နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သခင်ဘုရား၏နှုတ်ကပတ်တော်သည် သင်တို့၌ဖြစ်သကဲ့သို့ လျင်မြန်စွာပျံ့နှံ့၍ ဘုန်းတော်ထင်ရှားမည့်အကြောင်းနှင့် ငါတို့သည် ကောက်ကျစ်၍ဆိုးညစ်သောလူတို့လက်မှ ကယ်နုတ်ခြင်းခံရမည့်အကြောင်း ငါတို့အတွက် ဆုတောင်းပေးကြလော့။ အကြောင်းမူကား လူတိုင်း၌ ယုံကြည်ခြင်းရှိသည်မဟုတ်။ သို့သော် သခင်ဘုရားသည် သစ္စာနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်သည် သင်တို့ကို ခိုင်ခံ့မြဲမြံစေ၍ ဆိုးညစ်သောသူထံမှ ကွယ်ကာစောင့်ရှောက်တော်မူလိမ့်မည်။ သင်တို့သည် ငါတို့ညွှန်ကြားသည့်အရာများကို ယခုဆောင်ရွက်နေကြ၏။ ဆက်၍လည်း ဆောင်ရွက်ကြလိမ့်မည်ဟု သခင်ဘုရား၌ သင်တို့အပေါ် ငါတို့ယုံကြည်စိတ်ချကြ၏။ သခင်ဘုရားသည် သင်တို့၏စိတ်နှလုံးကို ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်နှင့် ခရစ်တော်၏သည်းခံခြင်းထဲသို့ ပို့ဆောင်တော်မူပါစေသော။
သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 3 ကိုဖတ်ပါ။
နားထောင်ပါ။ သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 3
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: သက်သာလောနိတ်ဩဝါဒစာဒုတိယစောင် 3:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ