YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 15:1-21

တမန်တော် 15:1-21 Judson Bible (JBMLE)

ယု​ဒ​ပြည်​မှ အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော သူ​အ​ချို့​တို့​က၊ သင်​တို့​သည် မော​ရှေ၏​တ​ရား​အ​တိုင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​လျှင်၊ ကယ်​တင်​တော်​မူ​ခြင်း​သို့ မ​ရောက်​နိုင်​ဟု ညီ​အစ်​ကို​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။- ထို​သူ​တို့​နှင့် ပေါ​လု၊ ဗာ​န​ဗ​တို့​သည် ဆွေး​နွေး​ငြင်း​ခုံ​ခြင်း များ​သော​အ​ခါ၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် အ​ခြား​သော​တ​ပည့်​တော်​အ​ချို့ တို့​နှင့်​တ​ကွ၊ ထို​ပြဿ​နာ၏ အ​ကြောင်း​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​ထံ​သို့​သွား​ရ​မည်​အ​ကြောင်း​ကို စီ​ရင်​ကြ၏။- အ​သင်း​တော်​သည်​လမ်း၌​ပို့​သ​ဖြင့်၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် ဖိ​နိတ်​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​ကို​လျှောက်​သွား၍ တစ်​ပါး​အ​မျိုး​သား​တို့ ပြောင်း​လဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​သ​ဖြင့်၊ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို အ​လွန်​ဝမ်း​မြောက်​စေ​ကြ၏။- ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လျှင်၊ တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​မှ​စ၍ သင်း​ဝင်​သူ​များ​တို့​တွင် လက်​ခံ​ခြင်း​ကျေး​ဇူး​ကို​ခံ၍၊ မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​တို့​ကို ပြန်​ကြား​ကြ၏။ ဖာ​ရိ​ရှဲ​စု​ထဲ​က ယုံ​ကြည်​သော​သူ​အ​ချို့​တို့​သည် ထ​လျက်၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​မည်။ မော​ရှေ၏​တ​ရား​ကို ကျင့်​စေ​ခြင်း​ငှာ ဆုံး​မ​ရ​မည်​ဟု​ဆို​ကြ၏။- ထို​အ​ခါ​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​သည် ထို​အ​မှု​ကို​ကြည့်​ရှု​ဆင်​ခြင်​ခြင်း​ငှာ စည်း​ဝေး​ကြ၏။- များ​စွာ​သော​ဆွေး​နွေး​ငြင်း​ခုံ​ခြင်း ရှိ​သော​အ​ခါ ပေ​တ​ရု​သည် ထ​လျက်၊ ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည် ရှေ့​ဦး​စွာ​ငါ​တို့​တွင် ရွေး​ကောက်​တော်​မူ၍၊ ငါ​ဟော​ပြော​သော​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​ကြား​နာ၍ ယုံ​ကြည်​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​သည်​ကို သင်​တို့​သိ​ကြ၏။- စိတ်​နှ​လုံး​ကို သိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား​ပေး​သည်​နည်း​တူ သူ​တို့​အား​ပေး​သ​ဖြင့်၊ သူ​တို့​ဘက်၌ သက်​သေ​ခံ​တော်​မူ၏။ ယုံ​ကြည်​ခြင်း​အား​ဖြင့်​လည်း သူ​တို့၏​စိတ်​နှ​လုံး​ကို​စင်​ကြယ်​စေ၍ ငါ​တို့​ကို ခြား​နား​စေ​တော်​မ​မူ။- သို့​ဖြစ်​လျှင်၊ ငါ​တို့​နှင့် ငါ​တို့​ဘိုး​ဘေး​များ မ​ထမ်း​နိုင်​သော ထမ်း​ပိုး​ကို တ​ပည့်​တော်​တို့၏ လည်​ပင်း​ပေါ်၌ တင်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ​သ​နည်း။- သ​ခင်​ယေ​ရှု၏ ကျေး​ဇူး​တော်​အား​ဖြင့်​သာ ထို​သူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း ရောက်​ရ​မည်​ကို ငါ​တို့​သည်​ယုံ​ကြ၏​ဟု ပေ​တ​ရု​ပြော​ဆို၏။- ထို​အ​ခါ ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် မိ​မိ​တို့​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ကြား​ပြော​သည်​ကို စု​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် တိတ်​ဆိတ်​စွာ​နေ၍ နား​ထောင်​ကြ၏။ ထို​သူ​တို့​သည် အ​ကုန်​အ​စင်​ပြော​ဆို​ပြီး​မှ၊ ယာ​ကုပ်​က၊ ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။- ဘု​ရား​သ​ခင်​သည် မိ​မိ​နာ​မ​အ​ဖို့၊ တစ်​ပါး​အ​မျိုး​သား​တို့ အ​ထဲ​က အ​ချို့​သော​သူ​တို့​ကို နုတ်​ယူ​ခြင်း​ငှာ၊ ရှေ့​ဦး​စွာ တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ကို ရှိ​မုန်​သည် ဟော​ပြော​ခဲ့​ပြီ။- ထို​အ​ကြောင်း​အ​ရာ​သည်​လည်း ပ​ရော​ဖက်​တို့၏​စ​ကား​နှင့် ညီ၏။- ကျမ်း​စာ​လာ​သည်​ကား၊ ငါ၏​နာ​မ​ဖြင့် သ​မုတ်​သော တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တည်း​ဟူ​သော ကျန်​ကြွင်း​ရစ်​သော​သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​စေ​ခြင်း​ငှာ နောက်​မှ​ငါ​ပြန်​လာ​မည်။- လဲ​လျက်​ရှိ​သော ဒါ​ဝိဒ်၏​တဲ​ကို ဆောက်​တည်​ပြန်​မည်။ ပြို​ပျက်​ရာ​များ​ကို​လည်း ပြု​ပြင်​ပြီး​လျှင်၊ ထို​တဲ​ကို မတ်​စေ​ပြန်​မည်​ဟု၊ - ဤ​အ​မှု​အ​ရာ​တို့​ကို စီ​ရင်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သ​ခင်၏ ဗျာ​ဒိတ်​တော်​ရှိ၏ ဟု​လာ​သ​တည်း။ ဘု​ရား​သ​ခင်​သည် က​မ္ဘာ​ဦး​မှ​စ၍ မိ​မိ​စီ​ရင်​တော်​မူ​သ​မျှ​သော အ​မှု​အ​ရာ​တို့​ကို​သိ​တော်​မူ​သည်။- ထို​ကြောင့်၊ တစ်​ပါး​အ​မျိုး​သား​တို့​အ​ထဲ​မှ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ပြောင်း​လဲ​သော သူ​တို့​ကို မ​နှောင့်​ယှက်​ဘဲ​လျက်၊- ရုပ်​တု​တို့၏ ညစ်​ညူး​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း၊ လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း ကြဉ်​ရှောင်​စေ​ခြင်း​ငှာ သူ​တို့​ကို မှာ​လိုက်​သင့်​သည်​ဟု ငါ​သ​ဘော​ရှိ၏။- အ​ကြောင်း​မူ​ကား၊ မော​ရှေ၏​ပ​ည​တ္တိ​ကျမ်း​ကို တ​ရား​ဇ​ရပ်၌ ဥ​ပုသ်​နေ့​တိုင်း ဖတ်​ရွတ်​သ​ဖြင့်၊ မော​ရှေ၏​တ​ရား​ကို ရှေး​ကာ​လ​မှ​စ၍ ခပ်​သိမ်း​သော​မြို့​တို့၌ ဟော​ပြော​လေ့​ရှိ​သည်​ဟု ယာ​ကုပ်​ပြော​ဆို၏။

တမန်တော် 15:1-21 Common Language Bible (BCL)

လူ​အ​ချို့​တို့​သည်​ယု​ဒ​ပြည်​မှ​အန္တိ​အုတ်​မြို့ သို့​သွား​ရောက်​၍ ညီ​အစ်​ကို​တို့​အား ``သင်​တို့ သည်​မော​ရှေ​၏​ပ​ညတ်​တ​ရား​အ​ရ အ​ရေ ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​ယူ​လျှင်​ကယ်​တင် ခြင်း​မ​ရ​နိုင်'' ဟု​ဟော​ပြော​သွန်​သင်​ကြ​၏။- ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​သည်​ထို​သူ​တို့​နှင့် အ​ပြင်း​အ​ထန်​အ​ငြင်း​ပွား​ကာ အ​ချေ​အ​တင် ပြော​ဆို​ကြ​၏။ ထို့​ကြောင့်​အ​သင်း​တော်​သည်​ဤ သို့​အ​ငြင်း​ပွား​သည့်​ကိစ္စ​နှင့်​ပတ်​သက်​၍ တိုင်​ပင် ဆွေး​နွေး​ရန်​ပေါ​လု​နှင့်​ဗာ​န​ဗ​တို့​ကို​တ​ပည့် တော်​အ​ချို့​တို့​နှင့်​အ​တူ ယေ​ရု​ရှ​လင်​မြို့​ရှိ အ​သင်း​တော်​လူ​ကြီး​များ​ထံ​သို့​စေ​လွှတ်​ရန် ဆုံး​ဖြတ်​ကြ​၏။ အ​သင်း​တော်​ဝင်​တို့​သည်​ထို​ကိုယ်​စား​လှယ်​အ​ဖွဲ့ အား မြို့​ပြင်​သို့​ရောက်​အောင်​လိုက်​ပို့​ကြ​၏။ ထို အ​ဖွဲ့​သည်​ဖိ​နိတ်​ပြည်​နှင့်​ရှ​မာ​ရိ​ပြည်​တို့​ကို ဖြတ်​သွား​စဉ် လူ​မျိုး​ခြား​တို့​ဘု​ရား​သ​ခင်​ထံ သို့​ပြောင်း​လဲ​လာ​ကြ​ပုံ​ကို​ပြော​ပြ​ကြ​သ​ဖြင့် ညီ​အစ်​ကို​အ​ပေါင်း​တို့​သည်​လွန်​စွာ​ဝမ်း​မြောက် ကြ​၏။- ယေ​ရု​ရှ​လင်​မြို့​သို့​ဗာ​န​ဗ​တို့​ရောက်​ကြ သော​အ​ခါ အ​သင်း​တော်​နှင့်​တ​ကွ​တ​မန်​တော် များ၊ အ​သင်း​တော်​လူ​ကြီး​များ​က​သူ​တို့​အား ကြို​ဆို​လက်​ခံ​သည့်​အ​ခါ မိ​မိ​တို့​အား​ဘု​ရား သ​ခင်​အ​သုံး​ပြု​တော်​မူ​ပုံ​အ​လုံး​စုံ​ကို​ပြန် ကြား​ကြ​၏။- သို့​ရာ​တွင်​ဖာ​ရိ​ရှဲ​အ​ဖွဲ့​ဝင်​များ​အ​နက် ယုံ ကြည်​သူ​လူ​အ​ချို့​တို့​သည်​ထ​၍ ``လူ​မျိုး​ခြား တို့​သည်​အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​ရ​မည်။ မော​ရှေ ၏​ပ​ညတ်​တ​ရား​ကို​စောင့်​ထိန်း​ရ​မည်'' ဟု​ဆို ကြ​၏။ သို့​ဖြစ်​၍​တ​မန်​တော်​များ​နှင့်​အ​သင်း​တော် လူ​ကြီး​များ​သည် ဤ​အ​မှု​ကိစ္စ​ကို​စဉ်း​စား ဆင်​ခြင်​ရန်​စည်း​ဝေး​ကြ​၏။- အ​တော်​ပင်​အ​ချေ​အ​တင်​ဆွေး​နွေး​ကြ​ပြီး သော​အ​ခါ ပေ​တ​ရု​သည်​နေ​ရာ​မှ​ထ​၍ ``ညီ အစ်​ကို​တို့၊ လူ​မျိုး​ခြား​တို့​သည်​သ​တင်း​ကောင်း ကို​ကြား​၍​ယုံ​ကြည်​နိုင်​စေ​ရန် ဘု​ရား​သ​ခင် သည်​လွန်​ခဲ့​သည့်​ကာ​လ​အ​တန်​ကြာ​က သ​တင်း ကောင်း​ကို​ကြေ​ညာ​ရန်​အ​တွက် ငါ့​အား​သင်​တို့ အ​ထဲ​မှ​ရွေး​ချယ်​ခန့်​ထား​တော်​မူ​ခဲ့​ကြောင်း သင်​တို့​သိ​ကြ​၏။- လူ​တို့​၏​စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော​ဘု​ရား သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့ အား​ပေး​တော်​မူ​သည့်​နည်း​တူ​လူ​မျိုး​ခြား​တို့ အား​လည်း​ပေး​တော်​မူ​ခြင်း​အား​ဖြင့် သူ​တို့ အား​နှစ်​သက်​လက်​ခံ​တော်​မူ​ကြောင်း​ကို​ပြ တော်​မူ​၏။- ကိုယ်​တော်​သည်​သူ​တို့​ကို​ငါ​တို့​နှင့်​ခွဲ​ခြား ခြင်း​ပြု​တော်​မ​မူ။ သူ​တို့​သည်​ကိုယ်​တော်​ကို ယုံ​ကြည်​သ​ဖြင့် သူ​တို့​၏​အ​ပြစ်​များ​ကို​ဖြေ လွှတ်​တော်​မူ​၏။- သို့​ဖြစ်​၍​သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘု​ရား သ​ခင်​ကို​သွေး​စမ်း​လို​ကြ​သ​နည်း။ ငါ​တို့​ဘိုး ဘေး​များ​သော်​လည်း​ကောင်း၊ ငါ​တို့​ကိုယ်​တိုင် ပင်​သော်​လည်း​ကောင်း၊ မ​ထမ်း​နိုင်​သည့်​ဝန်​ကို အ​ဘယ်​ကြောင့်​ထို​သူ​တို့​အား​ထမ်း​စေ​ကြ ပါ​သ​နည်း။- ငါ​တို့​သည်​လည်း​ထို​သူ​တို့​နည်း​တူ​ယုံ​ကြည် သ​ဖြင့် သ​ခင်​ယေ​ရှု​၏​ကျေး​ဇူး​တော်​အား ဖြင့်​ကယ်​တင်​ခြင်း​ကို​ခံ​ရ​ကြ​၏'' ဟု​ဆို​၏။ ဗာ​န​ဗ​နှင့်​ပေါ​လု​တို့​သည်​မိ​မိ​တို့​အား ဖြင့် လူ​မျိုး​ခြား​တို့​တွင်​ဘု​ရား​သ​ခင်​ပြု တော်​မူ​သော အံ့​သြ​ဖွယ်​ရာ​များ​နှင့်​နိ​မိတ် လက္ခ​ဏာ​များ​အ​ကြောင်း​ကို​ပြော​ကြား​နေ စဉ်​စု​ဝေး​သော​လူ​အား​လုံး​ပင်​ဆိတ်​ငြိမ်​စွာ နား​ထောင်​လျက်​နေ​ကြ​၏။- သူ​တို့​ပြော​ဆို​ပြီး​သော​အ​ခါ​ယာ​ကုပ်​က ``ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို​နား​ထောင် ကြ​ပါ။- ဘု​ရား​သ​ခင်​သည်​ရှေး​ဦး​စွာ​လူ​မျိုး​ခြား​တို့ အ​နက်​အ​ချို့​သော​သူ​တို့​ကို မိ​မိ​၏​လူ​စု တော်​ဝင်​များ​ဖြစ်​စေ​ရန်​ရွေး​ထုတ်​ခြင်း​အား ဖြင့် သူ​တို့​ကို​ဂ​ရု​စိုက်​တော်​မူ​ကြောင်း​ရှိ​မုန် ရှင်း​ပြ​ခဲ့​ပြီ။- ပ​ရော​ဖက်​တို့​၏​ဟော​ကြား​ချက်​များ​သည် လည်း ဤ​အ​ချက်​နှင့်​လုံး​ဝ​ကိုက်​ညီ​လျက် ရှိ​၏။ ကျမ်း​စာ​တော်​တွင်၊ `ငါ​၏​နာ​မ​တော်​ဖြင့်​ခေါ်​ဝေါ်​ခြင်း​ခံ​ရ​သူ လူ​မျိုး​ခြား​နှင့်​လူ​မျိုး​ရှိ​သ​မျှ​တို့​သည် ငါ့​ထံ​လာ​စိမ့်​သော​ငှာ​နောက်​မှ​ငါ​ပြန်​လာ​မည်။ ပြို​ကျ​လျက်​ရှိ​သော​ဒါ​ဝိဒ်​၏​နိုင်​ငံ​ကို ငါ​ပြန်​၍​တည်​ဆောက်​မည်။ ပျက်​စီး​ယို​ယွင်း​နေ​သည်​တို့​ကို​အ​သစ်​ပြု​ပြင်​၍ ထို​နိုင်​ငံ​ကို​တစ်​ဖန်​ခိုင်​ခံ့​စေ​မည်။ ဤ​ကား​ရှေး​ကာ​လ​၌​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သော​ဗျာ​ဒိတ်​တော်​ဖြစ်​သ​တည်း' ဟု​ဖော်​ပြ​ပါ​ရှိ​သည်။ ယာ​ကုပ်​က​ဆက်​လက်​၍ ``ထို့​ကြောင့်​ဘု​ရား သ​ခင်​ထံ​ပြောင်း​လဲ​လာ​ကြ​သူ လူ​မျိုး​ခြား တို့​အ​ခက်​ကြုံ​စေ​ရန်​ငါ​တို့​မ​ပြု​သင့်။- သို့​ရာ​တွင်​ရုပ်တု​အား​ပူ​ဇော်​ထား​သ​ဖြင့် မ​သန့် စင်​သည့်​အ​စား​အ​စာ​များ​ကို​စား​ခြင်း၊ ကာ​မ ဂုဏ်​လိုက်​စား​ခြင်း၊ လည်​လိမ်​သား​နှင့်​သွေး​ကို စား​သုံး​ခြင်း​တို့​ကို​မူ​ရှောင်​ရှား​ကြ​စေ​ရန် စာ​ရေး​၍​အ​ကြောင်း​ကြား​သင့်​သည်​ဟု​ငါ ယူ​ဆ​၏။- အ​ဘယ်​ကြောင့်​ဆို​သော်​ရှေး​ကာ​လ​မှ​စ​၍ မော​ရှေ​၏​ပ​ညတ်​တ​ရား​ကို​တ​ရား​ဇ​ရပ်​များ တွင်​ဥ​ပုသ်​နေ့​တိုင်း​ဖတ်​ခြင်း၊ သူ​၏​တ​ရား​ကို ဟော​ပြော​ခြင်း​ရှိ​သော​ကြောင့်​ဖြစ်​၏'' ဟု​ဆို လေ​သည်။

တမန်တော် 15:1-21 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

လူ​အချို့​တို့​သည် ယုဒ​ပြည်​မှ ဆင်းလာ​၍ “သင်​တို့​သည် မောရှေ​၏​ဓလေ့​ထုံးစံ​အတိုင်း အရေဖျား​လှီး​ခြင်း​ကို​မ​ခံ​လျှင် ကယ်တင်​ခြင်း​မ​ခံရ​နိုင်”​ဟု ညီအစ်ကို​တို့​အား သွန်သင်​ကြ​၏။ ထိုအခါ ပေါလု၊ ဗာနဗ​တို့​နှင့် ထို​သူ​တို့​ကြား​၌ ပြင်းထန်​သော​သဘောထား​ကွဲလွဲမှု​နှင့် အငြင်းပွား​မှု​များ ဖြစ်ပေါ်​ခဲ့​သဖြင့် ညီအစ်ကို​တို့​သည် ပေါလု၊ ဗာနဗ​နှင့် မိမိ​တို့​ထဲမှ လူ​အချို့​တို့​ကို ဤ​ပြဿနာ​အတွက် ဂျေရုဆလင်​မြို့​ရှိ တမန်တော်​များ​နှင့်​အသင်းတော်​အကြီးအကဲ​များ​ထံသို့​သွား​ကြ​ရန် ခန့်အပ်​ကြ​၏။ ဤသို့ဖြင့် သူ​တို့​သည် အသင်းတော်​၏​ပို့ဆောင်​ခြင်း​အားဖြင့် ဖိုနီးရှား​နယ်​နှင့်​ရှမာရိ​နယ်​တို့​ကို​ဖြတ်သွား​ရင်း လူမျိုးခြား​တို့​၏​ပြောင်းလဲ​မှု​အကြောင်း​ကို အကုန်အစင်​ပြောပြ​ကာ ညီအစ်ကို​အပေါင်း​တို့​ကို အလွန်​ဝမ်းမြောက်​စေ​ကြ​၏။ ဂျေရုဆလင်​မြို့​သို့​ရောက်​ကြ​သောအခါ အသင်းတော်​မှစ၍ တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​သည် သူ​တို့​ကို ကြိုဆို​လက်ခံ​ကြ​၏။ သူ​တို့​သည်​လည်း မိမိ​တို့​အားဖြင့် ဘုရားသခင်​ပြု​တော်မူ​သမျှ​တို့​ကို ပြောကြား​ကြ​၏။ သို့သော် ဖာရိရှဲ​ဂိုဏ်း​ထဲမှ ယုံကြည်​သူ​အချို့​တို့​သည်​ထ​၍ “လူမျိုးခြား​တို့​ကို အရေဖျား​လှီး​ခြင်း​ပေး​ကြ​ရန်​နှင့် မောရှေ​၏​ပညတ်​တရား​ကို စောင့်ထိန်း​ကြ​ရန် ညွှန်ကြား​ရ​မည်”​ဟု ဆို​ကြ​၏။ ထိုအခါ တမန်တော်​များ​နှင့် အသင်းတော်​အကြီးအကဲ​များ​သည် ဤ​အကြောင်းအရာ​ကို ကြည့်ရှု​သုံးသပ်​ရန် စုဝေး​ကြ​၏။ များစွာ​ငြင်းခုံ​ဆွေးနွေး​ကြ​ပြီးနောက် ပေတရု​သည် ထ​၍ “ညီအစ်ကို​တို့၊ လူမျိုးခြား​တို့​သည် ငါ​၏​နှုတ်​အားဖြင့် ကောင်းမြတ်​သော​သတင်း​နှင့်ဆိုင်သည့်​တရား​စကား​ကို​ကြားနာ​၍ ယုံကြည်​ကြ​စေရန် ဘုရားသခင်​သည် လွန်ခဲ့​သည့်​အချိန်​က သင်​တို့​အထဲမှ ငါ့​ကို ရွေးကောက်​တော်မူ​ကြောင်း သင်​တို့​သိ​ကြ​၏။ စိတ်နှလုံး​ကို​သိ​တော်မူ​သော​ဘုရားသခင်​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​ကို ငါ​တို့​အား ပေး​တော်မူ​သည့်​နည်းတူ ထို​သူ​တို့​အား​လည်း ပေး​၍ သူ​တို့​ကို အသိအမှတ်​ပြု​တော်မူ​၏။ ဘုရားသခင်​သည် သူ​တို့​နှင့်​ငါ​တို့​ကို လုံးဝ​ခွဲခြား​တော်​မ​မူ​ဘဲ ယုံကြည်​ခြင်း​အားဖြင့် သူ​တို့​၏​စိတ်နှလုံး​ကို စင်ကြယ်​စေ​တော်မူ​၏။ သို့ဖြစ်လျှင် သင်​တို့​သည် ငါ​တို့​ဘိုးဘေး​များ​နှင့် ငါ​တို့​ကိုယ်တိုင်​လည်း မ​ထမ်း​နိုင်​သော​ထမ်းပိုး​ကို ထို​တပည့်​တော်​တို့​၏​လည်ပင်း​ပေါ်၌ တင်​ခြင်း​အားဖြင့် ဘုရားသခင်​ကို အဘယ်ကြောင့် စမ်းသပ်​ကြ​သနည်း။ ငါ​တို့​သည်​လည်း ထို​သူ​တို့​နည်းတူ သခင်​ယေရှု​၏​ကျေးဇူး​တော်​အားဖြင့် ကယ်တင်​ခြင်း​ခံရ​သည်​ဟု ယုံကြည်​ကြ​၏”​ဟု ပြောဆို​၏။ ထိုအခါ စုဝေး​သော​သူ​အပေါင်း​တို့​သည် တိတ်ဆိတ်​သွား​၍ ဗာနဗ​နှင့်​ပေါလု​တို့​က မိမိ​တို့​အားဖြင့် လူမျိုးခြား​တို့​အလယ်​၌ ဘုရားသခင်​ပြု​တော်မူ​သမျှ​သော နိမိတ်​လက္ခဏာ​များ​နှင့်​အံ့ဩဖွယ်ရာ​များ​အကြောင်း ပြောပြ​ကြ​သည်​ကို နားထောင်​လျက်​နေ​ကြ​၏။ သူ​တို့​ပြောဆို​ပြီး​သောအခါ ယာကုပ်​က “ညီအစ်ကို​တို့၊ ငါ့​စကား​ကို နားထောင်​ကြ​ပါ။ ဘုရားသခင်​သည် မိမိ​နာမ​တော်​အတွက် လူမျိုးခြား​တို့​ထဲမှ လူမျိုး​တော်​ကို​ရယူ​ရန် သူ​တို့​ထံ ဦးစွာ​အကြည့်အရှု​ကြွလာ​တော်မူ​ကြောင်း ရှိမုန်​က ပြောပြ​ခဲ့​ပြီ။ ပရောဖက်​တို့​၏​စကား​သည်​လည်း ဤ​အကြောင်းအရာ​နှင့် ကိုက်ညီ​၏။ ကျမ်းစာ​၌ ‘ဤ​အရာ​များ​နောက်တွင် ငါ​သည် ပြန်လာ​၍ ပြိုလဲ​သော​ဒါဝိဒ်​၏​တဲ​ကို ပြန်၍​တည်ဆောက်​မည်။ ငါ​သည် ဖြိုဖျက်​ခြင်း​ခံရ​သော ထို​တဲ​ကို ပြန်၍​တည်ဆောက်​ပြီး ၎င်း​ကို ပြန်လည်​ခိုင်ခံ့​စေ​မည်။ ဤသည်ကား ကြွင်းကျန်​သော​လူ​တို့​နှင့် ငါ​၏​နာမ​ဖြင့် ခေါ်ဝေါ်​သမုတ်​ခြင်း​ခံရ​သော လူမျိုးခြား​အပေါင်း​တို့​သည် ထာဝရ​ဘုရား​ကို ရှာဖွေ​ကြ​မည့်​အကြောင်း​တည်း​ဟု ရှေး​ကာလ​မှစ၍ ဤ​အမှုအရာ​များ​ကို သိ​စေ​တော်မူ​သော​ထာဝရ​ဘုရား မိန့်​တော်မူ​၏’​ဟူ၍ ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။ ထို့ကြောင့် လူမျိုးခြား​တို့​ထဲမှ ဘုရားသခင်​ထံ​ပြောင်းလဲ​လာ​သော​သူ​တို့​ကို ဒုက္ခ​မ​ပေး​ဘဲ ရုပ်တု​များ​ကြောင့်​ညစ်ညူး​သော​အရာ၊ တရားနှင့်မညီ​မေထုန်ပြု​ခြင်း၊ လည်​ညှစ်​သတ်​သော​တိရစ္ဆာန်​နှင့် သွေး​တို့​ကို​ရှောင်ကြဉ်​ကြ​ရန် သူ​တို့​ထံ စာ​ရေး​သင့်​သည်​ဟု ငါ​ယူဆ​၏။ အကြောင်းမူကား ရှေး​အခါ​က​ပင် မြို့​တိုင်း​၌ မောရှေ​၏​ပညတ်​တရား​ကို ဟောပြော​သော​သူ​ရှိ​၍ ထို​ကျမ်း​ကို ဥပုသ်နေ့​တိုင်း ဝတ်ပြု​စည်းဝေး​ကျောင်း​များ​တွင် ဖတ်​လေ့​ရှိ​ကြ​၏”​ဟု ဆို​လေ​၏။