YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 15:36-41

တမန်တော် 15:36-41 Judson Bible (JBMLE)

အင်​တန်​ကာ​လ​ကြာ​သော​အ​ခါ၊ ပေါ​လု​က၊ ငါ​တို့​သည် သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​ကို ဟော​ပြော​ဖူး​သော မြို့​များ​တို့၌ ရှိ​သော ညီ​အစ်​ကို​တို့​သည် အ​ဘယ်​သို့​ရှိ​နေ​သည်​ကို ကြည့်​ရှု၍ ပြန်​သွား​ကြ​ကုန်​အံ့​ဟု ဗာ​န​ဗ​အား​ဆို၏။- ဗာ​န​ဗ​သည် မာ​ကု​အ​မည်​ရှိ​သော ယော​ဟန်​ကို​ခေါ်​မည်​ဟု အ​ကြံ​ရှိ၏။- ပေါ​လု​က၊ ပမ်​ဖု​လိ​ပြည်၌ သူ​တို့​နှင့်​ခွာ၍ အ​မှု​ထမ်း​ရာ​သို့​မ​လိုက် မ​သွား​သော​ထို​သူ​ကို မ​ခေါ်​သင့်​ဟု သ​ဘော​ရှိ၏။- ထို​အ​ကြောင်း​နှင့် အ​ချင်း​ချင်း မ​သင့်​သ​ဖြင့် တ​ခြား​စီ​သွား၍၊ ဗာ​န​ဗ​သည် မာ​ကု​ကို ခေါ်​ပြီး​လျှင် ကု​ပ​ရု​ကျွန်း​သို့​လွှင့်​လေ၏။- ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သို့ အပ်​နှံ​ကြ​သ​ဖြင့်၊ သူ​သည်​သိ​လ​ကို ရွေး​ချယ်​ပြီး​လျှင် ထွက်၍၊- အ​သင်း​တော်​များ​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​လျက်၊ ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​တို့​ကို လျှောက်​သွား​လေ၏။

တမန်တော် 15:36-41 Common Language Bible (BCL)

ရက်​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ပေါ​လု​က ဗာ​န​ဗ​အား ``သ​ခင်​ဘု​ရား​၏​နှုတ်​က​ပတ် တ​ရား​တော်​ကို​ငါ​တို့​ဟော​ပြော​ခဲ့​သည့်​မြို့ တိုင်း ရှိ​ညီ​အစ်​ကို​များ​ထံ​သို့​ပြန်​သွား​၍ သူ တို့​၏​အ​ခြေ​အ​နေ​ကို​လေ့​လာ​ကြ​ကုန်​အံ့'' ဟု​ဆို​၏။- ထို​အ​ခါ​ဗာ​န​ဗ​သည်​မာ​ကု​ခေါ်​ယော​ဟန် ကို​ခေါ်​ဆောင်​သွား​ရန်​အ​လို​ရှိ​၏။- သို့​သော်​ပေါ​လု​က​မိ​မိ​တို့​နှင့်​သာ​သ​နာ ပြု​ခ​ရီး​အ​ဆုံး​တိုင်​အောင်​မ​လိုက်​ဘဲ ပံ​ဖု​လိ ပြည်​တွင်​မိ​မိ​တို့​ထံ​မှ​ထွက်​ခွာ​သွား​ခဲ့​သူ ကို​ခေါ်​ဆောင်​ရန်​မ​သင့်​လျော်​ဟု​ယူ​ဆ​၏။- သူ​တို့​သည်​အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ပြီး နောက်​လမ်း​ခွဲ​ခွာ​သွား​ကြ​၏။ ဗာ​န​ဗ​သည် မာ​ကု​ကို​ခေါ်​၍​ကု​ပ​ရု​ကျွန်း​သို့​သင်္ဘော လွှင့်​လေ​၏။- ပေါ​လု​မူ​ကား​သိ​လ​ကို​ရွေး​ချယ်​၍​ထွက်​ခွာ သွား​လေ​သည်။ ယုံ​ကြည်​သူ​များ​သည်​ပေါ​လု အား​သ​ခင်​ဘု​ရား​၏​ကျေး​ဇူး​တော်​သို့​အပ်​နှံ ကြ​၏။- ပေါ​လု​သည်​ထို​အ​ရပ်​မှ​ရှု​ရိ​ပြည်​နှင့်​ကိ​လိ ကိ​ပြည်​သို့​သွား​ရောက်​၍​အ​သင်း​တော်​ကို ခိုင်​ခံ့​စေ​၏။

တမန်တော် 15:36-41 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ရက်​ပေါင်း​အတန်ကြာ​သောအခါ ပေါလု​သည် ဗာနဗ​အား “သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ငါ​တို့​ဟောပြော​ခဲ့​သော​မြို့​တိုင်း​ရှိ ညီအစ်ကို​တို့​ထံသို့ ပြန်သွား​၍ သူ​တို့​မည်သို့​ရှိ​နေ​ကြ​သည်​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု ဆို​၏။ ဗာနဗ​သည် မာကု​ဟု​ခေါ်​သော​ယောဟန်​ကို​လည်း မိမိ​နှင့်အတူ​ခေါ်ဆောင်​သွား​လို​၏။ သို့သော် ပေါလု​က ပံဖုလိ​ပြည်​တွင် သူ​တို့​ထံမှ ထွက်ခွာ​သွား​ပြီး အမှု​တော်​ထမ်း​ဆောင်​ရာ​သို့ သူ​တို့​နှင့်အတူ​မ​လိုက်​ခဲ့​သော​သူ​ကို မ​ခေါ်သွား​သင့်​ဟု မှတ်ယူ​၏။ ထိုအခါ ပြင်းထန်​သော​ငြင်းခုံ​မှု​ဖြစ်​ပွား​သဖြင့် သူ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး​လမ်းခွဲ​ကြ​၍ ဗာနဗ​သည် မာကု​ကို​ခေါ်​ပြီး ဆိုက်ပရပ်​ကျွန်း​သို့ ရွက်လွှင့်​သွား​ကြ​၏။ ပေါလု​မူကား သိလ​ကို​ရွေးချယ်​ပြီး ညီအစ်ကို​တို့​အားဖြင့် သခင်​ဘုရား​၏​ကျေးဇူး​တော်​သို့ အပ်နှံ​ခြင်း​ကို​ခံယူ​လျက် ထွက်ခွာ​သွား​လေ​၏။ သူ​သည် ဆီးရီးယား​ပြည်​နှင့်​ဆီလီဆီးယား​ပြည်​တို့​ကို လှည့်လည်​၍ အသင်းတော်​များ​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။