ်​သို့​သက်​ရောက်​တော် မူ​၏။ ထို​အ​ခါ​သူ​တို့​သည်​ထူး​ဆန်း​သော​ဘာ သာ​စ​ကား​များ​ကို​ပြော​ကြ​၏။ ဘု​ရား​သ​ခင် ၏​တ​ရား​တော်​ကို​လည်း​ဟော​ပြော​ကြေ​ညာ ကြ​၏။- သူ​တို့​အ​ရေ​အ​တွက်​မှာ​တစ်​ဆယ့်​နှစ်​ယောက် မျှ​ရှိ​သ​တည်း။- ပေါ​လု​သည်​သုံး​လ​တိုင်​တိုင်​တ​ရား​ဇ​ရပ်​တွင် အ​ချေ​အ​တင်​ဆွေး​နွေး​ကာ​ဘု​ရား​သ​ခင်​၏ နိုင်​ငံ​တော်​အ​ကြောင်း လူ​တို့​နား​လည်​သ​ဘော ပေါက်​လာ​စေ​ရန်​မ​ကြောက်​မ​ရွံ့​ဘဲ​ဟော ပြော​၏။- သို့​ရာ​တွင်​လူ​အ​ချို့​တို့​သည်​ခေါင်း​မာ​၍​မ​ယုံ ကြည်​သ​ဖြင့် လူ​အ​ပေါင်း​တို့​ရှေ့​တွင်​သ​ခင်​ဘု​ရား ၏​လမ်း​စဉ်​တော်​ကို​ရှုတ်​ချ​ပြော​ဆို​ကြ​၏။ သို့ ဖြစ်​၍​ပေါ​လု​သည်​တ​ပည့်​တော်​တို့​ကို​ခေါ် ၍ ထို​သူ​တို့​ထံ​မှ​ထွက်​ခွာ​ပြီး​လျှင် တု​ရန္နု ၏​စာ​သင်​ခန်း​မ​ဆောင်​တွင်​နေ့​စဉ်​နေ့​တိုင်း ဆွေး​နွေး​ပွဲ​များ​ကို​ကျင်း​ပ​၏။- ဤ​သို့​နှစ်​နှစ်​တိုင်​တိုင်​ကျင်း​ပ​ရာ​အာ​ရှ​ပြည် တွင် နေ​ထိုင်​သူ​ယု​ဒ​အ​မျိုး​သား​များ​နှင့်​ဂ​ရိ အ​မျိုး​သား​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား ၏​နှုတ်​က​ပတ်​တ​ရား​တော်​ကို​ကြား​နာ​ရ ကြ​၏။ ဘု​ရား​သ​ခင်​သည်​ပေါ​လု​အား​ဖြင့် အ​လွန် ထူး​ကဲ​သော​နိ​မိတ်​လက္ခ​ဏာ​များ​ကို​ပြ​လျက် နေ​တော်​မူ​၏။- လူ​တို့​သည်​ပေါ​လု​ကိုင်​တွယ်​အ​သုံး​ပြု​သည့် ပ​ဝါ၊ အ​ဝတ်​အ​ထည်​စ​သည်​တို့​ကို​ပင်​သူ​နာ များ​နှင့်​နတ်​မိစ္ဆာ​ပူး​ဝင်​သူ​များ​ထံ​ဆောင်​ယူ သွား​သ​ဖြင့် သူ​နာ​တို့​သည်​ရော​ဂါ​များ​ပျောက် ကင်း​၍​နတ်​မိစ္ဆာ​တို့​သည် မိ​မိ​တို့​ပူး​ဝင်​သူ​ထံ မှ​ထွက်​ခွာ​သွား​ကြ​၏။- ယု​ဒ​အ​မျိုး​သား​နယ်​လှည့်​ပ​ယော​ဂ​ဆ​ရာ အ​ချို့​တို့​သည် သ​ခင်​ယေ​ရှု​၏​နာ​မ​တော်​အား ဖြင့်​နတ်​မိစ္ဆာ​များ​ကို​နှင်​ထုတ်​ရန်​ကြိုး​စား​ကြ ၏။ သူ​တို့​က ``ပေါ​လု​ဟော​ပြော​သော​ယေ​ရှု​၏ နာ​မ​ကို​တိုင်​တည်​၍​သင့်​ကို​ငါ​နှင်​ထုတ်​၏'' ဟု​လူ​ကို​ပူး​ဝင်​နေ​သော​နတ်​မိစ္ဆာ​အား​ဆို ကြ​၏။- ဤ​ပ​ယော​ဂ​ဆ​ရာ​တို့​ကား​ယဇ်​ပု​ရော​ဟိတ် ကြီး​သ​ကေ​ဝ​၏​သား​ခု​နစ်​ယောက်​ဖြစ်​သ​တည်း။ သို့​ရာ​တွင်​နတ်​မိစ္ဆာ​က ``ယေ​ရှု​ကို​ငါ​သိ​၏။ ပေါ​လု​ကို​လည်း​ငါ​သိ​၏။ သို့​သော်​သင်​တို့​ကား မည်​သူ​များ​နည်း'' ဟု​သူ​တို့​အား​မေး​လေ​၏။ ထို​နောက်​နတ်​မိစ္ဆာ​ပူး​ဝင်​နေ​သူ​သည် သူ​တို့ အား​အ​ပြင်း​အ​ထန်​သတ်​ပုတ်​တိုက်​ခိုက်​ရာ သူ​တို့​သည်​အ​ရေး​ရှုံး​နိမ့်​လျက်​အ​နာ​တ​ရ ဖြစ်​ပြီး​လျှင်​အ​ဝတ်​များ​စုတ်​ပြဲ​၍ ထို​အိမ် မှ​ထွက်​ပြေး​ရ​ကြ​လေ​သည်။- ထို​အ​ဖြစ်​အ​ပျက်​အ​ကြောင်း​ကို​ဧ​ဖက်​မြို့ တွင်​နေ​ထိုင်​သူ ယု​ဒ​အ​မျိုး​သား​များ​နှင့် ဂ​ရိ​အ​မျိုး​သား​အ​ပေါင်း​တို့​ကြား​သိ​ကြ ၏။ သူ​တို့​သည်​ထိတ်​လန့်​တုန်​လှုပ်​လျက် သ​ခင် ယေ​ရှု​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​ကုန်​၏။- ယုံ​ကြည်​သူ​အ​များ​ပင်​လာ​ရောက်​၍ မိ​မိ တို့​သည်​မှော်​အ​တတ်​ကို​အ​သုံး​ပြု​မိ​ခဲ့ ကြောင်း ပွင့်​လင်း​စွာ​ဖော်​ပြ​ဝန်​ခံ​ကြ​၏။- မှော်​အ​တတ်​ကို​အ​သုံး​ပြု​ခဲ့​သူ​အ​များ​ပင် မိ​မိ​တို့​၏​ကျမ်း​စောင်​များ​ကို​စု​သိမ်း​ယူ​ဆောင် လာ​၍ လူ​ပုံ​အ​လယ်​တွင်​မီး​ရှို့​ကြ​၏။ ထို​စာ​အုပ် များ​၏​တန်​ဖိုး​ကို​တွက်​ချက်​ကြည့်​သော​အ​ခါ ငွေ​အ​သ​ပြာ​ငါး​သောင်း​မျှ​ရှိ​ကြောင်း​တွေ့ ရှိ​ကြ​၏။- သို့​ဖြစ်​၍​သ​ခင်​ဘု​ရား​၏​တန်​ခိုး​တော်​အား ဖြင့် သာ​သ​နာ​တော်​သည်​ကြီး​ပွား​တိုး​တက် လျက်​နေ​၏။ ဤ​အ​မှု​အ​ရာ​များ​ဖြစ်​ပျက်​ပြီး​နောက် ပေါ​လု သည်​မာ​ကေ​ဒေါ​နိ​ပြည်​နှင့်​အ​ခါ​ယ​ပြည်​မှ တစ်​ဆင့် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရန်​စိတ်​ပိုင်း ဖြတ်​၏။ သူ​က ``ထို​မြို့​သို့​ငါ​သွား​ပြီး​နောက် ရော​မ​မြို့​သို့​လည်း​သွား​ရ​မည်'' ဟု​ဆို​၏။

တမန်တော် 19:1-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

အာပေါလု​သည် ကောရိန္သု​မြို့​၌​ရှိ​နေ​စဉ် ပေါလု​သည် ကုန်းတွင်းပိုင်း​ဒေသ​များ​ကို​ဖြတ်​၍ ဧဖက်​မြို့​သို့ ဆင်း​လာ​၏။ ထိုအခါ တပည့်​တော်​အချို့​တို့​ကို တွေ့​သဖြင့် “သင်​တို့​ယုံကြည်​ကြ​သောအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ခံယူ​ရရှိ​ကြ​သလော”​ဟု မေး​လေ​ရာ သူ​တို့​က “သန့်ရှင်း​သော​ဝိညာဉ်​တော်​ရှိ​ကြောင်း​ကို​ပင် အကျွန်ုပ်​တို့​မ​ကြား​ဖူး​ပါ”​ဟု ဖြေကြား​ကြ​၏။ ပေါလု​က​လည်း “သို့ဖြစ်လျှင် မည်သည့်​ဗတ္တိဇံ​ကို ခံ​ခဲ့​ကြ​သနည်း”​ဟု မေး​လျှင် သူ​တို့​က “ယောဟန်​၏​ဗတ္တိဇံ​ကို ခံ​ခဲ့​ကြ​ပါ​သည်”​ဟု ဖြေကြား​ကြ​၏။ ထိုအခါ ပေါလု​က “ယောဟန်​သည် ‘မိမိ​နောက်​တွင်​ကြွလာ​မည့်​အရှင်​ကို​ယုံကြည်​ရ​မည်’​ဟု ဆို​လျက် လူ​တို့​အား နောင်တ​နှင့်ဆိုင်သော​ဗတ္တိဇံ​ကို​ပေး​၏။ ထိုသို့​ဆိုရာ​၌​ယေရှု​ကို​ဆိုလို​၏”​ဟု ဆို​လေ​၏။ သူ​တို့​သည် ထို​စကား​ကို​ကြား​လျှင် သခင်​ယေရှု​၏​နာမ​တော်​၌ ဗတ္တိဇံ​ခံ​ကြ​၏။ ပေါလု​သည် သူ​တို့​အပေါ်​လက်​တင်​သောအခါ သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သူ​တို့​အပေါ်သို့ သက်ရောက်​သဖြင့် သူ​တို့​သည် အခြား​သော​ဘာသာ​စကား​များ​ကို​ပြောဆို​လျက် ပရောဖက်ပြု​ဟောပြော​ကြ​၏။ ထို​သူ​တို့​သည် အားလုံး​ပေါင်း​တစ်ဆယ့်နှစ်​ယောက်​ခန့်မျှ​ရှိ​ကြ​၏။ ထို့နောက် ပေါလု​သည် ဝတ်ပြု​စည်းဝေး​ကျောင်း​သို့​ဝင်​၍ သုံး​လ​ပတ်လုံး ရဲရင့်​စွာ​ဟောပြော​လျက် ဘုရားသခင်​၏​နိုင်ငံ​တော်​အကြောင်း​ကို ဆွေးနွေး​ပြောဆို​ကာ လူ​တို့​ကို​စည်းရုံး​လေ​၏။ သို့သော် လူ​အချို့​တို့​သည် ခေါင်းမာ​လျက် မ​ယုံကြည်​ဘဲ လူထု​ပရိသတ်​ရှေ့​တွင် တရား​လမ်း​ကို ပုတ်ခတ်​ပြောဆို​ကြ​သောအခါ ပေါလု​သည် တပည့်​တော်​တို့​ကို​ခေါ်​၍ ထို​သူ​တို့​ထံမှ ထွက်ခွာ​ပြီး တုရန္နု​၏​စာသင်ခန်းမ​၌ နေ့စဉ်​နေ့တိုင်း ဆွေးနွေး​ပြောဆို​လေ​၏။ နှစ်​နှစ်​ပတ်လုံး ထိုသို့​ပြု​သောကြောင့် ဂျူး​လူမျိုး​ဖြစ်စေ၊ ဂရိ​လူမျိုး​ဖြစ်စေ၊ အာရှ​ပြည်​၌​နေထိုင်​သော​သူ​အပေါင်း​တို့​သည် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ကြားနာ​ရ​ကြ​၏။ ဘုရားသခင်​သည် ပေါလု​၏​လက်​ဖြင့် အလွန်​ထူးခြား​သော​တန်ခိုး​လက္ခဏာ​များ​ကို ပြု​တော်မူ​၏။ သူ့​ကိုယ်​ပေါ်မှ ပဝါ​၊ သို့မဟုတ် ခါးစည်း​အဝတ်​ကို​ယူသွား​၍ နာမကျန်း​ဖြစ်​သူ​များ​အပေါ်​တင်​လျှင် သူ​တို့​၏​ရောဂါ​များ​ပျောက်ကင်း​၍ နတ်​ဆိုး​များ​လည်း ထွက်သွား​ကြ​၏။ ထိုအခါ လှည့်လည်​နေ​ကြ​သော ဂျူး​လူမျိုး​ပယောဂ​ဆရာ​အချို့​တို့​သည် နတ်​ဆိုး​ပူး​သူ​များ​အပေါ်​၌ သခင်​ယေရှု​၏​နာမ​တော်​ကို တိုင်တည်​ခေါ်ဆို​ရန် ကြံစည်​အားထုတ်​လျက် “ပေါလု​ဟောပြော​သော​ယေရှု​အားဖြင့် သင်​တို့​ကို အလေးအနက်​ငါ​အမိန့်​ပေး​၏”​ဟု ဆို​ကြ​၏။ ထိုသို့​ပြု​သော​သူ​များ​မှာ ဂျူး​လူမျိုး​ယဇ်ပုရောဟိတ်​မင်း သကေဝ​၏​သား​ခုနစ်​ယောက်​တို့​ဖြစ်​ကြ​၏။ သို့ရာတွင် နတ်​ဆိုး​က “ယေရှု​ကို ငါ​သိ​၏။ ပေါလု​ကို​လည်း ငါ​သိ​၏။ သင်​တို့​မူကား မည်သူ​ဖြစ်​ကြ​သနည်း”​ဟု သူ​တို့​အား ဆို​ပြီးလျှင် ထို​နတ်​ဆိုး​ပူး​သူ​သည် သူ​တို့​အပေါ်သို့​ခုန်​တက်​ကာ သူ​တို့​အားလုံး​ကို​နှိမ်နင်း​၍ အနိုင်ယူ​သောကြောင့် သူ​တို့​သည် ထို​အိမ်​မှ အဝတ်မပါ​ဘဲ ဒဏ်ရာ​များ​နှင့်​ထွက်ပြေး​ကြ​ရ​၏။ ဧဖက်​မြို့​၌​နေထိုင်​ကြ​သော ဂျူး​လူမျိုး​နှင့်​ဂရိ​လူမျိုး​အပေါင်း​တို့​သည် ထို​အကြောင်း​ကို ကြားသိ​သောအခါ သူ​တို့​အားလုံး​ကြောက်ရွံ့​လျက် သခင်​ယေရှု​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​၏။ ယုံကြည်​သူ များစွာ​တို့​သည်​လည်း လာ​၍ မိမိ​တို့​ပြု​မိ​သော​အရာ​များ​ကို ထုတ်ဖော်​ဝန်ခံ​ကြ​၏။ မှော်အတတ်​ကို​သုံး​ခဲ့​သူ​များစွာ​တို့​သည်​လည်း ၎င်း​နှင့်ပတ်သက်​သော​စာအုပ်​များ​ကို စုစည်း​ယူဆောင်​လာ​၍ အားလုံး​တို့​ရှေ့​၌ မီးရှို့​ကြ​၏။ ထို​စာအုပ်​များ​၏​တန်ဖိုး​ကို တွက်ချက်​ကြ​ရာ ငွေဒင်္ဂါး​ငါး​သောင်း​ဖိုး​ရှိ​ကြောင်း တွေ့ရှိ​ကြ​၏။ ဤသို့ဖြင့် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​သည် တန်ခိုး​အရှိန်အဝါ​ဖြင့်​ကြီးထွား​လျက် ဩဇာလွှမ်း​လေ​၏။ ဤ​အဖြစ်အပျက်​များ​ပြီးဆုံး​ပြီးနောက် ပေါလု​သည် မာကေဒေါနိ​ပြည်​နှင့်​အခါယ​ပြည်​တို့​ကို ဖြတ်သွား​၍ ဂျေရုဆလင်​မြို့​သို့​သွား​ရန် ဝိညာဉ်​တော်​အားဖြင့်​ဆုံးဖြတ်​လျက် “ငါ​သည် ထို​မြို့​သို့​သွား​ပြီးလျှင် ရောမ​မြို့​ကို​လည်း မြင်​ရ​မည်”​ဟု ဆို​၏။