YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော်ဝတ္ထု 15:36-41

တမန်တော်ဝတ္ထု 15:36-41 MSBU

ရက်​ပေါင်း​အတန်ကြာ​သောအခါ ပေါလု​သည် ဗာနဗ​အား “သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို ငါ​တို့​ဟောပြော​ခဲ့​သော​မြို့​တိုင်း​ရှိ ညီအစ်ကို​တို့​ထံသို့ ပြန်သွား​၍ သူ​တို့​မည်သို့​ရှိ​နေ​ကြ​သည်​ကို ကြည့်ရှု​ကြ​ကုန်စို့”​ဟု ဆို​၏။ ဗာနဗ​သည် မာကု​ဟု​ခေါ်​သော​ယောဟန်​ကို​လည်း မိမိ​နှင့်အတူ​ခေါ်ဆောင်​သွား​လို​၏။ သို့သော် ပေါလု​က ပံဖုလိ​ပြည်​တွင် သူ​တို့​ထံမှ ထွက်ခွာ​သွား​ပြီး အမှု​တော်​ထမ်း​ဆောင်​ရာ​သို့ သူ​တို့​နှင့်အတူ​မ​လိုက်​ခဲ့​သော​သူ​ကို မ​ခေါ်သွား​သင့်​ဟု မှတ်ယူ​၏။ ထိုအခါ ပြင်းထန်​သော​ငြင်းခုံ​မှု​ဖြစ်​ပွား​သဖြင့် သူ​တို့​သည် တစ်ဦး​နှင့်​တစ်ဦး​လမ်းခွဲ​ကြ​၍ ဗာနဗ​သည် မာကု​ကို​ခေါ်​ပြီး ဆိုက်ပရပ်​ကျွန်း​သို့ ရွက်လွှင့်​သွား​ကြ​၏။ ပေါလု​မူကား သိလ​ကို​ရွေးချယ်​ပြီး ညီအစ်ကို​တို့​အားဖြင့် သခင်​ဘုရား​၏​ကျေးဇူး​တော်​သို့ အပ်နှံ​ခြင်း​ကို​ခံယူ​လျက် ထွက်ခွာ​သွား​လေ​၏။ သူ​သည် ဆီးရီးယား​ပြည်​နှင့်​ဆီလီဆီးယား​ပြည်​တို့​ကို လှည့်လည်​၍ အသင်းတော်​များ​ကို ခိုင်ခံ့​မြဲမြံ​စေ​၏။