YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ သက်သာလောနိတ် 3:1-5

၂ သက်သာလောနိတ် 3:1-5 Judson Bible (JBMLE)

ကြွင်း​သေး​သော စ​ကား​ဟူ​မူ​ကား၊ ညီ​အစ်​ကို​တို့၊ သ​ခင်​ဘု​ရား၏ နှုတ်​က​ပတ်​တ​ရား​သည် သင်​တို့​တွင် နှံ့​ပြား၍ ဘုန်း​ထင်​ရှား​ခြင်း​ရှိ​သကဲ့​သို့၊ အ​ရပ်​ရပ်​တို့၌ ထင်​ရှား​မည်​အ​ကြောင်း​နှင့်၊- အ​ကျိုး​အ​ကြောင်း​ကို မ​သိ​မ​မှတ်၊ ဆိုး​ညစ်​သော သူ​တို့​လက်​မှ​ငါ​တို့​ကို ကယ်​လွှတ်​တော်​မူ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ဖို့ ဆု​တောင်း​ကြ​လော့။ လူ​တိုင်း သ​စ္စာ​ရှိ​သည်​မ​ဟုတ်။- သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် သ​စ္စာ​နှင့် ပြည့်​စုံ​တော်​မူ၏။ သင်​တို့​ကို​မြဲ​မြံ​စေ၍၊ မ​ကောင်းသော​အ​မှု​အ​ရာ​နှင့် ကင်း​လွတ်​စေ​ခြင်း​ငှာ စောင့်​မ​တော်​မူ​လိမ့်​မည်။- ငါ​တို့ ပ​ညတ်​သည်​အ​တိုင်း သင်​တို့​သည် ယ​ခု​ကျင့်​ကြ၏။ နောက်၌​လည်း ကျင့်​ကြ​လိမ့်​မည်​ဟု သ​ခင်​ဘု​ရား​ကို အ​မှီ​ပြု၍ ငါ​တို့​သည် ယုံ​မှား​ခြင်း​မ​ရှိ။- ဘု​ရား​သ​ခင်​ကို ချစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ခ​ရစ်​တော်၏​နည်း​တူ သည်း​ခံ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ သ​ခင်​ဘု​ရား​သည် သင်​တို့​စိတ်​နှ​လုံး​ကို ပြင်​ဆင်​တော်​မူ​ပါ​စေ​သော။

၂ သက်သာလောနိတ် 3:1-5 Common Language Bible (BCL)

ညီ​အစ်​ကို​တို့၊ နောက်​ဆုံး​အ​နေ​ဖြင့်​မှာ​ကြား လို​၏။ သ​ခင်​ဘု​ရား​၏​တ​ရား​တော်​သည်​သင် တို့​ထံ​မှာ​ကဲ့​သို့​အ​ရပ်​တ​ကာ​တွင်​လျင်​မြန် စွာ​ပျံ့​နှံ့​၍ ဘုန်း​အ​သ​ရေ​တော်​ထွန်း​တောက် နိုင်​စေ​ရန်​ငါ​တို့​အ​တွက်​ဆု​တောင်း​ကြ​လော့။- ဘု​ရား​သ​ခင်​သည်​ငါ​တို့​အား​သူ​ယုတ်​မာ များ​နှင့်​ဆိုး​ညစ်​သူ​တို့​၏​ဘေး​အန္တ​ရာယ်​မှ ကယ်​ဆယ်​တော်​မူ​ရန်​ကို​လည်း​ဆု​တောင်း​ကြ လော့။ အ​ဘယ်​ကြောင့်​ဆို​သော်​တ​ရား​တော် ကို​လူ​တိုင်း​ပင်​မ​ယုံ​ကြည်​သော​ကြောင့်​ဖြစ် သည်။ သို့​ရာ​တွင်​သ​ခင်​ဘု​ရား​သည်​သစ္စာ​တော်​အ​ရှင် ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ သင်​တို့​အား​ကြံ့​ခိုင် စေ​၍​မာရ်​နတ်​၏​ဘေး​မှ​ကာ​ကွယ်​တော်​မူ​လိမ့်​မည်။- သ​ခင်​ဘု​ရား​သည်​ငါ​တို့​အား​သင်​တို့​အ​ပေါ် တွင်​ယုံ​ကြည်​စိတ်​ချ​စေ​တော်​မူ​၏။ သင်​တို့​သည် ငါ​တို့​မှာ​ကြား​ခဲ့​သည့်​အ​တိုင်း​ယ​ခု​အ​ခါ ၌​ပြု​ကျင့်​လျက်​ရှိ​ကြ​သည်​နည်း​တူ နောင် အ​ခါ​၌​လည်း​ဆက်​လက်​ပြု​ကျင့်​ကြ​မည် ကို​ငါ​တို့​စိတ်​ချ​ယုံ​ကြည်​၏။ သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​မေတ္တာ​တော်​ကို ပို​မို​၍​သိ​မြင်​နား​လည်​နိုင်​ကြ​စေ​ရန်​လည်း ကောင်း၊ ခ​ရစ်​တော်​နည်း​တူ​သည်း​ခံ​နိုင်​ကြ စေ​ရန်​လည်း​ကောင်း သ​ခင်​ဘု​ရား​သည်​သင် တို့​ကို​လမ်း​ညွှန်​တော်​မူ​ပါ​စေ​သော။

၂ သက်သာလောနိတ် 3:1-5 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ သခင်​ဘုရား​၏​နှုတ်ကပတ်တော်​သည် သင်​တို့​၌​ဖြစ်​သကဲ့သို့ လျင်မြန်​စွာ​ပျံ့နှံ့​၍ ဘုန်း​တော်​ထင်ရှား​မည့်​အကြောင်း​နှင့် ငါ​တို့​သည် ကောက်ကျစ်​၍​ဆိုးညစ်​သော​လူ​တို့​လက်​မှ ကယ်နုတ်​ခြင်း​ခံရ​မည့်​အကြောင်း ငါ​တို့​အတွက် ဆုတောင်း​ပေး​ကြ​လော့။ အကြောင်းမူကား လူ​တိုင်း​၌ ယုံကြည်​ခြင်း​ရှိ​သည်​မ​ဟုတ်။ သို့သော် သခင်​ဘုရား​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​၏။ ကိုယ်တော်​သည် သင်​တို့​ကို ခိုင်ခံ့​မြဲမြံ​စေ​၍ ဆိုးညစ်​သော​သူ​ထံမှ ကွယ်ကာ​စောင့်ရှောက်​တော်မူ​လိမ့်မည်။ သင်​တို့​သည် ငါ​တို့​ညွှန်ကြား​သည့်​အရာ​များ​ကို ယခု​ဆောင်ရွက်​နေ​ကြ​၏။ ဆက်၍​လည်း ဆောင်ရွက်​ကြ​လိမ့်မည်​ဟု သခင်​ဘုရား​၌ သင်​တို့​အပေါ် ငါ​တို့​ယုံကြည်​စိတ်ချ​ကြ​၏။ သခင်​ဘုရား​သည် သင်​တို့​၏​စိတ်နှလုံး​ကို ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​နှင့် ခရစ်တော်​၏​သည်းခံ​ခြင်း​ထဲသို့ ပို့ဆောင်​တော်မူ​ပါစေသော။