YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 13

13
ဗာ​န​ဗ​နှ​င့်​ရှော​လု​ကို​စေ​လွှတ်​ခြင်း
1အ​န္တိ​အုတ်​မြို့​တွင်​ရှိ​သော အ​သင်း​တော်၌ ဗာ​န​ဗ​မှ​စ၍ နိ​ဂါ​ဟု​ခေါ်​ဝေါ်​သော ရှု​မောင်၊ ကု​ရေ​နေ​ပြည်​သား လု​ကိ၊ စော်​ဘွား​ဟေ​ရုဒ်၏ သူ​ငယ်​ချင်း​အ​ရင်း​ဖြစ်​သော မာ​နင်​နှင့် ရှော​လု​တည်း​ဟူ​သော ပ​ရော​ဖက်​ပြု​သူ၊ ဆ​ရာ​ပြု​သူ​ရှိ​ကြ၏။- 2ထို​သူ​တို့​သည် သ​ခင်​ဘု​ရား​ဝတ်​ကို​ပြု၍ အ​စာ​ကို​ရှောင်​ကြ​စဉ်၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​က၊ ငါ​ခန့်​ထား​သော​အ​မှု​ကို ဆောင်​ရွက် စေ​ခြင်း​ငှာ ဗာ​န​ဗ​နှင့်​ရှော​လု​တို့​ကို ရွေး​ချယ်​ခွဲ​ထား​ကြ​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊- 3အ​စာ​ရှောင်၍ ပ​တ္ထ​နာ​ပြု​လျက်၊ ထို​သူ​တို့​ခေါင်း​ပေါ်​မှာ လက်​ကို​တင်၍ လွှတ်​လိုက်​ကြ၏။
ကု​ပ​ရု​ကျွန်း​တွင်​အ​မှု​ဆောင်​ခြင်း
4ထို​သို့​သန့်​ရှင်း​သော ဝိ​ညာဉ်​တော် စေ​လွှတ်​တော်​မူ​သော​အား​ဖြင့်၊ ထို​သူ​တို့​သည် သေ​လု​ကိ​မြို့​သို့​သွား၍ ထို​မြို့​မှ သင်္ဘော​နှင့်​လွှင့်​သ​ဖြင့်၊ ကု​ပ​ရု​ကျွန်း​သို့ ရောက်​ကြ၏။- 5ရှာ​လ​မိ​မြို့၌​ရှိ​နေ​စဉ်၊ ယု​ဒ​တ​ရား​ဇ​ရပ်​များ​တွင် ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။ ယော​ဟန်​သည်​လည်း ထို​သူ​တို့၏​လက်​ထောက် ဖြစ်​သ​တည်း။- 6တစ်​ကျွန်း​လုံး​ကို​လျှောက်၍ ပါ​ဖု​မြို့​သို့​ရောက်​လျှင်၊- 7ဗာ​ယေ​ရှု​အ​မည်​ရှိ​သော ယု​ဒ​အ​မျိုး​သား မိ​စ္ဆာ​ပ​ရော​ဖက်​ဖြစ်​သော နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ကို မြို့​ဝန်​မင်း​သေ​ရ​ဂိ​ပေါ​လု​ထံ၌ တွေ့​ကြ၏။ ထို​မြို့​ဝန်​သည် ပ​ညာ​သ​တိ​ရှိ​သ​ဖြင့်၊ ဗာ​န​ဗ​နှင့် ရှော​လု​တို့​ကို​ခေါ်​ပင့်၍ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နာ​လို​သော​စိတ်​ရှိ​သော်၊- 8အ​နက်​အား​ဖြင့် နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ဟု ဆို​လို​သော ဧ​လု​မ အ​မည်​ရှိ​သော​ထို​သူ​သည် မြို့​ဝန်​ကို ယုံ​ကြည်​ခြင်း​မှ လွှဲ​အံ့​သော​ငှာ တ​မန်​တော်​တို့​ကို ဟန့်​တား​လေ၏။- 9ထို​အ​ခါ​ပေါ​လု​ဟု အ​မည်​တွင်​သော ရှော​လု​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ပြည့်​သ​ဖြင့်၊ ထို​နတ်​ဝိ​ဇ္ဇာ​အ​တတ်​သ​မား​ကို စေ့​စေ့​ကြည့်​ရှု​လျက်၊- 10လှည့်​ဖြား​ခြင်း၊ အ​ကျိုး​ကို​ဖျက်​ခြင်း အ​မျိုး​မျိုး​နှင့်​ပြည့်​စုံ​သော မာရ်​နတ်၏​သား၊ ဖြောင့်​မတ်​ခြင်း​တ​ရား၏​ရန်​သူ၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ဖြောင့်​မတ်​သော​လမ်း​ခ​ရီး​တို့​ကို မ​ဖျက်​ဆီး​ဘဲ​မ​နေ​နိုင်​သ​လော။- 11ယ​ခု​ပင် ထာ​ဝ​ရ​ဘု​ရား၏ လက်​တော်​သည် သင့်​အ​ပေါ်​သို့​ရောက်၍၊ နေ​ကို​မျှ​မ​မြင်​နိုင်​အောင် အင်​တန်​ကာ​လ​ပတ်​လုံး သင်၏ မျက်​စိ​ကွယ်​လိမ့်​မည်​ဟု ပေါ​လု​ဆို​သော ခ​ဏ​ချင်း​တွင် မျက်​စိ​မြှေး​ယှက်၍ မှောင်​မိုက်​အ​တိ​ဖြစ်​သ​ဖြင့်၊ လက်​ဆွဲ​ပေး​သော သူ​တို့​ကို​ရှာ​လျက် တ​လည်​လည်​ရှိ၍​နေ၏။- 12ထို​အ​ကြောင်း​အ​ရာ​ကို မြင်​လျှင်၊ မြို့​ဝန်​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်၍၊ သ​ခင်​ဘု​ရား၏ ဒေ​သ​နာ​တော်​ကို အ​လွန်​အံ့​ဩ​မိန်း​မော၍ နေ၏။
ပိ​သိ​ဒိ​ပြည်​အ​န္တိ​အုတ်​မြို့​တွင် အ​မှု​ဆောင်​ခြင်း
13ပေါ​လု​နှင့် ပါ​သော​သူ​တို့​သည် ပါ​ဖု​မြို့​မှ​လွှင့်၍ ပမ်​ဖု​လိ​ပြည်၊ ပေ​ရ​ဂေ​မြို့​သို့​ရောက်​ကြ​လျှင်၊ ယော​ဟန်​သည် သူ​တို့​ထံ​မှ​ထွက်၍ ယေ​ရု​ရှ​လင်​မြို့​သို့ ပြန်​လေ၏။- 14ပေ​ရ​ဂေ​မြို့​မှ​ထွက်​သွား​ပြန်၍ ပိ​သိ​ဒိ​ပြည်၊ အ​န္တိ​အုတ်​မြို့​သို့ ရောက်​လျှင်၊ ဥ​ပုသ်​နေ့၌ တ​ရား​ဇ​ရပ်​သို့​ဝင်၍ ထိုင်​ကြ၏။- 15ပ​ည​တ္တိ​ကျမ်း၊ အ​နာ​ဂ​တ္တိ​ကျမ်း​ကို ဖတ်​ရွတ်​ပြီး​မှ၊ တ​ရား​ဇ​ရပ်​မှူး​တို့​သည်၊ ညီ​အစ်​ကို​တို့၊ လူ​များ​အား ဆုံး​မ​စ​ရာ​စ​ကား​ရှိ​လျှင် ဟော​ပြော ကြ​ပါ​ဟု လူ​ကို​စေ​လွှတ်၍ ကြား​ပြော​စေ၏။
16ထို​အ​ခါ​ပေါ​လု​သည်​ထ၍ မိ​မိ​လက်​နှင့် အ​မှတ်​ပေး​လျက်၊ ဣ​သ​ရေ​လ​လူ​မှ​စ၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။- 17ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘိုး​ဘေး​များ​ကို ရွေး​ကောက်​တော်​မူ၍၊ အဲ​ဂု​တ္တု​ပြည်၌ ဧည့်​သည်​ဖြစ်​သော ထို​လူ​မျိုး​ကို ချီး​မြှောက်​သ​ဖြင့်၊ ထင်​ရှား​သော လက်​တော်​နှင့် ထို​ပြည်​မှ နုတ်​ဆောင်​တော်​မူ၏။-#ထွ၊ ၁:၇၊ ၁၂:၅၁။ 18အ​နှစ်​လေး​ဆယ်​မျှ​လောက်​သော ကာ​လ​ပတ်​လုံး တော၌ ကျွေး​မွေး​တော်​မူ၏။-#တော၊ ၁၄:၃၄။ တ​ရား၊ ၁:၃၁။ 19ခါ​နာန်​ပြည်၌ လူ​ခု​နစ်​မျိုး​တို့​ကို ပယ်​ရှား​ပြီး​လျှင်၊ ထို​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား အ​မွေ​ပေး​ကမ်း ဝေ​ငှ​တော်​မူ၏။-#တ​ရား၊ ၇:၁။ ယော​ရှု၊ ၁၄:၁။ 20ထို​နောက်​မှ ပ​ရော​ဖက်​ရှ​မွေ​လ​မ​ပေါ်​မ​ရှိ​မီ အ​နှစ်​လေး​ရာ​ငါး​ဆယ်​မျှ​လောက်​သော ကာ​လ​ပတ်​လုံး၊ တ​ရား​သူ​ကြီး​တို့​ကို ပေး​တော်​မူ၏။-#သူ​ကြီး၊ ၂:၁၆။ ၁​ရာ၊ ၃:၂၀။ 21နောက်​တစ်​ဖန် ရှင်​ဘု​ရင်​ကို တောင်း​ကြ​သော​အ​ခါ ရှော​လု​အ​မည်​ရှိ​သော ကိ​ရှ၏​သား၊ ဗင်္ယာ​မိန် အ​မျိုး​ဖြစ်​သော​သူ​ကို အ​နှစ်​လေး​ဆယ်​ပတ်​လုံး ပေး​တော်​မူ၏။-#၁​ရာ၊ ၈:၅၊ ၁၀:၂၁။ 22နောက်​မှ​ထို​သူ​ကို​ပယ်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ဒါ​ဝိဒ်​ကို ချီး​မြှောက်​တော်​မူ၏။ ထို​သူ​အား သက်​သေ​ခံ​တော်​မူ​လျက်၊ စိတ်​နှ​လုံး၌ ညီ​ညွတ်​သည်​ဖြစ်၍ ငါ့​အ​လို​ကို​ပြည့်​စုံ​စေ​မည့်​သူ၊ ယေ​ရှဲ၏​သား​ဒါ​ဝိဒ်​ကို ငါ​တွေ့​ရ​ပြီ​ဟု မိန့်​တော်​မူ၏။-#၁​ရာ၊ ၁၃:၁၄၊ ၁၆:၁၂၊ ဆာ၊ ၈၉:၂၀။ 23ထို​သူ၏​အ​မျိုး​အ​နွယ်​ထဲ၌ ဘု​ရား​သ​ခင်​သည် က​တိ​တော်​အ​တိုင်း ကယ်​တင်​သော​သ​ခင်​ယေ​ရှု​ကို ဣ​သ​ရေ​လ​လူ​တို့​အား ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။- 24ထို​သ​ခင်​ကြွ​လာ​တော်​မ​မူ​မီ ယော​ဟန်​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​အား နောင်​တ​နှင့် စပ်​ဆိုင်​သော​ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​ပြော​နှင့်​လေ၏။-#မာ၊ ၁:၄။ လု၊ ၃:၃။ 25ယော​ဟန်​သည် မိ​မိ​ဆောင်​ရွက်​ရ​သော အ​မှု​ကို​ပြု၍ နေ​စဉ်​တွင်၊ ငါ​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို သင်​တို့ ထင်​မှတ်​ကြ​သ​နည်း။ ငါ​သည် ထို​သူ​ဖြစ်​သည်​မ​ဟုတ်။ ငါ့​နောက်​ကြွ​လာ​သော​သူ​တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကို ငါ​မ​ချွတ်​ထိုက်​ဟု​ဆို၏။-#မ၊ ၃:၁၁။ မာ၊ ၁:၇။ လု၊ ၃:၁၆။ ယော၊ ၁:၂၀၊ ၂၇။
26အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော ညီ​အစ်​ကို​မှ​စ၍ သင်​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ ဤ​ကယ်​တင်​တော်​မူ​ခြင်း တ​ရား​စ​ကား​ကို သင်​တို့​အား ကြား​လိုက်​တော်​မူ၏။- 27ယေ​ရု​ရှ​လင်​မြို့၌ နေ​သော​သူ​တို့​နှင့်​တ​ကွ မင်း​များ​တို့​သည် ထို​သ​ခင်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​တိုင်း​အ​စဉ်​ဖတ်​ရွတ်​သော ပ​ရော​ဖက်​တို့၏ စ​ကား​ကို​လည်း​ကောင်း၊ မ​သိ​နား​မ​လည်​သော​ကြောင့်၊ ထို​သ​ခင်​ကို​စီ​ရင်​သော​အား​ဖြင့်၊ ထို​ပ​ရော​ဖက်​တို့၏ စ​ကား​ကို​ပြည့်​စုံ​စေ​ကြ​ပြီ။- 28ကိုယ်​တော်၌​သေ​ထိုက်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​သော်​လည်း၊ ကွပ်​မျက်​စေ​မည်​အ​ကြောင်း ပိ​လတ်​မင်း​ထံ၌ တောင်း​လျှောက်​ကြ၏။-#မ၊ ၂၇:၂၂-၂၃။ မာ၊ ၁၅:၁၃-၁၄။ လု၊ ၂၃:၂၁-၂၃။ ယော၊ ၁၉:၁၅။ 29ထို​သ​ခင်​ကို​ရည်​မှတ်၍ ကျမ်း​စာ၌ ရေး​ထား​သ​မျှ​တို့​ကို ပြည့်​စုံ​စေ​ပြီး​လျှင်၊ အ​လောင်း​တော်​ကို သစ်​တိုင်​မှ​ချ၍ သင်္ချိုင်း​တွင်း၌ ထား​ကြ၏။-#မ၊ ၂၇:၅၇-၆၁။ မာ၊ ၁၅:၄၂-၄၇။ လု၊ ၂၃:၅၀-၅၆။ ယော၊ ၁၉:၃၈-၄၂။ 30ဘု​ရား​သ​ခင်​သည်လည်း သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​ဖြစ်၍၊- 31ဂါ​လိ​လဲ​ပြည်​မှ ယေ​ရု​ရှ​လင်​မြို့​သို့​နောက်​တော်၌ လိုက်​သော​သူ​တို့​အား နေ့​ရက်​များ​စွာ ကိုယ်​ကို ထင်​ရှား​ပြ​တော်​မူ၏။-#တ၊ ၁:၃။ 32ထို​သူ​တို့​သည် လူ​များ​တို့​အား သက်​သေ​ခံ ဖြစ်​ကြ၏။- 33ဆာ​လံ​ကျမ်း​ဒု​တိ​ယ​ခန်း၌ လာ​သည်​ကား၊ သင်​သည်​ငါ့​သား ဖြစ်၏။-#ဆာ၊ ၂:၇။ 34ယ​နေ့​ပင် သင့်​ကို​ငါ​ဖြစ်​ဖွား​စေ​ပြီ​ဟု လာ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ ငါ​တို့​ဘိုး​ဘေး များ၌​ရှိ​သော က​တိ​တော်​ကို ထို​သူ​တို့၏ သား​ဖြစ်​သော​ငါ​တို့​အား​ပြည့်​စုံ​စေ​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ဒါ​ဝိဒ်၌​မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား ငါ​ပေး​မည်​ဟူ​သော​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ၊ ထို​သ​ခင်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ၍၊ နောက်​တစ်​ဖန် ပုပ်​စပ်​ခြင်း​သို့ မ​ပြန်​ဘဲ အ​စဉ်​ကင်း​လွတ်​ရ​မည်​အ​ခွင့်​ကို ပေး​တော်​မူ​သည်​ဟူ၍​လည်း​ကောင်း၊ ဝမ်း​မြောက်​စ​ရာ​သ​တင်း ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ​တို့​သည် သင်​တို့​အား ကြား​ပြော​ကြ၏။-#ဟေ​ရှာ၊ ၅၅:၃။ 35ထို​ကြောင့် ဆာ​လံ​ကျမ်း​တစ်​ခန်း၌ လာ​သည်​ကား၊ ကိုယ်​တော်၏​သန့်​ရှင်း​သော​သူ​အား ပုပ်​စပ်​ခြင်း​ကို ရှိ​စေ​တော်​မ​မူ​ဟု လာ၏။- 36ဒါ​ဝိဒ်​သည် မိ​မိ​ကာ​လ၌ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ဆောင်​ရွက်​ပြီး​လျှင်၊ ကျိန်း​စက်၍ မိ​မိ​ဘိုး​ဘေး​စု​ထဲ​သို့​ဝင်​သ​ဖြင့် ပုပ်​စပ်​ခြင်း​သို့ ရောက်​လေ၏။- 37ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သော သူ​မူ​ကား၊ ပုပ်​စပ်​ခြင်း​သို့ မ​ရောက်။
38ထို​ကြောင့် ညီ​အစ်​တို့၊ ထို​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို သင်​တို့​အား ဟော​ကြား​သည်​ကို​လည်း​ကောင်း၊- 39ထို​သ​ခင်​ကို ယုံ​ကြည်​သော​သူ ရှိ​သ​မျှ​တို့​သည် မော​ရှေ၏ တ​ရား​အ​တိုင်း မ​လွတ်​နိုင်​သော အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် လွတ်​ရ​ကြ​သည်​ကို​လည်း​ကောင်း သိ​မှတ် ကြ​လော့။- 40အ​နာ​ဂ​တ္တိ​ကျမ်း၌​လာ​သည်​ကား၊ မ​ထီ​မဲ့​မြင် ပြု​တတ်​သော​သူ​တို့၊ ကြည့်​ရှု​အံ့​ဩ၍ ပြယ်​ပျောက်​ခြင်း​သို့ ရောက်​ကြ​လော့။- 41အ​ကြောင်း​မူ​ကား၊ သင်​တို့​အား သူ​တစ်​ပါး ပြ​ညွှန်​သော်​လည်း၊ သင်​တို့​မ​ယုံ​သော အ​မှု​ကို သင်​တို့​လက်​ထက်​ကာ​လ၌ ငါ​ပြု​သည်​ဟု ကျမ်း​စာ၌ ပါ​သော​အ​ရာ​ကို သင်​တို့​အ​ပေါ်​သို့ မ​ရောက်​စေ​မည်​အ​ကြောင်း၊ သ​တိ​ပြု​ကြ​လော့​ဟု ပေါ​လု​ဟော​ပြော​လေ၏။#ဟ​ဗ၊ ၁:၅။
42လူ​များ​တို့​သည် တ​ရား​ဇ​ရပ်​မှ ထွက်​သွား​ကြ​စဉ်၊ ထို​အ​ကြောင်း​အ​ရာ​တို့​ကို မိ​မိ​တို့​အား နောက်​ဥ​ပုသ်​နေ့၌ ဟော​ပြော​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- 43အ​စည်း​အ​ဝေး​ပြီး၍ ပြန်​ကြ​သော​အ​ခါ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော ဘာ​သာ​ဝင်​သူ​များ​တို့​သည် ပေါ​လု​နှင့် ဗာ​န​ဗ​နောက်​သို့ လိုက်​ကြ​သည်​ဖြစ်၍ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်၌ တည်​ကြည်​မည်​အ​ကြောင်း၊ တ​မန်​တော်​တို့​သည် ဖြား​ယောင်း၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လေ၏။- 44နောက်​ဥ​ပုသ်​နေ့၌ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို နား​ထောင်​အံ့​သော​ငှာ တစ်​မြို့​လုံး ကုန်​မ​တတ်​စည်း​ဝေး​ကြ၏။- 45ယု​ဒ​လူ​တို့​သည် အ​စည်း​အ​ဝေး​တို့​ကို မြင်​လျှင် ငြူ​စူ​သော​စိတ်​နှင့်​ပြည့်​စုံ​သ​ဖြင့်၊ ပေါ​လု၏​စ​ကား​ကို ငြင်း​ခုံ​သည်​သာ​မ​က ဆဲ​ရေး​ကြ၏။- 46ထို​အ​ခါ ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​က၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ် တ​ရား​တော်​ကို သင်​တို့​အား ရှေ့​ဦး​စွာ ဟော​ပြော​ရ၏။ သို့​သော်​လည်း သင်​တို့​သည်​ပယ်၍ ထာ​ဝ​ရ​အ​သက်​ကို မိ​မိ​တို့ မ​ခံ​ထိုက်​သည်​ဟု မိ​မိ​တို့​စီ​ရင်​ကြ​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် မှာ​တော်​မူ​သည်​အ​တိုင်း ငါ​တို့​သည်​မျက်​နှာ​ကို​လွှဲ၍ တစ်​ပါး​အ​မျိုး​သား​တို့​ဆီ​သို့ လှည့်​ကြ၏။- 47မှာ​တော်​မူ​သော ဗျာ​ဒိတ်​တော်​အ​ချက်​ကား၊ သင်​သည် မြေ​ကြီး​စွန်း​တိုင်​အောင် ကယ်​တင်​ခြင်း​ကို ပြု​စိမ့်​သော​ငှာ၊ သင့်​ကို တစ်​ပါး​အ​မျိုး​သားတို့​လင်း​စ​ရာ​ဖို့ ငါ​ခန့်​ထား၏​ဟု ဗျာ​ဒိတ်​တော်​ရှိ​သည်​ဟု ရဲ​ရင့်​စွာ ပြော​ဆို​ကြ၏။-#ဟေ​ရှာ၊ ၄၂:၆၊ ၄၉:၆။ 48ထို​စ​ကား​ကို တစ်​ပါး​အ​မျိုး​သား​တို့​သည် ကြား​လျှင် ဝမ်း​မြောက်၍ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို​ချီး​မွမ်း​ကြ၏။ ထာ​ဝ​ရ​အ​သက်​ကို​ရ​စေ​ခြင်း​ငှာ ခန့်​ထား​တော်​မူ​သော သူ​ရှိ​သ​မျှ​တို့​သည် ယုံ​ကြည်​ခြင်း​သို့ ရောက်​ကြ​သ​ဖြင့်၊- 49ထာ​ဝ​ရ​ဘု​ရား၏​သာ​သ​နာ​တော်​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​လေ၏။- 50ထို​အ​ခါ ဘု​ရား​ကို​ကိုး​ကွယ်၍ အ​သ​ရေ​ရှိ​သော မိန်း​မ​တို့​နှင့် ထို​မြို့၌ အ​ကြီး​အ​ကဲ​ဖြစ်​သော​သူ​များ​ကို ယု​ဒ​လူ​တို့​သည် နှိုး​ဆော်၍၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​ကို ညှဉ်း​ဆဲ​စေ​သ​ဖြင့် ထို​ပြည်၏​နယ်​မှ နှင်​ထုတ်​ကြ၏။- 51တ​မန်​တော်​တို့​သည် မိ​မိ​တို့​ခြေ​ဖ​ဝါး၌​ကပ်​သော မြေ​မှုန့်​ကို ထို​သူ​တို့​အား ခါ​လိုက်​ပြီး​မှ၊ ဣ​ကော​နိ​မြို့​သို့ သွား​ကြ၏။-#မ၊ ၁၀:၁၄။ မာ၊ ၆:၁၁။ လု၊ ၉:၅၊ ၁၀:၁၁။ 52တ​ပည့်​တော်​များ​တို့​သည် ဝမ်း​မြောက်​ခြင်း​နှင့်​လည်း​ကောင်း၊ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း ပြည့်​စုံ​ကြ၏။-

လက်ရှိရွေးချယ်ထားမှု

တမန်တော် 13: JBMLE

အရောင်မှတ်ချက်

မျှဝေရန်

ကူးယူ

None

မိမိစက်ကိရိယာအားလုံးတွင် မိမိအရောင်ချယ်သောအရာများကို သိမ်းဆည်းထားလိုပါသလား။ စာရင်းသွင်းပါ (သို့) အကောင့်ဝင်လိုက်ပါ

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။