YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ရာ 14:15-27

၄ ရာ 14:15-27 BCL

ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​နှင့်​ဖြစ်​ပွား​သည့်​စစ်​ပွဲ​တွင် ယ​ဟော​ရှ​၏​လက်​ရုံး​ရည်​အ​ပါ​အ​ဝင်​သူ​လုပ် ဆောင်​ခဲ့​သည့် အ​ခြား​အ​မှု​အ​ရာ​အ​လုံး​စုံ​ကို ဣ​သ​ရေ​လ​ရာ​ဇ​ဝင်​တွင်​ရေး​ထား​သ​တည်း။- ယ​ဟော​ရှ​ကွယ်​လွန်​သော​အ​ခါ သူ့​ကို​ရှ​မာ​ရိ မြို့​ရှိ​ဘု​ရင်​များ​၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ် ကြ​၏။ ထို​နောက်​သူ​၏​သား​တော်​ဒု​တိ​ယ မြောက်​ယေ​ရော​ဗောင်​သည် ခ​မည်း​တော်​၏ အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ​၍​နန်း​တက်​လေ​သည်။ ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​သည် ဣသ​ရေ​လ​ဘု​ရင် ယ​ဟော​ရှ​ကွယ်​လွန်​ပြီး​နောက်​တစ်​ဆယ့်​ငါး နှစ်​တိုင်​တိုင်​အ​သက်​ရှင်​နေ​၏။- အာ​မ​ဇိ​လုပ်​ဆောင်​ခဲ့​သည့်​အ​ခြား​အ​မှု​အ​ရာ အ​လုံး​စုံ​ကို ယု​ဒ​ရာ​ဇဝင်​တွင်​ရေး​ထား​သ​တည်း။ အာ​မ​ဇိ​သည်​မိ​မိ​အား​လုပ်​ကြံ​ရန်​ယေ​ရု​ရှ​လင် မြို့​တွင် လျှို့​ဝှက်​ကြံ​စည်​မှု​တစ်​ရပ်​ဖြစ်​ပေါ်​လာ သ​ဖြင့် လာ​ခိ​ရှ​မြို့​သို့​ထွက်​ပြေး​လေ​သည်။ သို့ ရာ​တွင်​သူ​၏​ရန်​သူ​များ​သည်​ထို​မြို့​သို့ လိုက်​၍​သူ့​ကို​လုပ်​ကြံ​ကြ​၏။- သူ​၏​အ​လောင်း​ကို​မြင်း​ပေါ်​တွင်​တင်​၍​ယူ ဆောင်​လာ​ပြီး​လျှင် ဒါ​ဝိဒ်​မြို့​ရှိ​ဘု​ရင်​များ ၏​သင်္ချိုင်း​တော်​တွင်​သင်္ဂြိုဟ်​ကြ​လေ​သည်။- ထို​နောက်​ယု​ဒ​ပြည်​သူ​တို့​သည် အ​သက်​တစ် ဆယ့်​ခြောက်​နှစ်​ရှိ​သား​တော်​သြ​ဇိ​ကို​မင်း မြှောက်​ကြ​၏။- သြ​ဇိ​သည်​ခ​မည်း​တော်​ကွယ်​လွန်​ပြီး​သည် နောက် ဧ​လတ်​မြို့​ကို​တိုက်​ခိုက်​သိမ်း​ယူ​ကာ ပြန်​လည်​ထူ​ထောင်​လေ​သည်။ ယော​ရှ​၏​သား​တော်​ယု​ဒ​ဘု​ရင်​အာ​မ​ဇိ​၏ နန်း​စံ​တစ်​ဆယ့်​ငါး​နှစ်​မြောက်​၌ ယ​ဟော​ရှ​၏ သား​တော်​ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​သည် ဣ​သ​ရေ​လ​ပြည်​ဘု​ရင်​အ​ဖြစ်​နန်း​တက်​၍ ရှ​မာ​ရိ​မြို့​၌​လေး​ဆယ့်​တစ်​နှစ်​တိုင်​တိုင်​နန်း စံ​လေ​သည်။- သူ​သည်​ထာ​ဝ​ရ​ဘု​ရား​ကို​ပြစ်​မှား​၍ ဣသ ရေ​လ​အ​မျိုး​သား​တို့​အား​အ​ပြစ်​ကူး​လွန် ရန် ရှေ့​ဆောင်​လမ်း​ပြ​ခဲ့​သော​နေ​ဗတ်​၏​သား ယေ​ရော​ဗောင်​၏​ဆိုး​ယုတ်​သည့်​လမ်း​စဉ်​ကို လိုက်​၏။- သူ​သည်​မြောက်​သို့​လား​သော်​ဟာမတ်​တောင်​ကြား လမ်း၊ တောင်​သို့​လား​သော်​ပင်​လယ်​သေ​တိုင်​အောင် ယ​ခင်​အ​ခါ​က​ဣသ​ရေ​လ​ပြည်​၏​ပိုင်​နက်​နယ် မြေ​မှန်​သ​မျှ​တို့​ကို​ပြန်​လည်​သိမ်း​ယူ​လေ​သည်။ ဤ​ကား​ဣသ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် မိ​မိ​၏​ကျွန်​တော် ရင်း၊ ဂါ​သေ​ဖာ​မြို့​နေ၊ အ​မိတ္တဲ​၏​သား​ပရော​ဖက် ယော​န​အား​ဖြင့်​မိန့်​တော်​မူ​ခဲ့​သော​စ​ကား တော်​အ​တိုင်း​ပင်​ဖြစ်​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့ ပြင်း​ပြ​စွာ​ခံ​စား​နေ​ရ​ကြ​သော​ဆင်း​ရဲ​ဒုက္ခ ကို​မြင်​တော်​မူ​၏။ သူ​တို့​အား​ကူ​မ​မည့်​သူ တစ်​ယောက်​မျှ​မ​ရှိ​ချေ။- ကိုယ်​တော်​သည်​ထို​သူ​တို့​အား​ထာ​ဝစဉ်​ပျက် ပြုန်း​အောင်​စီ​ရင်​ရန်​အ​လို​တော်​မ​ရှိ​သ​ဖြင့် ဒု​တိ​ယ​မြောက်​ယေ​ရော​ဗောင်​မင်း​အား​ဖြင့် သူ​တို့​ကို​ကယ်​တော်​မူ​၏။