YouVersion လိုဂို
ရှာရန် အိုင်ကွန်

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 3:9-13

ရှင်ပေတရုဩဝါဒစာဒုတိယစောင် 3:9-13 MSBU

နှောင့်နှေး​သည်​ဟု အချို့​တို့​က​မှတ်ယူ​သကဲ့သို့ ထာဝရ​ဘုရား​သည် ကတိ​တော်​ကို နှောင့်နှေး​စေ​တော်မူ​သည်​မ​ဟုတ်။ မည်သူမျှ​မ​ပျက်စီး​ဘဲ လူ​တိုင်း​နောင်တရ​စေရန် အလို​တော်​ရှိ​၍ သင်​တို့​အပေါ်​စိတ်ရှည်​သည်းခံ​လျက်​နေ​တော်မူ​ခြင်း​သာ​ဖြစ်​၏။ သို့ရာတွင် ထာဝရ​ဘုရား​၏​နေ့ရက်​သည် သူခိုး​လာ​သကဲ့သို့​ရောက်လာ​လိမ့်မည်။ ထို​နေ့ရက်​၌ ကောင်းကင်​သည် ကျယ်လောင်​သော​အသံ​ဖြင့် ကွယ်ပျောက်​သွား​၍ လောကဓာတ်​တို့​သည် ပြင်းထန်​သော​အပူ​ရှိန်​ဖြင့် ပျက်သုဉ်း​သွား​လိမ့်မည်။ မြေကြီး​မှစ၍ ၎င်း​ပေါ်၌​ပြုလုပ်​သော​အရာ​တို့​သည်​လည်း လောင်ကျွမ်း​လိမ့်မည်။ ဤ​အရာ​အားလုံး​တို့​သည် ထိုသို့​ပျက်သုဉ်း​သွား​မည်​ဖြစ်​သောကြောင့် သင်​တို့​သည် မည်သို့​သော​သူ​များ​ဖြစ်​သင့်​သနည်း။ သင်​တို့​သည် သန့်ရှင်း​စွာ​အသက်ရှင်​နေထိုင်​လျက် ဘုရား​ဝတ်​၌​မွေ့လျော်​ခြင်း​အားဖြင့် ဘုရားသခင်​၏​နေ့ရက်​ကို​စောင့်မျှော်​၍ ထို​နေ့ရက်​၏​ရောက်ရှိ​လာ​ခြင်း​ကို လျင်မြန်​စေ​သင့်​၏။ ထို​နေ့​၌ ကောင်းကင်​သည် လောင်မြိုက်​ခြင်း​ခံရ​လျက် ပျက်သုဉ်း​သွား​လိမ့်မည်။ လောကဓာတ်​တို့​သည်​လည်း ပြင်းထန်​သော​အပူရှိန်​ဖြင့် အရည်ပျော်​သွား​ကြ​လိမ့်မည်။ သို့သော် ငါ​တို့​သည် ကိုယ်တော်​၏​ကတိ​တော်​အတိုင်း ဖြောင့်မတ်​ခြင်း​တရား​ကိန်းဝပ်​ရာ ကောင်းကင်​သစ်​နှင့်​မြေကြီး​သစ်​ကို​စောင့်မျှော်​နေ​ကြ​၏။