လူအချို့တို့ထင်မှတ်သကဲ့သို့ထာဝရ ဘုရားသည် မိမိ၏ကတိတော်ကိုအကောင် အထည်ဖော်ရန်နှောင့်နှေးလျက်နေတော်မူ သည်မဟုတ်။ မည်သူမျှမပျက်စီးဘဲလူတိုင်း နောင်တရစေရန်အလိုတော်ရှိ၍သင်တို့ ကိုသည်းခံတော်မူပေသည်။ သူခိုးလာသကဲ့သို့ထာဝရဘုရား၏ နေ့ရက်သည်ကျရောက်လာလိမ့်မည်။ ယင်း နေ့ရက်၌မိုးကောင်းကင်သည်အသံမြည် ဟီးလျက်ကွယ်ပျောက်သွားလိမ့်မည်။ ကြယ် တာရာများသည်လည်းကျွမ်းလောင်ကြ လိမ့်မည်။ ထိုအခါကမ္ဘာမြေကြီးနှင့်တကွ မြေပေါ်တွင်ရှိသမျှသောအရာတို့သည် ပျောက်ကွယ်သွားလိမ့်မည်။- ဤအရာအားလုံးတို့သည်ဤသို့ပျက်စီး သွားရမည်ဆိုပါမူ သင်တို့သည်အဘယ် သို့သောသူများဖြစ်သင့်ကြသနည်း။ သင် တို့သည်ဘုရားသခင်၏နေ့ရက်ကိုစောင့် မျှော်၍ ထိုနေ့ရက်အမြန်ကျရောက်လာ စေရန်ကြိုးစားအားထုတ်လျက်နေကြစဉ် မိမိတို့ကိုယ်ကိုဖြူစင်သန့်ရှင်းစေပြီး လျှင်ဘုရားသခင်အားဆက်ကပ်သင့်ကြ ၏။ ထိုနေ့ရက်၌မိုးကောင်းကင်သည်မီးသင့် လောင်ကျွမ်း၍ပျက်စီးလိမ့်မည်။ ကြယ်တာ ရာများသည်လည်းအပူကြောင့်အရည် ပျော်ကြလိမ့်မည်။- သို့ရာတွင်ငါတို့သည်ဘုရားသခင်ကတိ ထားတော်မူသည့်ဖြောင့်မတ်ခြင်းတရား တည်ရာမိုးကောင်းကင်သစ်နှင့်မြေကြီး သစ်ကိုစောင့်မျှော်လျက်နေကြ၏။
၂ ပေ 3 ကိုဖတ်ပါ။
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ပေ 3:9-13
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ