YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 14

14
ဣ​ကော​နိ​မြို့​တွင်​အ​မှု​ဆောင်​ခြင်း
1ဣ​ကော​နိ​မြို့​သို့​ရောက်​လျှင် ထို​သူ​နှစ်​ယောက်​တို့​သည် ယု​ဒ​တ​ရား​ဇ​ရပ်​သို့​ဝင်၍ ဟော​ပြော​သ​ဖြင့်၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​များ အ​ပေါင်း​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ၏။- 2မ​ယုံ​ကြည်​သော ယု​ဒ​လူ​တို့​သည် တစ်​ပါး​အ​မျိုး​သား​တို့​ကို နှိုး​ဆော်၍၊ ညီ​အစ်​ကို​တို့​အား မ​နာ​လို​သော စိတ်​ရှိ​စေ​ခြင်း​ငှာ ချော​စား​ကြ၏။- 3ထို​ကြောင့် ကြာ​မြင့်​စွာ​နေ၍ သ​ခင်​ဘု​ရား၏ တ​ရား​တော်​ကို မ​ဆုတ်​မ​ဆိုင်း ဟော​ပြော​လေ၏။ သ​ခင်​ဘု​ရား​သည်​လည်း ကျေး​ဇူး​တ​ရား​တော်​ဘက်၌ သက်​သေ​ခံ​တော်​မူ​လျက်၊ တ​မန်​တော်​တို့​သည် နိ​မိတ်​လ​က္ခ​ဏာ၊ အံ့ဖွယ်​သော​အ​မှု​တို့​ကို​ပြု​နိုင်​မည်​အ​ကြောင်း အ​ခွင့်​ပေး​တော်​မူ၏။- 4ထို​မြို့​သူ​မြို့​သား​အ​ပေါင်း​တို့​သည် ကွဲ​ပြား​ခြင်း​ရှိ၍၊ အ​ချို့​တို့​သည် ယု​ဒ​လူ​တို့​ဘက်၌​လည်း​ကောင်း၊ အ​ချို့​တို့​သည် တ​မန်​တော်​တို့​ဘက်၌​လည်း​ကောင်း နေ​ကြ၏။- 5မင်း​အ​ရာ​ရှိ​တို့​နှင့် ယု​ဒ​အ​မျိုး​သား၊ တစ်​ပါး​အ​မျိုး​သား​တို့​သည် တ​မန်​တော်​တို့​ကို ညှဉ်း​ဆဲ၍ ကျောက်​ခဲ​နှင့်​ပစ်​မည်​ဟု တစ်​ဟုန်​တည်း ပြေး​လာ​ကြ​သည်​အ​ကြောင်း​ကို၊- 6တ​မန်​တော်​တို့​သည်​သိ​လျှင်၊ လု​ကော​နိ​ပြည်၌ လု​တ္တ​ရ​မြို့၊ ဒေ​ရ​ဗေ​မြို့​မှ​စ၍ ကျေး​လက်​များ​သို့ ထွက်​ပြေး၍၊- 7ထို​အ​ရပ်​တို့၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။
လု​တ္တ​ရ​မြို့​နှ​င့်​ဒေ​ရ​ဗေ​မြို့​တွင် အ​မှု​ဆောင်​ခြင်း
8အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သ​ဖြင့်၊ တစ်​ခါ​မျှ မ​သွား​ဖူး​သော လူ​တစ်​ယောက်​သည် လု​တ္တ​ရ​မြို့၌ ထိုင်​လျက်၊- 9ပေါ​လု​ဟော​ပြော​သည်​ကို ကြား​လေ၏။ ပေါ​လု​သည်​လည်း ထို​သူ​ကို​စေ့​စေ့​ကြည့်​ရှု၍ ရော​ဂါ​ကင်း​မည်​အ​ကြောင်း သူ၌​ယုံ​ကြည်​ခြင်း​ရှိ​သည်​ကို သိ​မြင်​လျှင်၊- 10ထ၍​မတ်​တတ်​ရပ်​လော့​ဟု ကြီး​သော​အ​သံ​နှင့် ဆို​သ​ဖြင့်၊ ထို​သူ​သည် ရုတ်​တ​ရက်​ထ၍ လှမ်း​သွား​လေ၏။- 11ပေါ​လု​ပြု​သော​အ​မှု​ကို​မြင်​သော လူ​အ​စု​အ​ဝေး​တို့​က၊ နတ်​ဘု​ရား​တို့​သည် လူ​အ​ယောင်​ကို​ဆောင်၍ ငါ​တို့​ရှိ​ရာ​သို့ ဆင်း​သက်​ပါ​သည်​တ​ကား​ဟု လု​ကော​နိ​ဘာ​သာ​စ​ကား​အား​ဖြင့် အ​သံ​ကို​လွှင့်၍ ဆို​ကြ၏။- 12ပေါ​လု​သည်​သာ၍ ဟော​ပြော​သော​ကြောင့် သူ့​ကို ဟေ​ရ​မေ​ဟူ၍​လည်း​ကောင်း၊ ဗာ​န​ဗ​ကို ဇု​သ​ဟူ၍​လည်း​ကောင်း ခေါ်​ဝေါ်​ကြ၏။- 13ထို​မြို့​ရှေ့၌​ရှိ​သော ဇု​သ၏​ယဇ်​ပု​ရော​ဟိတ်​သည် နွား​နှင့် ပန်း​ကုံး​ကို မြို့​တံ​ခါး​နား​သို့​ယူ​ခဲ့၍၊ လူ​အ​စု​အ​ဝေး​တို့​နှင့်​တ​ကွ ယဇ်​ပူ​ဇော်​မည်​ပြု​သည်​ကို၊- 14တ​မန်​တော်​ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် သ​တင်း​ကြား​လျှင်၊ မိ​မိ​တို့​အ​ဝတ်​ကို​ဆုတ်၍ လူ​စု​ထဲ​သို့ ပြေး​ဝင်​လျက်၊- 15အ​ချင်း​လူ​တို့၊ အ​ဘယ်​ကြောင့် ဤ​သို့​ပြု​ကြ​သ​နည်း။ ငါ​တို့​သည် သင်​တို့​ကဲ့​သို့ လော​က​ဓံ​တ​ရား၌ ကျင်​လည်​သော​သူ​ဖြစ်​ပါ၏။ သင်​တို့​သည် ဤ​အ​ချည်း​နှီး​သော​အ​ရာ​တို့​ကို ပယ်​ကြ၍၊ ကောင်း​ကင်၊ မြေ​ကြီး၊ သ​မု​ဒ္ဒ​ရာ​မှ​စ၍၊ အရပ်ရပ်တို့၌ရှိလေသမျှတို့ကို ဖန်ဆင်းတော်မူ၍၊ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြောင်း​လဲ​ရ​ကြ​မည်​အ​ကြောင်း၊ ငါ​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော​ကြ၏။-#ထွ၊ ၂၀:၁၁။ ဆာ၊ ၁၄၆:၆။ 16ရှေး​လွန်​လေ​ပြီး​သော​ကာ​လ​တို့၌၊ လူ​အ​မျိုး​မျိုး​တို့​သည် မိ​မိ​တို့​အ​လို​အ​လျောက် ကျင့်​ကြ​မည်​အ​ကြောင်း ဘု​ရား​သ​ခင်​သည် အ​လွတ်​ထား​တော်​မူ၏။- 17သို့​သော်​လည်း၊ သင်​တို့​အား ကျေး​ဇူး​ပြု​လျက်၊ အ​စာ​အာ​ဟာ​ရ​နှင့် ဝ​ပြော၍ ဝမ်း​မြောက်​စေ​ခြင်း​ငှာ၊ မိုး​ကောင်း​ကင်​မှ မိုး​ရွာ​စေ​တော်​မူ၍၊ အ​သီး​အ​နှံ​တို့​ကို သီး​စေ​တတ်​သော ဥ​တု​ကို​ပေး​တော်​မူ​သော​အား​ဖြင့်၊ ကိုယ်​တော်​ရှိ​တော်​မူ​သည်​ကို သက်​သေ​မ​ခံ​ဘဲ နေ​တော်​မ​မူ​ဟု ပေါ​လု​နှင့် ဗာ​န​ဗ​သည် ကြွေး​ကြော်​လေ၏။- 18ထို​သို့​ကြွေး​ကြော်​သ​ဖြင့် လူ​အ​စု​အ​ဝေး​တို့​သည် ယဇ်​ပူ​ဇော်​ခြင်း​ကို မ​ပြု​ရ​မည်​အ​ကြောင်း မြစ်​တား​ခဲ​သော​အ​မှု​ကို မြစ်​တား​လေ၏။- 19ထို​အ​ခါ ယု​ဒ​လူ​တို့​သည် အ​န္တိ​အုတ်​မြို့၊ ဣ​ကော​နိ​မြို့​မှ​လာ​ကြ၍ လူ​အ​စု​အ​ဝေး​တို့​ကို ညှိ​ညွတ်​တိုင်​ပင်​ပြီး​လျှင်၊ ပေါ​လု​ကို ကျောက်​ခဲ​နှင့်​ပစ်၍ သေ​ပြီ​ဟု စိတ်​ထင်​နှင့် မြို့​ပြင်​သို့ ဆွဲ​ငင်​ကြ၏။- 20တ​ပည့်​တော်​တို့​သည် ဝန်း​ရံ၍​နေ​ကြ​စဉ်၊ ပေါ​လု​သည်​ထ၍ မြို့​ထဲ​သို့​ဝင်​ပြန်၏။ နက်​ဖြန်​နေ့၌ ဗာ​န​ဗ​နှင့်​တ​ကွ ဒေ​ရ​ဗေ​မြို့​သို့ ထွက်​သွား​လေ၏။
ရှု​ရိ​ပြည်​အ​န္တိ​အုတ်​မြို့​ကို​ပြန်​လာ​ခြင်း
21ထို​မြို့၌ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​ပြော၍ လူ​များ​တို့​ကို တ​ပည့်​တော်​ဖြစ်​စေ​ပြီး​မှ၊ လု​တ္တ​ရ​မြို့၊ ဣ​ကော​နိ​မြို့၊ အ​န္တိ​အုတ်​မြို့​တို့​ကို အ​စဉ်​အ​တိုင်း လှည့်​လည်၍​ပြန်​ကြ၏။- 22ထို​သို့​ပြန်​ကြ​စဉ်၊ တ​ပည့်​တော်​များ၏​စိတ်​နှ​လုံး​ကို မြဲ​မြံ​ခိုင်​ခံ့​စေ​သ​ဖြင့်၊ ယုံ​ကြည်​ခြင်း၌ တည်​ကြည်​မည်​အ​ကြောင်း နှိုး​ဆော်​ချီ​ပင့်၍၊ ငါ​တို့​သည် များ​ပြား​သော​ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​သို့ ဝင်​ရ​ကြ​မည်​ဟု ဟော​ပြော​ပြ​ညွှန်​ကြ၏။- 23အ​သင်း​တော်​များ​တို့၌ သင်း​အုပ်​တို့​ကို ခန့်​ထား၍၊ အ​စာ​ရှောင်​လျက်​ဆု​တောင်း​ပ​တ္ထ​နာ ပြု​ပြီး​လျှင်၊ သင်း​ဝင်​သူ​တို့​ယုံ​ကြည်​သော သ​ခင်​ဘု​ရား၏​လက်​တော်​သို့ ထို​အ​သင်း​တော်​တို့​ကို အပ်​နှံ​ကြ၏။- 24ပိ​သိ​ဒိ​ပြည်​တစ်​ပြည်​လုံး​ကို​လျှောက်​သွား၍ ပမ်​ဖု​လိ​ပြည်​သို့ ရောက်​လျှင်၊- 25ပေ​ရ​ဂေ​မြို့၌ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော၍ အ​တ္တ​လိ​မြို့​သို့​သွား​ကြ​ပြန်၏။- 26ထို​မြို့​မှ သင်္ဘော​စီး၍​လွှင့်​သ​ဖြင့်၊ မိ​မိ​တို့ ဆောင်​ရွက်​ခဲ့​ပြီး​သော အ​မှု​အ​လို​ငှာ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​သို့​အပ်​နှံ၍ စေ​လွှတ်​သော အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​ကြ၏။- 27ထို​မြို့​သို့​ရောက်​ပြီး​လျှင် သင်း​ဝင်​သူ​တို့​ကို စု​ဝေး​စေ၍၊ မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​သည် ပြု​တော်​မူ​သ​မျှ​တို့​ကို​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​တံ​ခါး​ကို တစ်​ပါး​အ​မျိုး​သား​တို့​အား ဖွင့်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း ပြန်​ကြား​ကြ၏။- 28ထို​မြို့၌​လည်း၊ တ​ပည့်​တော်​တို့​နှင့်​အ​တူ ကြာ​မြင့်​စွာ နေ​ကြ၏။

လက်ရှိရွေးချယ်ထားမှု

တမန်တော် 14: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။