YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 3:9-13

၂ ရှင်ပေတရု 3:9-13 Judson Bible (JBMLE)

လူ​အ​ချို့​တို့​သည်၊ နှေး​ခြင်း​ကို​မှတ်​သည်​အ​တိုင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​အ​ရာ​မှာ နှေး​တော်​မ​မူ။ ငါ​တို့​တွင် အ​ဘယ်​သူ​မျှ မ​ပျက်​စီး​ဘဲ၊ ရှိ​သ​မျှ​တို့​သည် နောင်​တ​ရ​စေ​ခြင်း​ငှာ အ​လို​တော်​ရှိ၍၊ ငါ​တို့​ကို သည်း​ခံ​တော်​မူ၏။- သူ​ခိုး​သည် ည​အ​ခါ​လာ​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ နေ့​ရက်​သည် လာ​လိမ့်မည်။ ထို​နေ့၌ မိုး​ကောင်း​ကင်​သည် ကြီး​စွာ​သော အ​သံ​နှင့်​တ​ကွ ပျောက်​သွား​လိမ့်​မည်။ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး၍ ပျက်​ကြ​လိ​မ့်​မည်။ မြေ​ကြီး​ကိုယ်​မှ​စ၍၊ မြေ​ကြီး​ပေါ်​မှာ ပြု​လုပ်​သ​မျှ​သော​အ​ရာ​တို့​သည် ကျွမ်း​လောင်​ကြ​လိမ့်​မည်။ သို့​ဖြစ်၍၊ ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ကုန်​စင်​မည်​မှန်​သော​ကြောင့်၊ မိုး​ကောင်း​ကင်​သည် မီး​နှင့် ပျက်၍ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး​လျက်၊ အ​ရည်​ကျို​ခြင်း​ကို ခံ​ရ​သော နေ့​တည်း​ဟူ​သော၊ ဘု​ရား​သ​ခင်၏​နေ့ ရောက်​လိမ့်​မည်​ဟု သင်​တို့​သည် မျှော်​လ​င့်​တောင့်​တ​လျက်၊ သန့်​ရှင်း​သော​အ​ကျင့်​ကို​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​အား​ဖြင့်၊ အ​ဘယ်​သို့​သော​သူ ဖြစ်​အပ်​ကြ​သ​နည်း။- ယ​ခု​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျက်​ရ​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တည်​နေ​ရာ မိုး​ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို ငါ​တို့​သည် က​တိ​တော်​နှင့်​အ​ညီ မျှော်​လ​င့်​ကြ၏။

၂ ရှင်ပေတရု 3:9-13 Common Language Bible (BCL)

လူ​အ​ချို့​တို့​ထင်​မှတ်​သ​ကဲ့​သို့​ထာ​ဝ​ရ ဘု​ရား​သည် မိ​မိ​၏​က​တိ​တော်​ကို​အ​ကောင် အ​ထည်​ဖော်​ရန်​နှောင့်​နှေး​လျက်​နေ​တော်​မူ သည်​မ​ဟုတ်။ မည်​သူ​မျှ​မပျက်​စီး​ဘဲ​လူ​တိုင်း နောင်​တ​ရ​စေ​ရန်​အ​လို​တော်​ရှိ​၍​သင်​တို့ ကို​သည်း​ခံ​တော်​မူ​ပေ​သည်။ သူ​ခိုး​လာ​သ​ကဲ့​သို့​ထာ​ဝ​ရ​ဘု​ရား​၏ နေ့​ရက်​သည်​ကျ​ရောက်​လာ​လိမ့်​မည်။ ယင်း နေ့​ရက်​၌​မိုး​ကောင်း​ကင်​သည်​အ​သံ​မြည် ဟီး​လျက်​ကွယ်​ပျောက်​သွား​လိမ့်​မည်။ ကြယ် တာ​ရာ​များ​သည်​လည်း​ကျွမ်း​လောင်​ကြ လိမ့်​မည်။ ထို​အ​ခါ​ကမ္ဘာ​မြေ​ကြီး​နှင့်​တ​ကွ မြေ​ပေါ်​တွင်​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျောက်​ကွယ်​သွား​လိမ့်​မည်။- ဤ​အ​ရာ​အား​လုံး​တို့​သည်​ဤ​သို့​ပျက်​စီး သွား​ရ​မည်​ဆို​ပါ​မူ သင်​တို့​သည်​အ​ဘယ် သို့​သော​သူ​များ​ဖြစ်​သင့်​ကြ​သ​နည်း။ သင် တို့​သည်​ဘု​ရား​သ​ခင်​၏​နေ့​ရက်​ကို​စောင့် မျှော်​၍ ထို​နေ့​ရက်​အ​မြန်​ကျ​ရောက်​လာ စေ​ရန်​ကြိုး​စား​အား​ထုတ်​လျက်​နေ​ကြ​စဉ် မိ​မိ​တို့​ကိုယ်​ကို​ဖြူ​စင်​သန့်​ရှင်း​စေ​ပြီး လျှင်​ဘု​ရား​သ​ခင်​အား​ဆက်​ကပ်​သင့်​ကြ ၏။ ထို​နေ့​ရက်​၌​မိုး​ကောင်း​ကင်​သည်​မီး​သင့် လောင်​ကျွမ်း​၍​ပျက်​စီး​လိမ့်​မည်။ ကြယ်​တာ ရာ​များ​သည်​လည်း​အ​ပူ​ကြောင့်​အ​ရည် ပျော်​ကြ​လိမ့်​မည်။- သို့​ရာ​တွင်​ငါ​တို့​သည်​ဘု​ရား​သ​ခင်​ကတိ ထား​တော်​မူ​သည့်​ဖြောင့်​မတ်​ခြင်း​တ​ရား တည်​ရာ​မိုး​ကောင်း​ကင်​သစ်​နှင့်​မြေ​ကြီး သစ်​ကို​စောင့်​မျှော်​လျက်​နေ​ကြ​၏။

၂ ရှင်ပေတရု 3:9-13 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

နှောင့်နှေး​သည်​ဟု အချို့​တို့​က​မှတ်ယူ​သကဲ့သို့ ထာဝရ​ဘုရား​သည် ကတိ​တော်​ကို နှောင့်နှေး​စေ​တော်မူ​သည်​မ​ဟုတ်။ မည်သူမျှ​မ​ပျက်စီး​ဘဲ လူ​တိုင်း​နောင်တရ​စေရန် အလို​တော်​ရှိ​၍ သင်​တို့​အပေါ်​စိတ်ရှည်​သည်းခံ​လျက်​နေ​တော်မူ​ခြင်း​သာ​ဖြစ်​၏။ သို့ရာတွင် ထာဝရ​ဘုရား​၏​နေ့ရက်​သည် သူခိုး​လာ​သကဲ့သို့​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​၌ ကောင်းကင်​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကွယ်ပျောက်​သွား​၍ လောကဓာတ်​တို့​သည် ပြင်းထန်​သော​အပူ​ရှိန်​ဖြင့် ပျက်သုဉ်း​သွား​လိမ့်မည်။ မြေကြီး​မှစ၍ ၎င်း​ပေါ်၌​ပြုလုပ်​သော​အရာ​တို့​သည်​လည်း လောင်ကျွမ်း​လိမ့်မည်။ ဤ​အရာ​အားလုံး​တို့​သည် ထိုသို့​ပျက်သုဉ်း​သွား​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သို့​သော​သူ​များ​ဖြစ်​သင့်​သနည်း။ သင်​တို့​သည် သန့်ရှင်း​စွာ​အသက်ရှင်​နေထိုင်​လျက် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အားဖြင့် ဘုရားသခင်​၏​နေ့ရက်​ကို​စောင့်မျှော်​၍ ထို​နေ့ရက်​၏​ရောက်ရှိ​လာ​ခြင်း​ကို လျင်မြန်​စေ​သင့်​၏။ ထို​နေ့​၌ ကောင်းကင်​သည် လောင်မြိုက်​ခြင်း​ခံရ​လျက် ပျက်သုဉ်း​သွား​လိမ့်မည်။ လောကဓာတ်​တို့​သည်​လည်း ပြင်းထန်​သော​အပူရှိန်​ဖြင့် အရည်ပျော်​သွား​ကြ​လိမ့်မည်။ သို့သော် ငါ​တို့​သည် ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ဖြောင့်မတ်​ခြင်း​တရား​ကိန်းဝပ်​ရာ ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို​စောင့်မျှော်​နေ​ကြ​၏။