YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 14:15-27

၄ ဓမ္မရာဇဝင် 14:15-27 Judson Bible (JBMLE)

ယ​ဟော​ရှ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ၊ တန်​ခိုး​ကြီး​ခြင်း၊ ယု​ဒ​ရှင်​ဘု​ရင်​အာ​မ​ဇိ​ကို စစ်​တိုက်​ခြင်း​အ​ရာ​သည် ဣ​သ​ရေ​လ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ ယ​ဟော​ရှ​သည် ဘိုး​ဘေး​တို့​နှင့် အိပ်​ပျော်၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​တို့​နှင့်​အ​တူ ရှ​မာ​ရိ​မြို့၌ သင်္ဂြိုဟ်​ခြင်း​ကို ခံ​လေ၏။ သား​တော်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​အ​ရာ၌ နန်း​ထိုင်၏။ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယော​ခတ်​သား ယ​ဟော​ရှ​သေ​သည်​နောက်၊ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ​သည် တစ်​ဆယ်​ငါး​နှစ် အ​သက်​ရှင်​သေး၏။ အာ​မ​ဇိ​ပြု​မူ​သော​အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ ထို​မင်း​တစ်​ဖက် ယေ​ရု​ရှ​လင်​မြို့၌ သင်း​ဖွဲ့​ကြ၍၊ သူ​သည် လာ​ခိ​ရှ​မြို့​သို့​ပြေး​သည်​တွင်၊ ထို​မြို့​သို့ စေ​လွှတ်၍ သတ်​စေ​ပြီး​မှ၊ မြင်း​ပေါ်၌​တင်​လျက် ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​ခဲ့၍ ဘိုး​ဘေး​တို့​နှင့်​အ​တူ ဒါ​ဝိဒ်​မြို့၌ သင်္ဂြိုဟ်​ကြ၏။ ယု​ဒ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် အ​သက်​တစ်​ဆယ့်​ခြောက်​နှစ်​ရှိ​သော သား​တော်​ဩ​ဇိ​ကို​ယူ၍ ခ​မည်း​တော်​အာ​မ​ဇိ​အ​ရာ၌ နန်း​တင်​ကြ၏။ ထို​မင်း​သည် ခ​မည်း​တော်​သေ​သည်​နောက်၊ ဧ​လတ်​မြို့​ကို​ပြု​စု၍ ယု​ဒ​နိုင်​ငံ​ထဲ​သို့ သွင်း​ပြန်၏။ ယု​ဒ​ရှင်​ဘု​ရင်​ယော​ရှ​သား အာ​မ​ဇိ နန်း​စံ​ဆယ်​ငါး​နှစ်​တွင်၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင် ယ​ဟော​ရှ​သား ယေ​ရော​ဗောင်​သည် ရှ​မာ​ရိ​မြို့၌​မင်း​ပြု၍ လေး​ဆယ်​တစ်​နှစ်​စိုး​စံ၏။ ထို​မင်း​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၍၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ပြစ်​မှား​စေ​သော နေ​ဗတ်​သား ယေ​ရော​ဗောင်၏ ဒု​စ​ရိုက်​အ​ပြစ်​ကို မ​စွန့်​ဘဲ​နေ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိ​မိ​ကျွန် ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိ​တ္တဲ၏​သား ပ​ရော​ဖက်​ယော​န​အား​ဖြင့် မိန့်​တော်​မူ​သော​စ​ကား​တော်​အ​တိုင်း၊ ထို​မင်း​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဟာ​မက်​မြို့​ဝင်​ဝ​မှ​သည် ချိုင့်​ပင်​လယ်​တိုင်​အောင် ရန်​သူ​လက်​မှ​နုတ်၍ ပြု​စု​လေ၏။ အ​ကြောင်း​မူ​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​ခံ​ရ​သော ညှဉ်း​ဆဲ​ခြင်း အ​လွန်​လေး​လံ​သည်​ကို​လည်း​ကောင်း၊ မြို့၌ အ​ချုပ်​ခံ​ရ​သော သူ​ဖြစ်​စေ၊ အ​လွတ်​ပြေး​သော​သူ ဖြစ်​စေ၊ ဣ​သ​ရေ​လ​အ​မျိုး၌ မ​စ​နိုင်​သော​သူ မ​ရှိ​သည်​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည်​မြင်​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး၏​နာ​မ​ကို မိုး​ကောင်း​ကင်​အောက်၌ မ​ပျောက်​စေ​မည်​အ​ကြောင်း ကြံ​တော်​မူ၍၊ ယ​ဟော​ရှ​သား ယေ​ရော​ဗောင်​အား​ဖြင့် ကယ်​တင်​တော်​မူ၏။

၄ ဓမ္မရာဇဝင် 14:15-27 Common Language Bible (BCL)

ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​ဖြစ်​ပွား​သည့်​စစ်​ပွဲ​တွင် ယ​ဟော​ရှ​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင်​သူ​လုပ် ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။- ယ​ဟော​ရှ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ရှ​မာ​ရိ မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣသ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​ပြီး​နောက်​တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​နေ​၏။- အာ​မ​ဇိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။ အာ​မ​ဇိ​သည်​မိ​မိ​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင် လျှို့​ဝှက်​ကြံ​စည်​မှု​တစ်​ရပ်​ဖြစ်​ပေါ်​လာ သ​ဖြင့် လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့ ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။- သူ​၏​အ​လောင်း​ကို​မြင်း​ပေါ်​တွင်​တင်​၍​ယူ ဆောင်​လာ​ပြီး​လျှင် ဒါ​ဝိဒ်​မြို့​ရှိ​ဘု​ရင်​များ ၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။- ထို​နောက်​ယု​ဒ​ပြည်​သူ​တို့​သည် အ​သက်​တစ် ဆယ့်​ခြောက်​နှစ်​ရှိ​သား​တော်​သြ​ဇိ​ကို​မင်း မြှောက်​ကြ​၏။- သြ​ဇိ​သည်​ခ​မည်း​တော်​ကွယ်​လွန်​ပြီး​သည် နောက် ဧ​လတ်​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကာ ပြန်​လည်​ထူ​ထောင်​လေ​သည်။ ယော​ရှ​၏​သား​တော်​ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​၏ နန်း​စံ​တစ်​ဆယ့်​ငါး​နှစ်​မြောက်​၌ ယ​ဟော​ရှ​၏ သား​တော်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​တိုင်​တိုင်​နန်း စံ​လေ​သည်။- သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​၏​ဆိုး​ယုတ်​သည့်​လမ်း​စဉ်​ကို လိုက်​၏။- သူ​သည်​မြောက်​သို့​လား​သော်​ဟာမတ်​တောင်​ကြား လမ်း၊ တောင်​သို့​လား​သော်​ပင်​လယ်​သေ​တိုင်​အောင် ယ​ခင်​အ​ခါ​က​ဣသ​ရေ​လ​ပြည်​၏​ပိုင်​နက်​နယ် မြေ​မှန်​သ​မျှ​တို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။ ဤ​ကား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် မိ​မိ​၏​ကျွန်​တော် ရင်း၊ ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိတ္တဲ​၏​သား​ပရော​ဖက် ယော​န​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ပင်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြင်း​ပြ​စွာ​ခံ​စား​နေ​ရ​ကြ​သော​ဆင်း​ရဲ​ဒုက္ခ ကို​မြင်​တော်​မူ​၏။ သူ​တို့​အား​ကူ​မ​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ချေ။- ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ထာ​ဝစဉ်​ပျက် ပြုန်း​အောင်​စီ​ရင်​ရန်​အ​လို​တော်​မ​ရှိ​သ​ဖြင့် ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​မင်း​အား​ဖြင့် သူ​တို့​ကို​ကယ်​တော်​မူ​၏။

၄ ဓမ္မရာဇဝင် 14:15-27 မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​ (MSBU)

ကျန်ရှိ​နေ​သော ယဟောရှ​မင်းကြီး​လက်ထက်​အဖြစ်အပျက်​များ​၊ သူ​ပြု​ခဲ့​သော​အရာ​များ​၊ သူ​၏​ဘုန်းတန်ခိုးကြီး​ခဲ့​ပုံ​၊ ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​နှင့် စစ်တိုက်​ခဲ့​ပုံ စသည်​တို့​ကို အစ္စရေး​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။ ယဟောရှ​မင်းကြီး​သည် ဘိုးဘေး​တို့​နှင့်အတူ​အိပ်ပျော်​၍ သူ့​ကို အစ္စရေး​ဘုရင်​တို့​နှင့်အတူ ရှမာရိ​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ သူ​၏​သား​တော်​ယေရောဗောင်​သည် သူ့​အရိုက်အရာ​ကို ဆက်ခံ​၏​။ ယောရှ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး​သည် ယောခတ်​မင်းကြီး​၏​သား​တော် အစ္စရေး​ဘုရင်​ယဟောရှ​မင်းကြီး အနိစ္စရောက်​ပြီးနောက် တစ်ဆယ့်​ငါး​နှစ်​အသက်ရှင်​သေး​၏​။ ကျန်ရှိ​နေ​သော အာမဇိ​မင်းကြီး​လက်ထက် အဖြစ်အပျက်​များ​ကို ယုဒ​ဘုရင်​များ​၏​ရာဇဝင်မှတ်တမ်း​တွင် ရေးမှတ်​ထား​၏​။ ဂျေရုဆလင်​မြို့​တွင် အာမဇိ​မင်းကြီး​ကို လုပ်ကြံ​ရန် လျှို့ဝှက်ကြံစည်​ကြ​သဖြင့် သူ​သည် လာခိရှ​မြို့​သို့ ထွက်ပြေး​သွား​၏​။ သို့သော် လာခိရှ​မြို့​အထိ​လူ​ကို​စေလွှတ်​၍ ထို​အရပ်​၌ သူ့​ကို​ကွပ်မျက်​ကြ​၏​။ သူ့​အလောင်း​ကို မြင်း​ဖြင့် ဂျေရုဆလင်​မြို့​သို့​ပြန်​သယ်လာ​ပြီး ဘိုးဘေး​တို့​နှင့်အတူ ဒါဝိဒ်​၏​မြို့​တွင်​သင်္ဂြိုဟ်​ကြ​၏​။ ထို့နောက် ယုဒ​လူမျိုး​အပေါင်း​တို့​သည် သက်တော်​တစ်ဆယ့်​ခြောက်​နှစ်​သာ​ရှိ​သေး​သော အာဇရိ​ကို မင်းမြှောက်​၍ ခမည်းတော်​အာမဇိ​မင်းကြီး​၏​အရိုက်အရာ​ကို ဆက်ခံ​စေ​၏​။ ခမည်းတော်​သည် ဘိုးဘေး​တို့​နှင့်အတူ အိပ်ပျော်​ပြီးနောက် အာဇရိ​မင်းကြီး​သည် ဧလတ်​မြို့​ကို ပြန်လည်​တည်ဆောက်​ပြီး ယုဒ​ပြည်​အပိုင်​ဖြစ်​စေ​၏​။ ယောရှ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​အာမဇိ​မင်းကြီး နန်းစံ​တစ်ဆယ့်​ငါး​နှစ်​တွင် အစ္စရေး​ဘုရင်​ယောရှ​မင်းကြီး​၏​သား​တော်​ယေရောဗောင် နန်းတက်​ပြီး ရှမာရိ​မြို့​တွင်​လေးဆယ့်​တစ်​နှစ် စိုးစံ​၏​။ သူ​သည် ထာဝရဘုရား​ရှေ့​တော်​တွင် မကောင်းမှု​ကို ပြု​၏​။ အစ္စရေး​လူမျိုး​ကို​လမ်းမှား​စေ​သည့် နေဗတ်​၏​သား​ယေရောဗောင်​မင်းကြီး ပြု​ခဲ့​သည့်​အပြစ်​များ​ကို မ​လွှဲ​မ​ရှောင်​ခဲ့​ပေ​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ထာဝရဘုရား​က ဂိတ္တဟေဖာ​မြို့​နေ အမိတ္တဲ​၏​သား မိမိ​အစေအပါး​ပရောဖက်​ယောန​အားဖြင့် မိန့်မှာ​တော်မူ​ခဲ့​သည့်​စကား​အတိုင်း ယေရောဗောင်​မင်းကြီး​သည် လီဘိုဟာမတ်​မြို့​မှ အရာဗ​ပင်လယ်​တိုင်အောင် အစ္စရေး​နယ်နိမိတ်​တစ်လျှောက်​ကို ပြန်လည်​သိမ်းယူ​ခဲ့​၏​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​တို့ အလွန်​ခါးသီး​စွာ​ခံစား​နေ​ရ​သည်​ကို သိမြင်​တော်မူ​၏​။ အစ္စရေး​လူမျိုး​တို့​တွင် ကျွန်ပြု​ခံရ​သူ​နှင့် ကျွန်ပြု​မ​ခံရ​သူ​ကို​ပါ ကူညီ​မည့်​သူ တစ်ယောက်​မျှ​မ​ရှိ​။ ထာဝရဘုရား​သည် အစ္စရေး​လူမျိုး​၏​အမည်​ကို ကောင်းကင်​အောက်​တွင် ပယ်ဖျက်​ပစ်​မည်​ဟု မိန့်​တော်မူ​ခြင်း​မ​ရှိ​သောကြောင့် ယောရှ​မင်းကြီး​၏​သား​တော် ယေရောဗောင်​လက်​ဖြင့် သူ​တို့​ကို ကယ်တင်​တော်မူ​၏​။