YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 15

15
ယေ​ရု​ရှ​လင်​မြို့​အ​စည်း​အ​ဝေး
1ယု​ဒ​ပြည်​မှ အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော သူ​အ​ချို့​တို့​က၊ သင်​တို့​သည် မော​ရှေ၏​တ​ရား​အ​တိုင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​လျှင်၊ ကယ်​တင်​တော်​မူ​ခြင်း​သို့ မ​ရောက်​နိုင်​ဟု ညီ​အစ်​ကို​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။-#ဝတ်၊ ၁၂:၃။ 2ထို​သူ​တို့​နှင့် ပေါ​လု၊ ဗာ​န​ဗ​တို့​သည် ဆွေး​နွေး​ငြင်း​ခုံ​ခြင်း များ​သော​အ​ခါ၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် အ​ခြား​သော​တ​ပည့်​တော်​အ​ချို့ တို့​နှင့်​တ​ကွ၊ ထို​ပြဿ​နာ၏ အ​ကြောင်း​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​ထံ​သို့​သွား​ရ​မည်​အ​ကြောင်း​ကို စီ​ရင်​ကြ၏။- 3အ​သင်း​တော်​သည်​လမ်း၌​ပို့​သ​ဖြင့်၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် ဖိ​နိတ်​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​ကို​လျှောက်​သွား၍ တစ်​ပါး​အ​မျိုး​သား​တို့ ပြောင်း​လဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​သ​ဖြင့်၊ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို အ​လွန်​ဝမ်း​မြောက်​စေ​ကြ၏။- 4ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လျှင်၊ တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​မှ​စ၍ သင်း​ဝင်​သူ​များ​တို့​တွင် လက်​ခံ​ခြင်း​ကျေး​ဇူး​ကို​ခံ၍၊ မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​တို့​ကို ပြန်​ကြား​ကြ၏။
5ဖာ​ရိ​ရှဲ​စု​ထဲ​က ယုံ​ကြည်​သော​သူ​အ​ချို့​တို့​သည် ထ​လျက်၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​မည်။ မော​ရှေ၏​တ​ရား​ကို ကျင့်​စေ​ခြင်း​ငှာ ဆုံး​မ​ရ​မည်​ဟု​ဆို​ကြ၏။- 6ထို​အ​ခါ​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​သည် ထို​အ​မှု​ကို​ကြည့်​ရှု​ဆင်​ခြင်​ခြင်း​ငှာ စည်း​ဝေး​ကြ၏။- 7များ​စွာ​သော​ဆွေး​နွေး​ငြင်း​ခုံ​ခြင်း ရှိ​သော​အ​ခါ ပေ​တ​ရု​သည် ထ​လျက်၊ ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည် ရှေ့​ဦး​စွာ​ငါ​တို့​တွင် ရွေး​ကောက်​တော်​မူ၍၊ ငါ​ဟော​ပြော​သော​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​ကြား​နာ၍ ယုံ​ကြည်​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​သည်​ကို သင်​တို့​သိ​ကြ၏။-#တ၊ ၁၀:၁-၄၃။ 8စိတ်​နှ​လုံး​ကို သိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား​ပေး​သည်​နည်း​တူ သူ​တို့​အား​ပေး​သ​ဖြင့်၊ သူ​တို့​ဘက်၌ သက်​သေ​ခံ​တော်​မူ၏။#တ၊ ၂:၄၊ ၁၀:၄၄။
9ယုံ​ကြည်​ခြင်း​အား​ဖြင့်​လည်း သူ​တို့၏​စိတ်​နှ​လုံး​ကို​စင်​ကြယ်​စေ၍ ငါ​တို့​ကို ခြား​နား​စေ​တော်​မ​မူ။- 10သို့​ဖြစ်​လျှင်၊ ငါ​တို့​နှင့် ငါ​တို့​ဘိုး​ဘေး​များ မ​ထမ်း​နိုင်​သော ထမ်း​ပိုး​ကို တ​ပည့်​တော်​တို့၏ လည်​ပင်း​ပေါ်၌ တင်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ​သ​နည်း။- 11သ​ခင်​ယေ​ရှု၏ ကျေး​ဇူး​တော်​အား​ဖြင့်​သာ ထို​သူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း ရောက်​ရ​မည်​ကို ငါ​တို့​သည်​ယုံ​ကြ၏​ဟု ပေ​တ​ရု​ပြော​ဆို၏။- 12ထို​အ​ခါ ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် မိ​မိ​တို့​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ကြား​ပြော​သည်​ကို စု​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် တိတ်​ဆိတ်​စွာ​နေ၍ နား​ထောင်​ကြ၏။
13ထို​သူ​တို့​သည် အ​ကုန်​အ​စင်​ပြော​ဆို​ပြီး​မှ၊ ယာ​ကုပ်​က၊ ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။- 14ဘု​ရား​သ​ခင်​သည် မိ​မိ​နာ​မ​အ​ဖို့၊ တစ်​ပါး​အ​မျိုး​သား​တို့ အ​ထဲ​က အ​ချို့​သော​သူ​တို့​ကို နုတ်​ယူ​ခြင်း​ငှာ၊ ရှေ့​ဦး​စွာ တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ကို ရှိ​မုန်​သည် ဟော​ပြော​ခဲ့​ပြီ။- 15ထို​အ​ကြောင်း​အ​ရာ​သည်​လည်း ပ​ရော​ဖက်​တို့၏​စ​ကား​နှင့် ညီ၏။- 16ကျမ်း​စာ​လာ​သည်​ကား၊ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တည်း​ဟူ​သော ကျန်​ကြွင်း​ရစ်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​စေ​ခြင်း​ငှာ နောက်​မှ​ငါ​ပြန်​လာ​မည်။- 17လဲ​လျက်​ရှိ​သော ဒါ​ဝိဒ်၏​တဲ​ကို ဆောက်​တည်​ပြန်​မည်။ ပြို​ပျက်​ရာ​များ​ကို​လည်း ပြု​ပြင်​ပြီး​လျှင်၊ ထို​တဲ​ကို မတ်​စေ​ပြန်​မည်​ဟု၊ - 18ဤ​အ​မှု​အ​ရာ​တို့​ကို စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ရှိ၏ ဟု​လာ​သ​တည်း။ ဘု​ရား​သ​ခင်​သည် က​မ္ဘာ​ဦး​မှ​စ၍ မိ​မိ​စီ​ရင်​တော်​မူ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို​သိ​တော်​မူ​သည်။-#အာ၊ ၉:၁၁-၁၂။ 19ထို​ကြောင့်၊ တစ်​ပါး​အ​မျိုး​သား​တို့​အ​ထဲ​မှ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြောင်း​လဲ​သော သူ​တို့​ကို မ​နှောင့်​ယှက်​ဘဲ​လျက်၊- 20ရုပ်​တု​တို့၏ ညစ်​ညူး​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း၊ လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း ကြဉ်​ရှောင်​စေ​ခြင်း​ငှာ သူ​တို့​ကို မှာ​လိုက်​သင့်​သည်​ဟု ငါ​သ​ဘော​ရှိ၏။-#ထွ၊ ၃၄:၁၅-၁၇။ ဝတ်၊ ၁၇:၁၀-၁၆၊ ၁၈:၆-၂၃။ 21အ​ကြောင်း​မူ​ကား၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​ကို တ​ရား​ဇ​ရပ်၌ ဥ​ပုသ်​နေ့​တိုင်း ဖတ်​ရွတ်​သ​ဖြင့်၊ မော​ရှေ၏​တ​ရား​ကို ရှေး​ကာ​လ​မှ​စ၍ ခပ်​သိမ်း​သော​မြို့​တို့၌ ဟော​ပြော​လေ့​ရှိ​သည်​ဟု ယာ​ကုပ်​ပြော​ဆို၏။
ယုံ​ကြည်​သူ​လူ​မျိုး​ခြား​ထံ​ပေး​စာ
22ထို​အ​ခါ​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​မှ​စ၍ သင်း​ဝင်​သူ အ​ပေါင်း​တို့​သည်၊ မိ​မိ​တို့​အ​ထဲ၌ ရွေး​ကောက်၍ ညီ​အစ်​ကို​တို့​တွင် ထင်​ရှား​သော​သူ​တည်း​ဟူ​သော ဗာ​ရှ​ဗ​အ​မည်​သစ်​ကို​ရ​သော ယု​ဒ​နှင့် သိ​လ​တို့​ကို၊ အ​န္တိ​အုတ်​မြို့​သို့ ပေါ​လု၊ ဗာ​န​ဗ​တို့​နှင့်​တ​ကွ စေ​လွှတ်​မည် အ​ကြောင်း သ​ဘော​ညီ​ညွတ်​ကြ၏။- 23သူ​တို့​လက်​ဖြင့် ပေး​လိုက်​သော​စာ​ဟူ​မူ​ကား၊ တ​မန်​တော်၊ သင်း​အုပ်၊ ညီ​အစ်​ကို​များ​တို့​သည်၊ အ​န္တိ​အုတ်​မြို့​မှ​စ၍ ရှု​ရိ​ပြည်၊ ကိ​လိ​ကိ ပြည်​တို့၌​ရှိ​နေ၍ တစ်​ပါး​အ​မျိုး​သား​ဖြစ်​သော ညီ​အစ်​ကို​တို့​ကို မေ​တ္တာ​နှင့် ကြား​လိုက်​ပါ၏။- 24လူ​အ​ချို့​တို့​သည် ငါ​တို့​အ​ခွင့်​မ​ရှိ​ဘဲ ငါ​တို့​ထံ​မှ​ထွက်​သွား၍၊ သင်​တို့​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​ရ​မည်၊ ပ​ညတ်​တ​ရား​ကို​ကျင့်​ရ​မည်​ဟူ​သော​စ​ကား​ဖြင့်၊ သင်​တို့၏ စိတ်​နှ​လုံး​ကို နှောင့်​ယှက်​ဖျက်​ဆီး​သည်​ကို ငါ​တို့​ကြား​ရ​သည်​ဖြစ်၍၊- 25ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ နာ​မ​တော်​ကြောင့် မိ​မိ​အ​သက်​ကို စွန့်​စား​သော​သူ​တည်း​ဟူ​သော၊- 26ငါ​တို့​ချစ်​သော​ဗာ​န​ဗ၊ ပေါ​လု​တို့​နှင့်​တ​ကွ ရွေး​ကောက်​သော​သူ​တို့​ကို သင်​တို့​ဆီ​သို့​စေ​လွှတ်​ခြင်း​ငှာ တ​ညီ​တ​ညွတ်​တည်း စီ​ရင်​သည်​နှင့်​အ​ညီ၊- 27ဤ​အ​ကြောင်း​အ​ရာ​ကို သင်​တို့​အား နှုတ်​ဖြင့် ကြား​စေ​ခြင်း​ငှာ ယု​ဒ​နှင့် သိ​လ​တို့​ကို စေ​လွှတ်​ကြ၏။- 28ရုပ်​တု​ရှေ့​မှာ ပူ​ဇော်​သော​ယဇ်​ကောင်​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း၊- 29လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း ကြဉ်​ရှောင်​ရ​မည်​ဟူ​သော ပ​ညတ်​မှ​တ​ပါး အ​ခြား​သော​ဝန် သင်​တို့၏​အ​ပေါ်၌ တင်​ခြင်း​ငှာ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ငါ​တို့​သည် အ​လို​မ​ရှိ။ ထို​အ​ရာ​များ​ကို ကြဉ်​ရှောင်​အပ်၏။ ကျန်း​မာ​ကြ​ပါ​စေ​သော​ဟု ရေး၍ ပေး​လိုက်​သ​တည်း။
30ထို​သူ​တို့​သည် သွား​ရ​သော အ​ခွင့်​ရှိ​သ​ဖြင့်၊ အ​န္တိ​အုတ်​မြို့​သို့ သွား၍၊ လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ​ပြီး​လျှင် မှာ​စာ​ကို​အပ်​ပေး​ကြ၏။- 31မှာ​စာ​ကို ဖတ်​ရွတ်​သော​အ​ခါ ထို​သက်​သာ​ခြင်း၏ အ​ကြောင်း​ကြောင့် ဝမ်း​မြောက်​ခြင်း​သို့ ရောက်​ကြ၏။- 32ယု​ဒ​နှင့် သိ​လ​တို့​သည် ပ​ရော​ဖက်​ဖြစ်​သော​ကြောင့် များ​စွာ​သော​စ​ကား​နှင့် ညီ​အစ်​ကို​တို့​ကို ဆုံး​မ၍ မြဲ​မြံ​ခိုင်​ခံ့​စေ​ကြ၏။- 33ထို​သူ​တို့​သည် အ​တန်​အ​ရာ​နေ​ပြီး​မှ၊ တ​မန်​တော်​တို့​ထံ​သို့ ငြိမ်​သက်​စွာ​ပြန်​စေ​ခြင်း​ငှာ ညီ​အစ်​ကို​တို့​သည် အ​ခွင့်​ပေး​ကြ၏။- 34သို့​သော်​လည်း၊ သိ​လ​သည် အ​လို​အ​လျောက် နေ​ရစ်၏။- 35ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည်​လည်း အ​န္တိ​အုတ်​မြို့၌ နေ​လျက်၊ အ​ခြား​သော​သူ​များ​တို့​နှင့်​တ​ကွ ဆုံး​မ​ဩ​ဝါ​ဒ​ပေး၍၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။
ပေါ​လု​နှ​င့်​ဗာ​န​ဗ​တို့​ခွဲ​ခွာ​ခြင်း
36အင်​တန်​ကာ​လ​ကြာ​သော​အ​ခါ၊ ပေါ​လု​က၊ ငါ​တို့​သည် သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​ကို ဟော​ပြော​ဖူး​သော မြို့​များ​တို့၌ ရှိ​သော ညီ​အစ်​ကို​တို့​သည် အ​ဘယ်​သို့​ရှိ​နေ​သည်​ကို ကြည့်​ရှု၍ ပြန်​သွား​ကြ​ကုန်​အံ့​ဟု ဗာ​န​ဗ​အား​ဆို၏။- 37ဗာ​န​ဗ​သည် မာ​ကု​အ​မည်​ရှိ​သော ယော​ဟန်​ကို​ခေါ်​မည်​ဟု အ​ကြံ​ရှိ၏။- 38ပေါ​လု​က၊ ပမ်​ဖု​လိ​ပြည်၌ သူ​တို့​နှင့်​ခွာ၍ အ​မှု​ထမ်း​ရာ​သို့​မ​လိုက် မ​သွား​သော​ထို​သူ​ကို မ​ခေါ်​သင့်​ဟု သ​ဘော​ရှိ၏။-#တ၊ ၁၃:၁၃။ 39ထို​အ​ကြောင်း​နှင့် အ​ချင်း​ချင်း မ​သင့်​သ​ဖြင့် တ​ခြား​စီ​သွား၍၊ ဗာ​န​ဗ​သည် မာ​ကု​ကို ခေါ်​ပြီး​လျှင် ကု​ပ​ရု​ကျွန်း​သို့​လွှင့်​လေ၏။- 40ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သို့ အပ်​နှံ​ကြ​သ​ဖြင့်၊ သူ​သည်​သိ​လ​ကို ရွေး​ချယ်​ပြီး​လျှင် ထွက်၍၊- 41အ​သင်း​တော်​များ​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​လျက်၊ ရှု​ရိ​ပြည်၊ ကိ​လိ​ကိ​ပြည်​တို့​ကို လျှောက်​သွား​လေ၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 15: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။