YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 19

19
ဧ​ဖက်​မြို့​သို့​ပေါ​လု​ရောက်​ရှိ​ခြင်း
1အာ​ပေါ​လု​သည် ကော​ရိ​န္သု​မြို့၌​နေ​စဉ်၊ ပေါ​လု​သည် အ​ထက်​အ​ရပ်​များ​ကို လျှောက်​သွား​ပြီး​မှ ဧ​ဖက်​မြို့​သို့​ရောက်၍၊ တ​ပည့်​တော် အ​ချို့​တို့​ကို​တွေ့​လျှင်၊- 2သင်​တို့​သည် ယုံ​ကြည်​သည်​နောက်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ခံ​ကြ​ပြီ​လော​ဟု မေး​သည်​ရှိ​သော်၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သက်​ရောက်​သည်​ကို အ​ကျွန်ုပ်​တို့​မ​သိ​ပါ​ဟု ပြော​ဆို​ကြ၏။- 3ပေါ​လု​က​လည်း၊ သို့​ဖြစ်​လျှင်၊ သင်​တို့​သည် အ​ဘယ်​မည်​သော ဗ​တ္တိ​ဇံ​ကို ခံ​ကြ​သ​နည်း​ဟု မေး​လျှင်၊ ယော​ဟန်၏​ဗ​တ္တိ​ဇံ​ကို​ခံ​ပါ​သည်​ဟု ပြော​ဆို​ကြ၏။- 4ပေါ​လု​က​လည်း၊ ယော​ဟန်​က၊ ငါ့​နောက်​ကြွ​လာ​သော​သူ​ကို ယုံ​ကြည်​ရ​မည်​ဟု လူ​များ​တို့​အား ပြော​ဆို​လျက်၊ နောင်​တ​နှင့် စပ်​ဆိုင်​သော ဗ​တ္တိ​ဇံ​ကို​ပေး၏။ ထို​သို့​ဆို​ရာ၌ ယေ​ရှု​ခ​ရစ်​ကို ဆို​လို​သည်၊-#မ၊ ၃:၁၁။ မာ၊ ၁:၄၊ ၇-၈။ လု၊ ၃:၄-၁၁။ ယော၊ ၁:၂၆-၂၇။ 5ဟူ​သော​စ​ကား​ကို ကြား​လျှင်၊ ထို​သူ​တို့​သည် သ​ခင်​ယေ​ရှု၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​ကြ၏။- 6ပေါ​လု​သည်​လည်း၊ သူ​တို့​အ​ပေါ်၌ လက်​ကို​တင်​လျှင်၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​သည် ဆင်း​သက်​တော်​မူ​သ​ဖြင့်၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​ကို​ပြော၍ ပ​ရော​ဖက်​ပြု​ကြ၏။- 7ထို​သူ​တို့​သည် အ​ရေ​အ​တွက်​အား​ဖြင့် တစ်​ကျိပ်​နှစ်​ယောက်​မျှ​လောက် ရှိ​သ​တည်း။
8ထို​နောက်​မှ ပေါ​လု​သည် တ​ရား​ဇ​ရပ်​သို့​ဝင်၍ သုံး​လ​ပတ်​လုံး ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​များ​ကို ဆွေး​နွေး​နှီး​နှော၍ ဖြား​ယောင်း​သွေး​ဆောင်​သ​ဖြင့် ရဲ​ရင့်​စွာ ဟော​ပြော​လေ၏။- 9အ​ချို့​သော​သူ​တို့​သည် ခိုင်​မာ​သော​စိတ်​ရှိ၍ မ​ယုံ​ကြည်​ဘဲ​နေ​လျက်၊ လူ​များ​ရှေ့​မှာ ထို​ဘာ​သာ​ကို ကဲ့​ရဲ့​သော​အ​ခါ၊ ပေါ​လု​သည် သူ​တို့​အ​ထဲ​မှ​ထွက်​သွား၍ တ​ပည့်​တော်​တို့​ကို အ​သီး​အ​ခြား ခွဲ​ထား​ပြီး​မှ၊- 10တု​ရ​န္နု​အ​မည်​ရှိ​သော​သူ၏ စာ​သင်​ဇ​ရပ်၌ နှစ်​နှစ်​ပတ်​လုံး နေ့​တိုင်း ဟော​ပြော​သော​အား​ဖြင့်၊ အာ​ရှိ​ပြည်​သား​ဖြစ်​သော ယု​ဒ​လူ၊ ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် သ​ခင်​ယေ​ရှု၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​ရ​ကြ၏။
သ​ကေ​ဝ​၏​သား​များ
11ဘု​ရား​သ​ခင်​သည် ပေါ​လု​လက်​ဖြင့် အ​လွန်​တ​ရာ ထူး​ဆန်း​သော​တန်​ခိုး​များ​ကို ပြ​တော်​မူ​သည်​ဖြစ်၍၊- 12ပေါ​လု​သုံး​သော​ပ​ဝါ၊ ခါး​ပန်း​တစ်​ခု​ခု​ကို အ​နာ​ရော​ဂါ​ရှိ​သော​သူ​တို့​ဆီ​သို့၊ ပေး​လိုက်၍၊ သူ​တို့​သည် အ​နာ​ရော​ဂါ​နှင့် ကင်း​လွတ်​ကြ၏။ နတ်​ဆိုး​တို့​လည်း ထွက်​သွား​ကြ၏။
13ထို​အ​ခါ အ​ရပ်​ရပ်​သို့​လှည့်​လည်၍ ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး​တတ်​သော ယု​ဒ​လူ​အ​ချို့​တို့​က၊ ပေါ​လု​ဟော​ပြော​သော ယေ​ရှု​ကို ငါ​တိုင်​တည်၍ သင်​တို့​ကို ဓိ​ဋ္ဌာန်​သ​စ္စာ​ပေး၏​ဟု ဆို​လျက်၊ နတ်​ဆိုး​စွဲ​သော သူ​တို့၏​အ​ပေါ်၌ သ​ခင်​ယေ​ရှု၏​နာ​မ​တော်​ကို မြွက်​စမ်း​ကြ၏။- 14သ​ကေ​ဝ​အ​မည်​ရှိ​သော ယဇ်​ပု​ရော​ဟိတ်​မင်း၏ သား​ခု​နစ်​ယောက်​တို့​သည် ထို​သို့​ပြု​ကြ၏။- 15နတ်​ဆိုး​က​လည်း၊ ယေ​ရှု​ကို​ငါ​သိ၏။ ပေါ​လု​ကို​လည်း ငါ​သိ၏။ သင်​တို့​ကား၊ အ​ဘယ်​သူ​နည်း​ဟု ပြော​ဆို​ပြီး​လျှင်၊- 16နတ်​ဆိုး​စွဲ​သော​သူ​သည် ထို​သူ​တို့​အ​ပေါ်​သို့ ခုန်​တက်၍​နိုင်​သ​ဖြင့် လု​ယက်​နှိပ်​စက်​သော​ကြောင့်၊ ထို​အိမ်​မှ အ​ဝတ်​မ​ပါ​ဘဲ​အ​နာ​များ​နှင့် ထွက်​ပြေး​စေ၏။- 17ထို​အ​ကြောင်း​အ​ရာ​ကို ဧ​ဖက်​မြို့၌​နေ​သော ယု​ဒ​လူ​နှင့် ဟေ​လ​သ​လူ​အ​ပေါင်း​တို့​သည် ကြား​သိ​လျှင်၊ ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍ သ​ခင်​ယေ​ရှု၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ၏။- 18ယုံ​ကြည်​သော​သူ​အ​များ​တို့​သည်​လည်း လာ၍ မိ​မိ​တို့​အ​ကျင့်​ကို ဖော်​ပြ​လျက်​တောင်း​ပန်​ကြ၏။- 19နတ်​ဝိ​ဇ္ဇာ​အ​တတ်​ကို​သုံး​ဆောင်​သော သူ​အ​များ​တို့​သည်​လည်း မိ​မိ​တို့​စာ​စောင်​ကို​ယူ​ခဲ့၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မီး​ရှို့​ကြ၏။ စာ​စောင်​အ​ဖိုး​ကို ချင့်​တွက်​သော်၊ ငွေ​အ​သ​ပြာ ငါး​သောင်း​ထိုက်​သည်​ကို သိ​ကြ၏။- 20ထို​သို့ သ​ခင်​ဘု​ရား၏​သာ​သ​နာ​တော်​သည် တန်​ခိုး​နှင့်​တိုး​ပွား၍ အောင်​မြင်​လေ၏။
ဧ​ဖက်​မြို့​တွင်​ရုန်း​ရင်း​ခတ်​ခြင်း
21ထို​နောက်​မှ ပေါ​လု​က၊ ငါ​သည် မာ​ကေ​ဒေါ​နိ​ပြည်​နှင့် အ​ခါ​ယ​ပြည်​ကို လျှောက်​သွား​ပြီး​လျှင်၊ ယေ​ရု​ရှ​လင်​မြို့​သို့ သွား​မည်။ ထို​မြို့​သို့ ရောက်​ပြီး​သည်​နောက်၊ ရော​မ​မြို့​ကို​မြင်​ရ​မည်​ဟု စိတ်​ထဲ၌ အ​ကြံ​ရှိ​သည်​ဖြစ်၍၊- 22မိ​မိ​အား​လုပ်​ကျွေး​သော သူ​နှစ်​ယောက်၊ တိ​မော​သေ​နှင့် ဧ​ရ​တ္တု​တို့​ကို မာ​ကေ​ဒေါ​နိ​ပြည်​သို့ စေ​လွှတ်​ပြီး​မှ မိ​မိ​သည် အာ​ရှိ​ပြည်၌ ခ​ဏ​နေ​သေး၏။
23ထို​အ​ခါ ဘာ​သာ​တ​ရား​ကြောင့် ရောက်​သော အ​မှု​ကြီး​ဟူ​မူ​ကား၊- 24ဒေ​မေ​တ​ရိ​အ​မည်​ရှိ​သော ပန်း​ထိမ်​သ​မား​တစ်​ယောက်​သည် အာ​တေ​မိ​နတ်​သ​မီး၏ ငွေ​ဗိ​မာန်​ငယ်​တို့​ကို လုပ်​သ​ဖြင့်၊ ပန်း​ထိမ်​သ​မား​တို့​အား စီး​ပွား​များ​ကို ပြု​တတ်၏။- 25ထို​သူ​သည် ပန်း​ထိမ်​သ​မား​တို့​နှင့် ထို​သို့​သော အ​တတ်​သ​မား​များ​ကို စု​ရုံး​စေ​ပြီး​လျှင်၊ အ​ချင်း​လူ​တို့၊ ဤ​အ​တတ်​ကို​အ​မှီ​ပြု၍ ငါ​တို့​၌အ​ကျိုး​စီး​ပွား​ဖြစ်​သည်​ကို သင်​တို့​သိ​ကြ၏။- 26ယ​ခု​တွင် ထို​ပေါ​လု​က၊ လူ​လက်​ဖြင့် လုပ်​သ​မျှ​တို့​သည် ဘု​ရား​မ​ဟုတ်​ဟု​ဆို​သ​ဖြင့်၊ ဧ​ဖက်​မြို့​မှ​စ၍ အာ​ရှိ​ပြည် တစ်​လျှောက်​လုံး ကုန်​မ​တတ်၊ လူ​အ​ပေါင်း​တို့​ကို ဖြား​ယောင်း​သွေး​ဆောင်​သည်​ကို သင်​တို့​သည် မြင်​လျက်၊ ကြား​လျက်​ရှိ​ကြ၏။- 27ထို​သို့​လူ​များ​တို့​သည် ငါ​တို့၏​အ​တတ်​ကို ကဲ့​ရဲ့​သည်​သာ​မ​က၊ ကြီး​မြတ်​သော နတ်​သ​မီး​အာ​တေ​မိ၏ ဗိ​မာန်​တော်​ကို ပ​မာ​ဏ​မ​ပြု​သ​ဖြင့်၊ အာ​ရှိ​ပြည် တစ်​လျှောက်​လုံး​မှ​စ၍ လော​ကီ​နိုင်​ငံ​သား​တို့ ကိုး​ကွယ်​သော ဘုန်း​အ​သ​ရေ​တော်​သည် ပျက်​စီး​ခြင်း​သို့​ရောက်​မည်​ကို စိုး​ရိမ်​စ​ရာ​အ​ကြောင်း ရှိ​ပါ​သည်​ဟု ပြော​ဆို၏။- 28ထို​စ​ကား​ကို​ကြား​လျှင်၊ ထို​သူ​တို့​သည် ဒေါ​သ​အ​မျက်​နှင့် ပြည့်​သ​ဖြင့်၊ ဧ​ဖက်​လူ​တို့၏ အာ​တေ​မိ​သည် ကြီး​မြတ်​တော်​မူ၏​ဟု အော်​ဟစ်​ကြ၏။- 29တစ်​မြို့​လုံး ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ ပေါ​လု​နှင့်​အ​တူ ဒေ​သ​စာ​ရီ လှည့်​လည်​သော မာ​ကေ​ဒေါ​နိ​လူ ဂါ​ယု​နှင့် အာ​ရိ​တ္တာ​ခု​တို့​ကို ဆွဲ​ယူ​ပြီး​လျှင်၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ညီ​ညွတ်​စွာ တစ်​ဟုန်​တည်း​ပြေး​ဝင်​ကြ၏။- 30ပေါ​လု​သည် လူ​စု​ထဲ​သို့​ဝင်​ခြင်း​ငှာ အ​လို​ရှိ​လျှင် တ​ပည့်​တော်​တို့​သည် မြစ်​တား​ကြ၏။- 31ပေါ​လု၏​အ​ဆွေ​ဖြစ်​သော အာ​ရှိ​ပွဲ​မင်း​အ​ချို့ က​လည်း၊ ပွဲ​ခံ​ရာ​ဇ​ရပ်​ထဲ​သို့ ကိုယ်​ကို​မ​အပ်​ပါ​နှင့်​ဟု သူ့​ထံ​သို့​စေ​လွှတ်၍ တောင်း​ပန်​လေ၏။- 32စု​ဝေး​သော​လူ​တို့​သည် ရုန်း​ရင်း​ခတ်​မျှ​ဖြစ်၍၊ တစ်​ယောက်​တ​ခြား​စီ အော်​ဟစ်​သ​ဖြင့်၊ လူ​အ​များ​တို့​သည် မိ​မိ​တို့​စု​ဝေး​ရ​သည် အ​ကြောင်း​ကို​ပင် မိ​မိ​တို့​မ​သိ​ကြ။
33ယု​ဒ​လူ​တို့​သည် အာ​လေ​ဇ​န္ဒြု​ကို အ​ခွင့်​ပေး၍ သူ​တစ်​ပါး​တို့​သည် လူ​စု​ရှေ့​သို့ သွား​စေ​သ​ဖြင့်၊ သူ​သည် လက်​နှင့်​အ​မှတ်​ပေး၍ အ​ပြစ်​ဖြေ​ရာ​စ​ကား​ကို လူ​များ​တို့​အား ပြော​ခြင်း​ငှာ အ​လို​ရှိ၏။- 34သူ​သည် ယု​ဒ​လူ​ဖြစ်​သည်​ကို သိ​ကြ​လျှင်၊ ဧ​ဖက်​လူ​တို့၏ အာ​တေ​မိ​သည် ကြီး​မြတ်​တော်​မူ၏​ဟု နှစ်​နာ​ရီ​ခန့်​မျှ​လောက် လူ​အ​ပေါင်း​တို့​သည် တစ်​သံ​တည်း​နှင့် ဟစ်​ကြ၏။ 35မြို့​စာ​ရေး​သည် လူ​များ​ကို​တိတ်​စေ​ပြီး​လျှင်၊ ဧ​ဖက်​လူ​တို့၊ ဧ​ဖက်​မြို့​သည် ဇု​သ​ဘု​ရား​ထံ​မှ​ကျ​သော ရုပ်​တု​တော်​တည်း​ဟူ​သော ကြီး​မြတ်​တော်​မူ​သော အာ​တေ​မိ​ကို လုပ်​ကျွေး​သော ဘု​ရား​ကျွန်​ဖြစ်​သည်​ကို မ​သိ​သော​သူ တစ်​စုံ​တစ်​ယောက်​ရှိ​သ​လော။- 36ဤ​အ​ရာ​များ​တို့​သည် ငြင်း​ခုံ​ဖွယ်​မ​ရှိ​သည်​ဖြစ်၍၊ သင်​တို့​သည် တိတ်​ဆိတ်​စွာ နေ​သင့်​ကြ၏။- 37သ​တိ​နှင့်​မ​ဆင်​ခြင်​ဘဲ အ​ဘယ်​အ​မှု​ကို​မျှ မ​ပြု​သင့်​ကြ၊ ဗိ​မာန်​တော်​ကို လု​ယူ​ဖျက်​ဆီး​ခြင်း​မ​ရှိ၊ သင်​တို့၏​ဘု​ရား​ကို မ​ကဲ့​ရဲ့​သော ဤ​လူ​တို့​ကို သင်​တို့​သည် ဆောင်​ယူ​ခဲ့​ကြ​ပြီ​တ​ကား။- 38ဒေ​မေ​တ​ရိ​မှ​စ၍ သူ​နှင့်​အ​တူ​ရှိ​သော ပန်း​ထိမ်​သ​မား​တို့​သည် တစ်​စုံ​တစ်​ယောက်​သော​သူ၌ အ​မှု​ရှိ​လျှင် ရုံး​တော်​ရှိ၏။ မြို့​ဝန်​မင်း​လည်း ရှိ၏။ အ​မှု​သည်​ချင်း တ​ရား​တွေ့​ကြ​စေ။- 39သို့​မ​ဟုတ် သင်​တို့​သည် အ​ခြား​အ​မှု​ကို အ​စီ​ရင်​ခံ​လို​လျှင်၊ တ​ရား​သော​အ​စည်း​အ​ဝေး၌ စီ​ရင်​ရ​လိမ့်​မည်။- 40ယ​နေ့ ရုန်း​ရင်း​ခတ်​ခြင်း​ကို ပြု​သော​ကြောင့် အ​မှု​ရောက်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ဤ​မ​တ​ရား​သော စည်း​ဝေး​ခြင်း အ​ကြောင်း​ကို ပြော​စ​ရာ တစ်​စုံ​တစ်​ခု​မျှ​မ​ရှိ​ဟု၊- 41ဆို​ပြီး​လျှင် အ​စည်း​အ​ဝေး​ကို​ဖျက်​လေ၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 19: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။