ကြွင်းသေးသော စကားဟူမူကား၊ ညီအစ်ကိုတို့၊ သခင်ဘုရား၏ နှုတ်ကပတ်တရားသည် သင်တို့တွင် နှံ့ပြား၍ ဘုန်းထင်ရှားခြင်းရှိသကဲ့သို့၊ အရပ်ရပ်တို့၌ ထင်ရှားမည်အကြောင်းနှင့်၊- အကျိုးအကြောင်းကို မသိမမှတ်၊ ဆိုးညစ်သော သူတို့လက်မှငါတို့ကို ကယ်လွှတ်တော်မူမည်အကြောင်း၊ ငါတို့အဖို့ ဆုတောင်းကြလော့။ လူတိုင်း သစ္စာရှိသည်မဟုတ်။- သို့သော်လည်း၊ သခင်ဘုရားသည် သစ္စာနှင့် ပြည့်စုံတော်မူ၏။ သင်တို့ကိုမြဲမြံစေ၍၊ မကောင်းသောအမှုအရာနှင့် ကင်းလွတ်စေခြင်းငှာ စောင့်မတော်မူလိမ့်မည်။- ငါတို့ ပညတ်သည်အတိုင်း သင်တို့သည် ယခုကျင့်ကြ၏။ နောက်၌လည်း ကျင့်ကြလိမ့်မည်ဟု သခင်ဘုရားကို အမှီပြု၍ ငါတို့သည် ယုံမှားခြင်းမရှိ။- ဘုရားသခင်ကို ချစ်စေခြင်းငှာလည်းကောင်း၊ ခရစ်တော်၏နည်းတူ သည်းခံစေခြင်းငှာလည်းကောင်း၊ သခင်ဘုရားသည် သင်တို့စိတ်နှလုံးကို ပြင်ဆင်တော်မူပါစေသော။
၂ သက်သာလောနိတ် 3 ကိုဖတ်ပါ။
နားထောင်ပါ။ ၂ သက်သာလောနိတ် 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ သက်သာလောနိတ် 3:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ